backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Basal Cell Carcinoma (အခြေခံဆဲလ်ကင်ဆာဖြစ်ခြင်း)


Dr. Thant Zin မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Basal Cell Carcinoma (အခြေခံဆဲလ်ကင်ဆာဖြစ်ခြင်း) ကဘာလဲ။

အခြေခံဆဲလ်ကင်ဆာဖြစ်ခြင်းဆိုတာ နေရောင်အထိများတဲ့ အရေပြားရဲ့ အစိတ်အပိုင်းတွေပေါ်မှာ ဖြစ်လာတဲ့ ကင်ဆာရောဂါ ဖြစ်ပါတယ်။ ဆရာဝန်ကနေ သင့်မှာ ဒီရောဂါရှိနေတယ်လို့ ပြောလိုက်ရင် စိတ်ပူတတ်တာ သဘာဝပါပဲ။ ဒါပေမယ့် တခုသတိထားရမှာက အန္တရာယ်အနည်းဆုံး အရေပြား ကင်ဆာအမျိုးအစားပဲ ဖြစ်ပါတယ်။ စောစီးစွာ သိရရင် ကုသနိုင်ပါတယ်။

ဒီကင်ဆာဟာ အရေပြားကနေ တခြားအင်္ဂါအစိတ်အပိုင်းတွေကို ပြန့်နှံ့မသွားပါဘူး။ ဒါပေမယ့် အရေပြားအောက်က အရိုးနဲ့ တခြားတစ်သျှူးတွေဆီ ရွေ့သွားနိုင်ပါတယ်။ ဒီပြသနာအတွက် ကုသနည်းပေါင်းများစွာ ရှိပါတယ်။

ရောဂါစဖြစ်ရင် အကျိတ်သေးသေးလေးတွေဟာ နှာခေါင်းနဲ့ မျက်နှာမှာ ထွက်လာတတ်ပါတယ်။ တခြား ကိုယ်လုံး၊ လက်၊ ခြေထောက် စတာတွေမှာလည်း ဖြစ်တတ်ပါတယ်။ အသားအရေဖြူရင် အရေပြားကင်ဆာရနိုင်ခြေ ပိုများပါတယ်။

ဒီကင်ဆာမျိုးဟာ တဖြည်းဖြည်းချင်းဖြစ်တတ်ပြီး နေရောင်နဲ့ ကာလကြာရှည်ထိတွေ့ပြီး နှစ်ပေါင်းများစွာအထိ သတိမထားဘဲ ရှိတတ်ပါတယ်။ နေရောင်များများထိတွေ့ရင်၊ အသားအရောင်ညိုအောင် ဖန်တီးပေးတဲ့စက်သုံးရင် ငယ်စဉ်မှာပဲ ဖြစ်တတ်ပါတယ်။

Basal Cell Carcinoma (အခြေခံဆဲလ်ကင်ဆာဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

BCCဟာ အရေပြားကင်ဆာထဲမှာ တွေ့ရအများဆုံး ဖြစ်ပါတယ်။ အမှန်တော့ ကင်ဆာအားလုံးထဲမှာလည်း တွေ့ရအများဆုံး ဖြစ်ပါတယ်။ နေရောင်နဲ့ မကြာခဏထိတွေ့ဖူးသူတွေမှာ ဖြစ်နိုင်ခြေများပါတယ်။ အသက် ၄၀ကျော်မှာ လက္ခဏာပေါ်လာတတ်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်ရှိရင် ငယ်ရွယ်စဉ်မှလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Basal Cell Carcinoma (အခြေခံဆဲလ်ကင်ဆာဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အမျိုးမျိုးတွေ့နိုင်ပါတယ်။ အရေပြားမှာ အဖုလိုဖြစ်လာပြီး အောက်ခြေမှာ သွေးကြောတွေ ပါဝင်ပါတယ်။ ပန်းရောင်၊ အညိုရောင်၊ အနက်ရောင် စသဖြင့် ရှိတတ်ပါတယ်။

စတင်ဖြစ်ပွားချိန်မှာ သေးငယ်တဲ့ ပုလဲလုံးလို၊ အရောင်ဖျော့တဲ့မှဲ့လို ဖုလုံးလေး ဖြစ်ပေါ်လာတတ်ပါတယ်။ တခါတရံ အရောင်မည်းပါတယ်။ ပန်းရောင်ကွက်၊ အနီကွက် စသဖြင့်လည်း တွေ့ရတတ်ပါတယ်။

တခြားလက္ခဏာကတော့ အဆီပြန်တဲ့ အသားမာပုံစံ ကြီးမားလာခြင်းပဲ ဖြစ်ပါတယ်။

BCC ဟာ ထိခိုက်လွယ်ပြီး သွေးထွက်လွယ်ပါတယ်။

အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်အသားအရေမှာ အဖုအလုံး အသစ်ပေါက်လာရင်၊ ရှိပြီးသား အဖုအလုံးတွေ ပုံစံပြောင်းလာရင် ဆရာဝန်နဲ့ ချိန်းဆိုပြသသင့်ပါတယ်။

အကြောင်းရင်းများ

Basal Cell Carcinoma (အခြေခံဆဲလ်ကင်ဆာဖြစ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

နေရောင်မှာပါတဲ့၊ အသားညိုစေဖို့ ဖန်တီးပေးတဲ့စက်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ဟာ အဓိက အကြောင်းအရင်း ဖြစ်ပါတယ်။

ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားကို ထိတွေ့ဖန်များလာတာနဲ့အမျှ အရေပြားဆဲလ်တွေက ဒီအန်အေတွေ ပျက်စီးသွားစေပါတယ်။ ဒီအန်အေမှာ ဆဲလ်တွေကြီးထွားဖို့ သင်္ကေတတွေ သိုမှီးထားပါတယ်။

ဒီအန်အေကို ထိခိုက်တဲ့အခါ ကင်ဆာဖြစ်ပေါ်လာစေပါတယ်။ ဒီလိုဖြစ်ဖို့ နှစ်ပေါင်းများစွာ ကြာပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Basal Cell Carcinoma (အခြေခံဆဲလ်ကင်ဆာဖြစ်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။

  • နေရောင်ခြည်ထိတွေ့ခြင်း။ နေရောင်အောက်မှာ၊ အသားညိုစေတဲ့ စက်ထဲမှာ အချိန်ကုန်ပါများရင် ဖြစ်နိုင်ခြေ များပါတယ်။ နေရောင်ကောင်းကောင်းရတဲ့ဒေသ၊ အမြင့်ပိုင်းဒေသ တွေမြှ ခရမ်းလွန်ရောင်ခြည် ထိတွေ့နိုင်ခြေ ပိုများပါတယ်။ ဆိုးရားတဲ့နေလောင်ခြင်းဟာလည်း ဖြစ်နိုင်ခြေ များစေပါတယ်။ အထူးသဖြင့် ငယ်ရွယ်စဉ်မှာ ဖြစ်ပါတယ်။
  • ဓါတ်ရောင်ခြည်ကုသမှု။ အရေပြား ပြသနာတွေအတွက် ဓါတ်ရောင်ခြည်သုံးကုသခြင်းဟာ BCC ဖြစ်နိုင်ခြေ များပါတယ်။ အထူးသဖြင့် ကုသတဲ့ နေရာမှာ ဖြစ်တတ်ပါတယ်။
  • အသားအရေဖြူခြင်း။ အသားအရေ နေလောင်လွယ်သူတွေ၊ ဆံပင်အနီ အဝါရှိသူတွေ၊ မျက်လုံးအရောင်ဖျော့သူတွေမှာ ဖြစ်နိုင်ခြေ များပါတယ်။
  • အသက်အရွယ်။ BCC ဖြစ်ဖို့ ဆယ်စုနှစ်နဲ့ချီတဲ့အတွက် အသက် ၅၀ကျော်အရွယ်မှာ အများဆုံး တွေ့ရတတ်ပါတယ်။
  • ကျား/မ။ အမျိုးသားတွေမှာ ပိုဖြစ်တတ်ပါတယ်။
  • မိသားစုရာဇဝင်။ BCC ဖြစ်ဖူးရင် နောက်ထပ်ပြန်ဖြစ်နိုင်ခြေ ရှိပါတယ်။ မိသားစုဝင်ထဲ ရာဇဝင်ရှိရင်လည်း ထပ်မံဖြစ်တတ်ပါတယ်။
  • ကိုယ်ခံအားနည်းစေသည့်ဆေးများ။ ကိုယ်တါင်းအင်္ဂါအစားထိုး ခွဲစိတ်မှုပြီးချိန်မှာ သောက်ရတတ်တဲ့ ကိုယ်ခံအားနှိမ့်ချပေးတဲ့ ဆေးတွေဟာ BCC ဖြစ်ပွားနိုင်ခြေ ရှိပါတယ်။ ထပ်မံဖြစ်နိုင်ခြေရှိပြီး တခြားနေရာတွေကိုလည်း ပြန့်နှံ့တတ်ပါတယ်။
  • အာဆင်းနစ်ထိတွေ့ခြင်း။ ပတ်ဝန်းကျင်မှာရှိတဲ့ အာဆင်းနစ် အဆိပ်ဓါတ်ဟာ BCC နဲ့ တခြား ကင်ဆာရောဂါတွေ ဖြစ်နိုင်ခြေရှိပါတယ်။ အာဆင်းနစ်ဟာ လေထုထဲ၊ မြေထုထဲ စသဖြင့် နေရာတိုင်းမှာလိုလို ရှိတတ်ပြီး လူတိုင်းထိတွေ့နိုင်ခြေရှိပေမယ့် ပမာဏများစွာကို ပိုမိုထိတွေ့ရတတ်တဲ့ လယ်သမား၊ စက်ရုံလုပ်သား၊ သံရည်ကျိုစက်နားနေထိုင်သူများ စသူတွေမှာ ပိုမိုကြုံတွေ့ရပါတယ်။
  • မျိုးရိုးဗီဇ ဆက်ခံခြင်း။ ရှားပါးတဲ့ မျိုးရိုးဗီဇဆိုင်ရာ ရောဂါတွေဟာ BCC ဖြစ်ပွားနိုင်ခြေ ရှိပါတယ်။ Gorlin-Goltz ရောဂါလက္ခဏာစုဟာ BCC အပြင် အရိုး၊ အာရုံကြော၊ မျက်လုံးနဲ့ ဟော်မုန်းဂလင်းတွေကိုပါ ထိခိုက်စေပါတယ်။ Xeroderma pigmentosum ဟာ နေရောင်ခြည်ကို ထိတွေ့မခံနိုင်ဖြစ်စေပြီး အရေပြားကင်ဆာဖြစ်နိုင်ခြေ မြင့်စေပါတယ်။ ဒီပြသနာရှိသူတွေမှာ ခရမ်းလွန်ရောင်ခြည်ကြောင့် ပျက်စီးသွားတဲ့ အရေပြားဆဲလ်တွေဟာ ပြန်ကောင်းမသွားတတ်ပါဘူး။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Basal Cell Carcinoma (အခြေခံဆဲလ်ကင်ဆာဖြစ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

အရေပြားမှာ ထူးခြားမှု ရှိမရှိ စစ်ဆေးပါလိမ့်မယ်။ အောက်ပါမေးခွန်းတွေ မေးပါလိမ့်မယ်။

  • နေရောင်ထဲမှာ အချိန်တော်တော်ကြာအောင် နေခဲ့ဖူးသလား
  • နေလောင်ပြီး အရည်ကြည်ဖုတွေ ဖြစ်ဖူးသလား
  • နေရောင်ကာသုံးသလား
  • အသားညိုစေတဲ့စက် သုံးဖူးသလား
  • အရေပြားပေါ်မှာ အနာမကျက်ဘဲ သွေးစို့နေတဲ့နေရာတွေ ရှိသလား

Basal Cell Carcinoma (အခြေခံဆဲလ်ကင်ဆာဖြစ်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ကင်ဆာကို ပျောက်ကင်းစေပြီး အရေပြားမှာ အမာရွတ်ကျန်ခြင်းကိုလည်း နည်းနိုင်သလောက် နည်းစေဖို့ဟာ ကုသရေးရည်မှန်းချက် ဖြစ်ပါတယ်။ ကင်ဆာ အရွယ်အစားနဲ့ တည်နေရာ၊ ဖြစ်ခဲ့တဲ့ကြာမြင့်ချိန်ပေါ် မူတည်ပြီး အကောင်းဆုံး ကုသမှုကို ရွေးချယ်ပါလိမ့်မယ်။

အောက်ပါနည်းလမ်းတွေ ပါဝင်ပါတယ်။

  • အကျိတ်ကိုဖြတ်တောက်ခြင်း။ အကျိတ်နဲ့ ပတ်ဝန်းကျင်က အရေပြားကို ထုံဆေးထိုးပါလိမ့်မယ်.ပြီးရင် အကျိတ်ကို လှီးဖြတ်ထုတ်ပါလိမ့်မယ်။ ဘေးမှာကပ်နေတဲ့ ပုံမှန်အသားစကိုလည်း ဓါတ်ခွဲခန်းကိုပို့ပြီး စစ်ဆေးပါလိမ့်မယ်။ အကျိတ်ဘေးက အရေပြားမှာလည်း ကင်ဆာဆဲလ်တွေ့ရင် အရေပြားကို များများဖယ်ထုတ်ဖို့ လိုပါတယ်။
  • အကျိတ်ကိုလှီးထုတ်ပြီး ကင်ဆာဆဲလ်များကို လျှပ်စစ်ဖြင့်သတ်ခြင်း။ အရေပြားကို ထုံဆေးပေးပြီး အကျိတ်ကို ဇွန်းပုံစံကိရိယာနဲ့ လှီးဖြတ်ပါလိမ့်မယ်။ သွေးထွက်ခြင်းကို ထိန်းချုပ်ပြီး တခြားကင်ဆာဆဲလ်တွေကို လျှပ်စစ်ကိရိယာနဲ့ ထိတွေ့စေပြီး ဖျက်ဆီးပါလိမ့်မယ်။
  • ကင်ဆာဆဲလ်များကို အေးခဲစေခြင်း။ နိုက်ထရိုဂျင်အငွေ့ရည်ပေးပြီး ကင်ဆာဆဲလ်တွေကို အေးခဲစေခြင်း ဖြစ်ပါတယ်။
  • ဓါတ်ရောင်ခြည်ပေးခြင်း။ Xray ရောင်ခြည်ပေးခြင်း ဖြစ်ပါတယ်။ ရက်သတ္တပတ်ပေါင်းများစွာ ကြာနိုင်ပါတယ်။
  • Mohs ခွဲစိတ်ခြင်း။ ဒီနည်းလမ်းကို တီထွင်ခဲ့တဲ့ ဆရာဝန်ကိုအစွဲပြုပြီး နာမည်ပေးထားတာ ဖြစ်ပါတယ်။ အကျိတ်ကို တလွှာပြီးတလွှာ ဖယ်ထုတ်ခြင်း ဖြစ်ပါတယ်။ တစ်သျှူးများကို ဖယ်ထုတ်ပြီး နောက်တလွှာမဖယ်ခင် အနုကြည့်မှန်ပြောင်းနဲ့ ကင်ဆာဆဲလ်တွေ ကျန်နေသလား ပြန်ကြည့်ပါလိမ့်မယ်။ အောက်ပါအခြေအနေတွေမှာ ဒီနည်းကို အသုံးပြုသင့်ပါတယ်။
  • – အကျိတ်ကြီးမားတဲ့အခါ
  • – အာရုံခံစားလွယ်သောနေရာမှာ ရှိနေသောအခါ
  • – အချိန်ကြာကြာရှိနေသောအခါ
  • တခြားနည်းလမ်းများသုံးပြီးချိန် ပြန်ဖြစ်တတ်သောအခါ
  • လိမ်းဆေး၊ သောက်ဆေးများ။ BCC ကို ကုသနိုင်တဲ့ဆေးဝါးများ ပေးပါလိမ့်မယ်။ အောက်ပါလိမ်းဆေးနှစ်မျိုး ပါဝင်ပါတယ်။
    • – FLuorouracil (5-fu)
    • Imiquimod
  • အဲဒီလိမ်းဆေးတွေကို ရက်ပေါင်းများစွာ လိမ်းဖို့ လိုပါတယ်။ ပြီးရငါ အဆင်ပြေမပြေ ဆရာဝန်ဟာပြန်ကြည့်ပါလိမ့်မယ်။ Erivedge (vismodegib) လို့ခေါ်တဲ့ဆေးကို ညွှန်နိုင်ပါတယ်။ BCCဟာ ကိုယ်ခန္ဓါရဲ့ တခြားနေရာကို ပြန့်နှံ့နေချိန်မှာ ပေးတတ်ပါတယ်။
  • နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

    ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက အခြေခံဆဲလ်ကင်ဆာဖြစ်ခြင်းအတွက် အထောက်အကူ ပြုသလဲ

    အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။

    • အရေပြားကိုစစ်ဆေးပါ။ ကင်ဆာရဲ့ လက္ခဏာတွေဖြစ်တဲ့ အဖုအကျိတ်ကြီးထွားခြင်း၊ ပြောင်းလဲခြင်း၊ သွေးထွက်ခြင်းတွေရှိမရှိ စစ်ဆေးရပါမယ်။ ကိုယ်ခန္ဓါရဲ့ နေရာအနှံ့ကို စစ်ဆေးနိုင်ဖို့ လက်ကိုင်မှန်ကို အသုံးပြုပါ။
    • နေရောင်သိပ်မခံပါနဲ့။ မနက် ၁၀နာရီနဲ့ ညနေ ၂နာရီကြား နေရောင်မခံပါနဲ့။ အဲဒီအချိန်တွေမှာ ခရမ်းလွန်ရောင်ခြည် အားအကောင်းဆုံး ဖြစ်ပါတယ်။
    • နေရောင်အကာအကွယ်သုံးပါ။ ခရမ်းလွန်ရောင်ခြည်ဟာ တနေ့လုံးရှိနေတတ်လို့ နေရောင်အကာအကွယ်သုံးဖို့လိုပါတယ်။ အဝတ်များနဲ့ မဖုံးအုပ်နိုင်တဲ့နေရာတွေကို အနည်းဆုံး နေရောင်ကာကွယ်ညွှန်ကိန်း ၃၀ရှိတဲ့ ခရင်မ်များလိမ်းပါ။ အပြင်ထွက်ချိန်မှာ မိနစ် ၆၀-၈၀ကြာတိုင်း တခါလိမ်းပါ။
    • သင့်တော်စွာဝတ်ဆင်ပါ။ ဦးထုပ်၊ အကျီၤလက်ရှည်၊ ဘောင်းဘီရှည် စတာတွေ ဝတ်ဆင်ပါ။

    သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement