လည်ချောင်း နာနေတာကို သက်သာစေဖို့အတွက် နောက်ထပ် လုပ်ပေးလို့ရတဲ့ နည်းလမ်း တစ်ခုကတော့ ရေနွေးနွေးလေး သောက်ပေးတာပါ။ ရေနွေးနွေးလေးက လည်ချောင်းထဲက ချွဲသလိပ်တွေကို ဖယ်ရှားပေးသလို လည်ချောင်းနာတာကိုရော ချောင်းဆိုးတာကိုပါ သက်သာစေနိုင်မှာပါ။
ရေများများ သောက်ပေးတာက ကိုယ်ခံအားကို အားဖြည့်ပေးသလို လည်ချောင်းနာတာကိုလည်း သိသိသာသာ သက်သာစေမှာပါ။ ဒါကြောင့် လည်ချောင်းနာပြီဆိုရင် ရေ ဒါမှမဟုတ် စွပ်ပြုတ်ရည်လိုမျိုး အရည်တွေကို များများလေး သောက်ပေးပါ။
ရေနွေးငွေ့ ခံပေးတာ၊ အစိုဓာတ်ထိန်းစက် ဖွင့်ပေးတာကလည်း လည်ချောင်းထဲမှာ အစိုဓာတ် ရရှိစေပြီး လည်ချောင်းနာတာကို သက်သာစေမှာပါ။ ဒါကြောင့် လည်ချောင်းနာနေပြီဆိုရင်တော့ ရေနွေးနွေးလေးနဲ့ ရေချိုးပြီး ရေနွေးငွေ့လေးတွေ ခံပေးလို့ ရသလို အခန်းထဲမှာ အစိုဓာတ်ထိန်းစက် ဖွင့်ပေးတာကလည်း ထိရောက်တဲ့ နည်းလမ်းပါပဲ။
အအေးမိတာကြောင့် လည်ချောင်းနာလာပြီ ဆိုရင်တော့ အရင်ဆုံး ပြည့်ပြည့်ဝဝ အနားယူလိုက်ပါ။ ပြည့်ပြည့်ဝဝ အနားယူလိုက်တာက ကိုယ်ခံအားကို ကောင်းစေသလို လည်ချောင်းနာတာကို သက်သာစေမှာပါ။ ဒါကြောင့် လည်ချောင်းနာတာကို သက်သာစေချင်တယ် ဆိုရင် ပြည့်ပြည့်ဝဝ အနားယူလိုက်ပါ။
လည်ချောင်းနာတာကို သက်သာစေမယ့် နည်းလမ်းကတော့ ဆေးသောက်တာပါ။ လည်ချောင်းနာတာကို သက်သာစေဖို့အတွက် Acetaminophen နဲ့ ibuprofenတို့လို ဆေးမျိုးတွေလို အကိုက်အခဲပျောက်ဆေးတွေကို သောက်သုံးပေးလို့ ရပါတယ်။
ဒီနည်းလမ်းလေးတွေကို အသုံးပြုပြီး အအေးမိတာကြောင့် လည်ချောင်းနာတာကို သက်သာစေဖို့ အခုပဲ လုပ်ဆောင်လိုက်တော့နော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။