ကလေးအာဟာရချို့တဲ့ခြင်း

သားသားမီးမီးတို့ ကျန်းကျန်းမာမာ ကြီးပြင်းလာဖို့အတွက်က အာဟာရ ပြည့်ဝဖို့ လိုပါမယ်။ ကိုယ့်ကလေးကို အာဟာရတွေ ပြည့်​အောင် ကျွေးမိရဲ့လား ကလေးက အာဟာရ ချို့တဲ့နေတာလားဆိုကို သေချာလေး သိဖို့ကလည်း မေမေတို့ မေ့ထားလို့ မရတဲ့ အချက်ပါ။ ဒါကြောင့် ကလေးက အာဟာရဆိုင်ရာ လိုအပ်ချက်ဖြစ်နေရင် ဘယ်လိုမျိုးတွေ ခံစားရနိုင်လဲ။ ဘယ်လိုတွေ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးရမလဲဆိုတာကို ဒီကဏ္ဍလေးထဲမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

ကလေးအာဟာရချို့တဲ့ခြင်း

ကြီးထွားဖွံ့ဖြိုးနေဆဲ အရွယ်ဖြစ်တဲ့ ကလေးတွေမှာ နေ့စဉ် လိုအပ်တဲ့ အာဟာရနဲ့ ဗီတာမင်တွေကို ပြည့်စုံစွာ ရရှိဖို့ အရေးကြီးပါတယ်။ ဒီအာဟာရဓါတ်တွေဟာ ကလေးတွေကို ကြီးထွားသန်စွမ်းပြီး ဉာဏ်ရည်ထက်မြက်စေနိုင်ရုံသာမက အရွယ်ရောက်လာတဲ့အခါ ရောဂါတွေကို မဖြစ်စေဖို့ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။ ကလေးတွေအတွက် ဗီတာမင်နဲ့ အာဟာရဓါတ်အကြောင်းလို့ ဆိုရာမှာ သံဓါတ်ကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ ယနေ့ခေတ်မှာ သံဓါတ်ချို့တဲ့မှုကြောင့် နောက်ဆက်တွဲ သွေးအားနည်း ဝေဒနာခံစားနေရပြီး အသက်ဆုံးရှုံးရတဲ့ ကလေးတွေ ပိုများလာပါပြီ။ ဒီနေ့မှာတော့ ကလေးအရွယ်တွေအတွက် လိုအပ်တဲ့ သံဓါတ်အကြောင်း၊ သံဓါတ်ချို့တဲ့နေတဲ့ ကလေးတွေမှာ ဘယ်လိုကျန်းမာရေးထိခိုက်စေနိုင်လဲ၊ ဘယ်အစားအစာတွေက သံဓါတ်ကြွယ်ဝလဲ၊ သံဓါတ်ချို့တဲ့မှု မဖြစ်စေဖို့ ဘယ်လိုကာကွယ်ပေးမလဲဆိုတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ သံဓါတ်ရဲ့ ကလေးတွေအတွက် အရေးပါပုံ သံဓါတ်ဆိုတာ ကလေးတွေအတွက် အလွန်အရေးကြီးတဲ့ သတ္တုဓါတ်တွေထဲက တစ်မျိုးဖြစ်ပါတယ်။ သွေးထဲမှာ ရှိတဲ့ […]