backup og meta

သားသမီးလေးတွေ ဖျားနာတဲ့အခါ ဒီလိုဂရုစိုက်ပေးပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားသမီးလေးတွေ ဖျားနာတဲ့အခါ ဒီလိုဂရုစိုက်ပေးပါ

    လူဆိုတာက အမြဲကျန်းမာနေမယ့်သူတွေတော့ မဟုတ်ပါဘူး။ အခန့်မသင့်တာကြောင့်လည်း ဖျားနာနိုင်တယ်ဆိုပေမယ့် ဒါကိုလက်ခံဖို့တော့ ခက်တယ်နော်။ ကိုယ်တိုင်ဖျားလိုက်လို့ ဘာမှမဖြစ်ဘူး ကိုယ်ချစ်ရတဲ့သူတစ်ဦးဦးများဖျားရင် ခြေမကိုင်မိလက်မကိုင်မိဖြစ်ပြီး ကိုယ်တိုင်သာ ဖြစ်လိုက်ချင်တော့တယ်ဆိုတဲ့ ခံစားချက်မျိုးဖြစ်ဖူးလား။ ချစ်ရတဲ့ မိသားစုဝင်တစ်ဦးဦး ဖျားနာတဲ့အခါ ဘယ်လိုလုပ်လို့လုပ်ပေးရမှန်းမသိ ဖြစ်နေသူတွေအတွက် ဒီဆောင်းပါးလေးထဲကနေ သတင်းကောင်းပါး ပါရစေနော်။

    သားသမီးလေးတွေ ဖျားနာတဲ့အခါ ဒီလိုဂရုစိုက်ပေးပါ

    သားသမီးလေးတွေ ဖျားနာတဲ့အခါ ဒီလိုဂရုစိုက်ပေးပါ …. ကလေးက ဖျားနေပြီဆိုရင်

    • ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ

    ကိုယ်ချစ်ခင်ရတဲ့သူ တစ်ဦးဦးဖျားနာတဲ့အခါ အရင်ဆုံးဂရုစိုက်ရမှာက ကိုယ်တိုင်ကျန်းမာနေအောင်နေဖို့ပါ။ နည်းနည်းများ ထူးဆန်းသွားလား။ နေမကောင်းတဲ့သူကို ပြုစုဖို့မပြောဘဲ ကိုယ့်ကျန်းမာရေးကိုယ်ဂရုစိုက်ပါ ပြောလိုက်လို့။ နေမကောင်းတဲ့သူကို ပြုစုပေးမယ်ဆိုရင် ကိုယ်တိုင်ကျန်းမာနေမှ ဖြစ်မှာလေ။ ဒါမှနေရေးထိုင်ရေး၊ စားရေးသောက်ရေးက စလို့ ဆေးတိုက်တာ၊ ဆေးခန်းပို့တာအထိ အသေးစိတ်ဂရုစိုက်ပေးနိုင်မှာပါ။

    အေးဆေးပြီး သက်သောင့်သက်သာအနားယူနိုင်အောင် လုပ်ပေးပါ။ အိပ်ရာသီးသန့်ခွဲထားပေးတာက အဆင်ပြေဆုံးဖြစ်မှာပါ။ ဒါမှ နေမကောင်းတဲ့သူ သက်သောင့်သက်သာ နားနိုင်မှာဖြစ်သလို အခြားမိသားစုဝင်တွေကို အအေးမိဖျားနာကူးစက်မှုကနေ ကာကွယ်နိုင်မှာပါ။ နေမကောင်းတဲ့အခါ သက်သောင့်သက်သာအနားယူတာက မြန်မြန်နလန်ထလာစေဖို့ အထောက်အပံ့ဖြစ်စေပါတယ်။

    နေမကောင်းတဲ့လူနာကို ပြုစုရတာနဲ့တင် အလုပ်ရှုပ်နေမှာဆိုပေမယ့် နေမကောင်းတဲ့သူက ကိုယ်ခံအားနည်းနေတာကြောင့် နောက်ထပ် အပိုဆုရောဂါတွေ ဝင်မလာအောင် အိမ်သန့်ရှင်းရေးကို သေသေချာချာလုပ်ပေးဖို့လိုပါမယ်။ ရောဂါပိုးတွေ ကပ်ငြိနေနိုင်တဲ့နေရာတွေကို သေချာပိုးသတ်သန့်စင်ပေးပါ။ နေအိမ်ကိုလေဝင်လေထွက်ကောင်းအောင် ထားပေးဖို့လည်း မမေ့ပါနဲ့။

    နေမကောင်းတဲ့အခါ ခန္ဓာကိုယ်မှာရေဓာတ်ပိုမိုဖြည့်တင်းဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဘာမှမစားချင်မသောက်ချင်ဘူးဆိုရင်တောင် ရေများများသောက်ပေးပါ။ အခြားစွပ်ပြုတ်နဲ့ သစ်သီးဖျော်ရည်တွေ သောက်သုံးပေးလို့လည်း ရပါတယ်။

    ဒါကလည်း ကျပ်နေတာတွေ သက်သာစေမယ့်နည်းလမ်းတစ်ခုပါ။ ရေနွေးကို ခပ်နွေးနွေးအချိန်မှာ အဝကျယ်ဇလုံထဲကို ထည့်ပြီး ရေနွေးငွေ့ခံခိုင်းပေးပါ။ ချွေးလေးစို့လာတဲ့အထိလုပ်ပေးပါ။

    ချောင်းဆိုး၊ နှာချေတဲ့အခါ ပြင်ပကို ရောဂါပိုးတွေ ကူးစက်တာမျိုးမဖြစ်စေဖို့ တစ်သျှူးအသုံးပြုခိုင်းပေးပါ။ ဖျားနေသူကိုယ်တိုင်အတွက်ရော အခြားမိသားစုဝင်တွေ ကျန်းမာရေးအတွက်ပါ အထောက်အပံ့ဖြစ်စေမှာပါ။

    နေမကောင်းလို့ ရေမချိုးရဘူးဆိုတာ မဟုတ်ပါဘူး။ နေမကောင်းတဲ့အချိန်မှာ တစ်ကိုယ်ရေသန့်ရှင်းရေးက အရေးကြီးပါတယ်။ အေးလွန်းလို့ ရေမချိုးချင်ဘူးဆိုရင်တောင် ရေပတ်ဝတ်တိုက်ပေးတာမျိုးတော့ လုပ်ပေးလို့ရပါတယ်။ နှာစေးနှာပိတ်သက်သာစေဖို့ ရေနွေးနဲ့ ခပ်မြန်မြန်ရေချိုးပေးလို့ရပါတယ်။

    ဒါ့ပြင် နေမကောင်းပေမယ့်လည်း အစားစားခါနီး၊ အစားစားပြီးချိန်၊ ညစ်ပေတဲ့အရာတစ်ခုခုကို ကိုင်တွယ်ထိတွေ့မိတဲ့အခါမျိုးနဲ့ ရေအိမ်ကနေ ထွက်လာတဲ့အချိန်မျိုးမှာ လက်ကို သေချာသန့်စင်ဆေးကြောပေးတာမျိုး လုပ်ပေးပါ။

    • ဆေးတိုက်ပါ

    တော်ရုံဖျားနာမှုတွေအတွက် ဆေးဆိုင်တွေမှာ ဆေးဝယ်ပြီး တိုက်ပေးလို့ရပါတယ်။ အရမ်းဖျားတာမျိုးဆိုရင်တော့ ဆေးခန်းသွားပြတာက အကောင်းဆုံးဖြစ်မှာပါ။ သာမန်ဖျားနာတာ၊ အအေးမိ၊ နှာစေး ချောင်းဆိုးတာတွေအတွက်ကတော့ အိမ်မှာပဲ ဆေးတိုက်လို့ရပါတယ်။ ကလေးတွေကို ဆေးတိုက်တဲ့အခါ မတိုက်ခင်မှာ ဆေးအညွှန်းကို သေချာဖတ်ပေးပါ။ ကိုယ်အလေးချိန် သို့ အသက်နဲ့ တွက်ပြီး ဆေးပမာဏကို ချိန်ညှိရတတ်ပါတယ်။

    နေမကောင်းတာတဲ့အခါ ကိုယ်ခံအားက ရောဂါတွေကို တိုက်ထုတ်နိုင်အောင် လုံလောက်တဲ့ အာဟာရဓာတ်တွေ လိုအပ်ပါတယ်။ ဒါကြောင့်နေထိုင်မကောင်းတဲ့အခါ အချိုများတာ၊ အဆီများတာတွေကို ရှောင်ရှားပေးပြီး ဟင်းသီးဟင်းရွက်တွေ သစ်သီးနဲ့ ပရိုတင်းပြည့်ဝတဲ့အစားအစာတွေကိုများများကျွေးပေးပါ။ ပေါ့ပေါ့ပါးပါး လမ်းလျှောက်ခိုင်းတာမျိုး လုပ်ပေးပါ။ အဖျားသက်သာစေနိုင်တဲ့ မီးဖိုချောင်ဆေးဝါးတွေဖြစ်တဲ့ ကြက်သွန်ဖြူကြက်သွန်နီတို့ပါဝင်တဲ့ ကြက်သားစွပ်ပြုတ်လိုမျိုး အာဟာရဖြစ်တဲ့အစားအစာတွေကိုပြင်ဆင်ပေးပါ။

    သားသမီးလေးတွေ ဖျားနာတဲ့အခါ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေမယ့်အစား အခုပြောခဲ့တဲ့ နည်းလေးတွေသုံးလို့ မြန်မြန်ကျန်းမာအောင်ပြုစုပေးလိုက်ပါနော်။ ဖျားနာမှု ကင်းကြပါစေကြောင်း…….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement