ကိုယ်ခံအားစနစ် ဘာလုပ်ပေးသလဲ
ကိုယ်ခံအားစနစ်က ကလေးတွေကို ရောဂါပိုးတွေနဲ့ ဖျားနာမှုတွေကနေ ကာကွယ်ပေးပါတယ်။ ကိုယ်ခံအားစနစ်ထဲမှာ ဆဲလ်တွေ၊ ပရိုတင်းတွေ၊ တစ်ရှူးတွေနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းအားလုံးက လက်တွဲညီညီနဲ့ ပြင်ပကနေ ကျူးကျော်ဝင်ရောက်လာတဲ့ ရောဂါပိုးတွေကို တိုက်ထုတ်ပါတယ်။ ကိုယ်ခံအားက အရွယ်ရောက်လာလေလေ သန်မာလာလေလေပါ။
ကိုယ်ခံအား တစ်ရပ်ကို ဘယ်လို တည်ဆောက်ယူရသလဲ
မေမေဆီကနေ မွေးဖွားလာချိန်မှာ ကိုယ်ခံအားက ကလေးတွေဆီကို သဘာဝလက်ဆောင်အနေနဲ့ ပါလာတာဖြစ်ပါတယ်။ နောက်ပိုင်းကာလတွေမှာတော့ ဖေဖေမေမေတွေက ကလေးရဲ့ ကိုယ်ခံအား တည်ဆောက်မှုကို စတင် အားဖြည့်ပေးဖို့လိုပါမယ်။ အာဟာရပြည့်ဝအောင် ကျွေးမွေးပေးရင်း၊ ကောင်းမွန်တဲ့ အလေ့အထလေးတွေကို သင်ကြားပေးရင်းပေါ့။
အာဟာရတွေ ပြင်ဆင်ကျွေးမွေးမှုနဲ့အတူ တစ်ဖက်ကလည်း အသက်အရွယ်အလိုက် ထိုးနှံရမယ့် ကာကွယ်ဆေးတွေကို ထိုးနှံပေးရပါတယ်။ အာဟာရပြည့်မီအောင် ဂရုစိုက်တာ ကာကွယ်ဆေး ထိုးနှံတာအပြင် ကလေးကို ပြည့်ဝတဲ့ အိပ်စက်ချိန်ရှိအောင်လည်း ဂရုစိုက်ပေးရပါတယ်။ အကြောင်းကတော့ ပြည့်ဝတဲ့ အိပ်စက်ချိန် ရှိမှလည်း ကလေးက ကိုယ်ခံအားကောင်းကောင်း နဲ့ အကောင်းဆုံး ဖွံ့ဖြိုးနိုင်မှာကိုး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။