backup og meta

သင့်ကလေး ဘာကြောင့် စိတ်တိုတာလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 03/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေး ဘာကြောင့် စိတ်တိုတာလဲ

    ကလေးတွေမှာ စိတ်တိုခြင်းဟာ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးကနေ စပြီး ကျန်းမာရေးအခြေအနေတွေ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေအထိ အကြောင်းရင်းများစွာ ကြောင့် ဖြစ်နိုင်ပါတယ်။ သင့်ကလေးရဲ့ ဒေါသကြီးခြင်းကို သေချာစွာ ကိုင်တွယ်ဖြေရှင်းဖို့ အတွက် အခြေခံအကြောင်းရင်းကို သိဖို့လိုအပ်ပါတယ်။ ဒီဆောင်းပါးမှာတော့ သင့်ကလေး ဘာကြောင့် စိတ်တိုတာလဲ သူတို့ကို ကူညီဖို့ သင်ဘာလုပ်သင့်သလဲဆိုတာတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။

    သင့်ကလေး ဘာကြောင့် စိတ်တိုတာလဲ

    သင့်ကလေး ဘာကြောင့် စိတ်တိုတာလဲ ဆိုတော့  အခုလို အခြေအနေတွေကြောင့်ပါ။

    • စိတ်ပိုင်းဆိုင်ရာ ရောဂါများ

    စိတ်ရောဂါရှိတဲ့ ကလေးတွေဟာ စိတ်တိုလွယ်ကြပြီး ဆုံးဖြတ်ချက်မြန်ကြပါတယ်။ တစ်ခါတစ်ရံမှာတော့ သူတို့ဟာ စိတ်ကျတတ်ပြီး စိတ်တိုတတ်ပါတယ်။

    • စိတ်ကစဉ့်ကလျားရောဂါ

    စိတ်ကစဉ့်ကလျားရောဂါ ရှိတဲ့ ကလေးတွေဟာ လူတွေပေါ် ယုံကြည်မှုကင်းမဲ့ပြီး ပတ်ဝန်းကျင်ကို သံသယများတတ်ပါတယ်။ သူတို့ရဲ့ ဒေါသဟာ ကြောက်စိတ်ကြောင့် ဖြစ်လာတာ ဖြစ်ပါတယ်။

    • အပြုအမူဆိုင်ရာ ပြဿနာ

    စိတ်တိုခြင်းဟာ ဒီရောဂါရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အပြုအမူဆိုင်ရာ ပြဿနာ ရှိတဲ့ ကလေးတွေဟာ သူတို့လုပ်လိုက်တဲ့အလုပ်တစ်ခုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို သေချာပေါက် သိပေမယ့် မဖြစ်ဖြစ်အောင် တမင်လုပ်လိုက်တာပဲဖြစ်ပါတယ်။

    • ဦးနှောက်ပျက်စီးခြင်း (သို့) အခြား ထိခိုက် ဒဏ်ရာရခြင်း

    ဦးနှောက်အရှေ့ပိုင်းအခြမ်းကို ထိခိုက်မိခြင်း (သို့) အတက်ရောဂါဟာ စိတ်တိုခြင်းကို ဖြစ်စေနိုင်ပါတယ်။ သုတေသီတွေက ဒီလိုအခြေအနေမှာ ဘာကြောင့် စိတ်တိုလာလဲဆိုတာကိုတော့ ပြောနိုင်ခြင်း မရှိပါဘူး။

    ကလေးတွေမှာ ဒေါသကြီးခြင်းကို ကျော်လွှားနိုင်မယ့် နည်းလမ်းများ

    သူတို့ရဲ့ အပြုအမူဟာ လက်ခံနိုင်ဖွယ်မရှိဘူးဆိုတာကို သူတို့ဒေါသထွက်လာတဲ့အချိန်မှာ ကလေးကို သိပါစေ။ တကယ်လို့ သူတို့ဟာ အခြားကလေးကို ထိခိုက်စေမယ်ဆိုရင် သင်ဟာ သင့်ကလေးကို အခြားကလေးနဲ့ ဝေးရာကို ခေါ်သွားသင့်ပါတယ်။ သူတို့ကို စိတ်ပြေသွားအောင် ကူညီပေးသင့်ပြီး လုံခြုံစိတ်ချရတဲ့ နေရာတစ်ခုမှာ ထားသင့်ပါတယ်။ ဒီလိုအခြေအနေတွေက ကလေးကို ဖယ်ထုတ်လိုက်ခြင်းဟာ သူတို့ကို သူတို့ရဲ့ ဒေါသကြောင့် အခြားကလေးတွေနဲ့ ဆော့တဲ့အချိန်တွေကို သတိရစေပြီး နားလည်မှာဖြစ်ပါတယ်။

    • သင့်ကိုယ်သင် တည်ငြိမ်အောင် နေပါ။

    ဒီအခြေအနေကြောင့် ဘယ်လိုခံစားရလဲဆိုတာ သိစေဖို့ သင့်ကလေးကို ရိုက်ဖို့၊ အော်ဖို့ ဆိုတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ဒါတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ကလေးကို အကြမ်းဖက်ဆုံးမခြင်းဟာ ဒီလိုအကြမ်းဖက်မှုလုပ်ခြင်းဟာ ပုံမှန်ဖြစ်တယ်လို့ သင့်ကလေးကို သင်ပေးလိုက်သလို ဖြစ်နိုင်ပါတယ်။ နောက်တစ်ကြိမ် သင့်ဂရုစိုက်မှုကို ရရှိစေဖို့ ဒေါသထွက်ပြတာမျိုးတောင် ဖြစ်နိုင်ပါတယ်။

    • စည်းကမ်းအတိုင်း ဆောင်ရွက်ပါ။

    သင့်ကလေး ဒေါသထွက်ခြင်းကို ပုံမှန်အတိုင်း ဆုံးမခြင်းဟာ သူတို့ဘယ်လိုဆက်ဆံရမယ်ဆိုတာ နားလည်စေမှာပါ။ သင်တို့နှစ်ဦး ဆော့ကစားနေစဉ်မှာ စည်းကမ်းတွေကို လျှော့ပေါ့မပေးသင့်ပါဘူး။ ဒီလိုဆိုရင် သူတို့က ကစားနေစဉ် (သို့) လူတွေ ပျော်နေစဉ်အချိန်မှာ ဒေါသထွက်နိုင်တယ်လို့ ထင်သွားနိုင်ပါတယ်။

    • သင့်ကလေးကို တာဝန်ယူမှု ရှိပါစေ။

    တကယ်လို့ သင့်ကလေးဟာ အခြားကလေးတစ်ယောက်ရဲ့ အရုပ် (သို့) ဂိမ်းကို ဖျက်ဆီးလိုက်တယ်ဆိုရင် သူ့ကို ပြန်ထားဖို့ (သို့) ပြန်ပြင်ဆင်ပေးဖို့ စေခိုင်းသင့်ပါတယ်။ ဒါဟာ သင်က သူ့ကို အပြစ်ပေးခြင်း မဟုတ်ဘဲ အရွယ်ရောက်တဲ့ သူတွေ အမှားပြုလုပ်မိတဲ့အခါ ပြင်ဆင်တဲ့ပုံစံသာ ဖြစ်တယ်ဆိုတာ သူသိပါစေ။ သင့်ကလေးကို တောင်းပန်စကားဆိုတတ်စေဖို့ သင်ကြားပေးသင့်ပြီး ထိခိုက်သွားတဲ့သူတွေရဲ့ ခံစားချက်တွေကို နားလည်ခံစားဖို့လည်း သင်ပေးသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 03/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement