backup og meta

အဆုတ် နဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့ အလေ့အထကောင်းများ

အဆုတ် နဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့ အလေ့အထကောင်းများ

စာဖတ်သူက ကျန်းမာရေးကို ဂရုစိုက်တဲ့ သူတစ်ဦးလား။ ဒါဆိုရင် ကျန်းမာရေးကို ဂရုစိုက်တဲ့အခါ အဆုတ်တွေနဲ့ အသက်ရှူလမ်းကြောင်းကို ဂရုစိုက်ဖို့ မမေ့ပါနဲ့။ တော်တော်များများက ကျန်းမာရေးကို ဂရုစိုက်တယ်ဆိုပေမယ့် နေ့စဉ် အသက်ရှူနေပေမယ့် မြင်သာတဲ့ အစိတ်အပိုင်း မဟုတ်တဲ့ အဆုတ်တွေနဲ့ အသက်ရှူလမ်းကြောင်းတွေကို ဂရုစိုက်ဖို့ မေ့နေတတ်ပါတယ်။

တကယ်ကတော့ ကျန်းမာတဲ့ နေ့စဉ်ဘဝကို ပိုင်ဆိုင်နိုင်စေဖို့အတွက် အဆုတ်တွေ ကျန်းမာဖို့ အတော်လေး အရေးပါပါတယ်။ အဆုတ်တွေ ကျန်းမာမှ ကျန်းမာပျော်ရွှင်တဲ့ နေ့စဉ်ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။ ဒီတော့ နေ့စဉ်ဘဝမှာ အရေးပါတဲ့ အဆုတ် နဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့ မွေးမြူသင့်တဲ့ အလေ့အထကောင်းလေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။

အဆုတ် နဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့ အလေ့အထကောင်းများ

အဆုတ် နဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့ အလေ့အထကောင်းများ က ဘာတွေဖြစ်မလဲ။ အတူတူ ကြည့်လိုက်ရအောင်နော်။

  • လေကောင်းလေသန့် ရှူပါ

လတ်ဆတ်သန့်ရှင်းတဲ့ လေတွေက အဆုတ်တွေနဲ့ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေပါတယ်။ နေအိမ်ပြင်ပက လေတွေက နေအိမ်တွင်းက လေတွေထက် လေထုအရည်အသွေး ပိုကောင်းပါတယ်။ ဒါကြောင့် နေ့စဉ် လေကောင်းလေသန့်ရမယ့် နေရာလေးတွေကို သွားပြီး လေကောင်းလေသန့်ရှူပေးပါ။ ဒီလိုမျိုး လေကောင်းလေသန့်ရှူတာက အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေနိုင်ပါတယ်။

  • နေအိမ်တွင်း လေထုသန့်ရှင်းအောင် ဂရုစိုက်ပါ

နေအိမ်လေးကို ဖုန်တွေ သဲတွေ သန့်ရှင်းနေအောင် ဖုန်စုတ်စက်နဲ့ သေချာလေး စုပ်ပေးပါ။ အဲကွန်းဇကာတွေကို ပုံမှန် သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်တွင်း လေထု သန့်စင်စေဖို့ နေ့စဉ် ဖုန်သုတ် သန့်စင်ပေးတာ လုပ်ပေးဖို့ လိုသလို နှစ်လ တစ်ခါ ဒါမှမဟုတ် သုံးလတစ်ခါ အဲကွန်းတွေကို သန့်ရှင်းပေးဖို့ လိုပါမယ်။ အိမ်မှာမွေးထားတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကိုလည်း မကြာခဏ သေချာလေး သန့်ရှင်းရေး ဂရုစိုက်ပေးပါ။

  • ရေများများ သောက်ပါ

ရေဓာတ်ပြည့်ဝမှု များတာ ကျန်းမာရေးအတွက် အတော်လေး အရေးကြီးပါတယ်။ အဆုတ်တွေ ကျန်းမာစေဖို့အတွက်လည်း ရေဓာတ်ပြည့်ဝနေဖို့ လိုပါမယ်။ ရေဓာတ်ပြည့်ဝနေမှ အဆုတ်က ထုတ်လုပ်တဲ့ အချွဲတွေကို ပါးစေမှာပါ။ ဒီလို လုပ်ဆောင်ပေးတာက အသက်ရှူရ လွယ်ကူစေပြီး အဆုတ်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဥပမာ – နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD) မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။

  • ဆေးလိပ်မသောက်ပါနဲ့

ဆေးလိပ်သောက်တာက နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD)၊ အဆုတ်ကင်ဆာလိုမျိုး ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေပြီး အသက်အန္တရာယ် ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်ဖြတ်လိုက်တာ၊ ဆေးလိပ်မသောက်ဘဲ နေတာက အဆုတ်တွေကို ကျန်းမာစေပြီး နာတာရှည် အဆုတ်ကျန်းမာရေး ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။

ဒါကြောင့် ဘယ်အချိန်ပဲဖြစ်ဖြစ် ဆေးလိပ်ဖြတ်လိုက်ပါ။ ဆေးလိပ်ဖြတ်ဖို့ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ဆေးလိပ်ဖြတ်လိုက်ရင် အဆုတ် နဲ့ အသက်ရှူလမ်းကြောင်းတင်မဟုတ်ဘဲ အလုံးစုံ ကျန်းမာစေမှာပါ။

  • Vape မသောက်ပါနဲ့

ဆေးလိပ်သောက်မှ မဟုတ်ပါဘူး။ Vape သောက်တာကလည်း ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ စီးကရက်လိုပဲ Vape သောက်တာကလည်း အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေနိုင်ပါတယ်။ Vape သောက်တာက နှလုံးရောဂါ အပါအဝင် ကျန်းမာရေးပြဿနာ တော်တော်များများကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အဆုတ် နဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့ဆိုရင် Vape မသောက်ပါနဲ့။

  • တဆင့်ခံ ဆေးလိပ်ငွေ့ရှောင်ပါ

တဆင့်ခံ ဆေးလိပ်ငွေ့တွေကလည်း အဆုတ် နဲ့ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေနိုင်သလို နာတာရှည် ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ တဆင့်ခံ ဆေးလိပ်ငွေ့က နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD) နဲ့ အဆုတ်ကင်ဆာတွေကို ဖြစ်စေနိုင်ပါတယ်။

  • ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ

ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက ကြွက်သားတွေကိုတင် ကျန်းမာစေတာ သန်မာစေတာ မဟုတ်ဘဲ အဆုတ်တွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက နှလုံးခုန်နှုန်းကို မြန်စေပြီး အသက်မြန်မြန်ရှူဖြစ်အောင် ထောက်ကူပေးပါတယ်။

ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက အဆုတ်တွေကို ကျန်းမာစေနိုင်သလို စွမ်းဆောင်ရည် ကောင်းစေပြီး အဆုတ်တွေကို သန့်စင်ပေးနိုင်ပါတယ်။

  • အသက်ရှူ လေ့ကျင့်ခန်း လုပ်ပါ

ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာလိုပဲ အသက်ရှူ လေ့ကျင့်ခန်း လုပ်တာက အဆုတ်တွေရဲ့ စွမ်းဆောင်ရည်ကို တိုးစေနိုင်ပြီး အဆုတ် နဲ့ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် အဆုတ် နဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာစေချင်တယ်ဆိုရင် နေ့စဉ် အသက်ရှူလေ့ကျင့်ခန်း လုပ်ပေးပါ။

  • အသက်ရှူလမ်းကြောင်း ထိခိုက်စေနိုင်တာတွေကို ရှောင်ပါ

အအေးမိဖျားတာ၊ အသက်ရှူလမ်းကြောင်း ပိုးဝင်ကူးစက်တာတွေက အဆုတ်နဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အဆုတ် နဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့ဆိုရင်

– တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်တွေကို ရေ နဲ့ ဆပ်ပြာ သုံးပြီး သေချာ ဆေးကြောတတ်တဲ့ အလေ့အထတွေကို မွေးမြူပါ။

– မျက်နှာကို လက်နဲ့ ကိုင်တွယ်ထိတွေ့တာမျိုး မလုပ်ပါနဲ့။

– ဖျားနာနေတဲ့သူတွေနဲ့ အနီးကပ်ထိတွေ့တာမျိုး မလုပ်ပါနဲ့။

– ဖျားနာနေမယ်ဆိုရင် တစ်ယောက်တည်း သီးသန့်နေပါ။

– တုပ်ကွေး အပါအဝင် အသက်ရှူလမ်းကြောင်းကနေ ဝင်ရောက်ကူးစက်နိုင်တဲ့ ရောဂါတွေကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးတွေကို နှစ်စဉ် ထိုးနှံပါ။

  • တစ်နှစ်တစ်ခါ စစ်ဆေးမှု ခံယူပါ

အဆုတ် နဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့ နောက်ထပ် လုပ်ဆောင်ရမယ့် နည်းလမ်း တစ်ခုကတော့ တစ်နှစ်တစ်ခါ အဆုတ် နဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေး စစ်ဆေးမှုကို ခံယူပေးပါ။

ကဲ … အဆုတ် နဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့ အခုပြောခဲ့တဲ့ အလေ့အထကောင်းလေးတွေကို မွေးမြူ လိုက်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Respiratory system https://www.healthdirect.gov.au/respiratory-system Accessed Date 8 November 2022

10 Helpful Tips for Healthy Lungs https://www.mana.md/10-helpful-tips-for-healthy-lungs/ Accessed Date 8 November 2022

5 Smart Habits for Strong, Healthy Lungs https://www.realsimple.com/health/preventative-health/habits-for-lung-health Accessed Date 8 November 2022

Protecting Your Lungs https://www.lung.org/lung-health-diseases/wellness/protecting-your-lungs Accessed Date 8 November 2022

6 Simple Ways You Can Take Care Of Your Lungs & Live A Healthier Life https://www.genesismedical.org/blog/6-simple-ways-you-can-take-care-of-your-lungs-live-a-healthier-life Accessed Date 8 November 2022

ယခုပုံစံ

20/09/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘက်တီးရီးယားပိုးကြောင့် အဆုတ်ရောင်ခြင်း

ခွဲစိတ်ခြင်းဟာ အဆုတ်သွေးကြောပိတ်ဆို့နိုင်ခြေ များစေသလား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement