ပါးလေးရဲ့ ပါးစပ် နဲ့ နှာခေါင်းကို နွေးနွေးထွေးထွေး ဖြစ်စေဖို့ နဲ့ ဓာတ်မတည့်မှုတွေနဲ့ ထိတွေ့တာကနေ ကာကွယ်ဖို့အတွက် ကလေးကို အိမ်ပြင်ထွက်တဲ့ အခါတိုင်းမှာ ပါးစပ်နဲ့ နှာခေါင်းစည်းကို သေချာလေး ဝတ်ဆင်ပေးပါ။ ဒီလို ဝတ်ဆင်ပေးတာက အဆုတ်တွေကို လေအေးအေးနဲ့ တိုက်ရိုက်ထိတွေ့မှုကနေ ကာကွယ်ပေးပြီး ဆောင်းအအေးကြောင့် ပန်းနာရင်ကျပ် မဖြစ်အောင် အတိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးနိုင်မှာပါ။
- တုပ်ကွေး ကာကွယ်ဆေး ထိုးထားပါ
တုပ်ကွေးဖြစ်တာ၊ အအေးမိတာတွေက ကလေးတွေအတွက်ရော လူကြီးတွေအတွက်ပါ အတော်လေး စိတ်ညစ်ရတဲ့ အခြေအနေပါ။ နောက်တစ်ချက်က တုပ်ကွေးမိတာက ပန်းနာရင်ကျပ်ရောဂါကို ပိုဆိုးစေသလို ပန်းနာရင်ကျပ် ရှိနေတာကလည် တုပ်ကွေးလက္ခဏာတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ကလေးမှာ ပန်းနာရင်ကျပ်ရောဂါ ရှိမယ်ဆိုရင် ကလေးကိုရော ကျန်တဲ့ မိသားစုဝင်တွေပါ တုပ်ကွေးကာကွယ်ဆေး ပုံမှန် နှစ်စဉ် ထိုးထားပေးပါ။
- သွားလေရာကို inhaler ဆောင်သွားပါ
ကလေးကို ကျောင်းသွားရင် ဖြစ်ဖြစ်၊ အပြင်သွားရင်ဖြစ်ဖြစ် ကလေးနဲ့ အမြဲပါသွားမယ့် လွယ်အိတ် ဒါမှမဟုတ် အိတ်တစ်ခုခုထဲကို inhaler ပါအောင် ထည့်ပေးပါ။ တချို့ကလေးတွက ကလေးက ကစားကွင်းတွေ၊ အပြင်လည်ပတ်စရာနေရာတွေမှာ လှုပ်လှုပ်ရှားရှား ကစားပြီးရင် ကျပ်တတ်ပါတယ်။ ဒါဆိုရင်တော့ ဆရာဝန်ညွှန်ကြားချက်နဲ့ မဆော့ခင် ၁၅ မိနစ် အလိုလောက်မှာ ပန်းနာရင်ကျပ် မထအောင် ကာကွယ်တဲ့ အနေနဲ့ inhaler ရှူဖို့လိုနိုင်ပါတယ်။
- တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ
တုပ်ကွေးကာကွယ်ဆေး ထိုးထားတယ် ဆိုပေမယ့် ဆောင်းရာသီမှာ မတော်တဆ အအေးမိတာ၊ တုပ်ကွေးဖြစ်တာတွေ မဖြစ်စေဖို့အတွက် ကလေးရဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးကို သေချာ ဂရုစိုက်ပါ။ အအေးမိတာ နဲ့ တုပ်ကွေးဖြစ်တာက ပန်းနာရင်ကျပ်ကို ပိုဆိုးစေသလို ပန်းနာရင်ကျပ် ရှိနေခြင်းကလည်း အအေးမိတာ နဲ့ တုပ်ကွေးဖြစ်တာကြောင့် ခံစားရတဲ့ လက္ခဏာတွေကို ပိုဆိုးစေနိုင်ပါတယ်။
ဒါကြောင့် ကလေးကို တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထတွေဖြစ်တဲ့ မကြာခဏ လက်ဆေးတာ၊ နှာချေချောင်းဆိုးတဲ့အခါ ပါးစပ်နဲ့ နှာခေါင်းကို အုပ်ဆိုးတာ၊ မျက်နှာကို လက်နဲ့ ကိုင်တွယ်ထိတွေ့တာမျိုးတွေ မလုပ်ဖို့ သင်ထားပေးပါ။
ဒီအချက်တွေအပြင် ကလေးကို အာဟာရပြည့်ဝအောင် ကျွေးတာ၊ အိပ်ရေးဝအောင် အိပ်စေတာ၊ ဓာတ်မတည့်မှု ဖြစ်စေတဲ့ အရာတွေနဲ့ ကိုင်တွယ်ထိတွေ့မိတာမျိုး၊ တဆင့်ခံဆေးလိပ်ငွေ့နဲ့ ထိတွေ့မိတာမျိုး မဖြစ်စေဖို့ ဂရုစိုက်ပေးတာမျိုးတွေ လုပ်ဆောင်ပေးဖို့လည်း မမေ့ပါနဲ့နော် ဖေဖေမေမေတို့ရေ …………
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။