ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့

ရာသီဥတုကတော့ တစ်နေ့ထက်တစ်နေ့ ပိုပိုပူပြရင်း နွေပီသနေတော့တာပဲနော်။ နွေရောက်လာရင် ရာသီဥတု ပူတာအပြင် မေမေတို့ကို စိတ်ညစ်စေတဲ့ နောက်ထပ် အကြောင်းအရာလေး တစ်ခု ရှိပါသေးတယ်။ ဒါကတော့ ကလေးတွေ နွေရာသီမှာ ဘာမှ မစားဘူးလို့ ဘာကျွေးကျွေး ဘူးခံငြင်းနေတာကိုပါ။ ဒီလို မစားတာက ကြီးထွားဖွံ့ဖြိုးမှုတွေ ဖြစ်ပေါ်နေတဲ့ ကလေးတွေမှာ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေမလားပေါ့။ ဒါကြောင့် ကလေးများ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့ ဘာတွေ ဂရုစိုက်ရမလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။  ကလေးများနဲ့ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့  သားသားမီးမီးတို့ ကောင်းကောင်းဖွံ့ဖြိုးစေဖို့အတွက် အာဟာရ အမျိုးမျိုးကို ပြည့်စုံဖို့ လိုပါမယ်။ ဒီလို အာဟာရ ပြည့်စုံဖို့ ဆိုရာမှာလည်း ကလေးကို အာဟာရ ပြည့်ဝအောင် ကျွေးမိဖို့ လိုတာပေါ့။ ကလေးကို အာဟာရ ပြည့်ဝအောင် ကျွေးချင်ပေမယ့်လည်း ရာသီဥတု […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

သားသားမီးမီးတို့နဲ့ အသည်းရောင်အသားဝါ အေ

ချစ်ရတဲ့ သားသားမီးမီးလေးတွေကို ကျန်းမာပြီး ရောဂါကင်းစေချင်တာက မေမေဖေဖေတိုင်းရဲ့ စိတ်ကူးပါ။ ဒီတစ်ခေါက်တော့ ကာကွယ်လို့ရတဲ့ အသည်းရောင်အသားဝါ အေ ရောဂါ မဖြစ်ရလေအောင် ဘယ်လို ကာကွယ်လို့ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ သားသားမီးမီးတို့ကို အသည်းရောင်အသားဝါ အေ မဖြစ်ရလေအောင် ဘယ်လိုကာကွယ်ရမလဲဆိုတာကို မပြောပြသေးခင်မှာ အသည်းရောင်အသားဝါ အေ အကြောင်းလေးကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ သားသားမီးမီးတို့နဲ့ အသည်းရောင်အသားဝါ အေ အသည်းရောင်အသားဝါ အေ ရောဂါက အသည်းရောင်အသားဝါ အေဗိုင်းရပ်စ်ကြောင့် အသည်းမှာ ရောင်ရမ်းမှု ဖြစ်စေတာပါ။ ဒီအခြေအနေက နာတာရှည် အသည်းပျက်စီးမှု ဖြစ်စေနိုင်ပါတယ်။ ဒီ အသည်းရောဂါက ပြင်းထန်ပြီး အသက်အန္တရာယ် ရှိစေနိုင်တာကြောင့် မိဘတွေ အနေနဲ့ သေချာလေး ဂရုစိုက် ကာကွယ်ဖို့ လိုပါမယ်။ တချို့တွေမှာ အလိုလိုပျောက်သွားနိုင်တယ်ဆိုပေမယ့် မကူးစက်အောင် ကာကွယ်တာ၊ ရောဂါလက္ခဏာတွေ သိထားတာက […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဇန်နဝါရီလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ

ဇန်နဝါရီလ ဆိုတာက နှစ်တစ်နှစ်တဲ့ ပထမဆုံးသော လလေးတစ်လပါ။ နှစ်တစ်နှစ်တာရဲ့ အစဖြစ်သလို ဆုံးဖြတ်ချက်အသစ်တွေ၊ ကတိကဝတ်အသစ်တွေနဲ့ အသစ်အသစ်သောအရာတွေကို ချမှတ်လုပ်ဆောင်ကြတဲ့ လလေးတစ်လပါ။ ဒီလို အသစ်အသစ်တွေကို လုပ်ဆောင်ကြတဲ့ ဇန်နဝါရီလမှာ မွေးဖွားထားတဲ့ ဘေဘီလေးက ဘာတွေများ ထူးခြားနေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဇန်နဝါရီလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ ဇန်နဝါရီလမှာ မွေးဖွားတဲ့ ဘေဘီလေးတွေရဲ့ ထူးခြားချက်လေးများ ကတော့ သူတို့လေးတွေက ရယ်ရွှင်ဖွယ်ရာ ကလေးလေးတွေပါ ဇန်နဝါရီလမှာ မွေးဖွားတဲ့ ကလေးလေးတွေက အတော်လေးကို ရယ်စရာတွေ ဖန်တီးနိုင်ကြပါတယ်။ သူတို့နဲ့နေရင်  ဘယ်တော့မှ မပျင်းရပါဘူး။ ဇန်နဝါရီလဖွား ကလေးလေးတွေက ကိုယ်တိုင်လည်း ပျော်ပျော်ရွှင်ရွှင်နေတတ်သလို နှစ်လိုဖွယ်ကောင်းတဲ့ ကလေးလေးတွေပါတဲ့။ အခြားသူတွေကိုလည်း ပျော်ရွှင်စေဖို့ လုပ်ဆောင်ပေးပါတယ်တဲ့။ အပြုသဘောရှိကြတယ် ဇန်နဝါရီလဖွား ဘေဘီလေးတွေက အခြားလဖွား ကလေးလေးတွေထက်စာရင် အပြုသဘောဆောင်ကြပါတယ်။ သူတို့လေးတွေက ဆောင်းရာသီရဲ့ […]


ကလေးအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

ဆောင်းအအေးကြောင့် ကလေးမှာပန်းနာရင်ကျပ် ပိုမဆိုးလာစေဖို့

ကလေးက ပန်းနာရင်ကျပ်ရှိနေတယ်။ ကျန်တဲ့အချိန်တွေမှာ အဆင်ပြေပေမယ့် ဆောင်းရာသီရောက်လာပြီဆိုရင် ဆောင်းရာသီရဲ့ အအေးဓာတ်ကြောင့် ပန်းနာရင်ကျပ်က ပိုဆိုးလာလို့ စိတ်ညစ်နေတဲ့ မေမေဖေဖေတွေ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ လိုနေပါပြီ။ ကဲ .... ဆောင်းအအေးကြောင့် ကလေးမှာပန်းနာရင်ကျပ် ပိုမဆိုးလာစေဖို့ ဘာတွေ ဂရုစိုက်ပေးရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဆောင်းရာသီမှာ ပန်းနာရင်ကျပ် ပိုဆိုးနိုင်သလား! ပန်းနာရင်ကျပ်က နာတာရှည် ကျန်းမာရေး ပြဿနာဆိုပေမယ့် ဆောင်းရာသီ ရောက်လာချိန်မှာ ပန်းနာရင်ကျပ်က ပိုဆိုးလာပါတယ်။ အကြောင်းကတော့ ဆောင်းရာသီမှာ လေထုက အေးမြခြောက်သွေ့နေပြီး ဒီအေးမြခြောက်သွေ့နေတဲ့ လေထုက အဆုတ်တွေကို မအီမသာဖြစ်စေပြီး အသက်ဝဝရှူဖို့ ခက်ခဲတာမျိုး ခံစားရနိုင်ပါတယ်။ ဒီလိုအခြေအနေတွေက ပန်းနာရင်ကျပ် ဖြစ်တာကို ပိုဆိုးစေမှာပါ။ လေထုရဲ့ အပူချိန် နဲ့ စိုထိုင်းဆက ပန်းနာရင်ကျပ် ဖြစ်တာကို […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

သားသားမီးမီးတွေရဲ့ ကိုယ်ခံအား ပြည့်ပြည့်ဝဝဖွံ့ဖြိုးစေဖို့ ဘယ်လို အာဟာရတွေ ဖြည့်ဆည်းပေးရမလဲ။

ရောဂါတစ်ခုခုဖြစ်ရင် ကလေးတွေက ပိုကူးစက်လွယ်တာကို သိကြတယ်ဟုတ်။ ဒါက ဘာကြောင့်လဲဆိုတော့ ကလေးတွေရဲ့ ကိုယ်ခံအား က ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတာကြောင့်ပါ။ ဒါပေမယ့် ကလေးရဲ့ ကိုယ်ခံအားတွေ ဒီထက်ပို ဖွံ့ဖြိုးလာဖို့ မိဘတွေက ဘေးကနေ ကူညီပေးလို့ ရပါတယ်။ ကလေးတွေကို အသက်အလိုက် ကာကွယ်ဆေးတွေ ထိုးနှံတာ၊ လိုအပ်တဲ့ အာဟာရတွေ ဖြည့်ပေးတာက ကိုယ်ခံအားပြည့်ပြည့်ဝဝဖွံ့ဖြိုးစေဖို့ နည်းလမ်းကောင်းတွေပါပဲ။ ကိုယ်ခံအားစနစ် ဘာလုပ်ပေးသလဲ ကိုယ်ခံအားစနစ်က ကလေးတွေကို ရောဂါပိုးတွေနဲ့ ဖျားနာမှုတွေကနေ ကာကွယ်ပေးပါတယ်။ ကိုယ်ခံအားစနစ်ထဲမှာ ဆဲလ်တွေ၊ ပရိုတင်းတွေ၊ တစ်ရှူးတွေနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းအားလုံးက လက်တွဲညီညီနဲ့ ပြင်ပကနေ ကျူးကျော်ဝင်ရောက်လာတဲ့ ရောဂါပိုးတွေကို တိုက်ထုတ်ပါတယ်။ ကိုယ်ခံအားက အရွယ်ရောက်လာလေလေ သန်မာလာလေလေပါ။ https://hellosayarwon.com/parenting/school-age-children/school-age-children-nutrition/super-foods-for-kids/ ကိုယ်ခံအား တစ်ရပ်ကို ဘယ်လို တည်ဆောက်ယူရသလဲ မေမေဆီကနေ မွေးဖွားလာချိန်မှာ ကိုယ်ခံအားက ကလေးတွေဆီကို သဘာဝလက်ဆောင်အနေနဲ့ ပါလာတာဖြစ်ပါတယ်။ […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

ကျောင်းနေအရွယ် သားသားမီးမီးတို့ကို သင်ကြားပေးထားသင့်တဲ့ ကိုယ်ခံအားဖြည့်အလေ့အထများ

ကျောင်းဆိုတဲ့နေရာက ကလေးတွေကို အမှီအခိုကင်းတဲ့ လူကြီးလေးတစ်ယောက်အဖြစ် ရှင်သန်ကြီးပြင်းလာစေဖို့ လေ့လာစရာတွေကို သင်ကြားပေးပြီး လူမှုဆက်ဆံရေးပညာရပ်တွေနဲ့ သိမြင်မှုစွမ်းရည်တွေ တိုးတက်အောင် သင်ကြားပေးတဲ့နေရာပါ။ ကျောင်းနေအရွယ် ရောက်လာပြီဆိုရင် ကလေးတွေရဲ့ အချိန်တော်တော်များများက စာသင်ခန်းတွေထဲမှာ ကုန်ဆုံးကြတာပါ။ စာသင်ခန်း ဆိုတဲ့နေရာမှာ ကလေးတွေ အများအပြားရှိသလို ရောဂါပိုးတွေလည်း မနည်းပါဘူး။ ကလေးတစ်ယောက်ကနေ တစ်ယောက်ကို ရောဂါပိုးတွေ ကူးစက်နိုင်ခြေကလည်း တော်တော်လေး များပါတယ်။ ဒီပြဿနာတွေက ရှောင်လွှဲလို့ မရဘူးလားဆိုတော့ မဟုတ်ပါဘူး။ သားသားမီးမီးတို့ကို သင်ကြားပေးထားသင့်တဲ့ ကိုယ်ခံအားဖြည့်အလေ့အထများ ကို လေ့လာထားမယ်ဆိုရင် ကလေးကို ရောဂါပိုးတွေကနေ ကာကွယ်ထားနိုင်မှာပါ။ ကျောင်းနေအရွယ် သားသားမီးမီးတို့ကို သင်ကြားပေးထားသင့်တဲ့ ကိုယ်ခံအားဖြည့်အလေ့အထများ   ကျောင်းနေတဲ့အရွယ်ရောက်လာပြီဆိုပေမယ့် သားသားမီးမီးတွေက အသက် ၇ နှစ် ကျော် ၈ နှစ် မရောက်သေးခင်အထိ သူတို့လေးတွေရဲ့ ကိုယ်ခံအားက ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးပါဘူး။ […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို ရေနွေးကြမ်း တိုက်လို့ရလား

ရေနွေးကြမ်းက ဘေဘီလေးတွေနဲ့ မသက်ဆိုင်တဲ့ သောက်စရာ တစ်ရပ်ဆိုပေမယ့် ဖိုးဖိုးဖွားဖွားတွေနဲ့ ကြီးပြင်းတဲ့ ဘေဘီလေးတွေမှာတော့ ရေနွေးကြမ်းသောက်တာက သိပ်ပြီး မစိမ်းနေတာမျိုး ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်က ရေနွေးကြမ်းထဲမှာမှ ချာမိုမိုင်း ရေနွေးကြမ်းလိုမျိုး ဆေးဖက်ဝင်တဲ့ ရေနွေးကြမ်းတွေက ဘေဘီလေးကို ကျန်းမာစေမလားဆိုပြီး မေမေတွေကိုယ်တိုင် တိုက်မိနိုင်တာမျိုးပါ။ ဒီတစ်ခေါက်တော့ ဘေဘီလေး နဲ့ ရေနွေးကြမ်းက တည့်လား ..... ဘေဘီလေးကို ရေနွေးကြမ်း တိုက်လို့ရလား ...... ဆိုတာလေးတွေကို ပြောပြပေးချင်ပါတယ်။ ဘေဘီလေးကို ရေနွေးကြမ်း တိုက်လို့ရလား ဘေဘီလေးကို ရေနွေးကြမ်း တိုက်လို့ရလား ..... ဆိုတော့ ဘေဘီလေးက အသက် ၆ လပြည့်ပြီးပြီဆိုရင်တော့ တိုက်လို့ရပါတယ်။ ဒါကလည်း အများကြီးတော့ တိုက်လို့ မရပါဘူး။ အနည်းအကျဉ်းပဲ တိုက်လို့ ရမှာပါ။  မတိုက်ရင်တော့ အကောင်းဆုံးပါပဲ။ ကလေးက အသက် […]


ဆယ်ကျော်သက်နှင့်လူငယ်ကျန်းမာရေးပြဿနာများ

ဆယ်ကျော်သက်တွေ ဆေးလိပ်သောက်ရတဲ့ အကြောင်းအရင်း

ဆယ်ကျော်သက်တွေမှာ အတွေ့ရများတဲ့ ကိစ္စလေး တစ်ခုရှိပါတယ်။ ဒါကတော့ ဆေးလိပ်သောက်တာပါ။ ဆေးလိပ်သောက်တာကို စတင်ဖြစ်တဲ့ အရွယ်က ဆယ်ကျော်သက်အရွယ်မှာပါ။ ဆယ်ကျော်သက်အရွယ်မှာ ဆေးလိပ်သောက်တာကို စသောက်ဖြစ်ကြပြီး ရေရှည်မှာဆိုရင် ဆေးလိပ်သောက်တာက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေတာအပြင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဆယ်ကျော်သက်တွေ ဆေးလိပ်သောက်ရတဲ့ အကြောင်းအရင်း ကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ဆေးလိပ်သောက်မှုကို စတင်စမ်းသပ်တဲ့အရွယ် = ဆယ်ကျော်သက် ဆေးလိပ်သောက်တတ်တဲ့ အရွယ်ရောက်ပြီးသူ တော်တော်များများကို စစ်တမ်းကောက်ကြည့် တဲ့အခါ သူတို့တွေဟာ ဆယ်ကျော်သက်အရွယ်မှာစပြီး ဆေးလိပ်သောက်တာကို စတင်ခဲ့ကြတာလို့ သိရပါတယ်။ ဆေးလပ်သောက်သုံးသူ ၉၀ %ဟာ အသက် ၁၈ နှစ်မတိုင်ခင်မှာ ဆေးလိပ်ကို ပထမဆုံးအကြိမ် သောက်သုံးဖူးကြတာ ဖြစ်ပါတယ်။ တစ်နှစ်ထက် တစ်နှစ်မှာလည်း ဆယ်ကျော်သက်အရွယ် ဆေးလိပ်သောက်သုံးသူ အရေအတွက်ဟာ တဖြည်းဖြည်းချင်း […]


ကလေးအာရုံကြောဆိုင်ရာရောဂါများ

သားသားမီးမီးတို့မှာ ဖြစ်တတ်တဲ့ အာရုံကြောဆိုင်ရာ ရောဂါများအကြောင်း

ဦးနှောက်ဆိုတာက လူသားတွေရဲ့ ခန္ဓာကိုယ် အတွင်းပိုင်းမှာရှိတဲ့ အရေးပါပြီး ထိရှလွယ်တဲ့ အစိတ်အပိုင်းတွေထဲက တစ်ခုပေါ့။ အာရုံကြောဆိုင်ရာ ရောဂါတွေက ဦးနှောက်မှာ ပုံမှန်မဟုတ်တဲ့ အခြေအနေ တစ်ရပ်ရပ် ရှိနေတဲ့ သဘောပါ။ ဦးနှောက်မှာ မူမမှန်တဲ့ အခြေအနေတစ်ရပ်ရပ် ရှိနေတာကြောင့်  ဦးနှောက်အပေါ်မှာ မှီခိုလှုပ်ရှားနေတဲ့ ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုတွေမှာ ပြဿနာတွေ ရှိလာတာပါ။ ဒီတစ်ခေါက်တော့ သားသားမီးမီးတို့မှာ ဖြစ်တတ်တဲ့ အာရုံကြောဆိုင်ရာ ရောဂါများအကြောင်း လေ့လာကြည့်ရအောင်နော်။ ဦးနှောက် ဘယ်အချိန်မှာ စတင် ဖွံ့ဖြိုးသလဲ ဦးနှောက်က  ဘေဘီလေး မေမေ့ဗိုက်ထဲမှာ ရှိတဲ့ အချိန်ကတည်းက စတင် ဖွံ့ဖြိုးတာပါ။ ဒီလိုကနေမှ အသက်အရွယ်လိုက် ဆက်လက်ဖွံ့ဖြိုးလာတာပဲ ဖြစ်ပါတယ်။ ဦးနှောက်စတင် ဖွံ့ဖြိုးကတည်းက ဦးနှောက်ဆဲလ်တွေက ပုံစံပေါ်အောင် ဖွံ့ဖြိုးပြီး ဖြစ်ပေမယ့် နောက်ပိုင်းမှ အာရုံကြောတွေနဲ့ […]


ကလေးအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

သားသားမီးမီးတို့မှာ ဖြစ်လေ့ရှိတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများက အဖြစ်များတဲ့ ကလေး ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ ဒီတစ်ခေါက်တော့ ဖေဖေမေမေတို့ သတိထားမိနိုင်စေဖို့ သားသားမီးမီးတို့မှာ ဖြစ်လေ့ရှိတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ အသက်ရှူလမ်းကြောင်း ဆိုတာ အသက်ရှူလမ်းကြောင်း ဆိုတာက ပြင်ပကလေတွေကို ရှူသွင်းပြီး ကိုယ်တွင်းက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်ပေးပါတယ်။  ဒါကြောင့်ပဲ ရောဂါပိုးတွေက အသက်ရှူလမ်းကြောင်းကနေ အလွယ်တကူ ဝင်ရောက်ကူးစက်တာပါ။ အသက်ရှူလမ်းကြောင်းစနစ်ကို ထိခိုက်တဲ့ ရောဂါတွေက နှာခေါင်း၊ အဆုတ် နဲ့ လည်ချောင်းတွေကို ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ခံအား ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတဲ့ ကလေးတွေမှာ အသက်ရှူလမ်းကြောင်းကတဆင့် ဗိုင်းရပ်စ်တွေနဲ့ ဘက်တီးရီးယားတွေ ဝင်ရောက်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ခံစားရနိုင်ပါတယ်။ ကလေးတွေမှာ အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အကြောင်း […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

တစ်နေ့ ၃နပ် ကျွေးရုံနဲ့ ကလေးမှာ လိုအပ်တဲ့အာဟာရတွေ ပြည့်မီပါ့မလား။

ကလေးအရွယ်ရလာတဲ့အခါ လူကြီးတွေနဲ့ ထမင်းအတူ၊ ဟင်းအတူ စားလာကြပါပြီ။ လူကြီးတွေ စားသလို တစ်နေ့ ၃နပ် စားလာကြပါတယ်။ မေမေတို့ ထင်တာကလည်း တစ်နေ့ ၃နပ် ကို ဝဝလင်လင် စားရရင် လုံလောက်ပြီလို့ပါ။ ဒါပေမယ့် မေမေတို့ မျက်စိရှေ့မှာတင် ကလေးက တစ်နေ့ ၃နပ် စားနေပေမယ့် ကလေးက ထင်သလောက် ဝိတ်မတက်တာ၊ ညှက်လာတာ ကြုံဖူးမှာပါ။ တစ်နေ့၃နပ် ကျွေးရုံနဲ့ကလေးကအာဟာရပြည့်ပါ့မလား ပုံမှန်လည်း ကျွေးနေရဲ့သားနဲ့ ကလေးက ထွားမလာဘူးဆိုတာ ဒီအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။ ကလေးက အစားချေးများလို့ပါ။ ကလေးက သဘာဝကိုက အစားချေးများပါတယ်။ အသားမစားဘူး။ အရွက်မစားဘူး စသဖြင့် ဂျီတိုက်တတ်ပါတယ်။ မေမေတို့ကလည်း ကလေးက အသားပါရင် မစားလို့၊ အရွက်ပါရင် မစားလို့ ရှောင်ကျွေးရကနေ ကလေးက လိုအပ်တဲ့ အာဟာရတွေ မရတော့ပါဘူး။ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)