ကလေးက နို့မပြတ်သေးတဲ့အရွယ်ဆိုရင် မေမေတို့အနေနဲ့ အာဟာရဖြစ်မယ့်အစားအစာတွေကို ရွေးချယ်စားသုံးပြီး ကလေးကို အာဟာရပြည့်ဝတဲ့ နို့ချိုတိုက်ကျွေးပေးပါ။ ကလေးက အစားစစားနိုင်ပြီဆိုရင်လည်း ကလေးကို ကြက်စွပ်ပြုတ်၊ ငါး၊ အသား၊ ပဲ၊ဥအမျိုးမျိုးတို့လိုမျိုး အာဟာရပြည့်ဝစေမယ့် အစားအစာတွေကို သေချာဂရုစိုက်ကျွေးမွေးပေးပါ။ အာဟာရပြည့်ဝမှ ကိုယ်ခံအားကောင်းပြီးရောဂါတွေကို ကာကွယ်နိုင်မှာပါ။
လူတစ်ယောက်ကျန်းမာဖို့ တစ်ကိုယ်ရေသန့်ရှင်းရေးက တော်တော်လေး အရေးပါပါတယ်။ ဒါကြောင့် ကလေးကိုနေ့စဉ် တစ်ကိုယ်ရေသန့်ရှင်းဂရုစိုက်ပေးပါ။ ရေပုံမှန်ချိုးပေးတာ၊ အဝတ်အစားတွေ သန့်သန့်ပြန့်ပြန့်ဝတ်ပေးတာ၊ ခြေသည်းလက်သည်းတွေ ညှပ်ပေးတာလိုမျိုး လိုအပ်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးတွေကို ဂရုစိုက်ပါ။
ကလေးကို လူတိုင်းကို ပေးမနမ်းပါနဲ့
ကလေး ဆိုတာက အပြစ်အကင်းဆုံးလူသားတွေ ဖြစ်သလို မြင်တဲ့လူတိုင်း မချစ်ဘဲမနေနိုင်တဲ့ သက်ရှိလေးတွေပေါ့။ ကလေးမြင်ရင်ချစ်လွန်းလို့ချီချင်ပွေ့ချင် နမ်းရှုံ့ချင်တဲ့သူတွေအများကြီးပါ။ ကလေးကို ချစ်ကြတာက ဝမ်းသာစရာဆိုပေမယ့်တွေ့ကရာလူကိုပေးချီမယ်။ နမ်းရှုံ့ခွင့်ပေးမယ်ဆိုရင် ကလေးကို မလိုလားအပ်ဘဲရောဂါပိုးတွေကူးစက်စေနိုင်ပါတယ်။ ဒါကြောင့်ကလေးကို မလိုအပ်ဘဲ ဖျားနာမှုတွေမဖြစ်စေချင်ဘူးဆိုရင်တွေ့ကရာလူချီတာ နမ်းတာရှုံ့တာကိုခွင့်မပြုပါနဲ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။