ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Colon cancer (အူမကြီးကင်ဆာ) ကို ဘယ်လိုအတည်ပြုပါသလဲ
အူမကြီးကင်ဆာဟုအတည်ပြုနိုင်ရန်ဆရာဝန်မှမေးမြန်းမှုများစမ်းသက်မှုများလုပ်လိမ့်မည်။ အူမကြီးမှန်ပြောင်းကြည့်ခြင်း သို့မဟုတ် ဘယ်ရီယမ်အီနားမား ထိုး၍ ဓါတ်မှန်ရိုက်ခြင်းဖြင့် အတည်ပြုနိုင်သည်။
အူမကြီးမှန်ေဲပါင်းကြည့်ခြင်းတွင် ကင်မရာတပ်ဆင်ထားသော ရှည်၍ပျော့ပြေင်းသောပြွန်အား စအိုအတွင်းမှထည့်ပြီး အူမကြီးအားကြည့်သည်။ အကယ်၍ အလုံးကိုအူမကြီးတွင်တွေ့ပါက ဖယ်ထုတ်ပြီး အသားစအား ရောဂါဗေဒဆရာဝန်အားပို့သည်။ အသားစကို အနုကြည့်မှန်ပြောင်းအောက်တွင်ကြည့်၍ကင်ဆာဖြစ်နိုင်သည် မဖြစ်နိုင်သည်ကိုဆိုခြင်းဖြစ်သည်။
ဘယ်ရီယမ်အီနားမား သည် လုပ်ဆောင်ချက်များမစမီ လူနာအား အစာရေကို နာရီများစွာမစားမသောက်စေပါ။ ဘယ်ရီယမ်ပါသော အရည် ကို စအိုမှတစ်ဆင့် အူမကြီးသို့ထိုးသွင်းသည်။ ဘယ်ရီယမ် အူမကြီးအတွင်းသို့ရောက်ပါက အူမကြီးနှင့် စအိုအား ဓါတ်မှန်ရိုက်သည်။ ဓါတ်မှန်တွင် အလုံးအကျိတ်များရှိသောနေရာတွင် အနက်ရောင်ပြ၍ ဘယ်ရီယမ်နေရာများမှ အဖြူရောင်ပြတတ်သည်။
အသားစမှ အူမကြီးကင်ဆာဟုအတည်ပြုပြီးနောက် ဆရာဝန်မှ ရင်ဘတ်ဓါတ်မှန် ကွန်ပြူတာဓါတ်မှန် သို့မဟုတ် စီတီ တို့ဖြင့် အဆုတ် အသဲ နှင့် ဝမ်းဗိုက်တလျောက်ရိုက်လိမ့်မည်။ ထိုသို့ပြုလုပ်ခြင်းမှ ကင်ဆာမည်မျှပျံသွားသည်ကိုသိနိုင်သည်။ သွေးထဲမှ စီအီးအေ (ကာစီနီုအန်ဘရိုနစ် ပဋ္ဋိပစ္စည်း) အားစမ်းလေ့မရှိပါ။
Colon cancer (အူမကြီးကင်ဆာ) ကို ဘယ်လိုကုသပါသလဲ
ကင်ဆာကုသမှုများသည် ကင်ဆာအမျိုးအစား အဆင့်ဘယ်လောက်(ဘယ်လောက်ပျံနှ့ပြီဖြစ်ကြောင်း) အသက် ကျန်းမာရေးအခြေအနေနှင့် အခြားအကြောင်းအရာများပေါင်းစပ်၍ အမျိုးမျီုးဖြစ်သည်။ ကင်ဆာအတွက် ကုသမှတခုမှမရှိသော်လည်း အူမကြီးကင်ဆာအတွက်ခွဲစိတ်ခြင်း ကင်ဆာဆေးသွင်းခြင်း ဓါတ်ရောင်ခြည်ပြခြင်းများလုပ်နိုင်သည်။
ကုသမှုသည် ကင်ဆာအားဖယ်ရန် နှင့် သို့မဟုတ် ကင်ဆာကြောင့်ဖြစ်သောနာကျင်ခြင်းအားသက်သာစေရန်ဖြစ်သည်။
ခွဲစိတ်ခြင်း
ခွဲစိတ်ရာတွင် အူမကြီးတပိုင်းတစ သို့မဟုတ် တခုလုံးအားဖြတ်ထုတ်သည်။ ထိုသို့ဖြတ်ထုတ်ရာတွင် ကင်ဆာဖြစ်နေသောအူမကြိးနှင့် ကင်ဆာနှင့်ထိနေသော အနားသတ်နေရာများကိုလဲဖြတ်ထုတ်မည်။ အနီးအနားရှိ ပြန်ရည်အိတ်အားလည်းထုတ်လေ့ရှိသည်။ အူမကြီးဖြတ်ထုတ်သော ပမာဏအပေါ်မူတည်၍ ကျန်းမာသောအူမကြီးအပိုင်းအား စအို သို့မဟုတ် ဝမ်းဗိုက်ရှိ အပေါက်နှင့်တွယ်ဆက်လိုက်သည်။ နောက်တခုမှာ ဝမ်းဗိုက်အားဖောက်၍စအိုအတုပြုလုပ်ပြီး ဝမ်းအညစ်အကြေးများက ထိုစအိုအတုမှ တွယ်ထားသောအိတ်အတွင်းသို့ရောက်မည်။ စအိုအစစ်အားအသုံးမပြုတော့ပါ။
အချို့ကိစ္စများတွင် ဆရာဝန်သည် သေး၍ နေရာတကျရှိသောကင်ဆာဆဲလ်များအား မှန်ပြောင်းသုံး၍ ဖယ်ထုတ်နိုင်သည်။
ဝမ်းဗိုက်မှအပါက်ဖောက်သောခွဲစိတ်နည်း( ဝမ်းဗိုက်မှ အပေါက်သေးများပြုလုပ်အသုံးပြခြင်း) သည် ကြီးသော အလုံးများကိုဖယ်ရာတွင်အသုံးပြုနိုင်သည်။
အချို့ခွဲစိတ်ချက်များက ကင်ဆာအဆင့်မြင့်သောသို့မဟုတ် ကုသ၍မရတော့သော ကင်ဆာများတွင် ရောဂါလက္ခဏာသက်သောစေရန်သုံးသည်။ ထိုသို့ခွဲစိတ်ခြင်းသည် အူမကြိးပိတ်ခြင်းအားသက်သာစေသည် သို့မဟုတ် အခြားအခြေအနေများ မဖြစ်လာစေရန် နာကျင်ခြင်း သွေးထွက်ခြင်း နှင့် အခြားလက္ခဏာများအားသက်သာစေသည်။
ကင်ဆာဆေးသွင်းခြင်း
ကင်ဆာဆေးသွင်းခြင်းတွင် ဆဲလ်ပွားခြင်းကိုတားသော ပစ္စည်းများအားအသုံးပြုထားသည်-ပျက်စီးနေသောပရိုတင်းသို့မဟုတ် ဒီအန်အေ- ထိုကြောင့်ကင်ဆာဆလ်များအား ဖျက်ဆီးပြီးသေစေနိုင်သည်။ ဤကုသမှုသည် အမြန်ပွားနေသောဆဲလ်(ကင်ဆာဆဲလ်သာမက) အသုံးပြုနိုင်သည်။ သို့သော် ပုံမှန်ဆဲလ်များကဓါတုပစ္စည်းများကြောင့်ပျက်ဆီးခြင်းကိုပြန်ပွားနိုင်သော်လည်း ကင်ဆာဆဲလ်များကမပွားနိုင်ပါ။
ကင်ဆာဆေးသွင်းခြင်းသည်များသောအားဖြင့် ပျံနှံနေသော ကင်ဆာတွင် အသုံးပြုခြင်းများသည်။ အဘယ်ကြောင့်ဆိုသော် ဆိုဆေးများသည် ခန္ဓါကိုယ်အနှံသို့သွားနိုင်သည်။ ကုသမှုအား အချိန်စက်ဝန်းအလိုက်ပေးသောကြောင့် ဆေးနားထားသောအချိန်တွင် ခန္ဓါကိုယ်မှအနာကျက်ဖို့အချိန်ရသည်။ သို့သော် ဆိုးကျိုးများ ဥပမာ ဆံပင်ကျွတ်ခြင်း ပျို့ခြင်း အားအင်ချို့တဲ့ခြင်း အန်ခြင်းတို့ဖြစ်တတ်သေးသည်။ ပေါင်းစက်ကုသမှု များကိုတခါတလေသုံးတတ်သည်။ ကင်ဆာဆေးများပေါင်းပေးခြင်း သို့မဟုတ် ကင်ဆာဆေးအားအခြားကုသမှုပုံစံဖြင့်ပေါင်းပေးခြင်းများလုပ်နိုင်သည်။
အချို့လေ့လာချက်များအရ နေ့တိုင်း အက်ပလင် အနည်းငယ်သောက်သုံးခြင်း အစာချေစနစ်ကင်ဆာရှိသောလူနာ ဥပမာ အူမကြီးကင်ဆာ ရှိသူများတွင် အသက်ရှင်နှုန်းပိုများသည်ဟုဆိုသည်။ ဆေးလုပ်ဆောင်ချက်အားကောင်းမွန်စွာနားမလည်ပေ။ ရောဂါကာကွယ်မှုအတွက် အက်ပလင်သောက်ခြင်းကောင်းကျိုးဆိုးကျိုးလည်းကောင်းကောင်းမလေ့လာရသေးပါ။
ဓါတ်ရောင်ခြည်ပြခြင်း
ဓါတ်ရောင်ခြည်ပြခြင်း သည် ကင်ဆာဆဲလ်များက မြင့်အားများသော ဓါတ်ရောင်ဖြင့်ပြ၍ဖျက်ဆီးခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းကြောင့်ကင်ဆာဆဲလ်များအားပြုလုပ်ထားသော မော်လီကျူးများအားပျက်စီးစေပြီး သေစေသည်။
ဓါတ်ရောင်ခြည်ပြခြင်းတွင် အင်အားများသော ဂါမာအလင်းအား သတ္ထု သပမာ ရေဒီယမ် သို့မဟုတ် အင်အားများသော ဓါတ်မှန်များမှထွက်စေနိုင်သည်။ စတန်ဒလုံးကုသမှုဖြင့် အကျိတ်အား ရှုံစေခြင်း သို့မဟုတ် ကင်ဆာဆဲလ်အားဖျက်ဆီးခြင်းတို့ကိုလုပ်သည်။ အခြားကင်ဆာကုသချက်များနှင့်တွဲ၍ကုသနိုင်သည်။
ရောဂါအစောပိုင်းတွင် ဓါတ်ရောင်ခြည်ပြလေ့မရှိသော်လည်း စအိုကင်ဆာအစောပိုင်း စအိုကနံရံအတွင်းသို့ဝင်ရောက်နေခြင်း သို့မဟုတ် ပြန်ရည်ကြောအတွင်းရောက်နေပါက အသုံးပြုလိမ့်မည်။
ဆိုးကျိုးများမှာ အရေပြားအနည်းငယ်ပြောင်းလဲမှုများဖြစ်ခြင်း(နေလောင်ဒဏ်ရာနှင့်တူ) ပျို့ခြင်း အန်ခြင်း ဝမ်းလျောခြင်းနှုန်းခြင်းတို့ဖြစ်တတ်သည်။ လူနာများတွင် အစားအသောက်ပျက်တတ်ပြီး ပိန်သွားနိုင်သည် သို့သော် ဆိုးကျိုးအများစုသည် ကုသမှုအပြီး လပါတ်အနည်းငယ်ကြာတွင်ပျောက်သွားတတ်သည်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် စအိုကင်ဆာကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။
ဘာကိုမျော်လင့်ထားရမလဲကိုသိထားပါ။ သင့်ကင်ဆာအကြောင်းလေ့လာပြီး ကုသမှုဆုံးဖြတ်ချက်လုပ်နိုင်ပါစေ။
ဆရာဝန်အား ကင်ဆာ အမျိုးအစား အဆင့်နှင့် ကုသမှု ဆိုးကျိုးများအားမေးပါ။ ရောဂါအကြောင်းပိုသိပါက ကိုယ်တိုင်အတွက်ရွေးချယ်မှုလုပ်ရာတွင်ယုံကြည်မှုရှိလာလိမ့်မည်။ စာကြည့်တိုက် ဝက်ဆိုက်များမှ သိလိုသည့်အကြောင်းများရှာဖွေပါ။
သူငယ်ချင်းမိသားစုများနှင့်ရင်းရင်းနှီးနှီးနေပါ။ ထိုသို့နေခြင်းသည် ကင်ဆာကုသရာတွင် အကူအညီဖြစ်စေသည်။ သူငယ်ချင်းနှင့် မိသားစုများသည် သင်လိုအပ်ချက် ဥပမာ သင်ဆေးရုံတွင်ရှိချိန် သင့်အိမ်အားစောင့်ရှောက်ပေးခြင်းများပြုလုပ်ပေးနိုင်သည်။ စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုများလည်ပေးနိုင်သည်။
စကားပြောဖော်ရှာပါ။ သင့်ကြောက်လန့်မှု မျော်လင့်ချက်များအားကောင်းမွန်စွာနားထောင်ပေးနိုင်သူကိုရှာပါ။ ထိုသူသည် သင့်သူငယ်ချင်းသို့မဟုတ် မိသားစုလဲဖြစ်နိုင်သည်။ နားလည်ပေးနိုင်သော ကျန်းမာရေးလုပ်သားများ ဆွေးနွေးအကြ့ပေးပညာရှင်များ သို့မဟုတ် ကင်ဆာရောဂါအတွက်ထောက်ပံ့ပေးသောအဖွဲ့များကလဲ အကူအညီရနိုင်သည်။
ဆရာဝန်အား သင့်အနီးအနားတွင်ရနိုင်သော ကူညီသည့်အဖွဲ့များအားမေးပါ။ သို့မဟုတ် သင့်ဖုံးစာအုပ် စာကြည့်တိုက် သို့မဟုတ် ကင်ဆာအဖွဲ့အစည်းဥပမာ နိုင်ငံဆိုင်ရာကင်ဆာအဖွဲချုပ် သို့မဟုတ် အမေရိကန် ကင်ဆာအဖွဲ့။
အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။