backup og meta

ကလေးတွေအတွက်ပြင်ဆင်ပေးမယ့် အစားအစာတွေကို အမျိုးအစားခွဲကြမယ်


Aye Thi Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေအတွက်ပြင်ဆင်ပေးမယ့် အစားအစာတွေကို အမျိုးအစားခွဲကြမယ်

    ကလေးကိုငယ်စဉ်အရွယ်ကစလို့ အာဟာရတွေကိုသင့်တင့်မျှတအောင်ကျွေးမွေးပေးဖို့လိုပါမယ်။ ဒါမှကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးတဲ့ ကလေးတစ်ယောက်အနေနဲ့ ကြီးပြင်းနိုင်မှာဖြစ်ပါတယ်။ ကလေးကိုယ်တိုင်အနေနဲ့လည်း ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးတတ်စေဖို့ ငယ်စဉ်ကတည်းကမေမေဖေဖေတို့က အစားအစာတွေကို အမျိုးအစားအလိုက်သေချာကျွေးမွေးပေးဖို့လိုပါမယ်။ ကလေးကို ငယ်ရွယ်စဉ်ကာလမှာ အစားအစာတွေနဲ့ပတ်သက်တဲ့ ဗဟုသုတလေးတွေကိုပြောပြပေးပြီး ကျန်းမာတဲ့စားသောက်မှုအလေ့အထကို ပျိုးထောင်ပေးဖို့ကလည်းမေ့မထားသင့်တဲ့အကြောင်းအရင်းတစ်ခုပေါ့။

    ကလေးတွေဟာမွေးစကနေစပြီး စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ တဖြည်းဖြည်းချင်းဖွံ့ဖြိုးလာတာပါ။ ဒီလိုဖွံ့ဖြိုးမှုကို မိဘတွေအနေနဲ့ ဘေးကနေ ဖြည်းဖြည်းချင်း ပံ့ပိုးပေးပြီး ကလေးကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အမှီအခိုကင်းကင်းနဲ့ ကျန်းမာပျော်ရွှင်တဲ့ကလေးတစ်ယောက်အဖြစ်ပျိုးထောင်ပေးရမှာပါ။ ဒီအချိန်မှာ ကလေးက သူ့ဘဝအတွက်လိုအပ်မယ့် ဘာသာစကားစွမ်းရည်၊ လူမှုဆက်ဆံမှုပုံစံနဲ့ သင်ယူနိုင်စွမ်းတွေကို စတင်ပြီးလေ့လာရယူနေပါပြီ။ ဒါကြောင့် ဒီလိုစတင်သင်ယူချိန်မှာ ကလေးကို သူ့ဘဝတစ်သက်စာမှာ အသုံးဝင်မယ့် ကျန်းမာရေးနဲ့ညီညွတ်တဲ့စားသောက်မှုပုံစံကိုမွေးမြူပေးရမှာဖြစ်ပါတယ်။

    ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အစားအစာအုပ်စုများ

    အစားအစာတွေကိုစားသုံးတဲ့အခါ အဓိကကျတဲ့ အစားအစာအုပ်စု ၅ ခုစလုံးပါဝင်မှ အာဟာရပြည့်ဝတဲ့စားသောက်မှုပုံစံဖြစ်မှာပါ။ ကလေးတွေကို အစားအသောက်ပြင်ဆင်ကျွေးမွေးတဲ့အခါ ကျန်းမာရေးနဲ့ညီညွတ်စေဖို့ အခုပြောပြမယ့်အစားအစာတွေကို သင့်တင့်မျှတအောင်ပြင်ဆင်ပေးဖို့လိုပါမယ်။

    ဒီအစာအုပ်စုတစ်ခုချင်းစီမှာ အာဟာရဓာတ်တစ်မျိုးစီရှိနေတာကြောင့် ကလေးခန္ဓာကိုယ် ဖွံ့ဖြိုးကြီးထွားဖို့နဲ့ ကျန်းမာသန်စွမ်းဖို့လိုအပ်မယ့် အမျိုးမျိုးသော အာဟာရဓာတ်တွေကိုဖြည့်တင်းပေးနိုင်မှာပါ။

    ကလေးတွေအတွက် ကျန်းမာရေးနဲ့သင့်တော်တဲ့စားသောက်မှုပုံစံဆိုတာ

    သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ

    သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေက ကလေးကို စွမ်းအင်ရရှိစေသလို လိုအပ်တဲ့ ဗီတာမင်ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေအမျှင်ဓာတ် နဲ့ ရေတွေကိုထောက်ပံ့ပေးပါတယ်။ ဒီဓာတ်တွေက ကလေးကိုရောဂါတွေကို ခုခံနိုင်အောင်လုပ်ဆောင်ပေးပါတယ်။ ကလေးကို သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို အရောင်စုံစုံလင်လင်ကျွေးပေးနိုင်လေလေ ကျန်းမာရေးအတွက်အထောက်အကူပြုလေလေပါ။ ကလေးကို အသီးနဲ့ ဟင်းသီးဟင်းရွက်တွေပြင်ဆင်ပေးတဲ့အခါ သေချာဆေးကြောသန့်စင်ပေးဖို့ကိုတော့မေ့ထားလို့မဖြစ်ပါဘူး။

    ကောက်နှံတွေ

    ဒီအစားအစာအုပ်စုထဲမှာတော့ ပေါင်မုန့်၊ မနက်ခင်းစားတဲ့ cereals၊ ဆန်၊ပြောင်းဖူး နဲ့ အခြားသောကောက်နှံကနေရတဲ့ အစားအစာတွေပါဝင်နေပါတယ်။ ဒီအစားအစာအုပ်စုကတော့ ကလေးရဲ့ ကြီးထွားဖွဲ့ဖြိုးမှုနဲ့ သင်ယူမှုအတွက်လိုအပ်တဲ့ စွမ်းအင်တွေကိုထောက်ပံ့ပေးပါတယ်။ ဒါကြောင့် ကလေးကို အစားအစာပြင်ဆင်ပေးတဲ့အခါ ပေါင်မုန့်၊ ထမင်းနဲ့အာလူးတို့လိုမျိုး အစားအစာတွေကို စားချင်စဖွယ်ဖြစ်အောင်ပြင်ဆင်ပေးဖို့ မမေ့ပါနဲ့။

    နို့ထွက်ပစ္စည်းတွေ

    နို့၊ချိစ် နဲ့ ဒိန်ချဉ်တို့က ပရိုတင်းနဲ့ ကယ်လ်စီယမ်ကြွယ်ဝတဲ့အစားအစာအုပ်စုတွေပေါ့။ အရိုးနဲ့သွားတွေကို သန်မာစေမှာပါ။ ကလေး ၁ နှစ်အထိတော့ မိခင်နို့ တစ်မျိုးတည်းသာတိုက်ပေးရုံနဲ့လုံလောက်ပါတယ်။ ကလေးက အစားစစားနိုင်ပြီဆိုရင်တော့ ကလေးကိုနေ့စဉ် နွားနို့တစ်ခွက်ပြင်ပေးတာမျိုး၊ ဒိန်ချဉ်ထဲကို သစ်သီးလေးတွေထည့်ပြီးပြင်ဆင်ပေးတာမျိုးလုပ်ပေးပါ။

    ပရိုတင်း

    ကလေးကြီးထွားဖို့နဲ့ ကြွက်သားတွေဖွံ့ဖြိုးသန်စွမ်းဖို့အတွက် အရေးပါတဲ့ ဓာတ်တစ်မျိုးပေါ့။ ပရိုတင်းဓာတ်လုံလောက်စွာရရှိဖို့ဆိုရင် ကလေးအတွက်ပြင်ဆင်ပေးတဲ့အစားအသောက်ထဲမှာ အသား၊ငါး၊ကြက်သား၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ ပဲနီလေး၊ ကုလားပဲ၊ ပဲပြား၊ အခွံမာသီးတွေပြင်ဆင်ပေးဖို့လိုပါမယ်။ ဒီအစားအစာတွေထဲမှာ အကျိုးပြု ဗီတာမင်တွေ၊ သံဓာတ်၊ ဇင့်ဓာတ်၊ ဗီတာမင် B12 နဲ့ Omega-3 fatty acids လိုမျိုး သတ္တုဓါတ်တွေပါဝင်နေပါတယ်။ အနီရောင်အသား နဲ့ အဆီများတဲ့ငါးတွေမှာ ကလေးဦးနှောက်ဖွံ့ဖြိုးဖို့ နဲ့ သင်ယူမှုကောင်းမွန်စေဖို့အတွက်လိုအပ်တဲ့ သံဓာတ်နဲ့ Omega-3 fatty acids တို့ပါဝင်နေပါတယ်။

    ဒါတွေအပြင်ကလေးကို ကျန်းမာရေးနဲ့ညီညွတ်တဲ့သောက်စရာလေးတွေကိုပြင်ဆင်ပေးဖို့လည်းမမေ့ပါနဲ့ ရေဓာတ်က ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးမို့ပါ။ရေက ခန္ဓာကိုယ်ကို ကျန်းမာသန်စွမ်းစေသလို သွားနဲ့အရိုးတွေကိုလည်းသန်စွမ်းစေနိုင်ပါတယ်။

    ကလေးကိုနေ့စဉ်ပြင်ဆင်ပေးတဲအစားအစာတွေထဲမှာ ဒီအစာအုပ်စုကြီး ၅ ခုစလုံးပါအောင်ပြင်ဆင်ပေးရင်း ငယ်စဉ်ကတည်း ကျန်းမာရေးနဲ့ညီညွတ်အောင်စားသောက်တဲ့အလေ့အကျင့်ကိုမွေးမြူပေးလိုက်ပါ။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement