ချောင်းဆိုးတာ ကာကွယ်လို့ ရလား
ချောင်းဆိုးတာက
အသက်ရှူလမ်းကြောင်းကို ပိုးဝင်ကူးစက်တာကြောင့် အဖြစ်များပါတယ်။ ဒီတော့ အသက်ရှူလမ်းကြောင်းကို ပိုးဝင်ကူးစက်တာမျိုျိုမဖြစ်အောင် ကာကွယ်တာက ချောင်းမဆိုးအောင် ကာကွယ်ခြင်း တစ်မျိုးပါပဲ။ ဒီတော့ ခြုံပြောရရင် ချောင်းဆိုးတာက ကိုယ့်ဆီကို သူများဆီက မကူးအောင် ကာကွယ်လို့ ရသလို ကိုယ့်ဆီက ချောင်းဆိုးကိုလည်း ကိုယ်ချစ်ရသူတွေဆီကို မကူးအောင် ကာကွယ်လို့ ရပါတယ်။ ဘယ်လို ကာကွယ်မလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။
- ကိုယ်ခံအား ကောင်းအောင် ဂရုစိုက်ပါ
ကိုယ်ခံအား ကောင်းနေမယ်ဆိုရင် ပြင်ပက ရောဂါပိုးတွေ ဝင်ရောက်ကူးစက်တာကို ကောင်းကောင်း တားဆီးနိုင်ပါတယ်။ ဒီတော့ အအေးပိုလာချိန်တွေမှာ ချောင်းဆိုးကင်းစေဖို့ ကိုယ်ခံအား ပြည့်ဝအောင် အာဟာရပြည့်ဝစွာ စားတာ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာ၊ အိပ်ရေးဝဝ အိပ်တာတွေကို ဂရုစိုက် လုပ်ဆောင်ပေးပါ။
လက်ချောင်းလေးတွေက ရောဂါပိုးတွေ အများဆုံး ရှိနေနိုင်တဲ့ နေရာတွေပါ။ ဒါကြောင့် ချောင်းဆိုးတာကို ဖြစ်စေတဲ့ ရောဂါပိုးတွေလည်း ကပ်ငြိနေနိုင်ပါတယ်။ ဒါကြောင့် တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို ရေနဲ့ ဆပ်ပြာအသုံးပြုပြီး စက္ကန့် ၂၀ ကြာ သေချာလေး ဆေးကြောပေးပါ။
ဆေးလိပ်သောက်တာက ကိုယ်ခံအားကို ထိခိုက်စေသလို အသက်ရှူလမ်းကြောင်း ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ချောင်းဆိုးတာကို ကာကွယ်ချင်တယ်ဆိုရင် ဆေးလိပ် ဖြတ်ပါ။
- ချောင်းဆိုးနေသူနဲ့ အနီးကပ် မနေပါနဲ့
ချောင်းဆိုးတာက ဗိုင်းရပ်စ်ကြောင့် ဖြစ်တာဆိုရင် တစ်ဦးကနေ တစ်ဦးကို ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ချောင်းဆိုးနေတဲ့သူနဲ့ အနီးကပ်နေထိုင်ခြင်းက ချောင်းဆိုးတာကို ခံစားရနိုင်ခြေ များစေပါတယ်။ ဒါကြောင့် ချောင်းဆိုးနေသူနဲ့ အနီးကပ် မနေပါနဲ့။
- ပါးစပ်နဲ့ နှာခေါင်းစည်း တပ်ဆင်ပါ
ချောင်းဆိုးနေရင် ဖြစ်ဖြစ် ချောင်းဆိုးတာကို ကာကွယ်ဖို့ ဖြစ်ဖြစ် ပါးစပ်နဲ့ နှာခေါင်းစည်းကို တပ်ဆင်ဖို့ လိုပါမယ်။ ဒါမှ ကိုယ့်ဆီကနေ သူများ ကူးစက်တာမျိုး မဖြစ်စေမှာ ဖြစ်သလို သူများဆီကနေ ရောဂါပိုးတွေလည်း ကိုယ့်ဆီကို မကူးစက်မှာပါ။
- မျက်နှာကို လက်နဲ့ မထိပါနဲ့
မျက်နှာကို လက်နဲ့ထိတွေ့ကိုင်တွယ်တာက အသက်ရှူလမ်းကြောင်းကနေတဆင့် ရောဂါပိုးတွေ ဝင်ရောက်နိုင်ခြေကို များစေပါတယ်။ ဒါကြောင့် ချောင်းဆိုးတာကို ကာကွယ်ချင်တယ်ဆိုရင် မျက်နှာကို လက်နဲ့ ကိုင်တွယ်ထိတွေ့တာမျိုး မလုပ်ပါနဲ့။
ဒီအချက်တွေကို သေချာ ဂရုစိုက်ပေးမယ်ဆိုရင် ချောင်းဆိုးတာကို ကိုယ့်ဆီကနေ သူများဆီ မကူးစက်အောင်ရော သူများဆီကနေ ကိုယ့်ဆီကို မကူးစက်အောင်ပါ ကာကွယ်နိုင်မှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။