ကိုယ့်ရင်သွေးကျန်းမာပျော်ရွှင်နေဖို့က မိခင်တိုင်းတောင့်တမိတဲ့ဆုပါ။ မိခင်ဆိုတာမျိုးက ကိုယ့်သားသမီးတွေ ဆော့ရင်းမောသွားလို့ဖြစ်ဖြစ် အိပ်ချင်လို့ဖြစ်ဖြစ် အိပ်ပျော်သွားတာလေးကို ကြည့်ရင်းနဲ့တောင် ငါ့သားလေး သနားပါတယ်။ ငါ့သမီးလေးသနားပါတယ်လို့ တွေးမိတတ်သူတွေမဟုတ်လား။ ဒီတော့ ဘယ်လိုအခြေအနေမျိုးမှာမဆို ရင်သွေးကို သနားစိတ်ဖြစ်နေမိတတ်တဲ့ မေမေတို့အနေနဲ့ ကလေးက နို့သောက်ပြီးတိုင်း အန်နေမယ်ဆိုရင် ဘယ်လောက်တောင်စိုးရိမ်လိုက်မလဲနော်။ ကလေးကဆာလို့ နို့တိုက်လိုက်တယ်။ နို့သောက်ပြီး မကြာဘူး ကလေးကပြန်အန်တယ်။ ဘာဖြစ်မှန်းလဲမသိဘူး။ ဘာလုပ်ပေးရမှန်းလဲမသိဘူးဆိုတဲ့ မေမေတို့ ဒီဆောင်းပါးလေးဖတ်ကြည့်နော်။