backup og meta

ဘေဘီလေးက ဖေဖေမေမေတို့နဲ့ သွေးအမျိုးအစားမတူတာမျိုးဖြစ်နိုင်လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 01/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးက ဖေဖေမေမေတို့နဲ့ သွေးအမျိုးအစားမတူတာမျိုးဖြစ်နိုင်လား

    ဘေဘီလေးက ဖေဖေမေမေတို့နဲ့ သွေးအမျိုးအစားမတူတာမျိုးဖြစ်နိုင်လား …… ဖေဖေက Aသွေးပါ။မေမေက Bသွေးပါ။ ဒါပေမယ့် မွေးလာတဲ့ ဘေဘီလေးက Oသွေးဖြစ်နေတယ်။ ဒါက ဖြစ်နိုင်ရဲ့လားလို့ တွေးနေတာလား။ ဒါဆိုရင်တော့ပြောစရာရှိတာက ဖြစ်နိုင်ပါတယ်ဆိုတဲ့ အချက်ပါ။ ဖေဖေက Aသွေး၊ မေမေက Bသွေးဖြစ်နေတာနဲ့ပဲ ဘေဘီလေးက Aသွေး ဒါမှမဟုတ် Bသွေး ဖြစ်နေစရာတော့ မလိုဘူးပေါ့။ ဘာကြောင့် ဒီလိုပြောရလဲဆိုတာကို သိချင်တယ်ဆိုရင်သွေးအမျိုးအစားဖြစ်နိုင်ခြေလေးကို အတူတူတွက်ချက်ကြည့်ရအောင်လား။

    ဘေဘီလေးက ဖေဖေမေမေတို့နဲ့ သွေးအမျိုးအစားမတူတာမျိုး ဖြစ်နိုင်လား………

    ဘေဘီလေးက ဖေဖေမေမေတို့နဲ့ သွေးအမျိုးအစားမတူတာမျိုးဖြစ်နိုင်လား ….. ဆိုတော့ ဘေဘီလေးကဖေဖေမေမေတို့နဲ့ သွေးအမျိုးအစား မတူတာက ဖြစ်နိုင်တဲ့အခြေအနေတစ်ရပ်ပါ။ အကြောင်းကတော့ DNA ကနေပဲ စပြောလိုက်ရအောင်လား။ သက်ရှိတိုင်းမှာ DNA ဆိုတာရှိတယ်။ ဒီ DNA ကပဲ ဘယ်သူဘယ်ဝါဆိုတာကို ခွဲခြားပေးတာပေါ့။

    လူတစ်ယောက်မှာ မျိုးဗီဇပေါင်း ၂၀၀၀၀ နီးပါးလောက်ရှိတာပါ။ ဒီမျိုးဗီဇတွေကွဲပြားမှုကပဲ လူတစ်ယောက်ချင်းစီရဲ့ သွေးအမျိုးအစားနဲ့ အခြားသော အရာတွေကို မတူကွဲပြားတာမျိုးတွေ ဖြစ်စေတာပါ။ လူတိုင်းမှာ သွေးအမျိုးအစားမတူရတာကလည်း သွေးအမျိုးအစား မျိုးဗီဇ A၊ B၊ O ရယ်ဆိုပြီး ကွဲပြားမှုရှိလို့ပါ။ သွေးအမျိုးအစား မျိုးဗီဇက ၃ မျိုးရှိနေတာကြောင့် လူတစ်ယောက်နဲ့ တစ်ယောက် သွေးအမျိုးအစားတူဖို့ ခက်ခဲနေတာပါ။

    အမေနဲ့ အဖေဆီက သွေးမျိုးဗီဇတွေက ကလေးဆီကို ပုံစံအမျိုးမျိုးနဲ့ အမွေဆက်ခံစေတာကြောင့် မိဘနဲ့ ကလေး သွေးအမျိုးအစား မတူတာတွေ ဖြစ်လာတာပါ။ မိဘနဲ့တင် မဟုတ်ပါဘူး။ မောင်နှမတွေကြားမှာလည်း သွေးအမျိုးအစား မတူနိုင်ပါဘူး။

    ဘေဘီလေးရဲ့ ဖြစ်နိုင်ခြေရှိတဲ့ သွေးအမျိုးအစား

    သွေးအမျိုးအစားတွေ ပေါင်းစပ်မှုကနေ ဒီလိုတွေဖြစ်နိုင်ပါတယ်။

    • ဖေဖေ့ရဲ့သွေးအမျိုးအစားက A မေမေ့ရဲ့သွေးအမျိုးအစားက A ဆိုရင် ဘေဘီလေးရဲ့သွေးအမျိုးအစားက A ဒါမှမဟုတ် O ဖြစ်နိုင်ပါတယ်။
    • ဖေဖေ့ရဲ့သွေးအမျိုးအစားက B မေမေ့ရဲ့သွေးအမျိုးအစားက A ဆိုရင် ဘေဘီလေးရဲ့သွေးအမျိုးအစားက ABAB ဒါမှမဟုတ် Oဖြစ်နိုင်ပါတယ်။
    • ဖေဖေ့ရဲ့သွေးအမျိုးအစားက AB မေမေ့ရဲ့သွေးအမျိုးအစားက A ဆိုရင် ဘေဘီလေးရဲ့သွေးအမျိုးအစားက AB ဒါမှမဟုတ် AB ဖြစ်နိုင်ပါတယ်။
    • ဖေဖေ့ရဲ့သွေးအမျိုးအစားက O မေမေ့ရဲ့သွေးအမျိုးအစားက A ဆိုရင်ဘေဘီလေးရဲ့သွေးအမျိုးအစားက A ဒါမှမဟုတ် O ဖြစ်နိုင်ပါတယ်။
    • ဖေဖေ့ရဲ့သွေးအမျိုးအစားက A မေမေ့ရဲ့သွေးအမျိုးအစားက B ဆိုရင် ဘေဘီလေးရဲ့သွေးအမျိုးအစားက A၊ B၊ ABဒါမှမဟုတ် O ဖြစ်နိုင်ပါတယ်။
    • ဖေဖေ့ရဲ့သွေးအမျိုးအစားက B မေမေ့ရဲ့ သွေးအမျိုးအစားက B ဆိုရင် ဘေဘီလေးရဲ့သွေးအမျိုးအစားက B ဒါမှမဟုတ် O ဖြစ်နိုင်ပါတယ်။
    • ဖေဖေ့ရဲ့သွေးအမျိုးအစားက AB မေမေ့ရဲ့ သွေးအမျိုးအစားက B ဆိုရင် ဘေဘီလေးရဲ့သွေးအမျိုးအစားက A၊ B ဒါမှမဟုတ် AB ဖြစ်နိုင်ပါတယ်။
    • ဖေဖေ့ရဲ့သွေးအမျိုးအစားက O မေမေ့ရဲ့ သွေးအမျိုးအစားက B ဆိုရင် ဘေဘီလေးရဲ့သွေးအမျိုးအစားက B ဒါမှမဟုတ် O ဖြစ်နိုင်ပါတယ်။
    • ဖေဖေ့ရဲ့သွေးအမျိုးအစားက A မေမေ့ရဲ့ သွေးအမျိုးအစားက AB ဆိုရင် ဘေဘီလေးရဲ့သွေးအမျိုးအစားက A၊ Bဒါမှမဟုတ် AB ဖြစ်နိုင်ပါတယ်။
    • ဖေဖေ့ရဲ့သွေးအမျိုးအစားက B မေမေ့ရဲ့ သွေးအမျိုးအစားက AB ဆိုရင် ဘေဘီလေးရဲ့သွေးအမျိုးအစားက A၊ B ဒါမှမဟုတ် AB ဖြစ်နိုင်ပါတယ်။
    • ဖေဖေ့ရဲ့သွေးအမျိုးအစားက AB မေမေ့ရဲ့သွေးအမျိုးအစားက AB ဆိုရင် ဘေဘီလေးရဲ့သွေးအမျိုးအစားက A၊ B ဒါမှမဟုတ် AB ဖြစ်နိုင်ပါတယ်
    • ဖေဖေ့ရဲ့သွေးအမျိုးအစားက O မေမေ့ရဲ့သွေးအမျိုးအစားက AB ဆိုရင် ဘေဘီလေးရဲ့သွေးအမျိုးအစားက Aဒါမှမဟုတ် B ဖြစ်နိုင်ပါတယ်။
    • ဖေဖေ့ရဲ့သွေးအမျိုးအစားက A မေမေ့ရဲ့သွေးအမျိုးအစားက O ဆိုရင် ဘေဘီလေးရဲ့သွေးအမျိုးအစားက A ဒါမှမဟုတ် O ဖြစ်နိုင်ပါတယ်။
    • ဖေဖေ့ရဲ့သွေးအမျိုးအစားက B မေမေ့ရဲ့သွေးအမျိုးအစားက O ဆိုရင် ဘေဘီလေးရဲ့သွေးအမျိုးအစားက B ဒါမှမဟုတ် O ဖြစ်နိုင်ပါတယ်။
    • ဖေဖေ့ရဲ့သွေးအမျိုးအစားက AB မေမေ့ရဲ့သွေးအမျိုးအစားက O ဆိုရင် ဘေဘီလေးရဲ့သွေးအမျိုးအစားက A ဒါမှမဟုတ် B ဖြစ်နိုင်ပါတယ်။
    • ဖေဖေ့ရဲ့သွေးအမျိုးအစားက O မေမေ့ရဲ့သွေးအမျိုးအစားက O ဆိုရင်ဘေဘီလေးရဲ့သွေးအမျိုးအစားက O ဖြစ်နိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 01/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement