ကင်ဆာရောဂါများ

ကင်ဆာကို သိရှိနိုင်စေမယ့် နည်းလမ်းတွေက အများကြီးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာတွေ၊ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ လက္ခဏာတွေ၊ စစ်ဆေး အဖြေရှာနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်နည်းတွေကို သိထားဖို့ လိုပါမယ်။ အဆိုပါ အကြောင်းအရာတွေအားလုံးကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကင်ဆာရောဂါများ

ခုခံအားကုထုံး နဲ့ပတ်သက်ပြီး သင်ဘာတွေ သိထားသင့်သလဲ။

ခုခံအားကုထုံး ဆိုတာ ကင်ဆာကုထုံးတစ်ခုပါ။ ဆေးပညာတွေ အဆင့်မြင့်လာတာနဲ့အမျှ ကင်ဆာရောဂါကို ကုသရာမှာ အစွမ်းထက်ပြီး လူနာကို ထိခိုက်မှု နည်းစေတဲ့ ကုထုံးတွေကို ရှာဖွေလာကြပါတယ်။ ဒီထဲမှာ ခုခံအား ကုထုံးလည်း ပါဝင်ပါတယ်။ ခုခံအားကုထုံး ဆိုတာ ခုခံအားကုထုံးဆိုတာ လူနာရဲ့ ကိုယ်ပိုင် ခုခံအားကို သုံးပြီး ကင်ဆာဆဲလ်တွေကို တိုက်ခိုက်စေတာပဲ ဖြစ်ပါတယ်။ ခုခံအားကုထုံးကို ပေးလိုက်တာက လူနာရဲ့ ခုခံအားစနစ်ကို မြှင့်တင် ဒါမှမဟုတ် အပြောင်းအလဲဖြစ်စေတဲ့အတွက် ကင်ဆာဆဲလ်တွေကို ပိုပြီး တိုက်ခိုက်စေနိုင်ပါတယ်။ ခုခံအားကုထုံးက ဘယ်လိုအလုပ်လုပ်သလဲ။ ခုခံအားက ပုံမှန်ဆိုရင် ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို တိုက်ခိုက်ဖျက်ဆီးပေးပါတယ်။ ဒီလိုဖျက်ဆီးခံရတဲ့ အထဲမှာ ပုံမှန်အတိုင်း မဟုတ်ဘဲ ပွားနေတဲ့ ကင်ဆာဆဲလ်တွေလည်း ပါပါတယ်။ ခုခံအားက ကင်ဆာဆဲလ်တွေကို တိုက်ခိုက်တဲ့အခါ ခုခံအားဆဲလ်တွေကို ကင်ဆာကျိတ်ရဲ့ အထဲ […]

ကင်ဆာရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အဆုတ်ကင်ဆာ

ကင်ဆာရောဂါများ ကို ရှာဖွေမည်။

အခြားကင်ဆာများ

Rectal Cancer (စအိုကင်ဆာ)

Rectal Cancer (စအိုကင်ဆာ) ဆိုတာက ကင်ဆာ တစ်မျိုးပါ။ အဖြစ်မများဘူးဆိုပေမယ့် အူမကြီး ကင်ဆာနဲ့ တွဲပြီး ဖြစ်တာမျိုးတော့ ရှိပါတယ်။ အဓိပ္ပာယ်ဖွင့်ဆိုချက် Rectal Cancer (စအိုကင်ဆာ) ဆိုတာ Rectal Cancer (စအိုကင်ဆာ) ဆိုတာက အူမကြီးရဲ့ နောက်ဆုံးအပိုင်းမှာ ဖြစ်တဲ့ ကင်ဆာဖြစ်ပါတယ်။ တခါတရံမှာ အူမကြီးနဲ့ တွဲဖြစ်တတ်ပြီး အူမကြီးစအိုကင်ဆာလို့လည်းခေါ်ကြပါတယ်။ စအိုကင်ဆာက စအိုရှိ ဆဲလ်များ ပုံမမှန်ပြောင်းလဲခြင်းမှစတင်ပါတယ်။ လက္ခဏာများ စအိုကင်ဆာရဲ့လက္ခဏာတွေကဘာတွေလဲ စအိုကင်ဆာရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ဝမ်းချုပ်ခြင်း စအိုမှသွေးကျခြင်း ဝမ်းလျှောခြင်း ဝမ်းမည်းခြင်း ရှည်မျှောမျှော ဝမ်းများသွားခြင်း ဗိုက်ထဲ နေထိုင်မကောင်းခြင်း အကြောင်းပြချက်မရှိ မောပန်းခြင်း အစားအသောက်ပျက်ခြင်း ကိုယ်အလေးချိန်ကျခြင်း တင်ပါးအတွင်းပိုင်းနာခြင်း အကြောင်းရင်းများ စအိုကင်ဆာကို ဘာတွေကဖြစ်စေသလဲ အဓိကအားဖြင့် အကြောင်းအရင်းနှစ်မျိုးရှိပါသည်။ အူလမ်းကြောင်းရောင်ရမ်းစေတဲ့ရောဂါ အူလမ်းကြောင်းရောင်ရမ်းစေတဲ့ရောဂါမှာ နာတာရှည် အူမကြီးရောင်ခြင်းနဲ့ ခရုန်းရောဂါတို့ ပါဝင်ပြီး ဒါတွေက စအိုကင်ဆာကို ပိုပြီးဖြစ်စေနိုင်ပါတယ်။ ရောဂါရှိတာကြာလေလေ […]


အခြားကင်ဆာများ

Endometrial cancer (သားအိမ်ကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Endometrial cancer (သားအိမ်ကင်ဆာ) ကဘာလဲ။ သားအိမ်ကင်ဆာသည် သားအိမ်တွင်းနံရံမှဖြစ်သော ကင်ဆာဖြစ်ပါသည်။ သားအိမ်သည် အခေါင်းပါ သစ်တော်သီးပုံရှိ ဆီးခုံတွင်းအင်္ဂါဖြစ်ပြီး သန္ဓေသားကြီးထွားသောနေရာလည်း ဖြစ်သည်။ သားအိမ်ကင်ဆာမှာ သားအိမ်နံရံ (Endometrium) အလွှာမှ ဆဲလများတွင်ဖြစ်သော ကင်ဆာဖြစ်သည်။ သားအိမ်ကင်ဆာကို Endometrial ကင်ဆာဟုလည်းခေါ်သည်။ သားအိမ်တွင် Uterine Sarcoma ကဲ့သို့ တခြားသော ကင်ဆာအမျိုအစားများကိုလည်း တွေ့နိုင်ပါသည်။ သို့သော် သားအိမ်ကင်ဆာလောက် အဖြစ်မများကြပါ။ Endometrial cancer (သားအိမ်ကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ နှစ်စဉ် US ၌ သားအိမ်ကင်ဆာ ၃၀၀၀၀၀ ကျော် ဖြစ်ပွားနေပါသည်။ ထို့အတူ ဤရောဂါသည် US တွင်သာမဟုတ်ပဲ တစ်ခြားသော ဖွံဖြိုးပြီးနိုင်ငံများတွင်ပါ အဖြစ်များဆုံးသော မီးယပ်ကင်ဆာအမျိုးအစားတွင် ပါဝင်နေသည်။ သားအိမ်ကင်ဆာအများစုမှာ အသက် ၆၀ နှင့် ၇၀ ကြားတွင် အဖြစ်များပြီး […]


ရင်သားကင်ဆာ

Breast Cancer For Men (အမျိုးသားများတွင်တွေ့ရသောရင်သားကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်ရင်သားကင်ဆာဟာ ရင်သားမှာရှိတဲ့ဆဲလ်တွေက ကင်ဆာဆဲတွေအဖြစ်ပြောင်းကုန်ရာမှ ဖြစ်လာရခြင်းဖြစ်တယ်။ အမျိုးသားတွေမှာ အမျိုးသမီးကဲ့သို့ရင်သားမျိုးရှိတာမဟုတ်ပေမယ့် ရင်သားတစ်သျူးအနည်းငယ်ကတော့ရှိပါတယ်။ အရွယ်ရောက်ပြီးအမျိုးသားတွေရဲ့ရင်သားဟာ အရွယ်မရောက်မီ အမျိုးသမီးများရင်သားနဲ့ဆင်တူတယ်။ မိန်းကလေးတွေမှာတော့ ထိုတစ်သျူးတွေက ဆက်လက်ဖွံ့ဖြိုးပြီး အမျိုးသားတွေမှာ ဆက်မဖွံ့ဖြိုးပဲ ထိုအတိုင်းရပ်သွားတာပဲရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရင်သားတစ်သျူးကတော့ရှိနေတာပဲမို့ အမျိုးသားတွေလည်း ‘ရင်သားကင်ဆာ’ ဆိုတာကြီး ကြုံလာရနိုင်ချေရှိပါတယ်။ အမျိုးသမီးတွေရတတ်တဲ့ ကင်ဆာနဲ့အမျိုးတူပေမယ့် ဖြစ်နိုင်ချေကတော့ရှားပါတယ်။ Breast Cancer For Men (အမျိုးသားများတွင်တွေ့ရသောရင်သားကင်ဆာ) က ဘယ်ေ အသက်အရွယ်မရွေးဖြစ်နိုင်တယ်ဆိုပေမယ့် ရောဂါဖြစ်စေနိုင်တဲ့ အချက်တွေကိုလျှော့ခြင်းအားဖြင့် ထိန်းချုပ်နိုင်တယ်။ အသေးစိတ်အချက်အလတ်တွေအတွက် ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ။် လက္ခဏာများBreast Cancer For Men (အမျိုးသားများတွင်တွေ့ရသောရင်သားကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ အဓိကလက္ခဏာကတော့ ရင်သားတစ်ဖက်ဖက်မှာ အဖုအကျိတ်တွေ့ခြင်းဖြစ်တယ်။ ထိုအကျိတ်ဟာ များသောအားဖြင့် နို့သီးခေါင်းအောက်ဖက်နားမှာဖြစ်တတ်တယ်။   ဒါပေမယ့် ရင်သားအကျိတ်ဖြစ်ခြင်းရဲ့ အများစုအကြောင်းကတော့ gynaecomastia လို့ခေါ်တဲ့ အမျိုးသားများတွင်ရင်သားဆူထွက်ခြင်း ရောဂါ တစ်မျိုးဖြစ်တယ်။ ထိုအခြေအနေက ကင်ဆာတော့မဟုတ်ပါဘူး။     တခြားအဖြစ်နည်းတဲ့လက္ခဏာတွေကတော့- နို့သီးခေါင်းချိုင့်ဝင်ခြင်း နို့သီးခေါင်းရောင်ရမ်းခြင်း၊ အနာဖြစ်ခြင်း။ နို့သီးခေါင်းမှ […]


သားအိမ်ခေါင်းကင်ဆာ

Cervical Polyps (သားအိမ်ခေါင်းအဖုအကျိတ်)

အဓိပ္ပာယ်ဖွင့်ဆိုချက် Cervical Polyps (သားအိမ်ခေါင်းအဖုအကျိတ်) က ဘာလဲ။ Polyp ဆိုတာ သေးငယ်ရှည်မျောတဲ့ အဖုငယ်များဖြစ်ပါတယ်။ Cervical polyp (သားအိမ်ခေါင်းအဖုအကျိတ်) ကတော့ သားအိမ်နဲ့ မွေးလမ်းကြောင်း ကြားမှာရှိတဲ့ သားအိမ်ခေါင်းအတွင်းမှာ ထွက်ပေါ်လာတဲ့ သေးငယ်ရှည်မျောတဲ့ အဖုငယ်များဖြစ်ပါတယ်။ သားအိမ်ခေါင်းဆိုတာ သုက်ပိုးတွေ ဖြတ်သန်းသွားတဲ့ လမ်းကြောင်းတစ်ခု ဖြစ်တယ်။ ကလေးမွေးချိန်မှာတော့ သားအိမ်ခေါင်းက ကျယ်ပြီးပါးလာပါတယ်။ အဲ့ဒီကနေ ကလေးဖြတ်သန်းသွားပါတယ်။ Polyps တွေဟာ သားအိမ်ခေါင်း သို့ သားအိမ်လမ်းကြောင်းအတွင်းနံရံကနေ သေးငယ်တဲ့အညှာနဲ့ တွယ်ထားတဲ့အရာလေးတွေ ဖြစ်ygတယ်။ တစ်ခုတည်းဖြစ်နိုင်သလို နှစ်လုံး၊ သုံးလုံးလည်း ဖြစ်နိုင်ပါတယ်။ ဒါတွေက ကင်ဆာလည်း မဟုတ်သလို ကင်ဆာဖြစ်လာနိုင်ချေလည်း နည်းပါတယ်။ သားအိမ်ခေါင်းကင်ဆာအများစုက HPV လို့ခေါ်တဲ့ ဗိုင်းရပ်ပိုးတစ်မျိုးကြောင့်ဖြစ်ပါတယ်။ Cervical Polyps က ဘယ်လောက်အဖြစ်များသလဲ ဟားဘတ်တက္ကသိုလ်ရဲ့ လေ့လာချက်အရ ကလေးတစ်ယောက်ထက်များတဲ့ အသက် ၄၀ […]


ရင်သားကင်ဆာ

Breast Pain ( ရင်သားနာကျင်ခြင်း )

အမျိုးသမီးတွေမှာ ရင်သားနဲ့ ပတ်သက်ပြီး ဖြစ်နိုင်တဲ့ ပြဿနာတွေက အများကြီးပါ။ ရင်သားနာကျင်ခြင်း ကစလို့ ရင်သားမှာ အကျိတ်စမ်းမိတာ၊ နို့သီးခေါင်းကနေ အရည်တွေ ထွက်တာ စသဖြင့် အများကြီး ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ရင်သားနာကျင်ခြင်းနဲ့ ပတ်သက်ပြီး လေ့လာကြည့်ရအောင်။ Breast Pain ( ရင်သားနာကျင်ခြင်း ) ကဘာလဲ။ ရင်သားနာကျင်ခြင်းဆိုတာမှာ ရင်သားကို ထိကိုင်တဲ့အခါနာကျင်ခြင်း၊ တစ်ဆစ်ဆစ်နာခြင်း၊ တစ်ခုခုနဲ့ထိုးနေသလို နာကျင်ခြင်း သို့မဟုတ် တင်းကျပ်နေသလိုနာကျင်ခြင်းတို့ အကုန်ပါပါတယ်။ နာကျင်ခြင်းဟာ ဆက်တိုက်လည်းဖြစ်နိုင်သလို၊ တခါတရံဖြစ်ပေါ်တာလည်းဖြစ်နိုင်ပါတယ်။ သာမန်နာကျင်မှုကနေ ပြင်းပြင်းထန်ထန်ထိဖြစ်နိုင်တယ်။ အမျိုးမျိုး ရှိပါတယ်။ တစ်လမှာ ရက်အနည်းငယ် အထူးသဖြင့် ဓမ္မတာလာချိန်မတိုင်ခင် နှစ်ရက်သုံးရက်မှာ ရင်သားနှစ်ဖက်စလုံး သာမန်တင်းကျပ်နာကျင်ခြင်း။ ဒါကတော့ပုံမှန်ဖြစ်တယ်။ တစ်ပတ် သို့ တစ်လ တစ်လထက် ပိုကြာလာပြီး၊ ဓမ္မတာမစခင်မှ ပြီးသည်ထိ ဆက်တိုက်နာကျင်နေမယ်၊ […]


အခြားကင်ဆာများ

Esophageal Cancer (အစာမျိုပြွန်ကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Esophageal Cancer (အစာမျိုပြွန်ကင်ဆာ) ကဘာလဲ။ အစာမျိုပြွန်ကင်ဆာသည် လည်ချောင်းမှ အစာအိမ်ထိ ဆင်းသက်သွားသော ပြွန်ချောင်းပုံသဏ္ဍာန်ရှိသည့် အစာမျိုပြွန်တွင် ကင်ဆာဆဲလ်များ စုဝေးရာမှ ဖြစ်ပေါ်သည်။ အစာများသည် ပါးစပ်မှ အစာအိမ်သို့ အစာမျိုပြွန်မှတစ်ဆင့် ဆင်းသွားသည်။ ကင်ဆာသည် အစာမျိုပြွန်အတွင်းလွှာတွင် စတင်ဖြစ်ပေါ်ပြီး အခြားအလွှာများ နှင့် ခန္ဓါကိုယ် အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားသည်။ Esophageal Cancer (အစာမျိုပြွန်ကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ အာရှနှင့် အာဖရိက ကဲ့သို့သော ကမ္ဘာ့နေရာအချို့တွင် အစာမျိုပြွန်ကင်ဆာသည် ပိုအဖြစ်များပါသည်။ အမျိုးသားနှင့် သက်ကြီးရွယ်အိုများတွင် ပိုဖြစ်ပါသည်။ သို့သော် အစာမျိုပြွန်ကင်ဆာ ဖြစ်ပွားနိုင်ချေ မြင့်မားစေသော အကြောင်းအရာများကို လျော့ချခြင်းဖြင့် ရောဂါကို စီမံနိုင်ပါသည်။ ပိုမိုသိရှိလိုသော အကြောင်းအရာများအတွက် သင့်ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါသည်။ လက္ခဏာများEsophageal Cancer (အစာမျိုပြွန်ကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ အစာမျိုပြွန်ကင်ဆာ အစောပိုင်းအဆင့်များတွင် မည့်သည့်လက္ခဏာမှ မခံစားရသည်လည်း […]


ဦးခေါင်းနှင့်လည်ပင်းဆိုင်ရာကင်ဆာများ

Hypopharynx Cancer (လည်မျိုကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hypopharynx Cancer (လည်မျိုကင်ဆာ) ကဘာလဲ။ လည်ချောင်းအောက်ခြေဖြစ်ပါတယ်။ နှာခေါင်းနောက်ပိုင်း၊ လည်ပင်းတစ်လျှောက်နဲ့ လေပြွန်နဲ့ အစာရေမျိုပြွန်မှာ အဆုံးသတ်သွားတဲ့ ၅လက်မလောက်ရှည်တဲ့ အခေါင်းပါပြွန်ကို လည်မျိုလို့ခေါ်ပါတယ်။ အစာနဲ့လေဟာ လည်မျိုကနေတစ်ဆင့် လေပြွန်သို့ အစာရေမျိုပြွန်ထဲကို သွားပါတယ်။ လည်မျိုကင်ဆာဆိုတာက လည်မျိုတစ်ရှူးတွေက ကင်ဆာဆဲလ်တွေအဖြစ်ပြောင်းသွားခြင်းကြောင့်ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်။ ဦးခေါင်းနဲ့လည်ချောင်းကင်ဆာအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ Hypopharynx Cancer (လည်မျိုကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများHypopharynx Cancer (လည်မျိုကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ လည်မျိုကင်ဆာ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ လည်ချောင်းနာခြင်း (မသက်သာခြင်း) နားကိုက်ခြင်း လည်ပင်းအဖုထွက်ခြင်း မျိုချရခက်ခြင်း အသံပြောင်းခြင်း အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ […]


ဦးနှောက်ကင်ဆာကျိတ်များ

ဦးနှောက်အကျိတ် (Brain Tumors)

အဓိပ္ပါယ်ဖွင့်ဆိုချက် ဦးနှောက်အကျိတ် (Brain Tumors)က ဘာလဲ။ ဦးနှောက်ဆဲလ် ဒါမှမဟုတ် ဦးနှောက်တဝိုက်မှာရှိတဲ့ဆဲလ်တွေ ပုံမှန်မဟုတ်ပွားခြင်းကြောင့် အဖု၊ အကျိတ်ဖြစ်ပေါ်လာခြင်းဖြစ်တယ်။ ထိုအကျိတ်ရှိဆဲလ်တွေက သေမသွားသလို၊ ဆဲလ်အသစ်တွေနဲ့လည်း အစားမထိုးဘဲ ခန္ဓါကိုယ်မှလိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည်ဖြစ်စေ ဆက်လက်ကြီးထွားနေတာဖြစ်တယ်။ ကင်ဆာလည်းဖြစ်နိုင်သလို ကင်ဆာမဟုတ်တဲ့ အဖု၊ အကျိတ်လည်းဖြစ်နိုင်ပါတယ်။ ဦးနှောက်အကျိတ်တွေဟာ တခြားသောကင်ဆာဆဲလ်တွေကနေ ဦးနှောက်ဆီသို့ ပျံ့လာတာလည်းဖြစ်နိုင်ပါတယ်။ ဦးနှောက်အကျိတ် (Brain Tumors)က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး လူကြီးတွေမှာဆိုရင် ဦးနှောက်ဆဲလ်အကျိတ်နဲ့ ဦးနှောက်အမြှေးပါးဆဲလ်အကျိတ် တွေကပိုအဖြစ်များပါတယ်။ ဦးနှောက်အကျိတ်ဖြစ်ရန် အားပေးတဲ့အခြေအနေတွေကိုရှောင်ကြဉ်ခြင်းဖြင့် ဖြစ်နိုင်ချေကိုထိန်းသိမ်းနိုင်တယ်။ အသေးစိတ်အချက်အလက်အတွက် ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။ လက္ခဏာများ ဦးနှောက်အကျိတ် (Brain Tumors)ရဲ့လက္ခဏာတွေကဘာတွေလဲ လက္ခဏာများ ခဏခဏပြင်းထန်သောခေါင်းကိုက်ခြင်း အကြောင်းမရှိ ပျို့ခြင်း၊ အန်ခြင်း အမြင်အာရုံေဝဝါးခြင်း ခြေထောက် သို့ လက်တို့တွင် ထိတွေ့မှု၊ လှုပ်ရှားမှုအာရုံတဖြေးဖြေးပျောက်ဆုံးခြင်း ဟန်ချက်မညီခြင်း စကားပြောရာတွင်အခက်အခဲများပေါ်လာခြင်း သာမန်နေ့စဉ်ကိစ္စရပ်များတွင် ေဝဝါးခြင်း ပြုမူကျင့်ကြံနေထိုင်ပုံပြောင်းလဲခြင်း တက်ခြင်း ၊ […]


အခြားကင်ဆာများ

Gallbladder Polyps (သည်းခြေအဖုအကျိတ်များ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Gallbladder Polyps (သည်းခြေအဖုအကျိတ်များ) ကဘာလဲ။ သည်းခြေအိတ်အတွင်းထိုးထွက်ပေါက်သော အဖုအကျိတ်များဖြစ်တယ်။ ပုံမှန်အားဖြင့် အယ်လ်ထရာဆောင်းနဲ့ ရှာဖွေသိရှိရပါတယ်။ သည်းခြေအိတ်အဖုအကျိတ်များမှာ များသောအားဖြင့်တော့ ကိုလက်စ်ထရောနဲ့ဖွဲ့စည်းထားပြီး ကင်ဆာကျိတ်မဟုတ်သလို အန္တရာယ်မရှိပါဘူး။ ဒါပေမယ့် ကင်ဆာမဟုတ်တာတွေရှိသလို ကင်ဆာဖြစ်လာနိုင်တာတွေလည်းရှိပါတယ်။ သည်းခြေအိတ်အဖုအကျိတ်တွေနဲ့ပတ်သတ်လို့ပြောရရင် အရွယ်အစားဟာသိပ်အရေးကြီးပါတယ်။ အရွယ်ကြီးလေလေ ကင်ဆာဖြစ်နိုင်ချေများလေလေဖြစ်တယ်။ ၁ စင်တီမီတာထက် ပိုကြီးပါက ကင်ဆာဖြစ်နိုင်ချေများတာကြောင့် ဆရာဝန်တွေက ထိုအရွယ် သို့ ထိုထက်ပိုကြီးရင် သည်းခြေအိတ်ကိုဖယ်ပစ်ဖို့ အကြံပေးတတ်ကြပါတယ်။ ထိုအရွယ်ထက်သေးပါက ကင်ဆာဖြစ်နိုင်ချေနည်းပါတယ်။ Gallbladder Polyps (သည်းခြေအဖုအကျိတ်များ) က ဘယ်လောက်အဖြစ်များသလဲ အရွယ်မရွေးဖြစ်နိုင်ပြီး အဖုအကျိတ်ဖြစ်စေတဲ့အချက်တွေကို ရှောင်ရှားလျှော့ချခြင်းဖြင့်ထိန်းသိမ်းနိုင်တယ်။ အသေးစိတ်အချက်အလက်အတွက်ဆရာဝန်နဲ့တိုင်ပင်ပါ။ လက္ခဏာများGallbladder Polyps (သည်းခြေအဖုအကျိတ်များ) ရဲ့လက္ခဏာတွေကဘာတွေလဲ လက္ခဏာလုံးဝမပြတာလည်းဖြစ်နိုင်တယ်။ ဒါပေမယ့် သည်းခြေအိတ်ကြောင့် ဗိုက်အောင့်၊ ဗိုက်နာတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ထိုကဲ့သို့နာကျင်မှုမျိုးက များသောအားဖြင့် သည်းခြေကျောက်ကြောင့်ဖြစ်တတ်ပေမယ့် သည်းခြေကျောက်မရှိပါက သည်းခြေအိတ်အတွင်း အဖုအကျိတ်တွေရှိနေတာကြောင့်ဖြစ်နိုင်တယ်။ ဖေြာ်ပထားတဲ့လက္ခဏာတွေအပြင် နောက်ထပ်လက္ခဏာတွေလည်းရှိနိုင်တာကြောင့် ဆရာဝန်နဲ့တိုင်ပင်ကြည့်နိုင်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ တကယ်လို့အထက်ပါဖော်ပြထားတဲ့ လက္ခဏာတွေကြုံရတယ်၊ […]


အရိုးကင်ဆာ

Bone Tumors (အရိုးကျူမာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Bone Tumors (အရိုးကျူမာ) ကဘာလဲ။ အရိုးဆဲလ်တွေ အထိန်းအကွပ်မရှိတိုးပွားလာပြီး တစ်ရူးအဆိုင်အခဲကြီးဖြစ်လာတဲ့အခါမှာ အရိုးကျူမာပေါ်ပေါက်လာပါတယ်။ ကျူမာဆိုတာ တစ်ရှုးအဆိုင်အခဲကြီးတစ်ခုပါ။ ကျူမာအများစုကတော့ ကင်ဆာမဟုတ်ကြသလို ပြန့်လည်းမပြန့်တတ်ကြပါဘူး။ ဒါပေမယ့်လည်း အန္တရယ်တော့ ရှိနိုင်ပါတယ်။ ကျူမာဖြစ်နေတဲ့နေရာဟာ ကြံ့ခိုင်မှုအားနည်းသွားပြီး ထိခိုက်မှုတွေကို ခံနိုင်ရည်မရှိတော့ပါဘူး။ တချို့ကျူမာတွေကတော့ ကင်ဆာဖြစ်နိုင်ပါတယ်။ ခန္ဓါကိုယ်အနှံ့ပြန်ပွားနိုင်ပြီး ကျန်းမာတဲ့ အရိုးဆဲလ်တွေကိုလည်း ထိခိုက်ပျက်စီးစေတတ်ပါတယ်။ Bone Tumors (အရိုးကျူမာ) က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ်မရွေး အလွန်အဖြစ်များပါတယ်။ အန္တရယ်ရှိအချက်များကို ရှောင်ကျဉ်ပြီး ရင်ဆိုင်နိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လက္ခဏာများBone Tumors (အရိုးကျူမာ) ရဲ့လက္ခဏာတွေကဘာတွေလဲ အရိုးကျူမာရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ အရိုးကျူမာရဲ့ ရောဂါလက္ခဏာများစွာရှိပါတယ်။ ယင်းတို့မှာ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ ခန္ခါကိုယ်ရှိတစ်နေရာရာတွင် ပုံမှန်မဟုတ်သော အဆိုင်အခဲတစ်ခုဖြစ်ပေါ်နေခြင်း ညဘက်တွင် ချွေးထွက်ခြင်း အဖျားတက်ခြင်း အမြဲလိုလိုနာနေပြီး အချိန်ကြာလာသည်နှင့် အမျှ ပိုပိုဆိုးလာခြင်း ကင်ဆာမဟုတ်သော အကျိတ်ဆိုလျှင် ဘာနာကျင်မှုမှ ခံစားရမှာမဟုတ်ပါဘူး။ ခန္ခါကိုယ်ကိုလည်း သိပ်ဒုက္ခပေးမှာ မဟုတ်ပါဘူး။ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း