home

မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့တိုက်ကျွေးခြင်းက ဘေဘီလေး ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့အတွက် အရေးပါတဲ့ အချက်တစ်ခုပါ။ မိခင်နို့တိုက်ကျွေးတာက ဘေဘီလေးအတွက် ဘယ်လောက်ထိ အရေးပါသလဲဆိုတာနဲ့ မေမေ့အတွက်ရော ဘယ်လိုမျိုး အထောက်အကူပြုပေးလဲဆိုတာကို ဒီကဏ္ဍလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

ကျန်းမာရေးဗဟုသုတ

မိခင်နို့တိုက်ကျွေးခြင်း

ကလေးနို့တိုက်တဲ့ မေမေအများစုက နို့သီးခေါင်း အကိုက်ခံရဖူးပါတယ်။ နာလည်းနာ ကလေးကိုလည်း ဘာမှလုပ်လို့မရဆိုတော့ မေမေတွေအတွက် အတော်အခက်တွေ့ပါတယ်။ နောက်ထပ်ပြဿနာက နို့သီးခေါင်း နာနေတဲ့အတွက် နို့မတိုက်နိုင်တာ၊ နောက်ထပ်နို့တိုက်ရမှာကို လန့်နေတာ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် သားဦးမေမေတွေမှာပါ။ ကလေးဆီကနေ နို့သီးခေါင်းအကိုက်မခံရအောင် ဘယ်လိုကာကွယ်ကြမလဲ။ ကလေးက နို့သီးခေါင်း ဘာလို့ ကိုက်တာလဲ။ သွားပေါက်တဲ့ အရွယ်ဖြစ်လို့ သွားငုတ်တုတ် လူငုတ်ငုတ် ကလေးထိုင်တဲ့အရွယ်ဆိုရင် မေမေတို့ နို့သီးခေါင်းကိုက်ခံရပါပြီ။ သွားပေါက်ချင်တဲ့အတွက် သွားဖုံးတွေက တင်းပြီး ယားလာပါတယ်။ ဒါကို ဖြေဖျောက်ဖို့ မေမေ့နို့သီးခေါင်းကို ကိုက်တတ်ပါတယ်။ နို့ထွက်နည်းလို့ နို့ထွက်နည်းတဲ့အခါ ကလေးက နို့စို့ရတာ အားမရတော့ပါဘူး။ ဒါကြောင့် စိတ်ရှုပ်ပြီး နို့ထွက်လိုထွက်ငြား နို့သီးခေါင်းကို ကိုက်ထည့်လိုက်တာပါ။ နို့ထွက်မြန်လို့ မေမေက နို့သက်ပြီး နို့တွေ အများကြီးထွက်လာတယ်ဆိုရင်လည်း ကလေးက အလျင်မီအောင် လိုက်စို့ရတဲ့အတွက် မတော်တဆ […]

မိခင်နို့တိုက်ကျွေးခြင်း နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

မိခင်နို့တိုက်ကျွေးခြင်း

နို့တိုက်မိခင်တွေအနေနဲ့ အာဟာရကို စဉ်းစားတဲ့အခါမှာ နှစ်ယောက်စာ စဉ်းစားရပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်စားသမျှက မိခင်နို့ရည်ကနေတတဆင့် ကလေးဆီကို ရောက်သွားလို့ပါပဲ။ ဒါကြောင့် ဒီလိုအချိန်မှာ ကိုယ်စားချင်တာ၊ အရသာရှိတာတွေအပြင် ဘာလေး စားလိုက်ရင်တော့ နို့ပိုများများထွက်မှာ၊ ငါ့ကလေး ဘယ်လိုအားရှိမှာ၊ ဘာလေးစားလိုက်ရင်တော့ ကလေးက ခုခံအားတွေ တက်လာမှာ စသည်ဖြင့် စဉ်းစားပြီး စားပေးဖို့ပါ အရေးကြီးပါတယ်။ နောက်တစ်ခုက နို့တိုက်မေမေတို့ အစားရှောင်တဲ့အခါ ကလေးကို ထိခိုက်နိုင်ပါတယ်။ မေမေတို့က လူကြီးဆိုတော့ သိပ်မသိသာပေမယ့် ကလေးလေးတွေက ခုမှ ဖွံ့ဖြိုးခါစဆိုတော့ သူ့အတွက် အာဟာရချို့တဲ့လို့ မဖြစ်ပါဘူး။ ဒါကြောင့် နို့တိုက်မေမေတွေမှာ ဖြစ်တတ်တဲ့ အာဟာရချို့တဲ့မှုတွေက ဘာလဲ။ ဒီလို မချို့တဲ့အောင် ဘယ်လို ဖြေရှင်းကြမလဲဆိုတာ ပြောပြပေးပါမယ်။ နို့တိုက်မေမေတွေ ဘာလို့ အာဟာရချို့တဲ့တာလဲ။ နို့တိုက်မေမေတွေက မွေးပြီးခါစမှာ အားအင်ကုန်ပြီး ဟော်မုန်း […]

မိခင်နို့တိုက်ကျွေးခြင်း

ကလေးမွေးပြီးလို့ ဆရာမတွေက ကလေးအသက် ၆လပြည့်တဲ့အထိ မိခင်နို့ ပဲတိုက်နော်။ မိခင်နို့က အကောင်းဆုံးပဲနော်လို့ ပြောလိုက်ရင် အင်းလို့သာ ခေါင်းညိတ်လိုက်ရတာ တကယ်က ဘာလို့ ကောင်းမှန်းလဲ မသိပါဘူး။ လူကြီးတွေ သောက်တဲ့ နို့လိုပဲ မဟုတ်ဘူးလားလို့ ထင်မှာပါ။ အိမ်ရောက်လို့ လူကြီးတွေက နင့်ကလေးကို နို့ပဲတိုက်တာလား။ တခြား ဘာမှ မတိုက်ဘူးလားလို့ မေးရင်လည်း မတိုက်ဘူး၊ မိခင်နို့က အကောင်းဆုံးပဲလို့ ပြောတယ်။ ကဲ ဘာကောင်းလို့လဲလို့ မေးရင် ကလေးဗိုက်ပြည့်တယ်လောက်ပဲ ပြောတတ်မှာပေါ့နော်။ တကယ်က မိခင်နို့က တော်တော်ဆန်းကျယ်တဲ့အရာပါ။ ကလေးတွေအတွက် လိုလေသေးမရှိအောင် အာဟာရတွေရော တခြား ကောင်းကျိုးတွေရော အများကြီး ရှိနေတဲ့အရာပါ။ ဒါတွေက ဘာတွေလဲဆိုတာ မေမေတို့ကို ပြောပြပေးပါ့မယ်။ ဒါမှ မေမေတို့ သံသယကင်းကင်းနဲ့ မိခင်နို့က အကောင်းဆုံးဆိုတာ […]

မိခင်နို့တိုက်ကျွေးခြင်း

ကလေးတွေ ခုပဲ နို့တိုက်တယ် ခုပဲ ပြန်အန်ထွက်တာမျိုး ကြုံဖူးပါသလား။ ဒါကို Possetingလို့ ခေါ်ပါတယ်။ မသိတဲ့မေမေတွေဆို ကလေးက နို့တွေပြန်အန်တယ်၊ ဗိုက်များမကောင်းဘူးလား မသိဘူးဆိုပြီး စိုးရိမ်တတ်ပါတယ်။ နို့အန် တယ်လို့ ပြောပေမယ့် တကယ်တော့ အန်တာ မဟုတ်ပါဘူး။ အန်တာနဲ့ ဘာကွာသလဲ။ တကယ်ပဲ စိုးရိမ်စရာ မရှိဘူးလားဆိုတာ ကြည့်ကြည့်ရအောင်။ နို့အန် တာ (Posseting)နဲ့ အန်တာ (Vomiting) ဘာကွာသလဲ။ Possetingက အန်တာနဲ့ မတူဘဲ တစ်ခုခုကို စားပြီး ထွေးထုတ်လိုက်တာနဲ့ တူပါတယ်။ ကလေးက သက်သောင့်သက်သာပါပဲ။ ငိုလည်း မငိုပါဘူး။ နို့တိုက်ပြီးတာနဲ့ တန်းဖြစ်ပါတယ်။  Vomitingက ကျတော့ အစာအိမ်ကြွက်သားတွေက အစာအိမ်ထဲက အစာတွေကို အပြင်ကို ညှစ်ထုတ်လိုက်တာ ဖြစ်တဲ့အတွက် အားပါပါတယ်။ နို့တိုက်ပြီးပြီးချင်း မဖြစ်ပါဘူး။ […]

မိခင်နို့တိုက်ကျွေးခြင်း

နို့တိုက်မိခင်တစ်ယောက်ဟာ အခြေအနေတစ်ခုခုကြောင့် ရက်ပေါင်းများစွာ၊ ရက်သတ္တပတ်၊ လနဲ့နှစ်တွေ အတော်ကြာ မိမိရဲ့ရင်သွေးကို နို့ချိုတိုက်ကျွေးခြင်းကို ရပ်တန့်ထားလိုက်ပါတယ်။ ဒီလို ရပ်ထားရာကနေ နို့ပြန်တိုက်ခြင်းကို ဆိုလိုတာပါ။ ဘာကြောင့် ဒီလိုလုပ်ရသလဲ။ အောက်ပါအချက်တွေကြောင့်ပါ။ မိခင်ဖျားနာနေခြင်း မိမိကလေးနဲ့ ဝေးကွာနေခြင်း နို့ဖြတ်လိုက်ပြီးမှ စိတ်ပြောင်းကာ ပြန်တိုက်ချင်လာခြင်း ကလေးတစ်ယောက်ကို မွေးစားလိုက်ပြီးတဲ့အချိန်မှာ နို့ထွက်အောင် ပြန်လည်ပြုလုပ်ပြီး နို့တိုက်ခြင်း (မိမိမှာ နို့စို့ကလေးရှိခဲ့ဖူးသူ) စတာတွေပဲ ဖြစ်ကြပါတယ်။ နို့ချိုပြန်လည်တိုက်ကျွေးခြင်းကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်သလဲ။ နို့မှုန့်/နို့ဘူးတွေက မပေးနိုင်တဲ့ အကျိုးကျေးဇူးများစွာကို မိခင်နို့ရည်က ပေးနိုင်ပါတယ်။ ကလေးဟာ မိခင်နို့ရည်ကို သောက်သုံးခြင်းကြောင့် ကိုယ်ခံအားစနစ် ကောင်းစွာ ဖွံ့ဖြိုးပြီး ရောဂါပိုး အလွယ်တကူ ဝင်ရောက်ခြင်းမှလည်း ကာကွယ်နိုင်ပါတယ်။ မိခင်နို့ရည်ကို အချိန်အတော်ကြာ ဖြတ်ထားရာမှ ပြန်လည်ကြိုးစား မတိုက်ကျွေးဘဲ နေရင်တော့ ဒီလိုအကျိုးကျေးဇူးတွေ ခံစားရမှာ မဟုတ်ပါဘူးနော်။ နို့ချိုပြန်လည်တိုက်ကျွေးနေစဉ်မှာ […]

မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့ရည်ကို သိုလှောင်သိမ်းဆည်းတယ်ဆိုတာ နို့ရည်ကို မိခင်ရဲ့ရင်သားကနေ လိုအပ်သလောက် ညှစ်ယူပြီး စနစ်တကျသိမ်းဆည်းထားခြင်းကို ဆိုလိုတာပါ။ ဘာလို့ ဒီလို သိမ်းဆည်းရမလဲ။ မိခင်နဲ့ဝေးကွာနေလို့ပါ။ (ဥပမာ မိခင်က ကလေးကို အကြောင်းအမျိုးမျိုးကြောင့် အိမ်မှာထားခဲ့ရတဲ့အချိန်တွေအတွက်ပါ။ အထူးသဖြင့် အလုပ်တစ်ဖက်နဲ့ နို့တိုက်မိခင်တွေပါ။ ဒါဆိုရင်တော့ မိခင်က အလုပ်မှာရှိနေစဉ်မှာ ကလေးနို့ဆာတဲ့အခါ အဆင်သင့်တိုက်ကျွေး နိုင်မှာပါ။) မိခင်ရဲ့ ရင်သားဟာ နို့ရည်တွေနဲ့ ပြည့်လျှံပြီး ကြီးမားတင်းရင်းလာတဲ့အခါ ကလေးဟာမိခင်နို့ကို စုပ်ယူဖို့ အားမရှိတဲ့အခါ မိခင်ဟာ မိမိရဲ့ နို့ရည်ပြုဂလင်းက နို့ချိုထွက်တဲ့နှုန်းကို မြင့်တက်စေချင်တဲ့အခါ ဖခင်တစ်ယောက်အနေနဲ့လည်း ကိုယ်တိုင်ကိုယ်ကျ ကလေးကိုယုယုယယ နို့ထွက်တိုက်ချင်တဲ့ အခါမျိုးမှာ မိခင်နို့ကို သိမ်းဆည်းထားနိုင်ပါတယ်။ ဘယ်လိုညှစ်ယူသင့်သလဲ။ မိခင်ရဲ့ရင်သားက နို့ရည်ကို လက်နဲ့ဖြစ်စေ၊ နို့ညှစ်ကိရိယာ (Breast pump)နဲ့ဖြစ်စေ ညှစ်ယူ နိုင်ပါတယ်။ ပမာဏကိုတော့ လိုအပ်သလို ချင့်ချိန်နိုင်ပါတယ်။ အစပိုင်းမှာတော့ […]

မိခင်နို့တိုက်ကျွေးခြင်း

ကလေးတွေကို နို့တိုက်တဲ့အခါ မိခင်တွေ တော်တော်များများ အခက်အခဲတွေ့ရတာ တွေ့နေရပါတယ်။ အထူးသဖြင့် သားဦး မိခင်တွေပေါ့။ ကလေးနီတာရဲလေးကို မထိရဲ မကိုင်ရဲနဲ့ နို့လည်း ကောင်းကောင်း မတိုက်တတ်ပါဘူး။ နို့တိုက်တယ်ဆိုတာ မိခင်နို့ ကလေးပါးစပ်ထဲရောက်ရုံနဲ့ မပြီးပါဘူး။ မိခင်ရော သက်တောင့်သက်သာရှိရဲ့လား။ ကလေးရော သက်တောင့်သက်သာ ဖြစ်ရဲ့လား။ ကလေးဆီကိုရော နို့ကောင်းကောင်း ဝင်ရဲ့လား စတဲ့အချက်တွေကိုပါ ထည့်ပြီး စဉ်းစားရမှာပါ။ ဒီဆောင်းပါးလေးမှာတော့ ကလေးကို အနေအထား မှန်မှန် တိုက်နိုင်ဖို့ နည်းလမ်းတွေကို ပြောပြပေးပါမယ်။ ဘယ်လို နို့တိုက်ကြမလဲ။ စစချင်းမှာတော့ ဒီလိုပဲ နေသားကျဦးမှာ မဟုတ်သေးပါဘူး။ မှားလိုက် ပြင်လိုက်နဲ့ အမေရော ကလေးပါ အချိန်ယူပြီး သင်ရမှာပါ။ နို့တိုက်နိုင်တဲ့ပုံစံ အများကြီးရှိပါတယ်။ ထိုင်ပဲ တိုက်တိုက်၊ လှဲပဲ တိုက်တိုက်၊ ကလေးကို ရင်ဘတ်ပေါ်တင်ပြီးပဲ […]

မိခင်နို့တိုက်ကျွေးခြင်း

မေမေတွေအနေနဲ့ ကိုယ့်ကလေး ကျန်းကျန်းမာမာ ကြီးပြင်းလာဖို့အတွက် ဘာကျွေးရမလဲဆိုတာ တကယ်ခေါင်းခဲစရာပါ။ ဒါလေးနဲ့ တည့်ပါ့မလား။ ဟိုဟာလေး ကျွေးရင်ရောနဲ့ ဗျာများတတ်ပါတယ်။ အထူးသဖြင့် မိခင်နို့ပဲ တိုက်ရမယ့် အချိန်မှာပေါ့။ ကိုယ်တိုင်သေချာ မသိတဲ့ အခါကျတော့ အရပ်ပြော စကားတွေနဲ့ ကလေးကို ကျွေးမိတတ်ပါတယ်။ မှန်တာလဲ ရှိသလို လွဲတာလည်း ရှိမှာပေါ့။ ဒီလို မဖြစ်ရအောင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ထုတ်ဝေထားတဲ့ မိခင်ကလေး ကျန်းမာ စာအုပ်မှာ ပါဝင်တဲ့ မိခင် နို့တိုက် ကျွေးခြင်းနဲ့ ဖြည့်စွက်စာကျွေးနည်း လမ်းညွှန်ကို ပြောပြပေးချင်ပါတယ်။ ဒါကို သိထားရင် ကိုယ့်အားကိုယ်ကိုးပြီး ကလေးကို စောင့်ရှောက်နိုင်မှာပါ။ နည်းလမ်း အမှားတွေကိုလည်း မသုံးမိတော့ဘူးပေါ့။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက် မိခင်များ အတွက် အရင်ဆုံးမှာချင်တာက ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များ […]

မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့ တိုက်ခြင်းဟာ ကလေးလေးရော၊ မိခင်အတွက်ပါ ကောင်းကျိုးတွေ အများကြီးရစေနိုင်တဲ့ အပြင် ကလေးလေးနဲ့ မေမေကြား သံယောဇဉ်လည်း တိုးစေနိုင်တဲ့ ထူးခြားတဲ့ အချိန်လေးတစ်ခုပဲဖြစ်ပါတယ်။ များသောအားဖြင့်တော့ မိခင်တွေဟာ ကလေးလေးကို နို့ နှစ်ဖက်လုံးနဲ့ တစ်လှည့်စီ တိုက်ကျွေးကြပါတယ်။ ဒါပေမယ့် တချိုု့သော မိခင်တွေမှာ အကြောင်းအမျိုးမျိုးကြောင့် (ဥပမာ- မိခင် (သို့) ကလေးက တစ်ဖက်ဖက်ကို ပိုအားသန်တာကြောင့် ဖြစ်စေ၊ နို့တစ်ဖက်ဖက်က အထွက်နည်းတာ (သို့) နို့မထွက်တာမျိုးကြောင့် ဖြစ်စေ၊ နို့တိုက်တဲ့ ပုံစံ မမှန်တာကြောင့် ဖြစ်စေ၊ အမေရဲ့ နို့တစ်ဖက်ဖက်က နာတာ၊ရောင်တာ တစ်ခုခုကြောင့်ဖြစ်စေ) နို့တစ်ဖက်တည်းနဲ့ တိုက်ရတာမျိုးတွေ ရှိတတ်ကြပါတယ်။ အဲဒီလို မိခင်တွေအတွက် ဘာတွေဖြစ်နိုင်လဲ ဘယ်လိုလုပ်သင့်တယ်ဆိုတာလေးကို ဒီဆောင်းပါးလေးမှာ ပြောပြပေးမှာပါ။ ၁။ ကလေးလေးအတွက် နို့မဝခြင်း။ ပထမဦးဆုံး […]

မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့ ဟာ မွေးကင်းစ ကလေးလေးတွေအတွက် ပြီးပြည့်စုံတဲ့ အာဟာရဓာတ်ပေးနိုင်တဲ့ တစ်ခုတည်းသော အဖော်မွန်လေးဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ကလေးလေးတွေရဲ့ အကောင်းဆုံး ကျန်းမာရေးကို ပေးစွမ်းနိုင်ဖို့ အတွက် အသက်၆လအထိ မိခင်နို့ တစ်မျိုးတည်းကိုပဲ တိုက်ကျွေးသင့်တယ်လို့ ကျန်းမာရေးအသိပညာပေးကြတာတွေ တွေ့ဖူးကြမှာပါ။ တကယ်လည်း မိခင်နို့တိုက်ကျွေးခြင်းက ကလေးလေးကိုရော မေမေကိုပါ ကောင်းကျိုးတွေ များကြီးဖြစ်စေပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက ဒီနေ့ခေတ်ကြီးမှာ မိခင်တော်တော်များများက ကိုယ်ပိုင်အလုပ်တွေ လုပ်ပြီး စီးပွားရှာနေကြရတဲ့သူတွေ ဖြစ်နေကြတဲ့အတွက် တရားဝင်မီးဖွားခွင့်ပြည့်သွားတဲ့အခါ အလုပ်ပြန်ဆင်းရပြီး ကလေးလေးကို ခြောက်လ ပြည့်တဲ့အထိ အနီးကပ် နို့မတိုက်နိုင်ကြတာမျိုးတွေ ရှိကြပါတယ်။ အဲဒီလိုဆိုရင် အလုပ်လုပ်နေတုန်း ကလေးကို နို့လာတိုက်ဖို့က အဆင်မပြေတာမျိုး၊  ဒီလိုမှ မဟုတ်ဘဲ အကြောင်းကိစ္စတစ်ခုခုကြောင့် ခဏတာ ကလေးနဲ့ မရှိနိုင်တာမျိုးမှာ ကလေးအတွက် မိခင်နို့ကို ကိုယ်တိုင်တိုက်နိုင်ဖို့ […]

မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့ဟာ မွေးကင်းစကလေးငယ်လေးတွေ အားလုံးအတွက် ပြီးပြည့်စုံတဲ့ အာဟာရ ဖြစ်ပြီး မိခင်ရော၊ ကလေးလေးတွေအတွက်ပါ ကောင်းကျိုးတွေ အများကြီးရစေနိုင်တဲ့ အတွက် ကလေးငယ်လေး အားလုံးကို အသက်၆လထိ မိခင်နို့ တစ်မျိုးထဲကိုသာ တိုက်ကျွေးကြဖို့ တိုက်တွန်းထားပါတယ်။ အဲဒီ ခြောက်လ အတွင်း အခြားဖြည့်စွက်စာ မကျွေးခင်ကာလမှာ မိခင်တွေဟာ ကလေးငယ်လေးတွေကို တစ်နေ့မှာ ခုနှစ်ကြိမ်၊ ရှစ်ကြိမ် ကနေ ဆယ်ကြိမ်လောက်အထိကို နို့တိုက်ကျွေးနေကြရပါတယ်။ တစ်ခါတိုက်ရင်လည်း ၁၅ မိနစ်မှ မိနစ် ၃၀ ပတ်ဝန်းကျင် လောက်ကြာတတ်ပါတယ်။ တစ်ချို့ မိခင်တွေက နို့တိုက် နည်း ပုံစံ မမှန်တဲ့ အခါမှာ ကလေးနို့မဝဘဲ လိုတာထက်ပိုကြာတာမျိုးတွေလည်း ဖြစ်တတ်ကြပါတယ်။ မိခင်နို့ကို နေ့စဉ်နေ့တိုင်း တိုက်ရတာဖြစ်တဲ့အတွက် သက်သက်သာသာ၊ အချိန်တိုတိုနဲ့ ထိရောက်မှုရှိဖို့က အရေးကြီးပါတယ်။ […]

မိခင်နို့တိုက်ကျွေးခြင်း ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon