လှုပ်ရှားလွန်ပြီး အာရုံမစိုက်နိုင်တဲ့ရောဂါ
ကလေးဆိုတာ လှုပ်လှုပ်ရှားရှားနေမှ ကျန်းမာမှာဆိုပေမယ့် ကလေးက ဘာကိုမှသေသေချာချာအာရုံမစိုက်နိုင်ဘဲ တစ်ချိန်လုံး လှုပ်ရှားနေမယ်ဆိုရင်တော့ကိုယ်တွင်းမှာ အကျိုးပြုဘက်တီးရီးယားတွေနည်းနေတာကြောင့်ဖြစ်တဲ့ လှုပ်ရှားလွန်ပြီး အာရုံမစိုက်နိုင်တဲ့ရောဂါကို ခံစားနေရတာပါ။ ကိုယ်တွင်းမှာ အကျိုးပြုဘက်တီးရီးယားတွေနည်းနေတဲ့အခါ အာဟာရဓာတ်တွေစုပ်ယူနိုင်စွမ်းနည်းသွားပါတယ်။ ဒီအချိန်မှာ ခန္ဓာကိုယ်က လုံလောက်တဲ့ အာဟာရကိုမရရှိတော့ဘဲ အာဟာရချို့တဲ့လာတာကြောင့် ကလေးက လှုပ်ရှားလွန်ပြီး အာရုံမစိုက်နိုင်တဲ့ရောဂါကို ခံစားရတာဖြစ်ပါတယ်။
စကားပြောတာနောက်ကျတာ
ကလေးစကားပြောနောက်ကျတာက ဗီတာမင် B12 ချို့တဲ့တာကြောင့်ပါ။ ကလေးလေးတွေက ဗီတာမင် B12 ချို့တဲ့မယ်ဆိုရင် ပုံမှန်ထက်စကားပြောနောက်ကျတတ်ပါတယ်။ ဒါကြောင့်ကလေးကို ဝမ်းတွင်းသားတွေ၊ အမဲသား၊ ကြက်သား၊ငါး၊ဝက်၊ ကမာ၊ နို့ထွက်ပစ္စည်းတွေနဲ့ ဥအမျိုးမျိုးတို့လိုမျိုး ဗီတာမင် B12 ကြွယ်ဝတဲ့ အစားအစာတွေကျွေးမွေးပေးပါ။
အရေပြားနဲ့ ဆံသားတွေခြောက်သွေ့မယ်
အရေပြားနဲ့ ဆံသားတွေခြောက်သွေ့ရတာက ကလေးအနေနဲ့ ဗီတာမင် A၊ B၊ E နဲ့ K2 တို့လိုမျိုးပျော်ဝင်လွယ်တဲ့ဗီတာမင်တွေချို့တဲ့နေတာကြောင့်ပါ။ ဒါကြောင့် ကလေးရဲ့ ဆံသားတွေ အရေပြားတွေခြောက်သွေ့နေပြီဆိုရင် ကလေးကို လိုအပ်တဲ့ အာဟာရနဲ့ဗီတာမင်တွေပြည့်ဝအောင်ကျွေးမွေးပေးပါ။
ခဏခဏဝမ်းပျက်ဝမ်းလျှောဖြစ်မယ်
ကလေးက ခဏခဏဝမ်းပျက်ဝမ်းလျှောဖြစ်နေတာက အာဟာရချို့တဲ့တာကြောင့်ပါ။ ခန္ဓာကိုယ်က အာဟာရဓာတ်တွေကိုပြည့်ပြည့်ဝဝမစုပ်ယူနိုင်ဘူးဆိုတဲ့သဘောပါ။ ခန္ဓာကိုယ်က အာဟာရဓာတ်တွေကိုပြည့်ပြည့်ဝဝမစုပ်ယူနိုင်တဲ့အခါ အစာခြေစနစ်ကျန်းမာရေးချို့တဲ့ပြီး အကျိုးပြုဘက်တီးရီးယားအရေအတွက် လျော့နည်းလာတာကြောင့် မကြာခဏဆိုသလို ဝမ်းပျက်ဝမ်းလျှောဖြစ်ရတာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။