backup og meta

ဘေဘီလေးတွေအတွက် အကောင်းဆုံးအာဟာရရရှိဖို့ ဖြည့်စွက်စာကိုဘယ်လိုပြင်ဆင်ပေးသင့်လဲ


Aye Thi Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးတစ်ယောက်ကို ကျန်းမာပျော်ရွှင်စွာနဲ့ အရွယ်ရောက်ကြီးပြင်းလာစေချင်တာက မေမေတိုင်းရဲ့ စိတ်ကူးအိပ်မက်ပါ။ ဒီစိတ်ကူးအိပ်မက်ပြည့်ဝဖို့က ဆုတောင်းနေရုံနဲ့ မပြီးပါဘူး။ ကိုယ်တိုင်လုပ်ဆောင်ယူရမှာပါ။ ဒီဆန္ဒလေးပြည့်ဝဖို့ ဘာတွေများလိုမယ်ထင်လဲ။ အတူတူကြည့်လိုက်ကြရအောင် မေမေတို့ရေ…

    မေမေတိုင်းရဲ့ စိတ်ကူးအိပ်မက်ပြည့်ဝစေဖို့

    မေမေတိုင်းရဲ့ စိတ်ကူးအိပ်မက်ပြည့်ဝစေဖို့ အခြေခံအားဖြင့် အချက်နှစ်ရပ်ပြည့်စုံဖို့လိုပါမယ်။ ဒါတွေကတော့

    • အာဟာရပြည့်ဝတဲ့အစားအစာတွေ ရွေးချယ်ပေးမှု နဲ့
    • အာဟာရပြည့်ဝအောင်ပြင်ဆင်ချက်ပြုတ်ပေးမှုပါ။

    ဘေဘီလေးအတွက် အာဟာရပြည့်ဝစေမယ့် အစားအစာတွေကဘာတွေများလဲ……

    ဘေဘီလေးတွေက ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့အရွယ်ပါ။ ဒါကြောင့် အာဟာရလုံလောက်ပြည့်ဝအောင်ရရှိဖို့လိုပါမယ်။ ဘေဘီလေးတွေက ခန္ဓာကိုယ်နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက်လိုအပ်တဲ့အာဟာရတွေကို ငယ်စဉ်အရွယ်မှာ လုံလောက်စွာရရှိပါမှ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းအရွယ်ရောက်နိုင်မှာပါ။ ဒီတော့ဘာတွေကျွေးရမလဲ။

    မွေးစကနေ ၆ လအထိကတော့  မေမေကအာဟာရပြည့်ဝအောင်စားသုံးပြီး မိခင်နို့ရည်များများတိုက်ပေးရမှာပါ။ ဒီလိုကနေ ၆ လပြည့်ပြီးတဲ့အခါ ကြီးထွားဖွံ့ဖြိုးဖို့လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပြည့်ဝစေဖို့ အစားအစာတွေကို ဂရုစိုက်ရွေးချယ်ရမှာဖြစ်ပါတယ်။

    ထမင်း – ကြီးထွားဖွံ့ဖြိုးဖို့လိုအပ်တဲ့  ကစီဓာတ်ကို အပြည့်အဝရရှိစေနိုင်ပါတယ်။ ထမင်းကိုသေချာလေးကြိတ်ခြေပြီး ကျွေးပေးလို့ရပါတယ်။

    ကြက်သား – ပရိုတင်းဓာတ်ကြွယ်ဝပြီး အရိုးနဲ့ကြွက်သားတွေကို အကောင်းဆုံးဖွံ့ဖြိုးစေနိုင်မှာပါ။

    ဆယ်လ်မွန်ငါး – Omega-3 fatty acid ပါဝင်နေမှုက ဘေဘီလေးကို ဦးနှောက်နဲ့အမြင်အာရုံ အကောင်းဆုံးဖွံ့ဖြိုးစေနိုင်မှာပါ။

    မုန်လာဥနီ – ဘီတာကယ်လ်ရိုတင်းပါဝင်ပြီး အသားအရေနဲ့ အမြင်အာရုံကို အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။

    ပန်းဂေါ်ဖီစိမ်း – ဗီတာမင် K၊ ဗီတာမင် C၊ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ဖောလစ်အက်ဆစ်တို့ပါဝင်နေမှုက  ဘေဘီလေးကို အစာခြေစနစ်ကျန်းမာစေပြီး ကိုယ်ခံအားကောင်းစေသလို ကြီးထွားဖို့လိုအပ်တဲ့ အာဟာရတွေကို ပြည့်ပြည့်ဝဝစုပ်ယူနိုင်စေမှာပါ။

    ဒါတွေအပြင် ကလေးကို ပန်းသီး၊ ပန်းသစ်တော်သီး၊ စတော်ဘယ်ရီ နဲ့ အခြားသော အသီးလေးတွေကိုကျွေးပေးလို့ရပါတယ်။

    အာဟာရပြည့်အောင်ဘယ်လိုပြင်ဆင်ပေးမလဲ………

    အာဟာရပြည့်ဝတဲ့ အစားအစာတွေကိုရွေးချယ်ပြီးပြီဆိုရင် နောက်တဆင့်က အာဟာရပြည့်ဝအောင် ပြင်ဆင်ပေးဖို့ပါ။ ဒီလိုပြင်ဆင်ပေးတဲ့အခါ သေချာလေးဂရုစိုက်မှ ဘေဘီလေးစားလိုက်တဲ့ အလုတ်တိုင်းဟာ အာဟာရပြည့်ဝနေမှာပါ။ ဒီတော့ ဘေဘီလေးအတွက်ထမင်းချက်တဲ့အခါမျိုး၊ အသား၊ငါးနဲ့ အသီးအရွက်တွေကို ပြုတ်တဲ့အခါမျိုးမှာ နူးအိနေအောင်ပြုတ်ပေးနိုင်မယ့် ပေါင်းအိုးကိုသုံးဖို့လိုမှာပါ။ ဒါ့အပြင် အသီးအရွက်တွေကို ကြေနေစေဖို့အတွက် Blender ကောင်းကောင်းသုံးပြီး ကြိတ်ခြေတာကလည်း အချိန်ကုန်သက်သာပြီး အာဟာရပြည့်ဝစေမယ့် ချက်ပြုတ်နည်းတစ်ရပ်ပေါ့။

    နို့တိုက်တဲ့အခါမျိုးမှာလည်း နို့ဗူးမှာ မမြင်ရတဲ့ရောဂါပိုးတွေကပ်ငြိနေမှုကြောင့် ဘေဘီလေးဝမ်းပျက်ဝမ်းလျှောတာမျိုးမဖြစ်စေဖို့ဆိုရင် နို့ဗူးတွကို သေချာသန့်စင်ပြီး ပေါင်းတာမျိုးလုပ်ဖို့လိုပါမယ်။ ရေနွေးနဲ့ ကိုယ်တိုင်ပေါင်းတဲ့အခါ အချိန်က ဘယ်လောက်ထားရမလဲ မသိဘူးဆိုတာမျိုးဖြစ်နိုင်ပါတယ်။ ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းဖို့ဆိုရင်တော့ Digital bottle Warmer လေးသုံးပေးလို့ရပါတယ်။ ဘေဘီလေးအတွက် အစားအစာတွေကြိတ်ခြေတဲ့အခါ အဆင်အပြေဆုံးဖြစ်စေဖို့အတွက် ဇွန်းကို အသုံးပြုတာမျိုးထက် ကြိတ်ခြေဖို့ သီးသန့်ထုတ်ထားတဲ့ ပစ္စည်းလေးတွေကို သုံးပေးတာလည် အဆင်ပြေစေမှာပါ။

    ဒါကြောင့် ဘေဘီလေး ကျန်းမာပျော်ရွှင်စွာ​ကြီးပြင်းစေဖို့ အာဟာရဓာတ်​ကြွယ်ဝတဲ့အစားအစာတွေကို အာဟာရပြည့်ဝအောင်ပြင်ဆင်ပေးလိုက်ရအောင်လား မေမေတို့ရေ………

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement