၅။ အချိုအရမ်းကြိုက်တာ။ ။
ကလေးဆိုတာ အချိုဆို အရမ်းကြိုက်တတ်ကြပါတယ်။ သကြားလုံးတို့၊ ကွတ်ကီး၊ ဘီစကစ်၊ ဂျယ်လီတို့ကိုသာ စားနေရရင် ထမင်းမစားရလည်း နေနိုင်တဲ့သူတွေပါ။ ဒါတွေက ကလေးတစ်ယောက်အတွက်လိုအပ်တဲ့ အာဟာရတွေကို မပေးနိုင်တဲ့ အပြင် သွားပိုးစား၊ သွားကိုက်ဝေဒနာတွေ ကိုတောင်ပို ဖြစ်စေပါသေးတယ်။
၆။ ထမင်းတွေကို မဝါးဘဲ ပါးစပ်ထဲငုံထားတာ။
ကိုယ်ထမင်းခွံလိုက်ပြီး မေ့လောက်တဲ့ အချိန်ထိကြာသွားတာတောင် ကလေးပါးစပ်ထဲမှာ ထမင်းတွေ မကုန်သေးတာကို မေမေတို့ ကြုံဖူးကြမှာပါ။ ဒါက အစားစားချင်စိတ် မရှိတဲ့ ကလေးတွေလုပ်တတ်တဲ့ အရာတစ်ခုပါ။ စားလည်း မစားချင်၊ ဆူမှာလည်းကြောက်တော့ ပါးစပ်ထဲထည့်ပြီးမဝါးဘဲ ငုံထားလိုက်ကြပါတယ်။ ထမင်းကျွေးချိန်ရောက်ပြီဆို မေမေတို့ စိတ်ညစ်ရတဲ့ အထဲမှာ ဒီပြဿနာကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။
၇။ စားရမယ့် အစားအစာတွေကို မစားဘဲဆော့တာ။
ကလေးဆိုတာ အဆော့မက်တတ်ကြတယ်မလား။ မေမေတို့ အလုပ်များပြီး ထမင်းမကျွေးအားလို့ သူတို့နဲ့ ထမင်းပန်းကန်နဲ့ ခဏလောက် ထားခဲ့ပြီးထွက်သွားကြည့်ပါလား။ ပြန်လာရင် ပန်းကန်ထဲကအစားအစာ အကုန်ပြောင်နေပါလိမ့်မယ်။ စားလိုက်လို့ ဗိုက်ထဲရောက်ကုန်တာတော့ မဟုတ်ပါဘူး။ ပန်းကန်နဲ့ ဗိုက်ထဲက လွဲရင် ကျန်တဲ့နေရာတွေကိုပြန့်ကျဲပြီး စားစရာတွေရောက်နေပါလိမ့်မယ်။ ဒီလို စားစရာတွေအကုန်ပေပွနေတဲ့ အချိန်ကတော့ မေမေတို့ အငိုချင်ဆုံး အချိန်ဖြစ်နေတတ်ပါတယ်။
ဒါတွေကတော့ ကလေးတစ်ယောက်ကို ထမင်းကျွေးတိုင်း မေမေတို့ အကြုံများတဲ့ အခက်အခဲလေးတွေပဲဖြစ်ပါတယ်။ ဒီလိုမျိုး ပြဿနာတွေ ကြုံရတိုင်း စိတ်ညစ်မနေကြပါနဲ့။ ဒါတွေက သင်တစ်ယောက်တည်းကြုံတွေ့ရတဲ့ အခက်အခဲတွေ မဟုတ်ပါဘူး။ မေမေတိုင်းကြုံတွေ့နေရတဲ့ ပြဿနာတွေပါ။ သင့်ကလေးကဆိုးလိုက်တာလို့လည်း မတွေးပါနဲ့။ သင်ငယ်ငယ်တုန်းက ဒီထက်တောင်ဆိုးချင်ဆိုးဦးမှာပါ။ ဒါကြောင့် စိတ်ရှည်ပါ။ ကလေးဆိုတာ အချော့ကြိုက်ပါတယ်။ အချိန်ယူပြီး ကလေးကို လေ့ကျင့်ပေးရင် ဒီအခက်အခဲတွေပြေလည်သွားမှာပါ။ ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။