ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကလေးရဲ့သွား ကျန်းမာကြံ့ခိုင်စေမယ့် အာဟာရ (၆) မျိုး

သွားပုံမှန်တိုက်ပေးရုံနဲ့ ကလေးတွေရဲ့သွားကျန်းမာရေးအတွက်ပြီးပြည့်စုံပြီလို့ မထင်လိုက်ပါနဲ့။ ဖွံ့ဖြိုးနေဆဲ ခန္ဓာကိုယ်လေးတွေအတွက်က အာဟာရညီညွတ်မျှတတဲ့ အစားအသောက်တွေလည်း အဓိကလိုအပ်ပါတယ်။ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေပါဝင်တဲ့ အစားအစာတွေနဲ့ အမူအကျင့်ကောင်းလေးတွေပေါင်းစပ်လိုက်တဲ့အခါ သွားအတွက်တင်မကဘဲ ကျန်းမာကြံ့ခိုင်တဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာပါ။ ကလေးရဲ့သွားတွေ ကျိုးပဲ့၊ သွားပိုးစားနေလည်း ငယ်သွားတွေပဲ၊ သွားအသစ်ပြန်ပေါက်လာလိမ့်မယ် ဆိုပြီး မတွေးလိုက်ပါနဲ့။ ငယ်သွားလေးတွေကို ဂရုမစိုက်ဘဲ ပစ်မထားပါနဲ့။ သွားဖုံးရောဂါဖြစ်လာခဲ့ရင်နောက်ပိုင်း သွားကျန်းမာရေးမှာလည်း ထိခိုက်လာနိုင်တဲ့နောက်ဆက်တွဲပြဿနာတွေရှိလာတတ်ပါတယ်။ သွားကျန်းမာရေးအတွက် အကောင်းဆုံးအစားအသောက်များ ကလေးရဲ့စားသောက်ပုံအာဟာရမှာ ဒီအစားအစာတွေကို ထည့်သွင်းပေးသင့်ပါတယ် - ပန်းသီး ပန်းသီးက သွားပိုးစားခြင်းကို ကာကွယ်ပေးပါတယ်။ ပန်းသီးနဲ့ အမျှင်ဓာတ်များတဲ့ တခြားကြွပ်ရွတဲ့သစ်သီးတွေက သွားမှာကပ်ငြိနေတဲ့ သွားချေးတွေကို ပွတ်တိုက်ဖယ်ရှားနိုင်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေရရှိနိုင်တဲ့အပြင် ကျန်းမာရေးနဲ့ညီတဲ့ သရေစာလည်းဖြစ်ပါတယ်။ ဥ အမျိုးမျိုး ကြက်ဥ၊ဘဲဥတွေမှာ သွားနဲ့ခံတွင်းကျန်းမာရေးအတွက် အရေးပါတဲ့သတ္တုဓါတ်တွေဖြစ်တဲ့ ကယ်လ်စီယမ်၊ ပရိုတင်းနဲ့ ဗီတာမင် D တို့ကို ရရှိနိုင်တဲ့ အရင်းအမြစ်တွေဖြစ်ပါတယ်။ အရိုးနဲ့သွား ကျန်းမာရေးအတွက် […]


မိခင်နို့တိုက်ကျွေးခြင်း

ကလေးနှင့် နို့အာဟာရတိုက်ကျွေးခြင်း

ကလေးမေမေတွေ မကြာခဏ မေးတတ်တဲ့ ပြဿနာတွေထဲမှာ ကလေးကို တစ်နေ့ဘယ်နှကြိမ် နို့တိုက်သင့်လဲ၊ တစ်ခါတိုက်ရင် ဘယ်လောက်ပမာဏ တိုက်သင့်လဲ၊ ကလေးက နို့ဆာပြီဆိုရင် ဘယ်လိုပြုမူတတ်လဲ အစရှိတဲ့ မေးခွန်းတွေနဲ့ ပတ်သက်ပြီး ဗဟုသုတရအောင် ဝေမျှပေးချင်ပါတယ်။ ကလေးကို တစ်နေ့ ဘယ်နှကြိမ် နို့အာဟာရတိုက်ကျွေးသင့်လဲ။ ကလေးမွေးပြီး ပထမလမှာ ၈ကြိမ်ကနေ ၁၂ကြိမ်အထိ နို့တိုက်ကျွေးသင့်ပါတယ်။ ကလေးတွေအတွက် မိခင်နို့ဟာ နို့မှုန့်ထက်ပိုပြီး အစာကြေလွယ်စေတာကြောင့် ဗိုက်အဆာမြန်တယ်။ အဲ့တော့ မေမေတွေအနေနဲ့ မိခင်နို့ကို ပိုပြီး တိုက်ကျွေးဖို့ လိုအပ်ပါတယ်။ မကြာခဏနို့တိုက်ရတဲ့ မေမေတွေမှာ နို့ထွက်အားလည်း ပိုကောင်းလာပါတယ်။ မိခင်နို့တစ်မျိုးတည်းကိုသာ သောက်သုံးတဲ့ ကလေးတွေ အသက် ၁လ ကနေ ၂လ အရွယ်မှာ တစ်နေ့ကို ၇ကြိမ်ကနေ ၉ကြိမ်ထိ နို့တိုက်ဖို့ လိုပါတယ်။ ပုံမှန်အားဖြင့် တစ်နာရီခွဲကနေ ၃နာရီခြား […]


ကလေးငယ်ပထမနှစ်

Sunken fontanelle (ငယ်ထိပ်ချိုင့်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်ငယ်ထိပ်ချိုင့်ခြင်းဆိုတာဘာလဲ။ ကလေးတွေဟာ Fontanelles များစွာဖြင့် မွေးဖွားလာပါတယ်။ ယင်းတို့ကို ငယ်ထိပ်လို့အခေါ်များကြပါတယ်။ မွေးလမ်းကြောင်းကို ဦးခေါင်းဖြတ်တဲ့အချိန်မှာ ကျုံ့နိုင်ဆန့်နိုင်စေဖို့ ထိုငယ်ထိပ်တို့က အရေးပါပါတယ်။ ထိုစွမ်းရည်ကပဲ ကလေး၁နှစ်သားလောက်မှာ ဦးနှောက်နဲ့ ဦးခေါင်းခွံတို့ကို ကြီးထွားစေပါတယ်။ မွေးကင်းစကလေးငယ်တွေမှာ ငယ်ထိပ်တို့ကို ဦးခေါင်းထပ်ပိုင်း၊ နောက်ပိုင်းနဲ့ ဘေးဘက်ပိုင်းတို့မှာ တွေ့ရှိနိုင်ပါတယ်။ ကလေးဦးခေါင်းခွံပေါ်မှာရှိတဲ့ ငယ်ထိပ်အရည်အတွက် သူတို့ရဲ့ အသက်အရွယ်ပေါ်မှာ မူတည်နေပါတယ်။ ဦးခေါင်းနောက်ဘက်ရှိ ငယ်ထပ်က ၁လသား၊၂လသားလောက်မှာ ပျောက်ကွယ်သွားပါတယ်။ ထိုအရာကို သင်ခံစားနိုင်မှာမဟုတ်သလို၊ မြင်နိုင်မှာလည်း မဟုတ်ပါဘူး။ ခေါင်းထပ်ဘက်ရှိ ငယ်ထိပ်ကတော့ အသက်၇လနဲ့ ၁၉လကြားလောက်ထိ မပိတ်ဘဲရှိနေတတ်ပါတယ်။ ကလေးရဲ့ငယ်ထိပ်ဟာ အတော်အသင့်တင်းပြီး ကွေးသွားကာ အတွင်းသို့အနည်းငယ်ချိုင့်နေရပါမယ်။ အတွင်းကို အရမ်းချိုင့်နေတဲ့ ငယ်ထပ်ကို Sunken Fontanel လို့ခေါ်ပါတယ်။ အရေးပေါ်ဆေးကုသမှု ခံယူရန်လိုအပ်သော်လည်း များသောအားဖြင့် ကုသရ လွယ်ကူပါတယ်။ ငယ်ထိပ်ချိုင့်ခြင်းဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ဒီရောဂါဟာ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးကိုကျွေးတဲ့ အစာအာဟာရထဲမှာ ဒါတွေမဖြစ်မနေပါသင့်ပါတယ်

ကလေးတစ်ယောက်ကျန်းမာဖို့ တာဝန်အရှိဆုံးသူက ဘယ်သူများဖြစ်မလဲ။မေမေလေ။ ဒါကကျွန်မတို့လူမှုပတ်ဝန်းကျင်မှာ အများဆုံးကြားရတဲ့ စကားတစ်ခွန်းနော်။ ကလေးကကောင်းတာလုပ်ရင်သာ မေမေတော်လို့လို့မပြောတာ၊ တစ်ခုခုအဆိုးဘက်ရောက်မယ်၊ပြုစုထိန်းသိမ်းရမယ်ဆိုတဲ့အချိန်မျိုးမှာ အများဆုံးပြောတတ်ကြတာက ဒါက အမေလုပ်သူကသေချာမကိုင်တွယ်မစီမံတတ်လို့ဆိုတာချည်းပါပဲ။ ဒီတော့ ကလေးဖွံ့ဖြိုးမှုနှေးတာကိုယ်ကြောင့်လို့အပြော မခံရအောင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ သားရှင်မိတို့ရေ။ ကလေးတစ်ယောက်ရဲ့ ကိုယ်အလေးချိန် နဲ့ ကြီးထွားဖွံ့ဖြိုးမှု ကလေးတစ်ယောက်က အသက် ၆ လကနေ ၁ နှစ်အတွင်းမှာ တစ်ပတ်ကို ၂အောင်စကနေ ၄အောင်စအထိတိုးလာရပါမယ်။ မိခင်နို့နိုင်လို့ မိခင်နို့တစ်မျိုးတည်းသောက်ခွင့်ရတဲ့ ကလေးတွေကမွေးပြီးစအချိန်မှာ နို့မှုန့်သောက်ရတဲ့ ကလေးတွေထက်ပိုပြီး ကိုယ်အလေးချိန်တိုးတာမြန်ပါတယ်။ ဒါပေမယ့် အသက် ၆ လနောက်ပိုင်းမှာတော့ နို့မှုန့်သောက်တဲ့ကလေးတွေက အထွားပိုမြန်လာကြပါတယ်။ ကလေးဟာထွားတာမြန်မြန်၊နှေးနှေး ကျန်းမာတဲ့ကလေးတစ်ယောက်ဖြစ်ဖို့ဆိုရင် အသက်တစ်နှစ်ပြည့်ချိန်မှာ ကိုယ်အလေးချိန်ကမွေးစအလေးချိန်ရဲ့ ၃ ဆဖြစ်ဖို့လိုပါမယ်။ တကယ်လို့ ကလေးက ကိုယ်အလေးချိန်ရှိသင့်တာလောက်ဖြစ်မလာရင်တော့ ကလေးဆရာဝန်နဲ့ပြသကြည့်ဖို့လိုပါမယ်။ ကလေးကြီးထွားဖို့အတွက် မပါမဖြစ်ပါသင့်တဲ့ အာဟာရဓါတ်တွေ ကလေးကြီးထွားဖို့အတွက်ကနေ့စဉ်ကျွေးမွေးတဲ့အစားအသောက်ထဲမှာ ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကလေးတွေအတွက် မသင့်တော်တဲ့အစားအစာ (၇)မျိုး။

ကိုယ့်ကလေးကို သူများတွေထက်၊ ပိုထွားစေချင်တာ ၊ ဉာဏ်ပိုကောင်း အာဟာရပိုပြည့်စေချင်တာ မိဘတိုင်းရဲ့ ရင်တွင်းက ဆန္ဒပါ။ ကလေးအသက်၂ နှစ်ကျော် လူကြီးစားတဲ့ အစာကျွေးလို့ရတဲ့ အချိန်ရောက်ပြီဆိုတာနဲ့ ကိုယ့်ကလေး အာဟာရပြည့်ပါစေဆိုတဲ့ စိတ်နဲ့ မေမေတို့ စကျွေးပါပြီ။ ကလေးက အစားမက်တဲ့သူဖြစ်လို့ကတော့ ပွဲပြီးပြီပေါ့။ ကလေးစားရင် ပြီးရောဆိုပြီး ကလေးနဲ့ တည့်တာ မတည့်တာ မစဉ်းစားတော့ဘဲ ရှိသမျှ အကုန်ကျွေးပါတော့တယ်။ ခက်တာက လူကြီးစားတဲ့ အစားအသောက်တိုင်းက ကလေးနဲ့ မတည့်တတ်ပါဘူး။ ဒါကြောင့် ကိုယ့်စေတနာကြောင့် ကလေးကို ဝေဒနာတွေ မပေးမိစေဖို့ ကလေးအတွက် မကောင်းတဲ့ အစားအသောက် ၇ မျိုးအကြောင်း ပြောပြပေးချင်ပါတယ်။ ကလေးကိုကျွေးဖို့ မသင့်တော်တဲ့အစားအစာ။ ။ ၁။ ပျားရည် သိမ်းထားတာ ကြာတဲ့ ပျားရည်မှာ အစာအဆိပ်သင့်ခြင်းကိုဖြစ်စေနိုင်တဲ့Clostridium botulinum ဘက်တီးရီးယားတွေရဲ့မျိုးမှုန်တွေ တစ်ခါတစ်လေ […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကျန်းမာရေးအစ သန့်ရှင်းတဲ့အစားအသောက်က။ ။

စိတ်ချ လုံခြုံရတဲ့ အစားအသောက်တစ်ခုဆိုတာ အချက် ၂ ချက်နဲ့ ပြည့်စုံရပါမယ်။ အာဟာရလည်း ပြည့်ဝရမယ်၊ ရောဂါပိုးတွေကနေလည်း ကင်းဝေးရပါမယ်။ ဒီလိုအချက်တွေနဲ့ ပြည့်ဝတဲ့ အစားအသောက်တွေကို ဖန်တီးပြီး ကိုယ့်ကလေးကို ကျန်းမာအောင်လုပ်ဖို့က မေမေတို့ တတ်အပ်တဲ့ ပညာတွေပါ။ ကျန်းမာစေချင်လို့ အစားအသောက်တွေ ပြင်ဆင်ကျွေးမွေးကာမှ ရောဂါပိုးတွေ ကလေးကိုယ်ထဲထည့်ပေးမိသလို မဖြစ်စေဖို့ ခုအကြံပေးထားတဲ့ အချက် ၅ ချက်ကို မေမေတို့ သိထားဖို့လိုတယ်နော်။ ။ အစားအသောက်တွေ ဘာကြောင့်သန့်ရှင်းဖို့ အရေးကြီးတာလဲ။ ။ အစားအသောက်တွေဆိုတာ အပြင်ကပိုးတွေကို ကိုယ်ခန္ဓာထဲ တိုက်ရိုက်ရောက်အောင် ပို့ပေးနိုင်တဲ့ ကြားခံနယ်တစ်ခုပါ။ ရောဂါပိုးတွေက အဲ့ဒီ လမ်းကြောင်းကနေ အများဆုံးဝင်နေတာပါ။ ကိုယ်ကြိုက်လို့စားလိုက်တဲ့ အစားအစားတွေကနေ ရောဂါရတာမျိုး ဘယ်သူမှတော့ မဖြစ်ချင်ကြဘူးလေ။ ဒါကြောင့် ကိုယ့်မိသားစုစားတဲ့ အစားအသောက်တွေ သန့်ရှင်းနေဖို့ဆိုတာ အိမ်ရှင်မတွေဖြစ်တဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

သားသမီးပျိုးထောင်နည်းမှန်ကန်စေဖို့ ဒါလေးတွေမမေ့ပါနဲ့

သားသမီးရတနာရလာပြီးတဲ့အခါ အရင်ကလို စိတ်ကူးနဲ့ပျော်နေရုံနဲ့မပြီးတော့ပါဘူး။ မိဘရဲ့တာဝန်ဝတ္တရားတွေထဲမှာကျွေးမွေးစောင့်ရှောက်တာ၊ ချစ်ခင်ကြင်နာပေးတာအပြင် ဘက်ပေါင်းစုံက ဟာကွက်မရှိအောင် ဂရုစိုက်ပျိုးထောင်ပေးဖို့ ပါဝင်ပါတယ်။ ဘာမဆို လိုလေသေးမရှိအောင် လုပ်ပေးတယ်ထား၊ ကိုယ်ပျိုးထောင်တဲ့နည်းလမ်းလွဲနေရင် ကလေးရဲ့တိုးတက်မှု၊ဖွံ့ဖြိုးမှုတွေမှာ ဖြစ်သင့်သလောက်ဖြစ်မလာတော့ပါဘူး။ အလိုလိုက်တိုင်းမကောင်းသလို စည်းကမ်းတင်းကျပ်တိုင်းလည်း မကောင်းတဲ့အတွက် ကလေးတွေကို ကြီးပြင်းလာတဲ့အထိစောင့်ရှောက်ပျိုးထောင်ရာမှာ ဂရုစိုက်ရမယ့်အချက်တွေရှိပါတယ်။ ကျန်းမာထက်မြက်တဲ့ ကလေးတွေကို မွေးထုတ်ပေးနိုင်ဖို့ ငယ်စဉ်တည်းက ဂရုစိုက်သင့်တဲ့အချက်လေးတွေ ဖေဖေမေမေတို့ မေ့နေမှာစိုးလို့ သတိပေးလိုက်ပါတယ်နော်။ ကလေးကိုနေ့တိုင်း ကစားချိန်အလုံအလောက်ပေးပါ ကစားချိန်ပေးတယ်ဆိုတာ တီဗီဖွင့်ထားပေးတာ၊ ဂိမ်းပေးကစားထားတာ မဟုတ်ဘူးနော်။ အိမ်ထဲမှာ သို့မဟုတ်ခြံထဲမှာ အန္တရာယ်ကင်းအောင်ကာကွယ်ထားတဲ့ ပတ်ဝန်းကျင်ပြင်ဆင်ပြီး လွတ်လွတ်လပ်လပ်ပေးကစားတာကို ဆိုလိုပါတယ်။ ထိခိုက်စေမယ့်အရာတွေဖယ်ထားတာအပြင် ခြင်ကိုက်မခံရအောင်လည်း ဂရုစိုက်ပေါ့။ ကလေးပီပီပြေးလွှားဆော့ကစားနေတာ၊ ကစားစရာတွေနဲ့ဆော့နေတာက ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနဲ့ ဉာဏ်ရည်ထက်မြက်မှုကိုမွေးမြူသလိုဖြစ်စေပါလိမ့်မယ်။ ကလေးကို တစ်ချိန်လုံး ချီပွေ့ထားတာ၊ အငြိမ်ကစားခိုင်းတာ၊ ထိမိမှာချော်လဲမှာစိုးလို့ လွတ်လွတ်လပ်လပ်လှုပ်ရှားခွင့်မပေးတာတွေက သန်မာမှု၊ ဖွံ့ဖြိုးမှု၊ […]


ကလေးအစာခြေစနစ်ပြဿနာများ

အစာခြေစနစ်နဲ့ ခုခံအားစနစ်က ဒီလိုဆက်စပ်နေပါတယ်။ ။

လူ့ကိုယ်ခန္ဓါဆိုတာ ကားနဲ့တူပါတယ်။ မှန်ကန်တဲ့လောင်စာဆီထည့်မှ အင်ဂျင်တွေကောင်းကောင်းအလုပ်လုပ်နိုင်ပြီး လိုရာခရီးကို ချောချောမွေ့မွေ့ရောက်မှာဖြစ်ပါတယ်။ လူ့ကိုယ်ခန္ဓါလည်း ဒီလိုပါပဲ။ ကိုယ်ခန္ဓါအတွက် မှန်ကန်အကျိုးရှိတဲ့ အရာတွေကို ရွေးစားပေးမှ အားအင်ြပည့်ဝပြီး ရောဂါဘယတွေကနေ ကင်းဝေးမှာဖြစ်ပါတယ်။ ဒါတွေကို ကြည့်လိုက်တာနဲ့တင် အစာခြေစနစ်နဲ့ ခုခံအားစနစ်က ဆက်သွယ်မှုရှိနေတယ်ဆိုတာ တွေ့ရမှာပါ။ ။ အစာခြေစနစ်က ဘယ်လို တာဝန်တွေကို ယူရတာလဲ။ ။ အစာခြေစနစ်ကြီးမှာ ပါးစပ်ပေါက်ကနေ စအိုဝအထိတောက်လျှောက်ပါပါတယ်။ လူတို့သက်တမ်းတစ်လျှောက် မရေမတွက်နိုင်အောင်စားတဲ့ အစားအစာတွေကို ဒီစနစ်ကပဲတာဝန်ယူ ခြေဖျက်ပေးပြီး လိုအပ်တဲ့ အာဟာရတွေကို စုပ်ယူပေးနေရတာပါ။ မှန်ကန်တဲ့ အစားအသောက်တွေစားမှလည်း လိုအပ်တဲ့အာဟာရတွေကို ရဖို့အတွက် အစာခြေစနစ်က တာဝန်ယူပေးနိုင်မှာပါ။ ခုခံအားစနစ်ရဲ့တာဝန်တွေကရောဘာတွေလဲ။ ။ ခုခံအားစနစ်ကိုတော့ ကိုယ်တွင်းစစ်တပ်ကြီးလို့ပြောလို့ရပါတယ်။ အပြင်ကရောဂါပိုးတွေ ဝင်မလာနိုင်အောင်၊ ဝင်လာခဲ့ရင်လည်း ပြန်ထွက်သွားအောင် တိုက်ထုတ်ပေးရတဲ့ စနစ်ကြီးပါ။ အစာခြေစနစ်နဲ့ ခုခံအားစနစ်က ဘယ်လိုဆက်စပ်နေတာလဲ။ ။ သောင်းကျန်းသူ ဘက်တီးရီးယားတွေ အများဆုံးရှိတဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးဦးနှောက်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်အာဟာရ

သန္ဓေသားဘဝကနေ အသက်အရွယ်ကြီးပြင်းလာသည်အထိ ကလေးတွေ ဉာဏ်ရည်ထက်မြက်ပြီး ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာဖို့ အစာအာဟာရတွေက အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓါတ်ကို လုံလောက်စွာ ရရှိနိုင်မှ ကလေးတွေ ကိုယ်ခံအားကောင်းမယ်၊ ကျန်းမာမယ်၊ အရိုးအဆစ်တွေ ကြံ့ခိုင်သန်စွမ်းမယ်၊ သက်လုံကောင်းမယ်၊ ကူးစက်ရောဂါ ဝင်ရောက်နိုင်ခြေ နည်းမှာဖြစ်ပါတယ်။ အစာအာဟာရနှင့် ကလေးဦးနှောက်ဉာဏ်ရည် မိခင်တွေအနေနဲ့ ကိုယ်ဝန်ဆောင်စဉ်မှာ အာဟာရမျှတတဲ့ အစားအစာတွေကိုသာ ရွေးချယ်စားသုံးသင့်ပါတယ်။ ဗီတာမင်အစုံအလင်ပါဝင်တဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေအပြင် ပရိုတင်းဓါတ်(အသားဓါတ်) ပါဝင်တဲ့ အသား၊ ငါး၊ ဥအမျိုးမျိုး၊ အစေ့အဆန်၊ နို့ထွက်ပစ္စည်းတွေကို လုံလောက်စွာ စားပေးဖို့ အရေးကြီးပါတယ်။ မိခင်တွေအနေနဲ့ ကလေးမွေးပြီးတဲ့ အချိန်မှာလည်း နို့ထွက်အားကောင်းစေဖို့ အာဟာရြဖစ်စေတဲ့ အစားအစာတွေကို များများစားပေးရပါမယ်။ မိခင်နို့မှာ ကလေးတွေ ကြီးထွားသန်စွမ်းဖို့နဲ့ ဉာဏ်ရည်ထက်မြက်စေဖို့ အာဟာရဓါတ်တွေ အများအပြားပါဝင်တဲ့အတွက် ကလေးတွေကို […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကလေးကို အဖျားတာတို စေမယ့် အစားအသောက်များ

အစားအစာတွေက ခန္ဓာကိုယ်ကို ခွန်အားထောက်ပံ့ပေးတာထက် ပိုတယ်ဆိုတာ အမှန်ပါပဲ။ ဖျားတဲ့နာတဲ့အခါ ထိခိုက်ဒဏ်ရာတစ်စုံတစ်ခုရထားတဲ့အခါ အစားအစာကို မှန်ကန်အောင်စားသောက်ပေးမယ်ဆိုရင် ဖျားနာမှုကို သက်သာစေသလို အနာတွေကိုလည်း ကျက်စေနိုင်ပါတယ်။ အချို့သောအစားအစာတွေက အားဖြစ်စေတယ်ဆိုတာထက်ပိုစေပြီး အအေးမိဖျားနာတာတွေကိုပါ တိုက်ထုတ်ပေးနိုင်တာပါ။ ဒါကြောင့် အဖျားတာတို စေအောင် ကလေးကို ဘယ်လိုကျွေးမွေးရမလဲသိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ဖျားနာနေတဲ့ကလေးကို အဖျားတာတို စေမယ့် အစားအသောက်များ ကြက်စွပ်ပြုတ် ဒီအစားအစာက အဖျားသက်သာစေနိုင်တယ်လို့ လူတော်တော်များများလက်ခံထားတဲ့ အစားအစာတစ်ခုပေါ့။ ကြက်စွပ်ပြုတ်မှာ ဗီတာမင်၊ သတ္တုဓာတ်တွေ၊ ပရိုတင်းနဲ့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေများစွာ ပါဝင်နေတာကြောင့် ဖျားနာနေတဲ့ ကလေးငယ်အတွက် အသင့်တော်ဆုံးဖြစ်မယ့် အစာကြေလွယ်တဲ့ အစားအစာတစ်မျိုးပေါ့။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ရေဓာတ်ကိုလည်းဖြည့်တင်းပေးနိုင်မှာပါ။ အုန်းရည် နေထိုင်မကောင်းတဲ့အခါ ချွေးထွက်တာကြောင့်ဖြစ်ဖြစ်၊ အော့အန်တာကြောင့်ဖြစ်ဖြစ် ရေဓာတ်တွေဆုံးရှုံးနိုင်ပါတယ်။ ခန္ဓာကိုယ်ကျန်းမာဖို့အတွက် ရေဓာတ်က မရှိမဖြစ်အရေးပါတဲ့ ဓာတ်တစ်မျိုးဖြစ်တာကြောင့် မြန်မြန်ကျန်းမာဖို့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း