ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကလေးကို သဘာဝမြေသြဇာသုံးအစားအစာ (Organic Food) တွေကျွေးသင့်လား

ကျန်းမာရေးနဲ့ ညီညွတ်အောင် သဘာဝမြေသြဇာသုံးအစားအစာ (Organic Food)တွေ စားကြတယ်နော်။ သဘာဝမြေသြဇာသုံးအစားအစာ (Organic Food) က ကျန်းမာရေးအတွက် တော်တော်လေး အထောက်အကူ ပြုတယ်လို့ လက်ခံယူဆထားကြပါတယ်။ ဒီလို ကျန်းမာရေးအတွက် အထောက်အကူ ပြုတဲ့ သဘာဝမြေသြဇာသုံးအစားအစာ (Organic Food) က ကလေးတွေ အတွက်ရော အထောက်အကူ ပြုလား သိချင်ရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်နော်။ သဘာဝမြေသြဇာသုံးအစားအစာ (Organic Food)ဆိုတာ Organic Food ဆိုတာက ဓါတ်မြေသြဇာတွေ ပိုးသတ်ဆေးတွေလုံးဝ အသုံးပြုထားတာမျိုးမရှိဘဲ သဘာဝအတိုင်း စိုက်ပျိုးထုတ်လုပ်ထားတဲ့ အစားအသောက်တွေနဲ့ အသီးအနှံတွေပါ။ မျိုးဗီဇပြောင်းလဲထားတာမျိုးလည်းမရှိသလို ကျန်းမာရေးနဲ့မညီညွတ်တဲ့ ဓါတုပစ္စည်းတွေလည်း ပါဝင်ခြင်းမရှိတဲ့ အစားအသောက်တွေပေါ့။ တိုးတက်လာတဲ့ခေတ်ကြီးကြောင့် ခန္ဓါကိုယ်နဲ့ကျန်းမာရေးကိုထိခိုက်ပျက်စီးစေနိုင်တဲ့ ဓါတုပစ္စည်းတွေနဲ့ ခပ်ကင်းကင်းနေခွင့်ရအောင် ကူညီပေးမယ့်စားစရာလေးပေါ့။ ကလေးကို သဘာဝမြေသြဇာသုံးအစားအစာ (Organic Food) တွေကျွေးသင့်လား ကလေးကို […]


ကလေးပြုစုစောင့်ရှောက်ခြင်း

အလုပ်တစ်ဖက်နဲ့ ကလေးထိန်း ရတဲ့ မေမေ မိသားစုတာဝန် မလစ်ဟင်းရလေအောင်

အလုပ်တစ်ဖက်နဲ့ ကလေးထိန်း ရတဲ့ မေမေ ဘဝက လွယ်ကူလှတယ်တော့ မရှိလှပါဘူး။ ကိုယ့်ရဲ့ မိသားစုအပေါ်မှာ တာဝန်မကျေမိမှာလည်း စိုးရိမ်ရ၊ ကိုယ့်ရဲ့ ကလေးအတွက်လည်း စိတ်ပူရ၊ အလုပ်မှာလည်း ပင်ပန်းရ၊ နားချိန်တောင် အနိုင်နိုင်ယူရတဲ့ မေမေတွေ ဒီခေတ်ကြီးထဲမှာ ပိုများလာပါပြီ။ ဒီလိုမျိုး အဖက်ဖက်ကနေ ကိုယ့်အပေါ် တာဝန်တွေ ပိကျလာတဲ့အခါမျိုးမှာ ကိုယ့်အနေနဲ့ မိသားစုအတွက်ကိုရော၊ အလုပ်အတွက်ပါ စည်းကမ်းတွေ သတ်မှတ်ထားဖို့ လိုအပ်လာပါပြီ။ ကလေး၊ မိသားစု၊ အိမ်မှုကိစ္စ၊ ရုံးအလုပ်တွေနဲ့ လုံးပမ်းနေရတဲ့ မေမေတို့အတွက် မိသားစုတာဝန် မလစ်ဟင်းစေဖို့ နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်။ အလုပ်တစ်ဖက်နဲ့ ကလေးထိန်း ရတဲ့ မေမေ မိသားစုတာဝန် မလစ်ဟင်းရလေအောင် အလုပ်တစ်ဖက်နဲ့ ကလေးထိန်း ရတဲ့ မေမေ မိသားစုတာဝန် မလစ်ဟင်းရလေအောင် ကူညီပေးနိုင်မယ့် နည်းလမ်းကောင်းလေးတွေကတော့ ၁။ မိသားစုတွေကို တာဝန်ခွဲဝေပေးပါ။ ကိုယ်တစ်ယောက်ထဲ အရာရာကို […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးကို မကျွေးသင့်ဆုံး အစားအစာ (၁၀) မျိုး

သွားပေါက်လာတဲ့အရွယ် ရောက်လာတာနဲ့ပဲ နို့နဲ့ထမင်းအပြင် တခြားအစာတွေ ဘာမဆိုမိတ်ဆက်ကျွေးကြည့်ဖို့ မစဉ်းစားလိုက်ပါနဲ့။ နုနယ်တဲ့ ကလေးတွေရဲ့ခန္ဓါကိုယ်ထဲကိုရောက်မယ့် အစားအသောက်တွေကဘေးအန္တရာယ်ကင်းရှင်းနေသင့်ပါတယ်။ အထူးသဖြင့် ကလေးကို ဒီအရာတွေ မကျွေးပါနဲ့။ (၁) ပြုပြင်စီမံထားတဲ့အစားအစာ- ပြုပြင်စီမံထားတဲ့အစားအစာတွေမှန်သမျှဟာဓါတုပစ္စည်းနဲ့မကင်းကြပါဘူး။တာရှည်ခံစေဖို့၊အရောင်အဆင်းမပျက်ဖို့၊အနံ့ကောင်းဖို့သုံးတဲ့ဓါတုပစ္စည်းတွေပါဝင်နေတတ်သလိုအငန်ဓါတ်ပါဝင်မှုများတတ်ပါတယ်။ဒါတွေကကလေးရဲ့နောက်ပိုင်းအသက်အရွယ်တွေမှာအဝလွန်တာ၊နှလုံးသွေးကြောကျဉ်း၊ဆီးချိုသွေးချို၊လေဖြတ်ခြင်း၊ကင်ဆာရောဂါတွေလိုဆိုးရွားတဲ့နောက်ဆက်တွဲရောဂါတွေဖြစ်လာစေပါလိမ့်မယ်။ကလေးရဲ့အစာအာဟာရထဲမှာလတ်ဆတ်ပြီးအာဟာရပြည့်တဲ့အစားအစာတွေသာပါဝင်ပါစေ။ (၂) အသင့်စားခေါက်ဆွဲ-  ခေါက်ဆွဲပြုတ်၊ ခေါက်ဆွဲပြုတ်နဲ့ တ နေအောင်လို့ကလေးကိုအစမလုပ်ပါနဲ့။မစားရမနေနိုင်အောင်အနံ့လေးမွှေးကြိုင်နေတတ်တဲ့အသင့်စားခေါက်ဆွဲတွေဟာဖွံ့ဖြိုးကာစကလေးတွေရဲ့ခန္ဓါကိုယ်ထဲရောက်သွားတဲ့အခါဘာဖြစ်လာမယ်ထင်ပါသလဲ။သူတို့တွေမှာဗီတာမင်ေတွ၊အာဟာရတွေဘာမှမပါတဲ့အပြင် - အသွင်ပြောင်းဆီ(transfats) တွေ၊ ဖယောင်း(ကလေးတွေပုံမှန်စားသုံးမိရင်အသည်းထိခိုက်နိုင်တယ်)၊ Propylene glycol ( ခေါက်ဆွဲသားကိုအစိုဓါတ်ထိန်းနိုင်ဖို့သုံးတဲ့ဓါတုပစ္စည်း၊ဒါပေမယ့် နှလုံး၊အသည်း၊နဲ့ ကျောက်ကပ်တို့မှာ မြန်မြန်ဆန်ဆန်စုလာပြီးထိခိုက်ပျက်စီးစေနိုင်တဲ့အတွက် အန္တရာယ်ကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်) အချိုမှုန့်( MSGလို့ခေါ်တဲ့အချိုမှုန့်တွေအများကြီးပါတတ်လို့ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကိုထိခိုက်သက်ရောက်မှုကြီးမားပါတယ်)၊ အငန်ဓါတ် တခြားအန္တရာယ်ရှိဓါတုပစ္စည်းတွေ (ခေါက်ဆွဲထုပ်ပိုးတဲ့ပလတ်စတစ်၊ဘူးတွေမှာDioxinနဲ့တခြားဓါတုပစ္စည်းတွေပါရှိတတ်လို့အပူနဲ့ထိတွေ့တဲ့အခါဒီဓါတ်တွေထွက်လာပြီးအရေးကြီးကိုယ်တွင်းအင်္ဂါတွေကိုထိခိုက်စေပါတယ်။ကင်ဆာရောဂါအထိဖြစ်စေနိုင်လို့သိရပါတယ်) တွေပါဝင်လို့ထိခိုက်နစ်နာမှုများပါလိမ့်မယ်။ (၃)အသီးဖျော်ရည် -အသီးလတ်လတ်ဆတ်ဆတ်တွေပဲအာဟာရဖြစ်တယ်ဆိုပြီးစွတ်မကျွေးပါနဲ့။လိုအပ်တဲ့ဗီတာမင်ဓါတ်တွေပေးနိုင်တယ်ဆိုပေမယ့်ကလေးကိုအသီးဖော်ျရည်တစ်နေ့ကို လေးအောင်စထက် ကျော်ပြီးမတိုက်သင့်ဘူးလို့ဆရာဝန်တွေအကြံပေးလေ့ရှိပါတယ်။သကြားသာထည့်ရင်အချိုစားသုံးမှုများစေပြီးအသီးချည်းဖျော်မယ်ဆိုလည်းပုံမှန်သစ်သီးစားတာထက်ပမာဏပိုများနိုင်တာကြေင့်မသင့်တော်ပါဘူး။တန်ဆေးလွန်ဘေးဆိုသလိုသစ်သီးဖျော်ရည်သောက်တာများရင်ဝမ်းပျက်စေနိုင်တယ်၊အချိုများရင်အဝလွန်စေနိုင်တယ်။တစ်ခါတလေပဲတော်သင့်ရုံတိုက်ပါ။သစ်သီးတွေကိုပဲအချိုပွဲအဖြစ်တစ်နေ့နည်းနည်းပြင်ဆင်ကျွေးပါ။ (၄)အချဉ်ထုပ်နဲ့ယို- အချဉ်ထုပ်၊ဆီးထုပ်တွေနဲ့ယိုတွေသိပ်မစားပါစေနဲ့။အရောင်ဆိုးဆေးတွေ၊ ဆေးသကြားတွေ၊အရသာအတုတွေကနုနယ်တဲ့ကလေးတွေအတွက်လုံးဝမသင့်တော်တဲ့အရာတွေပါ။သကြားနဲ့သန့်သန့်ထိုးထားတဲ့ယိုတွေဆိုရင်တောင်မှအချိုစားတာများရင်သွားပိုးစားမယ်၊အဝလွန်မယ်၊ဆီးချိုသွေးချိုစိုးရိမ်ရမယ်ဆိုတော့ချင့်ချိန်ကျွေးပါ။ကလေးကပူဆာတိုင်း ကျေနပ်အောင်ဝယ်မကျွေးကြဖို့ပါ။ (၅)အသက်ရှူလမ်းကြောင်းပိတ်ဆို့နိုင်လောက်တဲ့စားစရာ- ကလေးဆိုတော့သွားပေါက်ကာစအရွယ်မှာ ဘာပဲစားစားတကိုက်ပဲကိုက်ချလိုက်မှာ၊မဝါးနိုင်ရင်မျိုချပစ်မှာစိုးရပါတယ်။ ဒါ့ကြောင့်အသက်ရှူလမ်းကြောင်းမှာပိတ်ဆို့စေနိုင်လောက်တဲ့အစားအစာ၊အရွယ်အစား တွေကိုမကျွေးပါနဲ့။ဥပမာသကြားလုံးကိုအလုံးလိုက်မစားပါစေနဲ့၊ကိုက်ခွဲပြီးမှကျွေးပါ။အစေ့အဆန်ေတွ၊ပီကေ၊ဂျယ်လီအမာလေးတွေကိုလည်းမကျွေးပါနဲ့ဦး။ (၆) ကော်ဖီနဲ့လက်ဖက်ရည်- ကလေးအတွက်ကကဖင်းပါတဲ့ဘယ်သောက်စရာကမှမသင့်တော်ပါဘူး။လူကြီးတွေ ကော်ဖီသောက်ချိန်မှာလာတောင်းလို့နည်းနည်းခွဲတိုက်တာမျိုးလည်းအကျင့်မလုပ်ပါနဲ့။လက်ဖက်ရည်မှာပါတဲ့ tanninဓါတ်ကအစားအစာတွေထဲကနေသံဓါတ်စုပ်ယူနိုင်စွမ်းကိုဟန့်တားနိုင်ပါတယ်။ကဖင်းဓါတ်ရဲ့သက်ရောက်မှုတွေကကလေးရဲ့ဖွံ့ဖြိုးကြီးထွားမှုတွေအတွက်မကောင်းတာကြောင့်အားဖြည့်အချိုရည်အပါအဝင်၊ ကော်ဖီ၊လက်ဖက်ရည်တွေမတိုက်ကျွေးသင့်တာဖြစ်ပါတယ်။ မဖြစ်မနေစိတ်ကျေနပ်အောင်လုပ်ပေးချင်တယ်ဆိုရင်ကလေးရဲ့ဖွံ့ဖြိုးမှုအတွက်အထောက်အကူဖြစ်စေမယ့် နို့မှုန့်တွေကို ရွေးချယ်နိုင်ပါတယ်။ (၇)အသင့်အမြန်စားအစားအစာ- ဘာဂါ၊ပီဇာ၊ဆီကြော်အစားအစာတွေကအငန်ဓါတ်၊အချိုဓါတ်တွေများတဲ့အပြင် ပြည့်ဝဆီတွေများမယ်ဆိုတာလည်း ပြောစရာလိုမယ်မထင်။ကလေးတွေအတွက်ဘယ်လိုသင့်တော်ပါ့မလဲ။ဒါတွေကျွေးချင်တယ်ဆိုကျန်းမာရေးနဲ့ပိုညီစေမယ့်ပုံစံနဲ့အိမ်မှာကိုယ်တိုင်လုပ်ကျွေးပါ။ပါဝင်ပစ္စည်းတွေ၊ ပမာဏတွေအတိုးအလျှော့လုပ်လို့ရတယ်လေ။ (၈)မုန့်အချို -အချိုစားတာများလွန်းရင်ကလေးတွေရဲ့သွားကြွေလွှာကိုပျက်စီးစေတယ်။သကြားလုံးတွေကလည်ချောင်းမှာတစ်ဆို့နိုင်တဲ့ အန္တရာယ်ရှိတဲ့အပြင်တခြားကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။စတော်ဘယ်ရီ၊ဖရဲသီးစတဲ့အသီးအနှံတွေနဲ့ ရေခဲမုန့်လုပ်ကျွေးတာ၊မုန့်လုပ်ကျွေးတာမျိုးနဲ့အချိုတွေဝယ်မစားအောင်အစားထိုးပါ။ (၉)အချိုရည် -အချိုရည်တွေမှာပါတဲ့အက်စစ်ဓါတ်ကကလေးရဲ့သွားတွေကိုထိခိုက်စေတယ်၊အချိုပါဝင်မှု၊ဓါတုပစ္စည်း၊ဂက်စ်ပါဝင်မှုများတဲ့အတွက်ကလေးရဲ့ခန္ဓါကိုယ်ထဲရောက်တဲ့အခါဆိုးကျိုးတွေဖြစ်လာစေနိုင်ပါတယ်။ကလေးတွေ နှစ်နှ်စ်ခြိုက်ခြိုက်မအိပ်တာ၊ဂနာမငြိမ်နိုင်တာ၊ခဏခဏစိတ်မကြည်တာတွေလည်းဒီအချက်ကြောင့်ပါတာပေါ့။အသေချာဆုံးကတော့ဒီအချိုရည်တွေထဲမှာကလေးအတွေက်လိုအပ်တဲ့အာဟာရဓါတ်တွေတစ်ခုမှမပါပါဘူး။ (၁၀)အတု-အရသာတု၊သကြားအတု၊အရောင်အတု(ဆိုးဆေး) တွေကဘာအတွက် ကောင်းကျိုးရှိမယ်ထင်ပါသလဲ။ ဆေးသကြားပါတဲ့၊ဆိုးဆေးပါတဲ့အစားအသောက်မှန်သမျှကိုကလေးရဲ့ဗိုက်ထဲမရောက်စေဖို့စောင့်ကြည့်ဖယ်ရှားပေးပါ။ Hello Health Group သည် ဆေးပညာ အကြံပေးချက်များ၊ ရောဂါရှာဖွေမှုများ ၊ကုသမှုများ မပြုလုပ်ပေးပါ။


ကလေးအစာခြေစနစ်ပြဿနာများ

ကလေးတွေရဲ့အစာခြေစနစ်ပြဿနာတွေ ဘယ်လိုကာကွယ်မလဲ

မေမေရယ် ဗိုက်အောင့်တယ်လို့ မပြောတတ်သေးတဲ့ ကလေးတွေအတွက် မိဘတွေ ပိုပြီးဂရုစိုက်ပေးရပါတယ်။ အမူအရာလေးတွေ ဘာများထူးခြားနေလဲ၊ အရင်နဲ့မတူတာ ဘာများဖြစ်နေလဲ၊ အရိပ်ကြည့်အကဲခတ်နေရမှာပါ။ မဟုတ်ရင် ငိုတာတစ်မျိုးပဲတတ်တဲ့ ကလေးခမျာဘာကြောင့် ငိုနေမှန်းမသိ၊ ဘယ်လိုချော့ရမှန်းမသိနဲ့ ကုသမှုခံယူဖို့ မလိုအပ်ဘဲ အချိန်ကြာနေရင် ဘယ်ကောင်းပါ့မလဲ။ ကလေးတွေမှာ အဖြစ်များတဲ့ပြဿနာကတော့ အစာခြေစနစ်နဲ့ ပတ်သက်တာတွေ ဖြစ်ပါတယ်။ မကြာခဏ ဖြစ်တတ်ပေမယ့် အစပိုင်းမှာလက္ခဏာပေါ်လိုက်ပျောက်လိုက်ဆိုတော့ မေ့မေ့လျော့လျော့ ဖြစ်သွားတတ်ပါတယ်။ ကလေးငိုရင် အလိုမကျတာရယ်၊ ဆာတာရယ်အပြင် အစာခြေစနစ်မှာ ပြဿနာရှိနေတာဖြစ်နိုင်တယ်လို့ မေမေတို့သိထားသင့်ပါတယ်။ အစာခြေစနစ် ပြဿနာရှိနေတာ ဘယ်လိုသိနိုင်မလဲ ကလေးမှာ အစာခြေစနစ်ရဲ့လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ပြဿနာတစ်ခုခုရှိနေပြီဆိုရင် ဒီလက္ခဏာတွေကို တွေ့ရတတ်ပါတယ်။ ပျို့တက်တယ် ကလေးတွေ ပြန်ပျို့တက်တာက အကြောင်းရင်းအမျိုးမျိုးရှိနိုင်ပါတယ်။အစာမကြေတာ၊မအီမသာဖြစ်တာ၊အစားများတာ၊ ချောင်းဆိုးတာ၊တအားငိုထားတာ၊ အစာအဆိပ်သင့်တာအစရှိတဲ့အကြောင်းရင်းတွေကြောင့် ပျို့တတ်၊အန်တတ်ပါတယ်။ တစ်ခါတလေပျို့အန်ရင်းနဲ့ဝမ်းလည်းပျက်၊ဗိုက်အောင့်၊ကိုယ်ပူတာတွေပါ ဖြစ်နေတတ်ပါတယ်။ဒါပေမယ့် - ဆီးနည်းနေတာ နှုတ်ခမ်းတွေခြောက်နေတာ အားကုန်နွမ်းလျနေတာ ကလေးကလုံးဝစိတ်မကြည်တာဆိုရင်ဆရာဝန်ပြသင့်ပါတယ်။ ဗိုက်အောင့်တယ် ဗိုက်အောင့်တယ်ဆိုတာ သေချာမပြောတတ်ပေမယ့် ဗိုက်ကိုနှိပ်ပြီး မျက်နှာလေးရှုံ့မဲ့နေရင်၊ စားနေကျအစားအသောက်တွေကိုပါ ငြင်းဆန်ပြီး ငိုနေရင် သတိထားကြည့်ပါ။ဗိုက်အောင့်တဲ့ဝေဒနာကဒီအကြောင်းရင်းတွေကြောင့်လည်းအဖြစ်များပါတယ် - ဝမ်းချုပ်ခြင်း ဝမ်းလျှောခြင်း […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

ကလေးရဲ့ ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးမှုကို ဘယ်လိုမြှင့်တင်ပေးနိုင်မလဲ

ကလေးတွေကို ဉာဏ်ရည်ထက်မြက်ပြီး ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ အိပ်မက်ပါ။ မိဘရယ်လို့ ဖြစ်လာပြီဆိုရင်တော့ ကိုယ့်ရဲ့ ကလေးကို ပထမဦးစားပေးအနေနဲ့ ဂရုစိုက် ပြုစုစောင့်ရှောက်တတ်တာ သဘာဝပါ။ ကလေးတွေရဲ့ ကျန်းမာရေးအတွက် အစားအစာပြင်ဆင်ချက်ပြုတ်ရမှာ သေချာဂရုစိုက်ပြီး စီမံပေးရသလို မိဘတွေရဲ့ ကလေးအပေါ် ဆက်ဆံတဲ့ အပြုအမူတွေဟာ ဦးနှောက်ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်လာစေမှုမှာ သက်ရောက်မှု အများကြီး ရှိနိုင်ပါတယ်။ ကလေးတွေ ဉာဏ်ရည်ထက်မြက်စေဖို့ တွန်းအားဖြစ်စေတဲ့ မိဘတွေရဲ့ အပြုအမူတွေ။ ကလေးတွေဟာ အတုမြင် အတတ်သင်ကြတဲ့ အရွယ်ပါ။ ကလေးတွေရဲ့ ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေနိုင်ဖို့ မိဘတွေအနေနဲ့ ဘယ်လိုပြုမူနေထိုင်သင့်လဲ၊ ဘယ်လို အမူအကျင့်မျိုး လုပ်ဖို့လိုသလဲဆိုတာကို ပြောပြပေးမယ်နော်။ ၁။ ကိုယ်ဝန်ဆောင်နေစဉ် မိခင်ကျန်းမာရေးကို ဂရုစိုက်ပါ။ အစကောင်းမှ အနှောင်းသေချာ ဆိုသလိုပဲ ကိုယ်ဝန်ဆောင်နေတဲ့ မိခင်ရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကလေးတိုင်း စားသင့်တဲ့ စူပါ အစားအစာ ၇ မျိုး။ ။

အစာအာဟာရဆိုတာ ကလေး တစ်ယောက်အတွက် အရေးအကြီးဆုံးဆိုတာ အားလုံးသိပြီးကြမှာပါ။ ဒီလို အရေးကြီးတဲ့ အာဟာရတွေရဖို့ဆိုတာ ကလေးစားမှပဲ ရတာမဟုတ်လား။ ခက်တာက ကလေးတွေဆိုတာ အစားထက် အဆော့ ပိုမက်ကြတယ်လေ။ ဒီတော့ ကလေးအစားစားချင်စိတ်ကို မြင့်တက်စေတဲ့ အစားအသောက်တွေ ရွေးကျွေးဖို့တော့ လိုတာပေါ့။ ဒါကြောင့် ကလေးတွေရဲ့ တစ်နေ့တာ အစားအသောက်တွေထဲမှာ ဒီ ၇ မျိုး မဖြစ်မနေပါရမယ့်အကြောင်း မေမေတို့ သိထားဖို့ လိုတယ်နော်။ ။ https://hellosayarwon.com/parenting/school-age-children/school-age-children-nutrition/what-age-is-a-childs-immune-system-fully-developed/ ကလေးတိုင်း စားသင့်တဲ့ စူပါ အစားအစာ ၇ မျိုး။ ။ ၁။ အုတ်ဂျုံ။ ။ အုတ်ဂျုံဆိုတာ အစားသင့်ဆုံး မနက်စာတစ်ခုပါ။ တခြား ပါကင်ဘူးတွေနဲ့လာတဲ့ အသင့်စား cereals တွေထက်စာရင် အုတ်ဂျုံမှာ သကြားဓာတ်ပါဝင်မှု နည်းပါတယ်။ ဒါ့အပြင် အုတ်ဂျုံက အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ အုတ်ဂျုံမှာပါဝင်တဲ့ […]


မိခင်နို့တိုက်ကျွေးခြင်း

ကလေးကလည်းနို့ဆာ၊ ကိုယ်ကလည်းနို့မထွက်တာမျိုး မဖြစ်ရလေအောင် ဒါမျိုးလေးတွေ လုပ်ကြည့်ပါ။ ။

မိခင်တစ်ယောက်ဖြစ်ဖို့ဆိုတာ တကယ်တမ်းတွေးကြည့်ရင် မလွယ်ကူပါဘူး။ ကိုယ့်ရင်သွေးလေး ကောင်းကောင်းမွန်မွန်နဲ့ အပြင်ထွက်လာဖို့၊ ခြေလက်အင်္ဂါစုံဖို့ကို မမွေးခင်တည်းက ဆုတောင်းလိုက်ရတာ အမော။ ကလေးအပြင်ရောက်လာတော့လည်း အမေနို့ကောင်းကောင်း မထွက်မှာကို ပူပန်ရပြန်ရော။ မိခင်နို့ဆိုတာ ကလေးတွေအတွက်တော့ အာဟာရတွေ အကုန်ပြည့်စုံတဲ့ သဘာဝက ဖန်တီးပေးထားတဲ့ အရာတစ်ခုပဲလေ။ ကိုယ့်ကလေး နို့ဆာလို့ ငိုနေတာကို ဘယ်မိခင်ကတော့ မြင်ချင်ပါ့မလဲ။ ခက်တာက နို့ကောင်းကောင်းမထွက်တော့ အမေတွေ စိတ်ညစ်ရတာပေါ့။ ။ ဒါကြောင့် ကလေးကလည်းနို့ဆာ၊ ကိုယ်ကလည်းနို့မထွက်တာမျိုး မဖြစ်ရလေအောင် ဖြေရှင်းလို့ရတဲ့ နည်းလမ်း ၅ ခုလောက်ကို အခု ပြောပြပေးတော့မှာပါ။ ။ ကလေးကို ဘာကြောင့် မိခင်နို့တိုက်ဖို့ လိုအပ်တာလဲ။ ။ မိခင်နို့မှာ မွေးကင်းစ ကလေးတစ်ယောက်လိုအပ်တဲ့ အာဟာရတွေကြွယ်ဝစွာပါဝင်တဲ့ အပြင် ခုခံအား စနစ်အတွက် လိုအပ်တဲ့ ပဋိပစ္စည်း( antibody) […]


ကလေးအာဟာရချို့တဲ့ခြင်း

ကလေးကို သံဓါတ်မချို့တဲ့စေဖို့ ဂရုစိုက်ကာကွယ်ခြင်း

သံဓါတ်က သွေးနီဥဆဲလ်တွေ ခန္ဓါကိုယ်ထဲကိုအောက်ဆီဂျင်သယ်ပို့နိုင်ဖို့ ကူညီပေးပြီး ဦးနှောက်နဲ့ ကြွက်သားလုပ်ဆောင်ချက်တွေမှာ အဓိကနေရာကပါဝင်နေပါတယ်။သွေးထဲမှာသံဓါတ်အားနည်းရင် ကလေးတွေမှာအဖြစ်များတဲ့ သွေးအားနည်းရောဂါဖြစ်လာနိုင်ပါတယ်။ ကလေးက အစားအစာထဲကနေ သံဓါတ်လုံလောက်အောင်ရရှိရဲ့လား၊ ကလေးမှာ သွေးအားနည်းတာ၊ သံဓါတ်အားနည်းတာဖြစ်နေလား အမြဲဂရုစိုက်ပေးသင့်ပါတယ်။ သံဓါတ်က ကလေးအတွက် ဘာကြောင့်အရေးပါတာလဲ သံဓါတ်က ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်အရေးပါပါတယ်။ အဆုတ်ထဲကအောက်ဆီဂျင်ကို ခန္ဓါကိုယ်တခြားအစိတ်အပိုင်းတွေဆီကိုပေးပို့ဖို့ နဲ့ ကြွက်သားတွေကအောက်ဆီဂျင်သိုလှောင်ပြီးအသုံးချနိုင်ဖို့လည်း သံဓါတ်ကကူညီပေးတာပါ။ သံဓါတ်အားနည်းတယ်ဆိုတာ အနည်းငယ်လောက်ကနေသွေးအားနည်းရောဂါအထိပြင်းထန်မှုအဆင့်ဆင့်ရှိပါတယ်။ ဒါကိုသေချာဂရုမစိုက်ရင် ကလေးရဲ့ကြီးထွားမှုနဲ့ ဖွံ့ဖြိုးမှုအားလုံးကို ထိခိုက်နိုင်ပါတယ်။ အများအားဖြင့် - လမစေ့၊ပေါင်မပြည့်ဘဲမွေးဖွားတဲ့ ကလေးတွေ အသက်တစ်နှစ်မပြည့်ခင် နွားနို့ သို့မဟုတ် ဆိတ်နို့သောက်ခဲ့ရတဲ့ ကလေးတွေ အသက် ၆ လနောက်ပိုင်း သံဓါတ် သို့မဟုတ် အာဟာရဓါတ်တွေပါဝင်တဲ့ဖြည့်စွက်အာဟာရတွေ မတိုက်ကျွေးထားတဲ့ကလေးတွေ သံဓါတ်အားဖြည့်မထားတဲ့ နို့မှုန့်သောက်သုံးရတဲ့ကလေးတွေ နွားနို့၊ ဆိတ်နို့ သို့မဟုတ် ပဲနို့ကို အားဖြည့်သောက်သုံးနေတဲ့ အသက် ၁နှစ်မှ ၅ […]


ကလေးအာဟာရချို့တဲ့ခြင်း

ကလေးကို ဗီတာမင် D မချို့တဲ့စေဖို့

ဗီတာမင် D က အရိုးနဲ့ကြွက်သားကျန်းမာရေးအတွက် အရေးကြီးတဲ့အပြင် ကယ်လ်စီယမ်နဲ့ဖော့စဖိတ်ဓါတ်တွေကို အစားအစာကနေ စုပ်ယူနိုင်ဖို့ ကူညီပေးပါတယ်။ ဗီတာမင် D ပါဝင်တဲ့ အစားအစာက နည်းနည်းလေးပဲရှိတာကြောင့် သူ့ကို အစားအသောက်ကနေ အလုံအလောက်ရရှိနိုင်ဖို့ မလွယ်ပါဘူး။ ဗီတာမင် D ဖြည့်စွက်ထားတဲ့ နို့မှုန့်တွေမှာပဲပါရှိတတ်ပြီး အများအားဖြင့်တော့နေရောင်ခြည်ကနေ ရရှိနိုင်ပါတယ်။ အရိုးနဲ့ကြွက်သားပြဿနာတွေဖြစ်နေပြီဆိုရင် ဗီတာမင် D ချို့တဲ့ခြင်းကြောင့်ဖြစ်နိုင်သလို အူကင်ဆာ၊ နှလုံးရောဂါ၊သွေးတိုး၊ ကိုယ်ခံအားပြဿနာနဲ့ ဆီးချိုသွေးချိုရောဂါ စတာတွေနဲ့လည်း ဆက်နွှယ်နေနိုင်ပါတယ်။ ဗီတာမင် D ချို့တဲ့တဲ့ လက္ခဏာေတွက ဘာလဲ ဗီတာမင် D ဓါတ်နည်းတဲ့သူတွေမှာ လက္ခဏာသိပ်မပြတတ်ပါဘူး။ ဒါပေမယ့် ကလေးတွေမှာဆိုရင်တော့ အရိုးနဲ့ကြွက်သားနာကျင်မှုတွေခံစားရတတ်ပါတယ်။ ဗီတာမင် D အရမ်းနည်းလွန်းရင် အရိုးတွေကိုပျော့ပျောင်းစေပြီး ကလေးတွေမှာ ခြေခွင်တာတွေဖြစ်စေနိုင်ပါတယ်။ ဗီတာမင် D နည်းရာကနေ ကယ်လ်စီယမ်ပါနည်းလာပြီး ကလေးတွေမှာ ကြွက်တက်တာ၊ […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

အားလပ်ရက်၊ပိတ်ရက်တွေမှာ အာဟာရပြည့်အစားအစာတွေ ပြင်ဆင်ဖို့ အချက် (၆) ချက်

အားလပ်ရက်တွေ ၊ ပိတ်ရက်တွေနီးပြီဆို စူပါမားကတ်တွေမှာ ဈေးဝယ်ထွက်ကြတဲ့မိသားစုတွေကို ကြည့်ရင်းတွေးမိတယ်။ ဒီလောက်စားစရာတွေအများကြီးကို ဘယ်လိုကုန်အောင်စားပစ်ကြမှာလဲလို့။ တချို့မိသားစုဆို လူသိပ်များပုံမှမရတာ။ မိသားစုလူစုံတုန်း စားသောက်စရာတွေပြင်ဆင်ပြီး စားပွဲလေးတွေလုပ်ကြမယ်ထင်ပါတယ်။ ဒါပေမယ့် အဲဒီထဲမှာ ကျန်းမာရေးအတွက်ကောင်းတာ၊ မကောင်းတာ ဘာတွေပါသလဲ၊ ဘယ်လောက်ပမာဏများများစားလို့သင့်တော်မလဲ(တချို့အစားအစာတွေက အများကြီးစားရင် ဘေးဖြစ်တတ်ပါတယ်)၊ ကလေးတွေအတွက် သင့်တော်ရဲ့လား၊ လူကြီးမိဘတွေအတွက်ရော ဘယ်အရာကိုရွေးချယ်သင့်သလဲ စတဲ့ ထည့်တွေးစရာတွေကအများကြီးပါ။ အားလပ်ရက်၊ပိတ်ရက်တွေမှာ အာဟာရပြည့်အစားအစာတွေ ပြင်ဆင်ဖို့ အချက် (၆) ချက် ဒီတော့ အားလပ်ရက်တွေ အတွက်အစားအစာတွေပြင်ဆင်တဲ့အခါ ပျော်စရာလည်းဖြစ်၊ အာဟာရလည်းပြည့်၊ဘေးလည်းကင်းစေဖို့ ထည့်စဉ်းစားသင့်တဲ့ အချက်လေးတွေ အကြံပြုလိုက်မယ်နော်။ ဈေးတွေလျှောက်မဝယ်ခင်မှာ အစီအစဉ်ဆွဲပါ အိမ်မှာပဲလား၊ ခရီးသွားကြမှာလားဆိုတာကလည်း အရင်တွေးတာကောင်းပါတယ်။ ဒါမှ လိုအပ်သလို ကြိုတင်ပြင်ဆင်ရမှာကိုး။ ဥပမာ ခရီးသွားကြမယ်ဆို လမ်းမှာစားဖို့ မုန့်တွေ၊ စားစရာတွေ ဝယ်ရမယ်၊ ကျန်းမာရေးနဲ့ညီတာဖြစ်ဖို့တော့လိုတာပေါ့။ ကလေးအတွက်ဆောင်သွားရမယ့် အာဟာရနို့မှုန့်ဘာညာနဲ့ အသုံးအဆောင်တွေလည်းပြင်ဆင်ရမယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း