နာတာရှည် ချောင်းဆိုးနေတာ ချောင်းဆိုးတာက တစ်လကျော်နေပြီ။ ချောင်းဆိုးပျောက်စေတဲ့ အိမ်တွင်းကုထုံးတွေ၊ ချောင်းဆိုးပျောက်ဆေးတွေ ဝယ်သောက်နေပေမယ့်လည်း မသက်သာဘူး ဖြစ်နေမယ်ဆိုရင်တော့ အသက်ရှူလမ်းကြောင်း နဲ့ အဆုတ်မှာ ကျန်းမာရေး ထိခိုက်တာတွေ ရှိနေပါပြီ။
ချောင်းဆိုးလိုက်ချိန်မှာ သွေးပါလာတာ အဆုတ် ကျန်းမာရေး ထိခိုက်နေတာတဲ့ သိသာတဲ့ လက္ခဏာ တစ်ရပ်ပါ။ သွေးစတွေက အဆုတ်တွေနဲ့ အသက်ရှူလမ်းကြောင်း အထက်ပိုင်းကနေ ထွက်လာတာပါ။ ဒါက အဆုတ်ကို ကုသမှု ခံယူဖို့ လိုအပ်နေတာ ပြနေတာပါ။
ချွဲသလိပ်တွေက ကူးစက်ရောဂါ ပိုးတွေနဲ့ ဓာတ်မတည့်မှု ဖြစ်စေတဲ့အရာတွေကို ကာကွယ်ပေးတာပါ။ ဒါပေမယ့် ချွဲသလိပ်တွေက ၁ လလောက်အထိ ဆက်တိုက် ထွက်နေမယ်ဆိုရင်တော့ အဆုတ်ရောဂါ ရှိနေတာပါ။ အရောင်ပါတဲ့ သလိပ်တွေထွက်နေရင် ပိုပြီးသတိထားသင့်ပါတယ်။
အကြောင်းအရင်း တစ်စုံတရာ မရှိဘဲ ရင်ဘတ်အောင့်တာက ၁ လ ဒါမှမဟုတ် ၂ လထက် ကျော်နေမယ်ဆိုရင် ဒါမှမဟုတ် ချောင်းဆိုးလိုက်ရင် အသက်ရှူလိုက်ရင် ရင်ဘတ်အောင့်တာက ပိုဆိုးလာမယ်ဆိုရင် အဆုတ် ကျန်းမာရေး ပြဿနာ ရှိနေတာပါ။
ဒီလက္ခဏာလေးတွေကို ကြည့်ပြီး ကိုယ်တိုင် ဆန်းစစ် လိုက်နော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။