- ကျန်းမာရေးနဲ့ ညီညွတ်အောင် စားရပါမယ်
ဆောင်းတွင်းမှာ ဗီတာမင် C လိုမျိုး ကိုယ်ခံအား ဗီတာမင် ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးရပါမယ်။ ဆောင်းတွင်းမှာ ပူပူလောလော ချဉ်ချဉ်စပ်စပ်လေးတွေ စားပေးတာက ခံတွင်းလည်းတွေ့ပြီး အချဉ်အရသာအတွက် အသုံးပြုတဲ့ သံပုရာသီး၊ ရှောက်သီးတွေ နဲ့ အစပ်အရသာအတွက် အသုံးပြုတဲ့ ငရုတ်သီးက ဗီတာမင် C ရစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အစားအစာတွေထဲမှာ ဗီတာမင် C ကြွယ်ဝတာတွေအပြင် ပရိုတင်း၊ ဗီတာမင် D ပါဝင်တာတွေကို စားပေးဖို့လည်း လိုပါမယ်။
ညဘက်တွေမှာ အိပ်ချိန် အနည်းဆုံး ၆နာရီကနေ ၈ နာရီလောက် ထားပေးပါ။ ဆောင်းအေးအေးမှာ အိပ်ချိန် လုံလုံလောက်လောက် မရှိတာက ခန္ဓာကိုယ်ကို အားနည်းစေပြီး ဖျားနာလွယ်စေဖို့ အားပေးနေပါတယ်။ အိပ်ရေးဝအောင် အိပ်တာက ကိုယ့်ကိုယ်ကိုယ် အားဖြည့်တာပါပဲ။ ဒါကြောင့် အိပ်ရေးဝဝအိပ်ရင်း ဖျားနာမှု ကင်းတဲ့ ဆောင်းရာသီ ကို ဖန်တီးလိုက်ပါ။
- ကိုယ်လက်လေ့ကျင့်ခန်း လုပ်ရပါမယ်
ဖျားနာမှုကင်းတဲ့ ဆောင်းရာသီ စိတ်ကူးလေးကို အကောင်အထည် ဖော်ပေးနိုင်မယ့် နောက်ထပ် နည်းလမ်းကောင်း တစ်ခုကတော့ တစ်နေ့ကို ၁၅ မိနစ်လောက် ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာပါပဲ။ လမ်းလျှောက်တာဖြစ်ဖြစ် ကိရိယာလွတ် လေ့ကျင့်ခန်း လုပ်တာ ဖြစ်ဖြစ်ပေါ့။ ဒီလို လုပ်တာက စိတ်လက်ပေါ့ပါးစေပြီး ဆောင်းတွင်းမှာ ဖျားနာမှု ကင်းစေဖို့ ထောက်ကူပေးနိုင်မှာပါ။
ဆောင်းတွင်းမှာ ပိုစားကောင်းတတ်တဲ့သူလေးတွေ ရှိပေမယ့် အစာကြေခဲတာကြောင့် ဆောင်းတွင်းမှာ အစားတွေကို သေချာ မစားမိတဲ့သူတွေလည်း ရှိနိုင်ပါတယ်။ ဒီလို အစားတွေကို သေချာ မစားတာ၊ အနပ်တွေ ကျော်တာက ခန္ဓာကိုယ်ကို အားနည်းစေပြီး ဖျားနာလွယ်စေပါတယ်။ ဒါကြောင့် အစားကို အချိန်မှန်မှန် စားပေးပါ။ အစာကြေခဲတယ်ဆိုရင်တော့ နည်းနည်းစီ စားပေးပါ။
လက်တွေကနေတဆင့် မျက်လုံးတွေ၊ ပါးစပ်တွေ၊ နှာခေါင်းတွေထဲကို ရောဂါပိုးတွေ ဝင်ရောက်နိုင်ပါတယ်။ ဒါကြောင့် လက်တွေကို ရေနဲ့ဆပ်ပြာ သုံးပြီး လက်ကို သေချာလေး ဆေးကြောပေးပါ။ ဒီလို ဆေးကြောပေးတာကလည်း ကိုယ်ခံအား ကောင်းစေပြီး ဖျားနာမှုကင်းတဲ့ Winter စိတ်ကူးလေးကို ဖန်တီးနိုင်စေဖို့ ထောက်ကူပေးနိုင်မှာပါ။
- စိတ်ဖိစီးမှု ပြေလျော့စေမယ့် အလေ့အထလေးတွေ မွေးမြူရပါမယ်
ဆောင်းတွင်းမှာ စိတ်ဖိစီးမှုတွေ စိတ်ဓာတ်ကျမှုတွေက ပုံမှန်ထက် အဖြစ်များပါတယ်။ စိတ်ဖိစီးမှု များတာက ကိုယ်ခံအားကျစေပြီး ဖျားနာလွယ်စေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု ပြေလျော့စေမယ့် အလေ့အထလေးတွေဖြစ်တဲ့ လေ့ကျင့်ခန်း လုပ်တာ၊ လက်မှုပစ္စည်းလေးတွေ ဖန်တီးတာ၊ တရားထိုင်တာတွေကို လုပ်ပေးပါ။
ကဲ …… ဖျားနာမှုကင်းတဲ့ ဆောင်းရာသီ စိတ်ကူးလေးကို အခုပဲ အကောင်အထည် ဖော်လိုက်တော့နော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။