ပိုးသတ်ပါ နေအိမ်ကို ပိုးသတ်သန့်စင်တာ၊ အသုံးအဆောင်တွေကို ပိုးသတ်တာက တုပ်ကွေး မကူးစက်အောင် ကာကွယ်နိုင်သလို တုပ်ကွေး ကွင်းဆက်ဖြတ်တောက်နိုင်ပါတယ်။ ဒါကြောင့် အိမ်တွင်းမှာ ဖျားနာတဲ့သူရှိမယ်။ ရုံးတွင်းမှာ ဖျားနာတဲ့သူ ရှိမယ်ဆိုရင် နေထိုင်ရာ ပတ်ဝန်းကျင်နဲ့ အသုံးအဆောင်တွေကို ပိုးသတ်ပါ။
- နှာချေချောင်းဆိုးရင် အုပ်ထားပါ
နှာချေချောင်းဆိုးတဲ့အခါ ထွက်လာတဲ့ အမှုန်တွေက ရောဂါပိုးတွေ ကူးစက်နိုင်ပါတယ်။ ဒါကြောင့် နှာချေချောင်းဆိုးတဲ့အခါ ပါးစပ်နဲ့ နှာခေါင်းကို သေချာစွာ အုပ်ထားပါ။ ဒါမှမဟုတ်လည်း ပါးစပ်နဲ့နှာခေါင်းစည်း တပ်ဆင်ထားပါ။
- နေထိုင်မကောင်းတဲ့အခါ သီးခြားနေပါ
ဖျားနာတဲ့အခါ ကိုယ့်ဆီက အဖျားနဲ့ ရောဂါပိုးတွေ အခြားသူတွေဆီကို မကူးစက်စေဖို့အတွက် နေထိုင်မကောင်းတဲ့အခါ တစ်ဦးထဲ သီးခြားခွဲနေထိုင်ပါ။ အဖျားသက်သာမှ မိသားစုဝင်တွေနဲ့ ထိတွေ့တာမျိုး လုပ်ပေးပါ။
- ကျန်းမာရေးအသုံးအဆောင်တွေကို ပိုးသတ်ပါ
ကျန်းမာရေးစမ်းသပ်မှု ကိရိယာတွေကနေလည်း ရောဂါပိုးတွေ ကူးစက်စေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေး အသုံးအဆောင်တွေကနေ ရောဂါပိုး မကူးစက်စေဖို့ဆိုရင် အဖျားတိုင်းတံကစလို့ အသုံးအဆောင်တွေကို အရက်ပြန်သုံးပြီး ပိုးသတ်ပါ။
- ပိုးသတ်ဆေးတွေကို ဆေးပတ်ပြည့်အောင် သောက်ပေးပါ
ပိုးသတ်ဆေးတွေကို ဆေးညွှန်းအတိုင်း ဆေးပတ်လည်အောင် တိုက်ပေးပါ။ ဒါမှ ဆေးယဉ်ပါးတာမျိုး မဖြစ်မှာပါ။
- တုပ်ကွေးကာကွယ်မှု နည်းလမ်းတွေကို လိုက်နာပါ
တုပ်ကွေး ကွင်းဆက်ကို ဖြတ်တောက်ပစ်ဖို့ဆိုရင် တုပ်ကွေး ကာကွယ်မှု နည်းလမ်းတွေကို သေချာလေး လိုက်နာဖို့ လိုပါမယ်။ ပြည့်ပြည့်ဝဝ အနားယူတာ၊ အာဟာရ ပြည့်ဝအောင် စားတာ၊ ပိုးသတ်လက်ဆေးတာတွေကို လိုက်နာဖို့ လိုပါမယ်။ အိပ်ရေးဝအောင် အိပ်တာကလည်း တုပ်ကွေး ကာကွယ်ရာမှာ ထိရောက်တဲ့ နည်းလမ်းပါ။
ကဲ … တုပ်ကွေး ရာသီမှာ မတော်တဆ တုပ်ကွေး ကူးစက်ခဲ့ရင်တောင် ကိုယ့်ဆီကနေ မိသားစုဝင်တွေကို အဖျားမကူးစက်အောင် ဒီနည်းလမ်းလေးတွေနဲ့ ကာကွယ်လိုက်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။