backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

လင်ဖိုးမားဟုခေါ်သောသွေးကင်ဆာ (Lymphoma)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

လင်ဖိုးမားဟုခေါ်သောသွေးကင်ဆာ (Lymphoma)

အဓိပ္ပါယ်ဖွင့်ဆိုချက်

လင်ဖိုးမားဟုခေါ်သောသွေးကင်ဆာ (Lymphoma) ကဘာလဲ။

လင်ဖိုးမားဟုခေါ်သောသွေးကင်ဆာ ဆိုသည်မှာ ခုခံအားစနစ်၏ ပိုးမွှားများအားတိုက်ခိုက်ရသော ဆဲလ်များဖြစ်သည့် လင်ဖိုဆိုက်များအပြင်ပြန်ရည်ကြောအိမ်များ၊ဘေလုံး၊သိုင်းမက်စ်၊အရိုးခြင်ဆီနှင့်အခြားသောကိုယ်အစိတ်အပိုင်းများတွင် ဖြစ်ပွားသောကင်ဆာတစ်မျိုးဖြစ်သည်။ ပို၍တိတိကျကျပြောရလျှင် သင်၏ကိုယ်ရှိ ပြန်ရည်ကြောစနစ်၏ရောဂါဖြစ်ပြီး ကိုယ်တွင်းရှိ တိုက်ခိုက်ရေးကွန်ယက်ရောဂါတခုဟုပင်ဆိုနိုင်သည်။ ထိုရောဂါတွင် လင်ဖိုဆိုက်များသည် ပြောင်းလဲကာ ထိန်းမရ အောင်ကြီးထွားကုန်သည်။ ထိုရောဂါသည် အမျိုးအစားများစွာရှိသော်လည်း အဓိကနှစ်ခုမှာ ဟော့ကင်းလင်ဖိုမားနှင့် ဟော့ကင်းမဟုတ်သောလင်ဖိုမားတို့ဖြစ်သည်။

လင်ဖိုးမားဟုခေါ်သောသွေးကင်ဆာ (Lymphoma)က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ သိပ်အဖြစ်မများသော်လည်း အခြားသူများထက်စာလျှင်အမျိုးသားများနှင့် အသက်အရွယ်ကြီးရင့်သူများတွင် ပို၍ ဖြစ်ပွားတတ်သည်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

လင်ဖိုးမားဟုခေါ်သောသွေးကင်ဆာ (Lymphoma)ရဲ့လက္ခဏာတွေကဘာတွေလဲ

လင်ဖိုးမားဟုခေါ်သောသွေးကင်ဆာရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • လည်ပင်း၊ချိုင်းကြား(သို့)ပေါင်ခြံတို့တွင် အကြိတ်များရောင်ရမ်းခြင်း။
  • ချောင်းဆိုးခြင်း၊အသက်ရှူမြန်ခြင်း။
  • အဖျားတက်ခြင်း၊ယားရံခြင်း။
  • ညအခါချွေးပြန်ခြင်း
  • အစာအိမ်အောင့်ခြင်း၊ကျော(သို့)အရိုးတွင် နာကျင်ကိုက်ခဲခြင်း။
  • မောပန်းနွမ်းနယ်ခြင်း၊အားအင်ကုန်ခမ်းခြင်း။
  • ကိုယ်အလေးချိန်ကျခြင်း
  • ချမ်းတုန်ခြင်း
  • အစာစားချင်စိတ်မရှိခြင်း။
  • ပြန်ရည်ကြောများရောင်ရမ်းခြင်း။
  • အာရုံကြောရောဂါများဖြစ်ခြင်း
  • ဝမ်းသွားရာ(သို့)အန်ရာတွင်သွေးပါခြင်း
  • ဆီးမသွားခြင်း၊ဆီးပိတ်ခြင်း
  • ခေါင်းကိုက်ခြင်း
  • တက်ခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

  • လည်ပင်း၊ချိုင်းကြား(သို့)ပေါင်ခြံ(သို့)လက်မောင်း(သို့)ခြေထောက်များတွင် အကြောင်းအရင်းမသိရသော ရောင်ရမ်းမှုဖြစ်လာခြင်း။
  • အဖျားတက်ခြင်း၊အကြောင်းအရင်းမရှိပဲကိုယ်အလေးချိန်ကျသွားခြင်း၊ချမ်းတုန်ခြင်း၊အားအင်ကုန်ခမ်းခြင်းနှင့်ရက်

ပေါင်းအချို့ကြာအောင် ယားယံခြင်း။

အကြောင်းရင်းများ

လင်ဖိုးမားဟုခေါ်သောသွေးကင်ဆာ (Lymphoma)ကိုဘာတွေကဖြစ်စေသလဲ

ဘာတွေက လင်ဖိုးမားဟုခေါ်သောသွေးကင်ဆာဖြစ်ပွားစေသလဲ။

လင်ဖိုးမားကင်ဆာသည် အချို့သောလူများတွင် ပိုမိုဖြစ်ပွားတတ်သော်လည်း အကြောင်းအရင်းတိတိကျကျမသိရပဲ ဖြစ်ပွားသောကင်ဆာများထဲတွင် တခုအပါအဝင်ဖြစ်သည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ လင်ဖိုးမားဟုခေါ်သောသွေးကင်ဆာ (Lymphoma) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

လင်ဖိုးမားဟုခေါ်သောသွေးကင်ဆာဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • အသက်60(သို့)60ထက်ကြီးခြင်း။
  • အမျိုးသားဖြစ်ခြင်း။
  • သင်၏ကိုယ်ခံအားစနစ်သည် HIV၊အေအိုင်ဒီအက်စ်၊ကိုယ်အစိတ်အပိုင်းအစားထိုးခြင်း(သို့)ခုခံအားစနစ်ရောဂါတခုခုကြောင့် အားနည်းနေခြင်း။
  • သင့်တွင် လေးဘက်နာအဆစ်ရောင်ရောဂါ၊ရှိုးဂရန်းရောဂါစု၊SLE(သို့) celiac ရောဂါ စသောခုခံအားစနစ်ရောဂါများရှိခြင်း
  • Epstein Barr ၊ အသည်းရောင်အသားဝါC ပိုး၊တီဆဲလ်လင်ဖိုးမားကင်ဆာဖြစ်စေသောပိုး(သို့)ဟားပီးစ်ရောပိုးစသောပိုးများ ကူးစက်ခံရခြင်း
  • လင်ဖိုမားကင်ဆာသည်မိမိ၏သွေးသားအရင်းများတွင်

ဖြစ်ပွားခြင်း

  • အင်းစက်ပိုးကောင်များနှင့် ရေညှိများကို ဖျက်ဆီးနိုင်စွမ်းရှိသည့် ဘန်ဇင်း(သို့)အခြားသောဓါတုပစ္စည်းများအားထိတွေ့ခြင်း
  • ဟော့ကင်း(သို့)ဟော့ကင်းမဟုတ်သောလင်ဖိုးမား အရင်ကဖြစ်ဖူး၍ ကုသမှုခံယူဖူးခြင်း
  • ကင်ဆာအတွက်ဓါတ်ရောင်ခြည်ကုသမှုခံယူဖူးခြင်း
  • ကိုယ်အလေးချိန်လွန်ကဲနေခြင်း စသည်ဖြင့်ဖြစ်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

လင်ဖိုးမားဟုခေါ်သောသွေးကင်ဆာကို ဘယ်လိုအတည်ပြုပါသလဲ

လင်ဖိုးမားအား အတည်ပြုရန် သင်၏ဆရာဝန်သည် သင်၏ခံစားရသည်များနှင့်ပတ်သတ်၍ မေးခွန်းများမေးတတ်သည်။ ပြောင်းလဲမှုများကိုပထမဦးဆုံး သတိပြုမိသောအချိန်၊မည်သည့်နေရာတွင်နာသည်၊အစားအသောက်စားချင်စိတ်ရှိမရှိ၊ကိုယ်အလေးချိန်နည်းသွားခြင်းရှိမရှိ၊မောပန်းနမ်းနွယ်ခြင်းရှိမရှိ၊လင်ဖိုးမား(သို့)အခြားသောကင်ဆာတခု အတွက် ကုသမှုခံယူဖူးခြင်းရှိမရှိ၊အခြားသောဖြစ်ဖူးသည့် ရောဂါများနှင့် ကင်ဆာမျိုးရိုးရှိမရှိစသည်တို့ကိုလည်း မေးမြန်းတတ်သည်။

ထို့နောက်သင်၏ဆရာဝန်သည် လင်ဖိုးမား၏ လက္ခဏာရပ်များကို စစ်ဆေးပြီး ရောင်ရမ်းနေသော ပြန်ရည်ကြောအကျိတ်များကို ကိုင်တွယ်စစ်ဆေးတတ်သည်။ အကယ်၍ သင့်တွင် ထိုလက္ခဏာရပ်ရှိနေစေကာမူ ကင်ဆာရှိနေသည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ သင်သည်ကင်ဆာနှင့်မဆိုင်သောရောဂါပိုး

တခုကြောင့်ပြန်ရည်ကြောများရောင်ရမ်းလာနိုင်သေးသည်။ ကင်ဆာဆဲလ်များကို စစ်ဆေးရန် ပြန်ရည်ကြောအကျိတ်တစ်ရှူးစကို နမူနာ ယူ၍ စစ်ဆေးရသည်။ ထိုသို့စစ်ဆေးရန် ပြန်ရည်ကြောအကျိတ်တခုလုံးဖြစ်စေ တစ်ပိုင်းတစ်စဖြစ်စေဖြတ်ထုတ်ရန်လိုအပ်တတ်ပြီး ရောဂါဖြစ်ပွားနေသည့် အကျိတ်မှ တစ်ရှူးစအနည်းငယ်ကို အပ်ဖြင့်ယူရသည်။ လင်ဖိုးမားမည်မျှပြန့်သွားသည်ကို သင်၏ဆရာဝန်မှ သိချင်ပါက သွေးစစ်ဆေးမှုများဖြင့် သင်၏သွေးထဲရှိ သွေးဆဲလ်ပမာဏများခြင်း၊ရိုးတွင်းခြင်ဆီအားစုပ်ထုတ်စစ်ဆေးခြင်း(သို့) လင်ဖိုးမားဆဲလ်များကို နမူနာယူ၍စစ်ဆေးခြင်း၊သင်၏ရင်ဘတ်အတွင်းပုံရိပ်များကိုမြင်

တွေ့နိုင်ရန် ဓါတ်ရောင်ခြည်အနည်းငယ်သာအသုံးပြုရသော ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း၊စွမ်းအားပြင်းသံလိုက်များနှင့် ရေဒီယိုလှိုင်းများကို သုံး၍ သံလိုက်ဓါတ်မှန်ရိုက်ကာ သင်၏ကိုယ်ရှိကလီစာများ၏ပုံရိပ်များကို ရယူခြင်း၊ပီအီးတီ scanဟူသော ရေဒီယိုသတ္တိကြွပစ္စည်းများဖြင့် ကိုယ်တွင်းတွင် ကင်ဆာဆဲလ်များကို ရှာဖွေခြင်း စသည်တို့ကို ပြုလုပ်ရတတ်သည်။

လင်ဖိုးမားဟုခေါ်သောသွေးကင်ဆာ (Lymphoma)ကို ဘယ်လိုကုသပါသလဲ

သင့်တွင် ဖြစ်ပွားသော လင်ဖိုးမား၏ အမျိုးအစားနှင့် မည်မျှပြန့်ထွက်သွားသည်အပေါ်မူတည်ပြီး သင်၏ဆရာဝန်သည် ကုသမှုကို ရွေးချယ်ပေးနိုင်ပါသည်။

အကယ်၍ ဟော့ကင်းမဟုတ်သော လင်ဖိုးမားဖြစ်ပါက ကင်ဆာဆဲလ်များကို သတ်ရန် ကင်ဆာအကြောဆေးသွင်းခြင်း၊ကင်ဆာဆဲလ်များကို ဖျက်ဆီးရန် အားပြင်းသည့်ဓါတ်ရောင်ခြည်ဖြင့်ကုသခြင်း၊ကင်ဆာဆဲလ်များကိုဖျက်ဆီးရန် ခုခံအားစနစ်နှင့် ပတ်သတ်သည့် ကုသမှုခံယူခြင်း စသည်ဖြင့် ညွှန်ကြားခံရနိုင်သည်။ ဟော့ကင်းလင်ဖိုးမား ရှိလိုရှိငြား ကင်ဆာဆေးသွင်းခြင်းနှင့် ဓတ်ရောင်ခြည်ကုသမှုတို့ကို လည်းပြုလုပ်ရတတ်သည်။ ထိုကုသမှုများသည် သင့်ရောဂါပျောက်ရေးကို အထောက်အကူမပြုပါက ပင်မဆဲလ်များကို အစားထိုးကုသခြင်းလည်း ပြုလုပ်ရတတ်သည်။ ပထမဆုံးအဆင့်မှာ သင့်အား ကင်ဆာအကြောဆေးများစွာ သွင်း၍ ကင်ဆာဆဲလ်များအားဖျက်ဆီးခြင်းဖြစ်သည်။ ဘေးထွက်ဆိုးကျိုးမှာ ဆဲလ်အသစ်အလျောင်းအလျာများဖြစ်သောသင်၏ရိုးတွင်းခြင်ဆီ

တွင်းရှိပင်မဆဲလ်များကိုလည်းထိုဆေးများသည် ဖျက်ဆီးပစ်ခြင်းဖြစ်သည်။ နောက်တစ်ဆင့်မှာ ဖျက်ဆီးခံလိုက်ရသည့် ပင်မဆဲလ်များကို သင့်တွင် ပြန်အစားထိုးရခြင်းဖြစ်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက လင်ဖိုးမားဟုခေါ်သောသွေးကင်ဆာကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် လင်ဖိုးမားဟုခေါ်သောသွေးကင်ဆာကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • ဆရာဝန်နှင့်တိုင်ပင်ပြီးနောက် သင့်ရောဂါနှင့် သင့်တော်သော စားသောက်မှုပုံစံကို သင်သည် ပြောင်းလဲသင့်ပါသည်။
  • သင်ကုသမှုခံယူနေစဉ်တွင် သက်သာမှုပိုရှိစေရန် လမ်းလျှောက်ခြင်း(သို့) ရေကူးခြင်း စသော လေ့ကျင့်ခန်းအချို့ကိုလုပ်သင့်ပါသည်။
  • အခြားသောထူးခြားသည့် ကုသမှုများဖြစ်သည့် အပန်းဖြေခြင်း၊ဦးနှောက်နှင့်စိတ်၏ လှိုင်းများကို စက်ဖြင့် လေ့လာစောင့်ကြည့်ကာ ကုသခြင်း၊(သို့) အနာသက်သာစေရန် Guided imagery ကုသနည်းအားအသုံးပြုခြင်း စသည်တို့ကို လည်း စမ်းကြည့်သင့်ပါသည်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement