backup og meta

Premium

ဖေဖော်ဝါရီလမှာ မွေးဖွားတဲ့ ဘေဘီလေးများရဲ့ ထူးခြားချက်လေးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 06/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဖေဖော်ဝါရီလမှာ မွေးဖွားတဲ့ ဘေဘီလေးများရဲ့ ထူးခြားချက်လေးများ

    ဖေဖော်ဝါရီလဆိုတာက ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နှက်နေတဲ့ လတစ်လပါ။ အခြားလတွေထက် နွေးထွေးပျော်ရွှင်မှုတွေကို ခံစားရတဲ့ လတစ်လပေါ့။ နောက်တစ်ချက်က ဖေဖော်ဝါရီလဆိုတာက နှစ်တစ်နှစ်တာမှာ ကာလအတိုဆုံးလ တစ်လပါ။ ၂၈ ရက်သာ ပါရှိပြီး ရက်ထပ်နှစ်ဖြစ်မှ ၂၉ ရက်ပဲ ရှိတဲ့ လတစ်လပါ။ ဒီလို ရက်အတိုင်းအတာက တိုပေမယ့် ချစ်ခြင်းမေတ္တာ အပါအဝင် အရာရာက နည်းပါးတယ် ရှားပါးတယ်တော့ မရှိပါဘူး။ ဒီလို ထူးခြားတဲ့ လတစ်လဖြစ်တဲ့ ဖေဖော်ဝါရီလမှာ မွေးဖွားတဲ့ ဘေဘီလေးများရဲ့ ထူးခြားချက်လေးများ ကရော ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    ဆောင်းပါးအဆုံးကို သွားမည်။

    ဤဆောင်းပါးသည် Hello ဆရာဝန်အဖွဲ့ဝင်များအတွက်သာဖြစ်သည်။ ဆောင်းပါးကို အဆုံးထိ ဖတ်ရှုန်ုင်ရန် စာရင်းသွင်းပါ။

    ဖေဖော်ဝါရီလမှာ မွေးဖွားတဲ့ ဘေဘီလေးများရဲ့ ထူးခြားချက်လေးများ

    ဖေဖော်ဝါရီလမှာ မွေးဖွားတဲ့ ဘေဘီလေးများရဲ့ ထူးခြားချက်လေးများ ကတော့

    • စကားပြော ပြတ်သားပြီး ရိုးသားကြသူတွေပါ

    ဖေဖော်ဝါရီလဖွားလေးတွေက လိမ်မပြောတတ်ကြတဲ့ လူဖြောင့်တွေပါ။ မုသားမပါ လင်္ကာမချောဆိုတဲ့ အခြေအနေမှာတောင် လိမ်မပြောတတ်ကြသူတွေပါ။ အမှန်တရားကို ချစ်မြတ်နိုးကြသလို ဟန်ဆောင်လိမ်ညာမှု ကင်းတဲ့ ရိုးသားဖြောင့်မတ်ကြသူတွေပါ။ မှန်ကန်မှုကို မျှဝေရတာကို နှစ်ခြိုက်ကြသူလေးတွေပေါ့။

    • သနားကြင်နာတတ်ကြသူတွေပါ

    ဖေဖော်ဝါရီလဖွား ဘေဘီလေးတွေက အရမ်းကို သနားကြင်နာတတ်ကြသူတွေပါ။ သူငယ်ချင်းတွေ မိသားစုဝင်တွေအပေါ် အရမ်းကြင်နာတတ်ကြသူတွေပါ။ အခြားသူတွေကို ပေးဝေလှူဒါန်းတတ်ကြသလို မိတ်ဆွေသူငယ်ချင်းတိုင်းရဲ့ အသေးအမွှားတွေအတွက်လည်း အချိန်ပေး ဖြေရှင်းတတ်ကြသူလေးတွေပါ။

    • အတော်လေး ထူးခြားကြသူတွေပါ

    လုပ်ကိုင်ဆောင်ရွက်ပုံတွေက အခြားနဲ့ မတူသလို စိတ်ဝင်စားမှုတွေ ဝတ်စားပုံတွေကအစ အခြားသူတွေနဲ့ မတူဘဲ အတော်လေး ထူးခြား​ကြပါတယ်။ သူတို့လေးတွေရဲ့ ထူးခြားမှုအပေါ် မိဘတွေက အားဖြည့်ပေးဖို့လည်း လိုပါမယ်။ ကလေးကို သူ့ရဲ့ ကွဲပြားမှုကို ယုံကြည်မှု ရှိအောင် လုပ်ဆောင်ပေးတာက သူတို့လေးတွေရဲ့ ထူးခြားမှုကို အားဖြည့်ပေးရာရောက်ပါတယ်။

    • တီထွင်ဖန်တီးဉာဏ် ကောင်းကြတယ်

    ဖေဖော်ဝါရီလမှာ မွေးဖွားတဲ့ ဘေ​ဘီလေးတွေက စိတ်ကူးဉာဏ်ရင့်သန်ကြသလို တီထွင်ဖန်တီးမှုစွမ်းအားလည်း ကောင်းကြပါတယ်။ ကလေးက ကိုယ်ပိုင်ဖန်တီးနိုင်စွမ်း မြင့်သလို ပဟေဠိတွေကို ဖြေရှင်းနိုင်စွမ်းလည်း ကောင်းကြပါတယ်။ ဖေဖော်ဝါရီဖွားလေးတွေက အနာဂတ်မှာ တီထွင်ဖန်တီးဉာဏ်ကောင်းလွန်းတဲ့သူလေးတွေ ဖြစ်လာကြမှာပါ။ အနုပညာမှာ ဝါသနာထုံကြသူတွေပါ။

    • သူတို့က ဆန်းသစ်တီထွင်တတ်ကြသူတွေပါ

    အနုပညာရှင်တွေအပြင် တီထွင်ဖန်တီးနိုင်သူတွေ သိပ္ပံပညာရှင်တွေကလည်း ဖေဖော်ဝါရီလမှာ မွေးဖွားကြပါတယ်။ သိပ္ပံညာရပ်တွေမှာ ဝါသနာထုံကြသူတွေပါ။ သေးသေးမွှားမွှားလေးကစလို့ ကြီးကြီးမားမားတွေအထိ တီထွင်ဖန်တီးနိုင်ကြသူတွေပါ

    • အရာရာကို လွယ်လွယ်နဲ့ လက်မခံတတ်ကြဘူး

    ဖေဖော်ဝါရီလမှာ မွေးဖွားကြတဲ့ ဘေဘီလေးတွေက အရာရာတိုင်းကို လွယ်လွယ်နဲ့ လက်မခံတတ်ကြပါဘူး။ သူတို့တွေက အခြားသူတွေနဲ့ မတူတဲ့ အတွေးအမြင်တွေ ရှိကြသလို အပြုအမူကလည်း အခြားသူတွေနဲ့ ကွာခြားကြပါတယ်။ သင်္ချာပုစ္ဆာတစ်ပုဒ်တည်းကိုတောင် အခြားသူတွေနဲ့ မတူတဲ့ ဖြေရှင်းနည်း ပုံသေနည်းတွေနဲ့ ဖြေရှင်းတတ်ကြသူလေးတွေပေါ့။

    • စိတ်ခွန်အား ကောင်းကြသူလေးတွေပါ

    အမျိုးအမျိုးသော စိန်ခေါ်မှုတွေနဲ့ ပြောင်းလဲမှု အမျိုးမျိုးကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ကြသူတွေပါ။ ဖေဖော်ဝါရီလဖွားလေးတွေက စိတ်ခံစားမှုပိုင်း ကြံ့ခိုင်ကြသလို အလွယ်တကူလည်း အရှုံးမပေးတတ်ကြသူတွေပေါ့။ အခက်ခဲဆုံး အချိန်တွေကို မတုန်မလှုပ် ဟန်မပျက် ကျော်ဖြတ်နိုင်ကြသူလေးတွေပါ။

    • စကားပြောကောင်းကြသူလေးတွေပါ

    ဖေဖော်ဝါရီလဖွား ဘေဘီလေးတွေက စကားပြော ကောင်းကြသူလေးတွေပါ။ အကြောင်းအရာ အမျိုးမျိုးကို ဆွေးနွေးပြောဆိုနိုင်​ကြသလို အများမသိတဲ့ အကြောင်းအရာတွေကိုလည်း ဆွေးနွေးနိုင်ကြသူလေးတွေပါ။ ဒါကလည်း သူတို့လေးတွေရဲ့ သူမတူတဲ့ စွမ်းရည် တစ်ခုပေါ့။

    ဖေဖော်ဝါရီလမှာ မွေးဖွားကြတဲ့ ဘေဘီလေးတွေမှာ အခုလို ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးလေးတွေကို ပိုင်ဆိုင်ထားကြပါတယ်။ အကောင်းဆုံး ဖြစ်လာအောင် ပျိုးထောင်ပေးဖို့ကတော့ မေမေဖေဖေတို့မှာ တာဝန်ရှိတာပေါ့နော်။ ကလေးတွေကို ငယ်စဉ်ကတည်းက အကောင်းဆုံး ပျိုးထောင်ပေးတာက ကလေးကို ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးလိုက်တာပါပဲနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 06/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement