ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ဆယ်ကျော်သက်လူငယ် စိတ်ပိုင်းဆိုင်ရာ

ယောက်ျားလေး နှင့် မိန်းကလေး ဒေါသကြီးတဲ့နေရာမှာ တူညီလား

မကြာသေးမီက လေ့လာမှုတစ်ခုအရ ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေမှာ သူတို့ရဲ့ လိင်ပေါ်မူတည်ပြီး မတူညီတဲ့ ဒေါသအမျိုးအစား ရှိတတ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ယောက်ျားလေးရော မိန်းကလေးရောကတော့ သူတို့ရဲ့ လူမှုရေးဆိုင်ရာဒေါသထွက်တဲ့ အပြုအမူတွေအပေါ် တူညီစွာ အပြစ်မကင်းသလို ခံစားရတတ်ပါတယ်။ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ ဒေါသကြီးခြင်းတွေဟာ ဘာတွေလဲ။ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ ဒေါသကြီးခြင်း နှစ်မျိုးရှိပြီး တိုက်ရိုက်ဒေါသကြီးခြင်းနဲ့ သွယ်ဝိုက်ဒေါသကြီးခြင်းတွေ ပါဝင်ပါတယ်။ တိုက်ရိုက်ဒေါသကြီးတဲ့ ကလေးတွေဟာ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ အပြုအမူပိုင်းဆိုင်ရာ ဒေါသကြီးတတ်ကြပါတယ်။ ဥပမာ ထုရိုက်ခြင်း၊ ပစ်ချခြင်း၊ အတင်းပြောခြင်းတွေ ပဲ ဖြစ်ပါတယ်။ သွယ်ဝိုက်ဒေါသကြီးခြင်းမှာတော့ ကလေးငယ်တွေဟာ လူတွေနဲ့ တိုက်ရိုက်ရန်ဖြစ်ခြင်း မရှိဘဲ သူတို့ရဲ့ လူမှုဆက်ဆံရေးကို ပျက်စီးစေတာ ဖြစ်ပါတယ်။ ဒီလေ့လာမှုမှာ သုတေသီတွေက တိုက်ရိုက်ဒေါသကြီးတတ်တဲ့ ကလေးတွေဟာ သွယ်ဝိုက် ဒေါသကြီးတတ်တယ်ဆိုတာကိုလည်း တွေ့ရှိခဲ့ကြပါတယ်။ သွယ်ဝိုက်ဒေါသကြီးခြင်းကို ယောက်ျားလေးနဲ့ မိန်းကလေးတွေ […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

အာရုံမစူးစိုက်နိုင်သော ADHD ရောဂါကို တိုးတက်စေသော ငါးကြီးဆီအစွမ်း

ADHD ဆိုတာဘာလဲ။ Attention deficit hyperactivity disorder လို့ခေါ်တဲ့ ADHD ရောဂါဟာ အာရုံကြောနှင့် အပြုအမူပိုင်းဆိုင်ရာ မူမမှန်မှု တစ်ခုဖြစ်ပြီး အာရုံမစူးစိုက်နိုင်ခြင်း၊ စိတ်မရှည်ခြင်းနဲ့ တက်ကြွမှုလွန်ကဲနေခြင်း စတာတွေ လိုတာထက်ပိုပြီးဖြစ်နေတာကို ကြည့်ပြီး ဒီရောဂါလို့ သတ်မှတ်ကြပါတယ်။ ဒါ့အပြင် ဒီလက္ခဏာတွေဟာ လူနာရဲ့ သင်ယူမှု၊ ဖွံ့ဖြိုးမှု နဲ့ လူမှုဘဝတွေကိုလည်း အကျိုးသက်ရောက်နိုင်စေပါတယ်။ ဒီလက္ခဏာတွေဟာ အချိန်ကြာလာတာနဲ့အမျှ တိုးတက်လာနိုင်ပေမယ့် အခြေအနေအများစုမှာတော့ ADHD ရောဂါရှင်လို့ သတ်မှတ်ခံထားရသူတွေဟာ ဒီပြဿနာကို အရွယ်ရောက်သည်ထိ ခံစားရလေ့ရှိပါတယ်။ ကုသမှုမခံယူထားတဲ့ ADHDဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးကိုတော့ မထိခိုက်နိုင်ပေမယ့် လူနာရဲ့ဘဝမှာတော့ သူတို့ရဲ့ အခြေခံလုပ်ငန်းဆောင်တာတွေ နဲ့ အရေးကြီးတဲ့အလုပ်တွေကို မလုပ်ဆောင်နိုင်တာကြောင့် အမျိုးမျိုးသော အခက်အခဲတွေကိုတွေ့ကြုံစေပါတယ်။ ADHD လူနာတွေဟာ ထိခိုက်ဒဏ်ရာရရှိမှုတွေ၊ စိတ်ကျရောဂါ၊ ပူပင်သောက၊ အထီးကျန်ဆန်လွန်းခြင်းတွေ၊ တစ်ဦးတည်းသီးသန့်ဆန်လွန်းခြင်းတွေ […]


ကလေးကျန်းမာရေး

ကလေးချောင်းဆိုးခြင်းလမ်းညွှန်

ဘယ်အရာက ချောင်းဆိုးခြင်းကို ဖြစ်စေပါသလဲ။ သင့်ကလေး ဖျားနေရင် (သို့) သူတို့ကိုယ်ခန္ဓာဟာ ဖျားနာမှုကို တိုက်ခိုက်နေရတယ်ဆိုရင် ကလေးတွေမှာ ချောင်းဆိုးနိုင်ပါတယ်။ ယေဘုယျအားဖြင့် ချောင်းဆိုးခြင်းဟာ အသက်ရှူလမ်းကြောင်း ရောဂါပိုးဝင်ခြင်း (သို့) အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တဲ့ ပန်းနာရင်ကျပ်ရောဂါရဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ ချွဲတွေ၊ သလိပ်တွေဟာ အသက်ရှူလမ်းကြောင်းနံရံတွေမှာ ကပ်နေတယ်ဆိုရင် သင့်ကလေးဟာ အသက်ရှူရခက်ခဲနိုင်ပါတယ်။ ဒီအချိန်မှာ ချောင်းဆိုးခြင်းဟာ လမ်းကြောင်းရှင်းပေးပြီး လေကို အသက်ရှူလမ်းကြောင်းတစ်လျှောက် အဆုတ်အတွင်းကို ချောမွေ့စွာ ဝင်ရောက်စေပါတယ်။   ချောင်းဆိုးခြင်း အမျိုးအစားများ ချောင်းခြောက်ဆိုးခြင်း ချောင်းခြောက်ဆိုးခြင်းတွေကို ပန်းနာရင်ကျပ်ရောဂါ၊ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းရောဂါပိုးဝင်ခြင်း (ဥပမာ အအေးမိခြင်း၊ တုတ်ကွေးမိခြင်း)၊ အသက်ရှူလမ်းကြောင်း အောက်ပိုင်းရောင်ရမ်းခြင်း၊ လေပြွန်ရောင်ခြင်း၊ အဆုတ်အအေးမိခြင်းတွေမှာ တွေ့ရတတ်ပါတယ်။ ချောင်းနက်ဆိုးခြင်း သူငယ်နာ ချောင်းနက်ဆိုးခြင်းကို လေပြွန်အပေါ်ပိုင်းရောင်ခြင်း တွေမှာတွေ့ရတတ်ပါတယ်။ တအုံးအုံး ကျယ်လောင်သော ချောင်းဆိုးသံ နှင့် အသက်ရှုသွင်းစဉ် ဆူညံသော အသံများ(stridor) […]


ကလေးပြုစုစောင့်ရှောက်ခြင်း

အာရုံစူးစိုက်မှုနှင့် မှတ်ဉာဏ်အားနည်းသော ကလေးများအတွက် အစားအစာများ

ကလေးတွေရဲ့ ဘဝအစပြုတဲ့ ပထမဆုံး နှစ်အနည်းငယ်အတွင်းမှာ သူတို့တွေဟာ အရှိန်အဟုန်နဲ့ ကြီးထွားဖွံ့ဖြိုးကြတာပါ။ သူတို့တွေ ၃နှစ်ပြည့်မြောက်တဲ့အချိန်မှာတော့ ဦးနှောက်ဟာ အရွယ်ရောက်ပြီးသား ဦးနှောက်အရွယ်အစားရဲ့ ၉၀%လောက်ဖွံ့ဖြိုးပြီးနေပါပြီ။ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ကြီးထွားမှုဟာ အာဟာရပေါ်မူတည်ပြီး ဒါတွေကလည်း သင်ယူခြင်းနဲ့ အပြုအမူတွေအတွက် အခြေခံအုတ်မြစ်ပါပဲ။ ကျန်းမာရေးနဲ့ညီညွတ်ပြီး မျှတတဲ့ စားသောက်မှုဟာ ကလေးတွေအတွက်တော့ အာရုံစူးစိုက်မှုတွေ၊ မှတ်ဉာဏ်တွေ၊ စိတ်ကျန်းမာရေးအခြေအနေတွေကို အပြည့်အ၀ ဖွံ့ဖြိုးစေဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။   အကောင်းဆုံးသော နံနက်စာ နံနက်စာဟာ ကျောင်းတက်နေတဲ့အရွယ်ကလေးတွေအတွက်ပါ။ ကျွမ်းကျင်သူတွေကတော့ နံနက်စာစားသုံးသူတွေဟာ မစားသူတွေနဲ့ယှဉ်ရင် ကျောင်းစာမှာ ပိုထူးချွန်ပြီး အပြုအမူပိုင်းမှာလည်း အမှားနည်းတာကို တွေ့ရပါတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သကြားဓါတ်မြင့်မားစွာပါဝင်တဲ့ စားစရာတွေဟာ ကလေးတွေအတွက်တော့ နေ့ခင်းမတိုင်ခင်မှာ စွမ်းအင်ကုန်ခမ်းတာတွေဖြစ်နိုင်တယ်လို့ဆိုပါတယ်။ ဒီအချိန်ဟာ သူတို့တွေ အတန်းထဲမှာစာသင်နေတုန်း ဥပမာ သင်္ချာတွက်နေတုန်း ဒါမှမဟုတ် စာဖတ်နေတုန်းဖြစ်ရင်ဖြစ်မယ်။ စံပြုထားတဲ့နံနက်စာတွေမှာတော့ ပရိုတိန်းတွေနဲ့ ဖြည်းဖြည်းပဲ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးများအတွက် မရှိမဖြစ်လိုအပ်သော အဆီများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပုံမှန်လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်နိုင်ဖို့အတွက် အဆီဓာတ်တွေကို လိုအပ်ပါတယ်။ Essential fatty acids (မရှိမဖြစ်လိုအပ်တဲ့ Fatty Acids အဆီဓာတ်)တွေဟာ ကျွန်တော်တို့ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးကြီးထွားမှုအတွက် အရေးပါလှပါတယ်။ အထူးသဖြင့် ကြီးထွားဖွံ့ဖြိုးနေတဲ့ ကလး‌တွေမှာဆိုရင် ပိုပြီး လိုအပ်ပါတယ်။ အဓိက ဦးနှောက်ဖွံ့ဖြိုးမှုအတွက် လိုအပ်တာပါ။ ကလေးများအတွက် မရှိမဖြစ်လိုအပ်သော အဆီများ က ဘာတွေလဲဆိုတာကို အောက်မှာ ဆက်ရှင်းပြထားပါတယ်။ ကလေးတွေအတွက် Essential fatty acid တွေဟာ ဘာကြောင့်အရေးပါရတာလဲ။ Essential Fatty Acids ( EFAs )တွေဟာ ကျွန်တော်တို့ အစားအစာတွေထဲမှာ နေ့စဉ်ပါဝင်နေဖို့လိုအပ်တဲ့ အဆီတစ်မျိုးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအဆီဓာတ်တွေကို ခန္ဓာကိုယ်က အလိုအလျောက်မထုတ်ပေးနိုင်လို့ပါ။ ဒီအက်ဆစ်တွေဟာ အာရုံကြောစနစ်ရဲ့ တစ်သျှူးတွေကို တည်ဆောက်ပေးပြီး အာရုံကြောတွေကို လှုံ့ဆော်ပေးနိုင်ပါတယ်။ […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

သင့်ကလေး ဘာကြောင့် စိတ်တိုတာလဲ

ကလေးတွေမှာ စိတ်တိုခြင်းဟာ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးကနေ စပြီး ကျန်းမာရေးအခြေအနေတွေ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေအထိ အကြောင်းရင်းများစွာ ကြောင့် ဖြစ်နိုင်ပါတယ်။ သင့်ကလေးရဲ့ ဒေါသကြီးခြင်းကို သေချာစွာ ကိုင်တွယ်ဖြေရှင်းဖို့ အတွက် အခြေခံအကြောင်းရင်းကို သိဖို့လိုအပ်ပါတယ်။ ဒီဆောင်းပါးမှာတော့ သင့်ကလေး ဘာကြောင့် စိတ်တိုတာလဲ သူတို့ကို ကူညီဖို့ သင်ဘာလုပ်သင့်သလဲဆိုတာတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။ သင့်ကလေး ဘာကြောင့် စိတ်တိုတာလဲ သင့်ကလေး ဘာကြောင့် စိတ်တိုတာလဲ ဆိုတော့  အခုလို အခြေအနေတွေကြောင့်ပါ။ စိတ်ပိုင်းဆိုင်ရာ ရောဂါများ စိတ်ရောဂါရှိတဲ့ ကလေးတွေဟာ စိတ်တိုလွယ်ကြပြီး ဆုံးဖြတ်ချက်မြန်ကြပါတယ်။ တစ်ခါတစ်ရံမှာတော့ သူတို့ဟာ စိတ်ကျတတ်ပြီး စိတ်တိုတတ်ပါတယ်။ စိတ်ကစဉ့်ကလျားရောဂါ စိတ်ကစဉ့်ကလျားရောဂါ ရှိတဲ့ ကလေးတွေဟာ လူတွေပေါ် ယုံကြည်မှုကင်းမဲ့ပြီး ပတ်ဝန်းကျင်ကို သံသယများတတ်ပါတယ်။ သူတို့ရဲ့ ဒေါသဟာ ကြောက်စိတ်ကြောင့် ဖြစ်လာတာ ဖြစ်ပါတယ်။ အပြုအမူဆိုင်ရာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဖောလစ်အက်ဆစ်ဟာ ကလေးတွေရဲ့ ဘာသာစကားစွမ်းရည်ကို တိုးတက်စေနိုင်ပါတယ်

ဖောလစ်အက်ဆစ် အားဖြည့်ဆေးတွေဟာ ကိုယ်ဝန်ဆောင်ကာလမှာတော့ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ဒါဟာ မွေးရာပါချွတ်ယွင်းချက်တွေနဲ့ ကလေးမွေးဖွားခြင်းကို ကာကွယ်ပေးနိုင်တဲ့အပြင် အသက်၃နှစ်အရွယ်ထိ စကားပြောဆိုနိုင်ဖို့ခက်ခဲခြင်းပြဿနာကို လျှော့ချပေးနိုင်ပါတယ်။ ဖောလစ်အက်ဆစ်အားဆေးတစ်မျိုးပဲဖြစ်စေ၊ အခြားသော အားဆေးတွေနဲ့ တွဲသောက်သည်ဖြစ်စေ၊ ဒီလိုမိခင်တွေက မွေးဖွားလာတဲ့ကလေးတွေမှာ စကားပြောနောက်ကျမှုပြဿနာက အခြားသောကလေးတွေနဲ့စာရင် အများကြီးလျော့နည်းနေတာကို တွေ့ရမှာပါ။   ဖောလစ်အက်ဆစ်ဆိုတာဘာလဲ။ ဖောလစ်အက်ဆစ်ဆိုတာ လူလုပ်ဗီတာမင် ဘီ ၉ ပဲဖြစ်ပါတယ်။ ဒါကို ဖောလိတ်လို့ခေါ်ပြီး ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ သို့မဟုတ် ကိုယ်ဝန်ဆောင်ဖို့ရည်ရွယ်ထားတဲ့သူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဓါတ်တစ်မျိုးဖြစ်ပါတယ်။ ဖောလစ်အက်ဆစ်ဟာ ကလေးငယ်ရဲ့ ဦးနှောက်နဲ့ ကျောရိုးမမှာ ပြင်းထန်တဲ့မွေးရာပါချွတ်ယွင်းချက်တွေ (NTD- အာရုံကြောပြွန်ချွတ်ယွင်းခြင်း) ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အာရုံကြောပြွန်ဟာ သန္ဓေသားလောင်းရဲ့ ကျောရိုးနဲ့ ဦးနှောက်ဖွံ့ဖြိုးတဲ့နေရာ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီလိုမွေးရာပါချွတ်ယွင်းချက်တွေဟာ အမျိုးသမီးတွေက သူတို့ကိုယ်ဝန်ဆောင်နေမှန်းမသိရစဉ်ကတည်းက ဖြစ်ပေါ်နေနိုင်ပါတယ်။ ဒါဟာ သင်ကိုယ်ဝန်ဆောင်ဖို့ရည်ရွယ်လိုက်တည်းက […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

တစ်ကိုယ်တော်မိခင်တစ်ယောက်အတွက် စိန်ခေါ်မှုများ

ဘယ်အလုပ်ကမိဘဖြစ်ခြင်းထက် ပိုပြီးခက်ခဲပြီးစိတ်ဖိစီးမှုများ နိုင်ပါသလဲ။ ဟုတ်ပါတယ်။ တစ်ဦးတည်းမိဘဖြစ်နေခြင်းဆိုတာကပိုခက်ခဲပါတယ်။ ဒါပေမယ့်လည်းဒါဟာသင်ရွေးချယ်စရာတစ်ခုတည်းသောနည်းလမ်း ဖြစ်နေနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ သင့်ကလေးကိုပြုစုစောင့်ရှောက်ချိန်မှာမလွှဲမရှောင်သာကြုံတွေ့ရနိုင်တဲ့အခက်အခဲတွေအတွက် စိတ်ပိုင်းဆိုင်ရာ ကြိုတင် ပြင်ဆင်ထားသင့်ပါတယ်။   ကလေးကို ပြုစုစောင့်ရှောက်စဉ်မှာတစ်ဦးတည်းသောမိဘဖြစ်ခြင်းအတွက် ကြုံတွေ့နိုင်တဲ့ စိန်ခေါ်မှု ငါးမျိုး ၁။ ငွေကြေးဆိုင်ရာစိန်ခေါ်မှုများ တစ်ဦးတည်းသောမိဘတွေဟာပုံမှန်အတိုင်းဆိုနှစ်ယောက်ထမ်းရမယ့် ဝန်ကိုတစ်ယောက်တည်းထမ်းရမှာ ဖြစ်ပါတယ်။ သင့်ဝင်ငွေဟာမိသားစုစားဝတ်နေရေးတည်ငြိမ်ဖို့အတွက် တစ်ခုတည်းသောငွေကြေးအရင်းအမြစ် ဖြစ်ပါတယ်။ ဒါကြောင့် သင့်ကလေးရဲ့ ဖွံ့ဖြိုးမှုကိုတိုးတက်စေဖို့အတွက် အရင်းအမြစ်နည်းပါးတယ်ဆိုတာကိုမငြင်းနိုင်ပါဘူး။ ငွေကြေးပိုင်းဆိုင်ရာအခက်အခဲတွေကိုရှောင်ကျဉ်နိုင်ဖို့အတွက်သင့်ရဲ့ အခက်အခဲတွေအကြောင်းကိုကလေးငယ်ကိုနားလည်အောင် ရှင်းပြထားသင့်ပြီးသူတို့ကိုရိုးရှင်းတဲ့ ဘဝကိုနေထိုင်နိုင်ဖို့ သင်ကြားပေးသင့်ပါတယ်။   ၂။ လူမှုရေးဆိုင်ရာစိန်ခေါ်မှုများ မိဘတစ်ဦးတည်းရှိတဲ့ မိသားစုတွေဟာပယ်ဖျက်ဖို့ ခဲယဉ်းတဲ့ လူမှုရေးပိုင်းဆိုင်ရာရှောင်ခွာမှုတွေကိုခံရတတ်ပါတယ်။ ဒါ့ပြင် တစ်ဦးတည်းသောမိခင်တွေ၊ ဖခင်တွေဟာသူတို့ ဆက်သွယ်မှု ပြုလုပ်ဖို့အတွက် အချိန်မပေးနိုင်ပဲလူမှုဆက်ဆံရေးစက်ဝိုင်းကိုကျယ်ပြန့်အောင် မပြုလုပ်နိုင်ပါဘူး။   ၃။ သင့်အတွင်းစိတ်နဲ့ ပတ်သက်တဲ့ စိန်ခေါ်မှု တစ်ဦးတည်းသောမိဘတွေဟာ ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေကိုချရပြီးဒီဆုံးဖြတ်ချက်တွေကိုအပြည့်အဝတာဝန်ယူရပါတယ်။ ဒါကြောင့် တစ်ခါတစ်ရံမှာသင့်အတွက်နဲ့ သင့်ကလေးအတွက် လုပ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာမှန်ကန်ရဲ့လားဆိုပြီးကိုယ့်ကိုယ်ကိုယ် သံသယဝင်နိုင်တဲ့ အခြေအနေတွေ ဖြစ်နိုင်ပါတယ်။ […]


ကလေးပြုစုစောင့်ရှောက်ခြင်း

မိသားစုနှင့် အတူနေချိန်ကို တိုးမြှင့်နိုင်ဖို့ နည်းလမ်း ၉ ချက်

မိသားစုတွေနဲ့ ပျော်ရွှင်ဖွယ်အချိန်တွေဖြတ်သန်းခြင်းဟာ ဘဝရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပေမယ့် ဒီခေတ်ရဲ့ နေထိုင်ပုံတွေကြောင့် အလုပ်ရှုပ်ပြီး ဒါကို မေ့နေတတ်ကြပါတယ်။ ဒီဆောင်းပါးမှာတော့ သင်ချစ်တဲ့ မိသားစုတွေနဲ့ အတူနေချိန်တွေကို ဘယ်လိုမြှင့်တင်မလဲဆိုတာ ဖေါ်ပြသွားမှာဖြစ်ပါတယ်။ ၁။ ညစာ တူတူစားပါ။ ညစာ တူတူစားခြင်းဟာ အစားတူတူစားခြင်းဆိုတဲ့ အဓိပ္ပာယ် ထက်ပိုလေးနက်ပါတယ်။ ဒါဟာ သင့်မိသားစုနဲ့ ရင်းနှီးတွယ်တာမှု ဖြစ်ပေါ်ဖို့၊ သူတို့ရဲ့ နေ့စဉ်အကြောင်းအရာတွေကို ဝေမျှဖို့ အရေးကြီးတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေကို နားထောင်ပြီး သင့်မိသားစုဝင်တွေမှာ ဖြစ်နေတဲ့ အခက်အခဲတွေကို သိရမှာမို့ ကူညီမှုတွေ၊ အကြံဉာဏ်တွေ ပေးနိုင်ပါတယ်။   ၂။ အရာရာကို အတူတကွ ဖြေရှင်းခြင်း အရာရာကို အတူတကွ ဖြေရှင်းခြင်းဟာ သင့်ကို သင့်ကလေးတွေနဲ့ စကားပြောဖို့ အခွင့်အလမ်းပေးပြီး သူတို့ရဲ့ ခံစားချက်တွေ၊ သူတို့ဘယ်အရာတွေကို ဖြတ်သန်းနေရသလဲဆိုတာ […]


မိခင်နို့တိုက်ကျွေးခြင်း

နို့တိုက်မိခင် အရက်သောက် ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ

ကိုယ်ဝန်ဆောင်ချိန် ဒါမှမဟုတ် ကိုယ်ဝန်ယူဖို့ ကြိုးစားနေချိန်မှာဆိုရင်တော့ အရက်ကို လုံးဝမသောက်ရဘူးလို့ ဆရာဝန်တွေက တားလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးမှာ မွေးရာပါချို့ယွင်းချက်တွေ ပါလာနိုင်လို့ပါ။ ဒါဆို ကလေးမွေးပြီးရင်ရော။ နို့တိုက်မိခင် အရက်သောက် ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ က ဘာတွေများ ဖြစ်မလဲ။ နို့တိုက်မိခင် အရက်သောက် လို့ ရမရ ဒီပြဿနာက ကလေးမွေးပြီး လုပ်ငန်းခွင်ကို ပြန်ဝင်တဲ့ မိခင်တွေမှာ အများဆုံးတွေ့ရပါတယ်။ အိမ်မှာကျ ကလေးနို့တိုက်တယ်၊ အလုပ်မှာကျ ပွဲလမ်းသဘင်ရှိလို့ရှောင်ရခက်တဲ့ အချိန်မျိုးမှာ အရက်သောက်လို့ ရမရဆိုတာကို ဒွိဟဖြစ်နေနိုင်ပါတယ်။ နို့တိုက်မိခင်တွေအနေနဲ့ အရက်ကမသောက်ရင်တော့ အကောင်းဆုံးပါ။ မတတ်သာလို့ သောက်ဖြစ်တယ်ဆိုရင်တောင် တစ်ရက်ကို 1 drinkထက် မပိုသင့်ပါဘူး။ ဒါ့ပြင် တခြားသတိထားရမယ့် အချက်တွေလည်း ရှိပါတယ်။ 1 drink ဆိုတာ ဝိုင် ၅အောင်စ၊ ဘီယာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း