ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေလည်းခံတွင်းသန့်ရှင်းဖို့လိုပါတယ်

သွားတွေပါက်မှ ခံတွင်းသန့်ရှင်းရေးလုပ်ပေးရမှာလား။ ကလေးဆိုတာ နို့ပဲသောက်တာ ခံတွင်းသန့်ရှင်းရေးလုပ်ပေးဖို့ မလိုဘူးလို့များတွေးနေလား။ မဟုတ်သေးဘူလေး။ဘေဘီပေါက်စလေးတွေကိုမွေးလာကတည်းကစပြီး ခံတွင်းသန့်ရှင်းရေးလုပ်ပေးဖို့လိုပါတယ်။ သွားပေါက်လာတဲ့အခါမှ သွားပိုးစားတာေတွဖြစ်တာပဲဆိုပြီး သွားနဲ့ခံတွင်းကိုစောင်ေ့ရှာက်ပေးဖို့လိုတာမဟုတ်ပါဘူး။ဘေဘီလေးတွေကိုနေ့စဉ် သွားဖုံး၊လျှာနဲ့ ခံတွင်းတွေကို သန့်စင်ပေးမှပေါက်လာမယ့် သွားတွေခိုင်ခန့်ပြီး ခံတွင်းကျန်းမာရေးကောင်းမှာပါ။ ဘေဘီလေးတွေကို ခံတွင်းသန့်ရှင်းရေးလုပ်ဆောင်ပေးမယ်ဆိုရင် မွေးစကနေ ၆ လအထိ ဘေဘီလေးတွေက သွားမပေါက်သေးလို့ သွားပွတ်တံတွေ၊ သွားတိုက်ဆေးတွေသုံးဖို့တော့ မလိုအပ်သေးပါဘူး။ ဒီတော့ ဘယ်လိုသန့်ရှင်းပေးရမှာလဲလို့တွေးနေလား။ အရင်ဆုံး ကလေးကို လက်ထဲမှာပွေ့ချီလိုက်ပါ ပြီးရင်နောက်လက်တစ်ဖက်ရဲ့ လက်ညှိုးမှာ အဝတ်စသန့်သန့်လေး ဒါမှမဟုတ် ကလေးအနှီးစသန့်သန့်လေးကို ပတ်လိုက်ပါ ပြီးရင်ရေနွေးခပ်နွေးနွေးလေးထဲကို စိမ်ပေးပါ။ရေကအရမ်းမပူဖို့ သတိထားပါ ပြီးရင်တော့ ကလေးရဲ့လျှာ၊ သွားဖုံးတွေနဲ့ ပါးစောင်တွေကို သုတ်ပေးပါ ဒီလိုလုပ်ပေးတာက ကလေးရဲ့လျှာကို သန့်စင်စေပြီး နို့သောက်ရတာအဆင်ပြေစေမှာပါ။ ကလေးမွေးစကနေ ၆ လအရွယ်ရောက်တဲ့အထိ ဒီနည်းကအဆင်အပြေဆုံးပါ။ ၆လကနေ ၁ နှစ်အထိ ဒီအရွယ်မှာတော့ဘေဘီလေးကမေမေ့နို့အပြင်ဖြည့်စွက်စာတွေစစားနေပါပြီ။ သွားငုတ်တုတ် လူငုတ်တုတ်အရွယ်ပေါ့။ သူတို့ရဲ့ ပထမဆုံးထွက်တဲ့ […]


မိခင်နို့တိုက်ကျွေးခြင်း

ကလေးနို့အန်လို့ စိတ်ပူနေပြီလား

ကလေးနို့အန်လို့ စိတ်ပူနေပြီလား ...... ကိုယ့်ရင်သွေးကျန်းမာပျော်ရွှင်နေဖို့က မိခင်တိုင်းတောင့်တမိတဲ့ဆုပါ။ မိခင်ဆိုတာမျိုးက ကိုယ့်သားသမီးတွေ ဆော့ရင်းမောသွားလို့ဖြစ်ဖြစ် အိပ်ချင်လို့ဖြစ်ဖြစ် အိပ်ပျော်သွားတာလေးကို ကြည့်ရင်းနဲ့တောင် ငါ့သားလေး သနားပါတယ်။ ငါ့သမီးလေးသနားပါတယ်လို့ တွေးမိတတ်သူတွေမဟုတ်လား။ ဒီတော့ ဘယ်လိုအခြေအနေမျိုးမှာမဆို ရင်သွေးကို သနားစိတ်ဖြစ်နေမိတတ်တဲ့ မေမေတို့အနေနဲ့ ကလေးက နို့သောက်ပြီးတိုင်း အန်နေမယ်ဆိုရင် ဘယ်လောက်တောင်စိုးရိမ်လိုက်မလဲနော်။ ကလေးကဆာလို့ နို့တိုက်လိုက်တယ်။ နို့သောက်ပြီး မကြာဘူး ကလေးကပြန်အန်တယ်။ ဘာဖြစ်မှန်းလဲမသိဘူး။ ဘာလုပ်ပေးရမှန်းလဲမသိဘူးဆိုတဲ့ မေမေတို့ ဒီဆောင်းပါးလေးဖတ်ကြည့်နော်။ ကလေးနို့အန်လို့ စိတ်ပူနေပြီလား ကလေးနို့အန်လို့ စိတ်ပူနေပြီလား ..... ဒါဆိုရင်တော့ အတူတူဆက်ကြည့်လိုက်ရအောင်နော်။ ကလေးတွေ နို့အန်တာက ပုံမှန်ပဲလား ကလေးကမွေးစမှာ အစာခြေစနစ်ကစလို့ အခြားကိုယ်တွင်းစနစ်တွေက ဖွံ့ဖြိုးဆဲအချိန်မို့ သောက်လိုက်တဲ့နို့တိုင်းကို ချေဖျက်နိုင်ဖို့ မလွယ်တာကြောင့် ပြန်အန်တာမျိုးဖြစ်နိုင်ပါတယ်။ ကလေးက နည်းနည်းလောက်ပဲပြန်အန်ရင်တော့ သိပ်စိုးရိမ်စရာမရှိဘူးလို့ဆိုရပါမယ်။ အများကြီးပြန်အန်တဲ့အခါမှာတော့ ကလေးအနေနဲ့ လန့်ပြီး ငိုတာမျိုး နှာခေါင်းထဲမှာ မွှန်သွားတာမျိုးဖြစ်နိုင်ပါတယ်။ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

သားသမီးလေးတွေ ဖျားနာတဲ့အခါ ဒီလိုဂရုစိုက်ပေးပါ

လူဆိုတာက အမြဲကျန်းမာနေမယ့်သူတွေတော့ မဟုတ်ပါဘူး။ အခန့်မသင့်တာကြောင့်လည်း ဖျားနာနိုင်တယ်ဆိုပေမယ့် ဒါကိုလက်ခံဖို့တော့ ခက်တယ်နော်။ ကိုယ်တိုင်ဖျားလိုက်လို့ ဘာမှမဖြစ်ဘူး ကိုယ်ချစ်ရတဲ့သူတစ်ဦးဦးများဖျားရင် ခြေမကိုင်မိလက်မကိုင်မိဖြစ်ပြီး ကိုယ်တိုင်သာ ဖြစ်လိုက်ချင်တော့တယ်ဆိုတဲ့ ခံစားချက်မျိုးဖြစ်ဖူးလား။ ချစ်ရတဲ့ မိသားစုဝင်တစ်ဦးဦး ဖျားနာတဲ့အခါ ဘယ်လိုလုပ်လို့လုပ်ပေးရမှန်းမသိ ဖြစ်နေသူတွေအတွက် ဒီဆောင်းပါးလေးထဲကနေ သတင်းကောင်းပါး ပါရစေနော်။ သားသမီးလေးတွေ ဖျားနာတဲ့အခါ ဒီလိုဂရုစိုက်ပေးပါ သားသမီးလေးတွေ ဖျားနာတဲ့အခါ ဒီလိုဂရုစိုက်ပေးပါ .... ကလေးက ဖျားနေပြီဆိုရင် ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ ကိုယ်ချစ်ခင်ရတဲ့သူ တစ်ဦးဦးဖျားနာတဲ့အခါ အရင်ဆုံးဂရုစိုက်ရမှာက ကိုယ်တိုင်ကျန်းမာနေအောင်နေဖို့ပါ။ နည်းနည်းများ ထူးဆန်းသွားလား။ နေမကောင်းတဲ့သူကို ပြုစုဖို့မပြောဘဲ ကိုယ့်ကျန်းမာရေးကိုယ်ဂရုစိုက်ပါ ပြောလိုက်လို့။ နေမကောင်းတဲ့သူကို ပြုစုပေးမယ်ဆိုရင် ကိုယ်တိုင်ကျန်းမာနေမှ ဖြစ်မှာလေ။ ဒါမှနေရေးထိုင်ရေး၊ စားရေးသောက်ရေးက စလို့ ဆေးတိုက်တာ၊ ဆေးခန်းပို့တာအထိ အသေးစိတ်ဂရုစိုက်ပေးနိုင်မှာပါ။ နေမကောင်းတဲ့သူကို သက်သောင့်သက်သာဖြစ်အောင်ထားပေးပါ အေးဆေးပြီး သက်သောင့်သက်သာအနားယူနိုင်အောင် လုပ်ပေးပါ။ အိပ်ရာသီးသန့်ခွဲထားပေးတာက […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

အချိုစားသုံးမှုများတဲ့ ကလေးတွေရဲ့ ကျန်းမာရေးအန္တရာယ်

သကြားပါဝင်မှုများတဲ့ အစားအစာ၊ ဖျော်ရည်တွေဟာ ကလေးတွေအတွက် ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် ရေရှည်မှာလည်း စားသောက်နေထိုင်မှုပုံစံကို ထိခိုက်စေနိုင်ပါတယ်။ ကောင်းစွာ ကြီးထွားဖွံ့ဖြိုးဖို့အတွက် ကလေးတွေ နေ့စဉ်အမြဲ စားသုံးသင့်တဲ့ အစားအစာတွေထဲမှာ ဆီ၊ ဆား၊ သကြား ကို တတ်နိုင်သလောက် လျှော့စားဖို့ လူကြီးမိဘတွေအနေနဲ့ အကျင့်လုပ်ထားပေးဖို့ အရေးကြီးပါတယ်။ သကြားဓါတ်ဟာ ကလေးတွေရဲ့ သွားနဲ့ ခံတွင်းကျန်းမာရေး၊ ကိုယ်ခံအားစနစ်ကို ဆိုးကျိုးတွေ ဖြစ်စေနိုင်ပြီး အရွယ်မတိုင်ခင် အဝလွန်တာ၊ ဆီးချိုရောဂါ အစရှိတဲ့ ရောဂါဖြစ်နိုင်ခြေ မြင့်တက်လာပါတယ်။ ဒါကြောင့် အချိုစားသုံးမှုများတဲ့ ကလေးတွေမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်လဲဆိုတာကို ပြောပြပေးမယ်နော်။ ၁။ အဝလွန်လာမယ်။ အချိုစားသုံးမှုများတာကြောင့် သွေးတွင်းသကြားဓါတ်များနေတဲ့ ကလေးတွေမှာ သာမန်ကလေးတွေထက် အဝလွန်ရောဂါ ဖြစ်နိုင်ခြေများလာပါတယ်။ နောက်ထွက် ဘေးထွက်ဆိုးကျိုးအနေနဲ့ ကလေးတွေမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆီးချိုရောဂါ၊ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးဖျားနာမှု ကင်းဝေးစေဖို့

မိဘတိုင်းမမက်ချင်တဲ့ အိပ်မက်ဆိုးကြီးတစ်ခုရှိပါတယ်။ ဒါကတော့ ကလေးဖျားတာနာတာပါပဲ။ လူတိုင်းက ဖျားနာမှုနဲ့ မကင်းတာကို နားလည်ပေမယ့် ကလေးဖျားရင် ခြေမကိုင်မိလက်မကိုင်မိ ဖြစ်ရောလေ။ ကလေးဖျားနေတာထက် ကလေးက ကျန်းကျန်းမာမာနဲ့ သောင်းကျန်းနေတာကိုပဲ မြင်ချင်တယ်ဟုတ်။ သူ့အစားကိုယ်တိုင် ဝင်ဖျားလိုက်ချင်တဲ့စိတ် မေမေဖေဖေတိုင်း ဖြစ်ဖူးမှာပါ။ ဒီပြဿနာကနေ ကင်းဝေးစေမယ့် နည်းလေးတွေ ဒီဆောင်းပါးထဲမှာ ပြောပြပေးထားတယ်နော်။ ကလေးဖျားနာမှု ကင်းဝေးစေဖို့ နည်းလမ်းကောင်းအချို့ ကလေးဖျားနာမှု ကင်းဝေးစေဖို့ ကလေးကို လူထူတဲ့နေရာတွေခေါ်မသွားပါနဲ့ ကလေးမွေးချိန်ကစလို့ နှစ်လကျော်ကျော်လောက်ကို အပြင်သေချာမသွားရလို့ သွားချင်နေမှာ ဆိုပေမယ့် ကလေးဆိုတာမျိုးက လူကြီးတွေလောက် ကိုယ်ခံအားမကောင်းကြပါဘူး။ ဒါကြောင့် ကလေးကို အပြင်သိပ်ခေါ်မသွားပါနဲ့။ အထူးသဖြင့် လူထူတဲ့ နေရာတွေကိုပါ။ ကလေးကိုအပြင်မဖြစ်မနေခေါ်သွားမှဖြစ်မယ်ဆိုရင်လည်း အပေါ်ကနေထပ်ခြုံပေးသွားဖို့ ခြုံထည် ခပ်ပါးပါးလေး တစ်ထည် ခြုံသွားပေးပါ။ရောဂါပိုးတွေကို အပြည့်အဝ မဟုတ်ပေမယ့် အထိုက်အလျောက်တော့ ကာကွယ်ပြီးသားဖြစ်မှာပါ။ သွားလေရာကိုရေမလိုလက်သန့်ဆေး ဒါမှမဟုတ် wet tissueတွေယူသွားပေးပါ ရောဂါပိုးတွေကပြင်ပလေထုထဲမှာ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးကို လူကြီးစာတွေ ကျွေးသင့်မသင့်

အစာမာတွေ စတင်စားဖူးကာစ ကလေးတွေဟာ လူကြီးတွေ ပါးစပ်လှုပ်တာနဲ့ ပါးစပ်လေးလိုက်ဟပေးတတ်ကြပါတယ်။ သူတို့အာဟာရဖြစ်တဲ့ နို့နဲ့ထမင်းတွေက လွဲရင် ကျန်တာ အရသာပိုရှိမယ်ဆိုတာ သိနေတာကိုး။ လူကြီးတွေ ဘာလေးပဲစားစား အကုန်လိုက်စားချင်၊ မြည်းကြည့်ချင်ကြတယ်။ ဒီလိုအချိန်မှာ ကလေးကို စနစ်တကျထိန်းသိမ်းစောင့်ရှောက်မှုမရှိဘဲ အကုန်ကျွေးမယ်၊ အရာရာအလိုလိုက်မယ်၊ ကိုယ်တိုင်လည်း စားချင်ရာစားပြမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ။ ငယ်ကတည်းက ကျန်းမာရေးအခြေမခိုင်တဲ့ ချူချာသူလေးတွေအဖြစ် ကြီးပြင်းလာရတော့မှာပေါ့။ တချို့အစားအစာတွေက လူကြီးတွေနဲ့တောင် ကျန်းမာရေးနဲ့မညီတာ၊ ကလေးတွေနဲ့ဘယ်သင့်တော်ပါ့မလဲ။ အရင်ဆုံး ကလေးတွေကို စည်းကမ်းတကျ စားသောက်တတ်အောင် အကျင့်လုပ်ပေးရပါမယ်။ ကလေးဆိုတာ ပါးစပ်ထဲထည့်လို့ရတာမှန်သမျှ လိုက်စားကြည့်မယ် (စားစရာမဟုတ်လည်းကောက်ထည့်တတ်တယ်)၊ အရသာသိပ်မခံတတ်ဘဲ ကိုက်စားပစ်မယ်၊ မျိုချပစ်မယ်(သွားပေါက်ကာစဆိုတော့ ဝါးဖို့ထက် တကိုက်ကိုက်ပြီးမျိုချလိုက်ဖို့ ပိုစိတ်လောပါတယ်)၊ ကိုယ်စားရမယ့် ထမင်းအာဟာရကျတော့ သိပ်မစားချင်တော့ဘူး။ အရသာသစ်တွေကို မက်မောပြီး လူကြီးတွေစားသမျှကို ထိုင်မျှော်နေပါတော့တယ်။ ကလေးကိုကျွေးဖို့ မသင့်တော်တဲ့ အစားအစာ လူကြီးတွေစားနေတဲ့ […]


ကလေးငယ်အာဟာရ

ကလေးကို ထမင်းကျွေးချိန်ရောက်ပြီဆို ဒီလို ပြဿနာတွေ မေမေတို့ကြုံရတတ်ပါတယ်။ ။

အစားအသောက်က ကလေးတစ်ယောက်ရဲ့ ကြီးထွားမှုနဲ့ ဉာဏ်ရည်ဖွံ့ဖြိးမှုအပေါ်ကို ၇၀ ရာခိုင်နှုန်းသက်ရောက်ပါတယ်။ မိခင်နို့သောက်တာနဲ့ပဲ မလုံလောက်တော့တဲ့ ကလေးတစ်ယောက်ကို တစ်ခြားလိုအပ်တဲ့ အာဟာရေတွရအောင် ဖြည့်စွက်စာတွေကျွေးရတဲ့ အပြင် နောက်ပိုင်း လူကြီးတွေစားတဲ့ အစားအစာတွေကိုပါ စားတတ်လာအောင် တဖြည်းဖြည်းလေ့ကျင့်ပေးရပါတယ်။ ဒါမှ ကလေးတစ်ယောက်က သူလိုအပ်တဲ့ အာဟာရတွေ အကုန်ပြည့်စုံအောင်ရမှာပါ။ ပြဿနာရှိတာက ကလေးဆိုတာ အစားထက် အဆော့ကို ပိုမက်ကြတာကြောင့် ထမင်းကျွေးချိန်ရောက်တိုင်း မေမေတို့ အမြဲခေါင်းစားရပါတယ်။ ခုပြောပြပေးချင်တဲ့အကြောင်းအရာလေးကတော့ ထမင်းကျွေးချိန်တိုင်း မေမေတို့ကြုံတတ်ကြတဲ့ အခက်အခဲလေးတွေ အကြောင်းဖြစ်ပါတယ်။ ကြိုသိထားတော့ ကြိုပြင်ဆင်လို့ရတာပေါ့နော်။ ။။ ကလေးကို ထမင်းကျွေးချိန်တိုင်း မေမေတို့ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ရတတ်လဲ။ ။ ၁။ အစားစားဖို့ ငြင်းဆန်တာ။ ထမင်းကျွေးဖို့ ဇွန်းလေးပါးစပ်နားကပ်လိုက်ပြီဆိုတာနဲ့ခေါင်းကိုချာခနဲ လှည့်လိုက်ပြီး ပါးစပ်ကိုပိတ်ထားတဲ့ကလေးတွေရှိပါတယ်။ ဒါဟာ ကလေးကိုထမင်းကျွေးပြီဆိုတာနဲ့ မေမေတို့ ပထမဆုံးကြုံတွေ့ရတဲ့ […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကလေးတွေအတွက် essential fatty acids က ဘာကြောင့် မရှိမဖြစ်အရေးကြီးတာလဲ ။ ။

ကလေးတွေအတွက် essential fatty acids က ဘာကြောင့် မရှိမဖြစ်အရေးကြီးတာလဲ ဆိုတာလေး ပြောပြပေးချင်ပါတယ်။ အဆီတိုင်းမကောင်းတာမဟုတ်ပါဘူး။ ခုမှ ကြီးထွားဖို့ တာဆူနေတဲ့ ကလေးတွေအတွက် အာဟာရပြည့်ဝဖို့အတွက် အဆီတွေရော၊ အသားတွေရော တစ်ခြားအရာတွေရော အကုန် မျှတအောင်စားမှ ရမှာပါ။ ဒါကြောင့် ခုပြောပြပေးချင်တာကတော့ ကလေးတွေ ရဲ့ ကျန်းမာရေးအတွက် fatty acids တွေက ဘယ် အခန်းကနေ ပါဝင်နေလဲ၊ ဘာကြောင့် စားဖို့လိုအပ်လဲဆိုတာလေးတွေပဲ ဖြစ်ပါတယ်။ အဆီစားတိုင်းကောင်းသလား။ ။ ကလေးတွေအတွက် လိုအပ်တဲ့ အာဟာရမျိုးစုံရအောင် အဆီတွေပါစားရမယ်ဆိုပေမယ့်လည်း သင့်တော်တဲ့ ပမာဏသာ စားဖို့လိုအပ်ပါတယ်။ အဆီစားများရင် ကလေးအတွက် အဝလွန်စေတဲ့ ပြဿနာ ဖြစ်တတ်သေးတယ်မဟုတ်လား။ ။ ကလေးတွေအတွက် essential fatty acids က ဘာကြောင့် မရှိမဖြစ်အရေးကြီးတာလဲ ။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတွေအတွက်ပြင်ဆင်ပေးမယ့် အစားအစာတွေကို အမျိုးအစားခွဲကြမယ်

ကလေးကိုငယ်စဉ်အရွယ်ကစလို့ အာဟာရတွေကိုသင့်တင့်မျှတအောင်ကျွေးမွေးပေးဖို့လိုပါမယ်။ ဒါမှကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးတဲ့ ကလေးတစ်ယောက်အနေနဲ့ ကြီးပြင်းနိုင်မှာဖြစ်ပါတယ်။ ကလေးကိုယ်တိုင်အနေနဲ့လည်း ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးတတ်စေဖို့ ငယ်စဉ်ကတည်းကမေမေဖေဖေတို့က အစားအစာတွေကို အမျိုးအစားအလိုက်သေချာကျွေးမွေးပေးဖို့လိုပါမယ်။ ကလေးကို ငယ်ရွယ်စဉ်ကာလမှာ အစားအစာတွေနဲ့ပတ်သက်တဲ့ ဗဟုသုတလေးတွေကိုပြောပြပေးပြီး ကျန်းမာတဲ့စားသောက်မှုအလေ့အထကို ပျိုးထောင်ပေးဖို့ကလည်းမေ့မထားသင့်တဲ့အကြောင်းအရင်းတစ်ခုပေါ့။ ကလေးတွေဟာမွေးစကနေစပြီး စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ တဖြည်းဖြည်းချင်းဖွံ့ဖြိုးလာတာပါ။ ဒီလိုဖွံ့ဖြိုးမှုကို မိဘတွေအနေနဲ့ ဘေးကနေ ဖြည်းဖြည်းချင်း ပံ့ပိုးပေးပြီး ကလေးကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အမှီအခိုကင်းကင်းနဲ့ ကျန်းမာပျော်ရွှင်တဲ့ကလေးတစ်ယောက်အဖြစ်ပျိုးထောင်ပေးရမှာပါ။ ဒီအချိန်မှာ ကလေးက သူ့ဘဝအတွက်လိုအပ်မယ့် ဘာသာစကားစွမ်းရည်၊ လူမှုဆက်ဆံမှုပုံစံနဲ့ သင်ယူနိုင်စွမ်းတွေကို စတင်ပြီးလေ့လာရယူနေပါပြီ။ ဒါကြောင့် ဒီလိုစတင်သင်ယူချိန်မှာ ကလေးကို သူ့ဘဝတစ်သက်စာမှာ အသုံးဝင်မယ့် ကျန်းမာရေးနဲ့ညီညွတ်တဲ့စားသောက်မှုပုံစံကိုမွေးမြူပေးရမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အစားအစာအုပ်စုများ အစားအစာတွေကိုစားသုံးတဲ့အခါ အဓိကကျတဲ့ အစားအစာအုပ်စု ၅ ခုစလုံးပါဝင်မှ အာဟာရပြည့်ဝတဲ့စားသောက်မှုပုံစံဖြစ်မှာပါ။ ကလေးတွေကို အစားအသောက်ပြင်ဆင်ကျွေးမွေးတဲ့အခါ ကျန်းမာရေးနဲ့ညီညွတ်စေဖို့ အခုပြောပြမယ့်အစားအစာတွေကို သင့်တင့်မျှတအောင်ပြင်ဆင်ပေးဖို့လိုပါမယ်။ […]


ကလေးအာဟာရချို့တဲ့ခြင်း

ကလေးအာဟာရမပြည့်ဝဘူးဆိုတာကိုသိရှိနိုင်မယ့် လက္ခဏာရပ်များ

ကလေးအာဟာရမပြည့်ဝဘူးဆိုတာကိုသိရှိနိုင်မယ့် လက္ခဏာရပ်များ က ဘာတွေလဲဆိုတာကို သိပြီးပြီလား! နေ့စဉ်စားသုံးလိုက်တဲ့ အစားအစာတိုင်းမှာ ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားဖို့နဲ့ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေကောင်းစွာလည်ပတ်စေနိုင်ဖို့အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေပါဝင်နေပါတယ်။ ဒါကြောင့်နေ့စဉ် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေပြည့်ဝအောင်စားသုံးမိဖို့လိုပါမယ်။ အာဟာရပြည့်ဝစေဖို့အတွက် စားသုံးတဲ့နေရာမှာလည်း သင့်တင့်မျှတတဲ့ ပမာဏဖြစ်ဖို့တော်တော်လေးအရေးကြီးပါတယ်။ အစားအသောက်တွေက အလွန်အကျွံမစားသင့်သလို နည်းနည်းပဲစားတာမျိုးလည်း မဖြစ်သင့်ပါဘူး။ ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ သားသားမီးမီးတွေအတွက် အစာအာဟာရမျှတပြည့်ဝဖို့ကတော်တော်လေးအရေးပါပါတယ်။ ကလေးအာဟာရမပြည့်ဝဘူးဆိုတာကိုသိရှိနိုင်မယ့် လက္ခဏာရပ်များ ကလေးအာဟာရမပြည့်ဝဘူးဆိုတာကိုသိရှိနိုင်မယ့် လက္ခဏာရပ်များ ကတော့ ဖျားနာလွယ်မယ် ရာသီဥတုကြောင့်ဖြစ်ဖြစ် အခြားအကြောင်းအရင်းတွေကြောင့်ဖြစ်ဖြစ် ကလေးက ခဏခဏဖျားနေယ်ဆိုရင် ကလေးက ကိုယ်ခံအားနည်းနေတာပါ။ ဒါကခန္ဓာကိုယ်မှာ လိုအပ်တဲ့အာဟာရဓာတ်တွေမပြည့်ဝဘူးဆိုတာကိုဖော်ပြနေတဲ့ပြယုဂ်တစ်ခုပေါ့။ ဒါကြောင့် ကလေးရဲ့ခန္ဓာကိုယ် ကျန်းမာသန်စွမ်းစေဖို့အတွက်နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ အာဟာရပြည့်ဝမျှတအောင်ပြင်ဆင်ကျွေးမွေးပေးပါ။ စိတ်ဖိစီးမယ်၊ စိတ်ဓာတ်ကျမယ် စိတ်ဖိစီးတာတွေ၊ စိတ်ဓာတ်ကျတာတွေက ဦးနှောက်ကနေ အရင်းခံလာတဲ့ စိတ်ဝေဒနာတွေပါ။ ခန္ဓာကိုယ်မှာ အမိုင်နိုအက်ဆစ်မလုံလောက်တဲ့အခါ စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာလိုမျိုး လက္ခဏာတွေဖြစ်နိုင်ပါတယ်။ ကလေးက အချိန်ပြည့်စိတ်ညစ်နေမယ်၊ မှိုင်နေမယ်၊ ရန်လိုမယ် စတဲ့အပြုအမူတွေလုပ်လာမယ်ဆိုရင်တော့ အာဟာရမပြည့်ဝမှုကိုခံစားနေရတယ်ဆိုတာသိဖို့လိုပါမယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း