backup og meta

ကလေးတွေမှာ အအေးမိဖျားနာခြင်း


Yun Sandi Nan Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေမှာ အအေးမိဖျားနာခြင်း

    သားလေးကချောင်းတွေဆိုးနေတယ်။ အချိုတွေကျွေးမိလို့ဖြစ်မယ်၊ သကြားလုံးမစားနဲ့တော့နော် လို့မေမေတို့ပြောမိနေကျပါ။ ဒါပေမယ့် ဒီလိုမျိုးချည်းပဲ တထစ်ချမတွေးသင့်ပါဘူး။ ချောင်းဆိုးတယ်ဆိုတာ လက္ခဏာတစ်ခုဖြစ်တာကြောင့် ကလေးမှာ တခြားဘာထူးခြားနေတာရှိလဲကြည့်ရပါဦးမယ်။ ကိုယ်ဘာဖြစ်နေလဲ၊ ဘာတွေခံစားနေရလဲဆိုတာ လိပ်ပတ်လည်အောင်မပြောပြတတ်သေးတဲ့ ကလေးလေးတွေကို မိဘတွေက ဂရုစိုက်စောင့်ကြည့်ပေးမှစောစောကုသနိုင်မှာပါ။

    အအေးမိဝေဒနာဆိုတာ ကလေးတွေမှာအဖြစ်များဆုံးရောဂါတွေထဲပါဝင်တာကြောင့် ဒီလက္ခဏာတွေနဲ့ပတ်သက်ပြီး ဗဟုသုတတွေကို မိဘတွေ သိထားသင့်ပါတယ်။ ကလေးတွေမှာ တစ်နှစ်ကို ၆ ကြိမ် ကနေ ၈ ကြိမ်ထက်မနည်း အအေးမိဝေဒနာခံစားရတတ်ပါတယ်။

    ဘာတွေကြောင့် အအေးမိစေနိုင်တာလဲ

    ဗိုင်းရပ်စ်ပိုးက နှာခေါင်းနဲ့လည်ချောင်းအတွင်း ကူးစက်ရရှိပြီးနောက် အအေးမိခြင်းလက္ခဏာေတွဖြစ်လာပါတယ်။ ဗိုင်းရပ်စ်ပိုး အမျိုးအစား၂၀၀ကျော်ကြောင့် အအေးမိခြင်းကိုဖြစ်စေတာပါ။ အများစုကrhinovirusesကြောင့်ဖြစ်တာပါ။ အအေးမိဖျားနာဖြစ်နေတဲ့သူ တစ်ဦးဦးနဲ့ ထိတွေ့မှုရှိခဲ့ရင် ဒါမှမဟုတ် အောက်ပါနည်းလမ်းတွေတဆင့် ကလေးကိုကူးစက်နိုင်ပါတယ်။

    • လေထဲကတဆင့် –အအေးမိဖျားနာဖြစ်နေတဲ့လူတစ်ယောက်က နှာချေလိုက်မယ်ဆိုရင် ဗိုင်းရပ်စ်တွေကလေထဲမှာပျံ့နှံ့သွားနိုင်ပါတယ်။ အဲဒီလေကို ကလေးကရှူရှိုက်မိလိုက်ရင် ကူးစက်နိုင်ပါတယ်။
    • တိုက်ရိုက်ထိတွေ့မှု –ရောဂါရှိသူကို ကလေးကထိတွေ့မိတာကို ဆိုလိုပါတယ်။နေမကောင်းဖြစ်နေသူက ကလေးကိုချီလိုက်မယ်၊ နမ်းလိုက်မယ်၊စသည်ဖြင့် ကလေးကိုထိတွေ့လိုက်သမျှအပြုအမူကနေ ကူးစက်နိုင်ပါတယ်။ လူလူချင်းတင်မကပါဘူး။ ကလေးရဲ့ကစားစရာ၊ အသုံးအဆောင်တွေကို သူကထိတွေမိခဲ့ရင်လည်း ဗိုင်းရပ်စ်ပျံ့နှံ့နိုင်ပါတယ်။

    ဘယ်လိုအနေအထားတွေမှာ အအေးမိခြင်းကူးစက်ခံရနိုင်ခြေပိုများလဲ

    ကလေးဆိုတာကတော့ လူကြီးတွေလောက် ကိုယ်ခံအားစနစ်မဖွံ့ဖြိုးသေးတော့ ကူးစက်ခံရဖို့ ပိုလွယ်ပါတယ်။

    • ကိုယ်ခံအားနည်းလို့ –ကလေးတစ်ယောက်ရဲ့ကိုယ်ခံအားစနစ်က အအေးမိဗိုင်းရပ်စ်တွေကိုခုခံတိုက်ဖျက်ရာမှာ လူကြီးတွေလောက် မကြံ့ခိုင်သေးပါဘူး။
    • ဆောင်းရာသီမှာ –အသက်ရှူလမ်းကြောင်းရောဂါပြဿနာတွေအများစုကဆောင်းဦးနဲ့ဆောင်းရာသီမှာပိုအဖြစ်များပါတယ်။ အဲဒီအချိန်မှာ ကလေးတွေက အိမ်ထဲမှာအနေများပြီး စိုထိုင်းမှုကလည်း ကျဆင်းလာပါတယ်။ ဒီလိုနဲ့ နှာခေါင်းလမ်းကြောင်းမှာပိုခြောက်သွေ့စေပြီးရောဂါကူးစက်ခံရနိုင်ခြေပိုဆိုးစေနိုင်ပါတယ်။
    • ကျောင်းမှာကူးလာတာ – ကလေးချင်း နီးနီးကပ်ကပ် ကစားကြတဲ့အခါ ကူးစက်ပြန့်ပွားလွယ်ပါတယ်။
    • ပါးစပ်ထဲလက်ထည့်တဲ့အကျင့်ကြောင့် –ကလေးတွေက လက်မသန့်ဘဲ မျက်စိပွတ်တာ၊ နှာခေါင်း သို့မဟုတ် ပါးစပ်ထဲလက်ထည့်တာတွေ လုပ်တတ်ကြပါတယ်။ ဒီလိုနည်းနဲ့ပဲရောဂါပိုးမွှားတွေကိုပျံ့နှံ့စေတာဖြစ်ပါတယ်။

    အအေးမိလက္ခဏာတွေက ဘာတွေလဲ

    ကလေးကိုရောဂါပိုးကူးစက်ခံရပြီး ၁ ရက်ကနေ ၃ ရက်အတွင်း လက္ခဏာစပြပါတယ်။ ဒီရောဂါလက္ခဏာတွေက ၂ ပတ်အထိ ကြာမြင့်နိုင်ပါတယ်။ ကလေးငယ်ငယ်တွေမှာဆို –

    • ကောင်းကောင်းမအိပ်တာ
    • ဂျီကျနေတာ
    • နှာခေါင်းပိတ်နေတာ
    • အန်တာ၊ဝမ်းပျက်တာ
    • အဖျားရှိတာ
    • ချောင်းဆိုးတာ စတဲ့လက္ခဏာတွေကို မိဘတွေသိနိုင်ပါတယ်။

    ငါးနှစ်အထက် ကလေးတွေမှာဆိုရင်တော့ –

    • နှာရည်ယို၊ နှာပိတ်ခြင်း
    • လည်ချောင်းယားခြင်း၊စပ်ခြင်း
    • မျက်ရည်ကျခြင်း
    • နှာချေခြင်း
    • ချောင်းဆိုးခြင်း၊
    • လည်ချောင်းနာခြင်း
    • အရိုးနဲ့ကြွက်သားတွေနာကျင်ကိုက်ခဲခြင်း
    • ခေါင်းကိုက်ခြင်း
    • အဖျားရှိခြင်း
    • မောပန်းအားကုန်ခြင်း တို့ဖြစ်လာနိုင်ပါတယ်။ အအေးမိခြင်းက တုပ်ကွေးလိုမျိုး တခြားကျန်းမာရေးပြဿနာတွေနဲ့လည်း ဆင်တူနေနိုင်တာကြောင့် လက္ခဏာကို မသေချာရင် ကျန်းမာရေးကျွမ်းကျင်သူတွေဆီမှာ စစ်ဆေးမှုခံယူပါ။

    ဘယ်လိုပြုစု ဂရုစိုက်ပေးရမလဲ

    ဘယ်ရောဂါမှ ချက်ချင်းတော့ ဥုံဖွဆို မပျောက်နိုင်ပါဘူး။ အအေးမိဝေဒနာက အချိန်ကာလတစ်ခုအထိ လက္ခဏာတွေကျန်ရစ်နေနိုင်တာကြောင့်နေမကောင်းဖြစ်တဲ့ကာလကိုတိုစေဖို့၊ ကလေးသက်တောင့်သက်သာရှိစေဖို့ ဂရုစိုက်ပေးရမှာပါ။

    • ကလေးကို အရည်ဓါတ်များများဝင်အောင် ရေ၊ ဓါတ်ဆားရည်၊ဒါမှမဟုတ် စွပ်ပြုတ်နွေးနွေးတိုက်ကျွေးပေးပါ။
    • နှာစေးနှာပိတ်ခြင်း သက်သာစေဖို့nasal spraysတွေက ကူညီပေးနိုင်ပါတယ်။ အလွယ်တကူဝယ်ယူရရှိနိုင်ပြီး ကလေးတွေအတွက် စိတ်ချရတဲ့nasal spraysတွေရှိပါတယ်။ ဥပမာ Betadine Cold Defence Kids Nasal Spray က ကလေးတွေအတွက် သီးသန့်ထုတ်လုပ်ပေးထားတဲ့ နှာခေါင်းဖျန်းဆေးဖြစ်ပါတယ်။ အနီရောင်ရေညှိကနေရရှိတဲ့ သဘာဝပါဝင်ပစ္စည်းနဲ့ထုတ်လုပ်ထားလို့ စတီးရွိုက်ကင်းတဲ့အတွက် အသက် တစ်နှစ်အထက်ကလေးတွေအတွက် သင့်တော်ပါတယ်။ အအေးမိလက္ခဏာလိုလို စတင်လာတာနဲ့ သုံးပေးလိုက်ရင်မြန်မြန်သက်သာပျောက်ကင်းစေပြီး ဗိုင်းရပ်စ်ပိုးမွှားတွေကို ၉၉% နှိမ်နင်းပေးနိုင်ပါတယ်။
    • ကလေးကိုဆေးလိပ်ငွေ့မရှူမိအောင် ထားပါ။ အိမ်ထဲကမိသားစုဝင်တွေရဲ့ဆေးလိပ်ငွေ့က အသက်ရှူလမ်းကြောင်းကို အခြေအနေပိုဆိုးစေနိုင်ပါတယ်။
    • ကလေးငယ်တွေကိုကိုယ့်သဘောနဲ့ကိုယ် အဖျားကျဆေး၊ အကိုက်အခဲပျောက်ဆေးတွေမတိုက်သင့်ပါဘူး။
    • ကလေးကအဖျားမရှိဘူးဆိုရင် အိမ်မှာပဲထားတာကောင်းပါတယ်။
    • အသက်ရှူရပိုကောင်းစေဖို့ ကလေးရဲ့အိပ်ခန်းမှာ ညဘက်humidifierလေးထားပေးပါ။

    ဘယ်လိုကာကွယ်နိုင်မလဲ

    ကလေးကိုကျန်းမာနေစေဖို့ –

    • ကလေးကိုနေမကောင်းတဲ့သူတွေအနီး မှာမနေပါစေနဲ့။
    • လက်မကြာခဏဆေးတတ်အောင် သင်ပေးထားပါ။ အစာမစားခင်၊ အိမ်သာသွားပြီးနောက်ပိုင်း၊ အိမ်မွေးတိရစ္ဆာန်တွေကို ကိုင်တွယ်ပြီးနောက်ပိုင်း၊ချောင်းဆိုး နှာချေပြီးနောက်ပိုင်းတို့မှာ လက်ဆေးခိုင်းပါ။
    • ပါးစပ်ထဲလက်မထည့်ဖို့၊ မျက်လုံးပွတ်မနေဖို့ သတိပေးပါ။
    • ကလေးကစားစရာတွေနဲ့ ကစားတဲ့နေရာတွေတဝိုက်ကို သန့်ရှင်းအောင်လုပ်ထားပါ။

    ကလေးမှာအောက်ပါလက္ခဏာတွေဖြစ်လာရင်တော့ ဆရာဝန်အမြန်ဆုံးပြပါ –

    • အဖျား100.4°F (38°C) နဲ့အထက်ရှိလာရင်
    • လက္ခဏာတွေက ၁၀ ရက်ကျော်တဲ့အထိ တာရှည်လာရင်
    • မျက်စိနီရဲလာရင်၊ မျက်ဝတ် ဝါဝါတွေထွက်လာရင်
    • ဆေးတွေသောက်နေပေမယ့်ဝေဒနာမသက်သာရင်
    • ကလေးက အရမ်းစိတ်ဆတ်တာ ဒါမှမဟုတ် တုံ့ပြန်မှုသိပ်မရှိတော့တာ လိုမျိုး အပြုအမူပိုင်းပြောင်းလဲလာရင်
    • အသက်ရှူရခက်လာရင်၊ အသက်ရှူတအားမြန်လာရင်ဆေးကုသမှုအမြန်ဆုံးခံယူပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement