ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပထမနှစ်

47 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ဘယ်လိုဖွံ့ဖြိုးလာလဲ ကလေးငယ်ရဲ့အသက် ၁၁ လအရွယ်ရဲ့တတိယမြောက်အပတ်မှာကလေးငယ်က အောက်ပါအပြုအမူလေးတွေကို လုပ်ဆောင်ပြုမူတတ်ပါပြီ။ လက်ညှိုးလေးတွေလက်မလေးတွေကိုသုံးပြီးပစ္စည်းသေးသေးမွှားမွှားလေးတွေကိုကောက်တတ်ပါပြီ၊ အန္တရာယ်ရှိတဲ့အရာတွေကို ကလေးတွေလက်လှမ်းမီတဲ့နေရာမှာမထားမိအောင်အမြဲဂရုပြုပါ။ ခဏတဖြုတ်သူ့ဘာသာမတ်တတ်ရပ်တတ်ပြီ၊ မေမေ၊ဖေဖေဆိုတာအပြင် တစ်ခွန်းစ၊နှစ်ခွန်းစ မပီကလာပီကလာပြောတတ်ပြီ၊   သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ ကလေးကငယ်ရွယ်တဲ့အရွယ်မှာ သင်ကြားရလွယ်ပြီးလိုသလိုပုံသွင်းနိုင်တာကြောင့် မိမိတို့ကိုဘယ်လိုကူညီမလဲ ဆိုတာကို စတင်သင်ကြားပေးဖို့ အချိန်ကောင်းပါ။ ကျေးဇူးပြုပြီးတော့၊ ကျေးဇူးတင်ပါတယ်။ ဆိုတဲ့ စကားလုံးလေး တွေပြောတတ်အောင်အဓိကထားသင်ကြားပေးပါ။ အရုပ်လေးတွေကိုသန့်ရှင်းရေးလုပ်ပေးတာကို ဂိမ်းတစ်ခုကစားသလိုမျိုးလေးဖြစ်အောင်ဖန်တီးပေးပါ။ ၄၇ ပတ်သားဆိုတဲ့အရွယ်ကငယ်ရွယ်လွန်းတာကြောင့် တွေးတောနိုင်စွမ်းမရှိသေးတဲ့အတွက် စဉ်းစားတတ်အောင်သင်ပေးဖို့ကတော့စောသေးပါတယ်။ မိဘကဘေးကနေပြီး ကူညီလုပ်ဆောင်ပေးဖို့တော့လိုအပ်ပါတယ်။ ကလေးကို အဲ့ဒီအရွယ်မှာ အရာဝတ္ထုလေးတွေနဲ့ အရာဝတ္ထုလေးတွေရဲ့အမည်ကိုတွဲမိအောင်လုပ်ဆောင်ပေးပါ။ သင့်ဘက်ကလုပ်ဆောင်ပေးနိုင်လေလေ ကလေးရဲ့စာလုံးပေါင်းစွမ်းရည်ကို တိုးတက်စေပြီး ကလေးကို စကားပြောသွက်စေမှာဖြစ်ပါတယ်။ ပစ္စည်းလေးတွေကိုင်တဲ့အခါ နာမည်လေးတွေတွဲပြောပေးပါ။ လှေကားတက်တဲ့အခါ လှေကားထစ်လေးတွေကိုရေတွက်ပေးပါ။ ကုန်စိမ်းအရောင်းဆိုင်တွေကိုသွား တဲ့အခါမှာလည်း သစ်သီးတွေ၊ဟင်းသီးဟင်းရွက်တွေရဲ့အမည်တွေနဲ့အရောင်တွေကိုတွဲပြီးပြောပေးပါ။ ကလေးငယ်လေးတွေကိုရုပ်ပုံပါတဲ့ စာအုပ်တွေဖတ်ပြပြီး အရာဝတ္ထုလေးတွေကိုလက်ညှိုးထိုးပြခြင်းဖြင့် ကလေးနဲ့ရင်းနှီးကျွမ်းဝင်အောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ ကလေးရဲ့ထင်မြင်ချက်ကိုနားထောင်ပေးပါ။ ခြေအိတ်အနီရောင်ဝတ်ချင်လား၊အပြာရောင်ဝတ်ချင်လားမေးကြည့်ပါ။ ဘာအရုပ်နဲ့ကစားချင်တာလဲ ဆိုတာကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မီးဖွားပြီးနောက်ရင်သွေးလေးကို အိမ်စခေါ်လာချိန်မှာပြင်ဆင်သင့်သည်များ (အပိုင်း ၁)

ကလေးမွေးပြီးရင် သင်ဟာ စိတ်ရှုပ်ထွေးဖွယ် ကိုယ်ဝန်ဆောင်ကာလကို ကျော်လွှားနိုင်တာမို့ ကျေးဇူးတင်နေမှာပါ။ သင်နဲ့ သင့်ကလေး အတူတကွ ဖြတ်သန်းရမယ့် နောင်နှစ်ပေါင်းများစွာကို စောင့်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် တကယ်တမ်းတော့ အရာရာဟာ ထင်ရသလို မရိုးစင်းဘူးဆိုတာ သိထားသင့်ပါတယ်။ ကလေးမွေးပြီးချိန်မှာ ပြဿနာ အဟောင်းတွေ မရှိတော့ပေမယ့် ပြဿနာ အသစ်တွေ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ မိခင် အသစ်တစ်ယောက်အနေနဲ့ ပထမ ရက်သတ္တပတ်တွေကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာကို ဖေါ်ပြပေးမှာ ဖြစ်ပါတယ်။   မွေးကင်းစ ကလေးကို အစာကျွေးခြင်း မွေးကင်းစ ကလေးတွေရဲ့ စစချင်း ရက်တွေမှာ ကလေးငယ်ဟာ မွေးကင်းစ အလေးချိန်ရဲ့ ၇ ရာခိုင်နှုန်း လျော့သွားခြင်းဟာ ပုံမှန်ဖြစ်ပြီး နောက်နှစ်ပတ်ကြာတဲ့အခါ ကိုယ်အလေးချိန် ပုံမှန်ပြန်ဖြစ်အောင် မိခင်က ကူညီပေးဖို့ အရေးကြီးပါတယ်။ မိခင်အားလုံးဟာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မီးဖွားပြီးနောက်ရင်သွေးလေးကို အိမ်စခေါ်လာချိန်မှာပြင်ဆင်သင့်သည်များ (အပိုင်း ၂)

မွေးကင်းစ ကလေးငယ်ကို ရေချိုးပေးခြင်း မွေးကင်းစ ကလေးငယ်အတွက် ကလေးရေကန် ဝယ်ပေးခြင်းဟာ ကလေးငယ်ရဲ့ နူးညံ့တဲ့ အရေပြားကို အလွယ်တကူ ထိခိုက်နိုင်တာကြောင့် မလိုအပ်ပဲ မဝယ်သင့်ပါဘူး။ ဒါ့ပြင် အချင်း ခြောက်တဲ့ ဖြစ်စဉ်ဟာ ရေချိုးကန်ထဲမှာ ရေချိုးခြင်းကြောင့် နှောင့်နှေးနိုင်ပါတယ်။ ပထမ အပတ်မှာ မိခင်တွေဟာ သန့်ရှင်းပြီး ပူနွေးတဲ့ အဝတ်တစ်ခုကို အသုံးပြုပြီး ကလေးကို ကိုယ်ပတ်တိုက်ပေးသင့်ပါတယ်။ ဒုတိယပတ်မှာတော့ ကလေးငယ်တွေကိုရေမြှုပ်နဲ့ ရေပတ်တိုက်ခြင်းကို ဆက်လုပ်ပေးခြင်း (သို့) အချင်းကွာကျတဲ့အထိ ရေပတ်တိုက်ခြင်းကို ဆက်လုပ်ခြင်းမျိုး ပြုလုပ်ပေးနိုင်ပါတယ်။ အချင်းနေရာက လုံးဝကျက်သွားရင်တော့ ကလေးငယ်တွေကို ကလေးရေကန်အတွင်း ရေချိုးပေးနိုင်ပါတယ်။ မိခင်တွေဟာ ကလေးငယ်တွေအတွက် အထူးပြုလုပ်ထားတဲ့ ပျော့ပြီး အနံ့မပါတဲ့ ခေါင်းလျှော်ရည်တွေကို အသုံးပြုဖို့ သတိရသင့်ပါတယ်။ တစ်ပတ်မှာ ၃ ကြိမ်ထက်ပိုပြီး ရေမချိုးသင့်ပဲ အသားနီခြင်း၊ ခြောက်ခြင်းတွေကို […]


အခြားကလေးကျန်းမာရေးပြဿနာများ

မျက်စဉ်းဆေး၊နှာဖျန်းဆေးတွေနှင့် ကလေးအဆိပ်သင့်ခြင်း

သင့်ကလေးဟာ မျက်စဉ်း၊ နှာဖျန်းဆေး အစရှိတာတွေကို တုပ်ကွေး၊ ဖျားနာခြင်းနဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာတွေ သက်သာစေဖို့ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ဒီဆေးတွေဟာ ကလေးတွေကို ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ သူတို့ဟာ သင့်ကလေးကို ဘယ်လို အဆိပ်သင့်မှုတွေ ဖြစ်စေပြီး ဘယ်လိုစိတ်ချအောင် အသုံးပြုသင့်တယ်ဆိုတာကို လေ့လာကြည့်ကြရအောင်။ မျက်စဉ်း၊ နှာခေါင်းဖျန်းဆေးတွေဟာ သင့်ကလေးကို အဆိပ်သင့်စေပါတယ်။ အချို့ မျက်စဉ်း၊ နှာခေါင်းဖျန်းဆေးတွေဟာ မျိုရင် အဆိပ်သင့်နိုင်ပါတယ်။ ညွှန်ကြားချက်အတိုင်း မျက်လုံး၊ နှာခေါင်း အတွင်းမှာသာ အသုံးပြုမယ်ဆိုရင် မျက်လုံးနဲ့ နှာခေါင်းကိုသာ သက်ရောက်နိုင်ပါတယ်။ ဒါပေမယ့် ဒီဆေးတွေကို မျိုချမိရင်တော့ တစ်ကိုယ်လုံးကို ထိခိုက်နိုင်ပါတယ်။ ကလေး အဆိပ်သင့်တဲ့အခါ ဖြစ်လာနိုင်တဲ့ လက္ခဏာတွေကတော့ နှလုံးခုန် နှေးခြင်း၊ နှလုံးခုန် မြန်ခြင်း၊ အသက်ရှူနှုန်းနှေးခြင်း၊ ပျို့အန်ခြင်း၊ သွေးပေါင်တက်ခြင်း၊ သွေးပေါင်ကျခြင်း၊ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

အလုပ်ရှုပ်သောမိခင်များအတွက် လွယ်ကူသက်သာစေသော နည်းလမ်း ၈ သွယ်

လုပ်စရာတွေ အများကြီးရှိတယ်ဆိုပြီး အရမ်းအလုပ်ရှုပ်နေတဲ့ မိခင်တွေ အကုန်လုံးအတွက် နည်းလမ်းကောင်းများရှိပါတယ်။ အောက်ဖေါ်ပြပါ အချက် ၈ ချက်က အလုပ်ရှုပ်နေသော မိခင်တွေရဲ့ ဘဝမှာ ပျာယာခတ်ခြင်းကို သက်သာစေပါလိမ့်မယ်။ ၁။ ကျန်းမာစေတဲ့ အစားအသောက်တွေစားပါ။ လွယ်ကူရိုးရှင်းစွာပြင်ဆင်ရတဲ့ အစားအသောက်တွေကို ချက်ပြုတ်ပါ။ ထိုသို့ချက်ပြုတ်ရာတွင် ပါဝင်ပစ္စည်းတွေကို လှီးဖြတ်ပြီး အိုးထဲထည့်ပါ။ သင်ပြန်လာရင်တော့ အစာဟာ ရယ်ဒီဖြစ်နေရမည်။ ထိုသို့သော အသေးစိတ် အစအဆုံး လုပ်စရာမလိုသော အစားအသောက်တွေကို ရွေးချယ်ပါ။ ရယ်ဒီမိတ် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆော့တွေဟာလည်း သင့်အတွက် သက်သာစေမှာပါ။ ၂။ တစ်ကိုယ်ရည် သန့်ရှင်းမှုကို ဂရုစိုက်ပါ။ သင့်ကလေးတွေကို သူတို့ရဲ့ကိုယ်ခန္ဓါ သန့်ရှင်းနေစေခြင်းအားဖြင့် ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုကို သူတို့နားလည်ပါစေ။ ၃။ တစ်နေရာတည်းမှာ အရာရာကို အစီအစဉ်ဆွဲပါ။ လုပ်ရမယ့် အလုပ်တွေ၊ အလုပ်ပြင်ပ လှုပ်ရှားမှုတွေ၊ မိသားစု အစီအစဉ်တွေကို ပြက္ခဒိန်ထဲမှာ […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့တိုက်ကျွေးခြင်း နှင့် မှက္ခရုရောဂါ

Candida Albicans လို့ခေါ်တဲ့ မှက္ခရုတွေဟာ မိခင်နို့တိုက်ကျွေးခြင်းကို အနှောင့်အယှက်ပေးတဲ့ မှိုရောဂါပိုး တစ်မျိုး ဖြစ်ပါတယ်။ မှက္ခရုတွေဟာ အမျိုးသမီးရဲ့ နို့သီးခေါင်းနဲ့ ကလေးငယ်တွေရဲ့ ပါးစပ်အတွင်းမှာ ပေါက်ပွားနိုင်ပါတယ်။ ဘယ်အရာတွေက မှက္ခရုတွေကို ဖြစ်စေတာလဲ။ လူတွေရဲ့ ကိုယ်ခန္ဓါဟာ Candida Albicans မှိုကို သယ်ဆောင်နိုင်ပါတယ်။ ဒါဟာ အစာခြေလမ်းကြောင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ခန္ဓါကိုယ်နဲ့ ရင်းနှီးပြီးသား ဘက်တီးရီးယားပိုး တစ်မျိုး ဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ သူဟာ ကြီးထွားပြန့်ပွားဖို့ အခွင့်အလမ်းရပြီး မှက္ခရုဖြစ်နိုင်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းဟာ မှက္ခရုဖြစ်ဖို့အတွက် ပြီးပြည့်စုံတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ပါတယ်။ မှက္ခရုတွေဟာ ပူနွေး၊ စိုစွတ်ပြီး ချိုမြတဲ့ ပတ်ဝန်းကျင်ကို ကြိုက်နှစ်သက်တာကြောင့် မိခင်နို့တိုက်ကျွေးစဉ်မှာ ကလေးငယ်ရဲ့ ပါးစပ်အတွင်းမှာ နေတတ်ကြပါတယ်။ ပြီးရင်တော့ မိခင်ရဲ့ နို့သီးခေါင်းအတွင်းကို ပြန့်ပွားသွားနိုင်ပါတယ်။ […]


အခြားကလေးကျန်းမာရေးပြဿနာများ

လေထုညစ်ညမ်းခြင်းနှင့် ကလေးစိတ်ဝေဒနာ ဆက်နွယ်မှု

လေထုညစ်ညမ်းစေတဲ့ အရာတွေဟာ လူတွေရဲ့ ကိုယ်ခန္ဓါကျန်းမာရေးကိုသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်နိုင်ပါတယ်။ အသစ်ထုတ်ဝေထားတဲ့ ပတ်ဝန်းကျင်ဆိုင်ရာလေ့လာမှုတစ်ခုအရ လေထုညစ်ညမ်းမှု ပမာဏနဲ့ ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်နှုန်းဟာ ဆက်စပ်မှုရှိတယ်လို့ ဆိုနိုင်ပါတယ်။ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုက် (Nitrogen dioxide) နဲ့ ထိတွေ့ခြင်းဟာ ကလေးတွေမှာ စိတ်ရောဂါဖြစ်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ BMJ ဂျာနယ်မှာ ထုတ်ဝေထားတဲ့ လေ့လာမှုတစ်ခုဟာ ၅၅၀,၀၀၀သော ဆွီဒင် လူငယ်တွေ (အသက် ၁၈ နှစ် (သို့) ထက်ငယ်သူများ) ကို ၃.၅ နှစ်အတွင်း လေထုညစ်ညမ်းစေတဲ့ အရာတွေနဲ့ ထိတွေ့မှုကို လေ့လာထားတဲ့ အဖြေတွေကို အခြေခံထားပါတယ်။ လေ့လာချိန်ပြီးဆုံးသွားချိန်မှာ အချက်အလက်တွေကို Swedish National Register မှာ မှတ်ထားတဲ့ စိတ်ရောဂါကုသဆေးတွေ (ဥပမာ စိတ်ငြိမ်ဆေး၊ […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

အရုပ်သေနတ်က သင့်ကလေးစိတ်ကို ကြမ်းတမ်းစေသလား

အရုပ်သေနတ် တွေဟာ သင့်ကလေးကို ပိုမိုကြမ်းတမ်းစေတယ်ဆိုပြီး သင်ပူပန်ဖူးပါသလား။ မိဘအတော်များများဟာ ကလေးတွေကို အရုပ်သေနတ် နဲ့ ဆော့ခွင့်မပြုတတ်ကြပါဘူး။ ဒါပေမယ့် ငယ်ရွယ်စဉ်မှာ အရုပ်သေနတ်နဲ့ ကစားခဲ့ကြတဲ့ ယောက်ျားလေးတွေဟာ အရွယ်ရောက်ချိန်မှာ ပြစ်မှုကျူးလွန်ခြင်း မျိုး မရှိကြပါဘူး။ အရုပ်သေနတ်တွေဟာ ယောက်ျားလေးတွေကို လက်တွေ့ဘဝမှာ အကြမ်းဖက်မှုတွေ ပြုလုပ်စေပါသလား။ ကလေးစိတ်အထူးကု ဆရာဝန် ဒေါက်တာ Michael Thompson က ငယ်ရွယ်စဉ်မှာ စစ်တိုက်တိုင်းကစားတဲ့ ကလေးတွေဟာ လက်တွေ့ဘဝမှာ ဒေါသကြီးခြင်းကို ဖြစ်စေတယ်ဆိုတဲ့ သက်သေပြချက် မရှိဘူးလို့ဆိုပါတယ်။ ဒါပေမယ့် ကစားနည်းတွေဟာ ကလေးရဲ့ လိင်ပေါ်မှာ မူတည်ပါတယ်။ ယောက်ျားလေးတွေဟာ ပြင်းထန်တဲ့ ဆော့ကစားခြင်းတွေ ဖြစ်တဲ့ လူဆိုးတွေကို တိုက်ခိုက်ခြင်း၊ စစ်တိုက်တိုင်း ကစားတတ်ကြပေမယ့် မိန်းကလေးတွေကတော့ အရုပ်၊ ဟင်းချက်တိုင်း၊ မိသားစုလုပ်တိုင်း ဆော့ကစားနည်းတွေကို ကစားလေ့ရှိကြပါတယ်။ မကြာသေးမီက […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

သင့် ကလေးလိင်အာသာဖြေ တာကို မိရင်ဘယ်လိုလုပ်မလဲ

လိင်အာသာဖြေခြင်းဟာ စိတ်ကျေနပ်မှုနဲ့ စိတ်သက်သောင့်သက်သာ ဖြစ်စေဖို့ လိင်အင်္ဂါတွေကို လှုံ့ဆော်ခြင်းပဲ ဖြစ်ပါတယ်။ ကလေးတွေက သူတို့လက် (သို့) အခြားအရာတွေကို အသုံးပြုပြီး ပွတ်နိုင်ပါတယ်။ လိင်အာသာဖြေခြင်းက ရေချိုးစဉ်မှာ သူတို့ရဲ့ လိင်အင်္ဂါတွေကို ပုံမှန်ကြည့်ရှုလေ့ရှိတဲ့ နှစ်နှစ်ကလေးတွေထက် ပိုပါတယ်။ လိင်အာသာဖြေစဉ်မှာ ကလေးငယ်ဟာ ငေးငိုင်ပြီး ဒီကိစ္စတစ်ခုတည်းကိုသာ အာရုံစိုက်နေတတ်ပါတယ်။ ကလေးတွေက တစ်နေ့မှာ အကြိမ်ပေါင်းများစွာ လိင်အာသာ ဖြေနိုင်ခြင်း (သို့) တစ်ပတ်မှာ တစ်ကြိမ်မှာ လိင်အာသာဖြေခြင်းတွေကို ပြုလုပ်နိုင်ပါတယ်။ ကလေးလိင်အာသာဖြေ ခြင်းက အိပ်ချင်ချိန်၊ စိတ်ကျချိန်နဲ့ စိတ်ဖိစီးချိန်တွေမှာ အဖြစ်များပါတယ်။ ဘာလို့ ကလေးတွေ လိင်အာသာဖြေကြတာလဲ။ လိင်အာသာဖြေခြင်းဟာ လမ်းလျှောက်တတ်ကာစ ကလေးတွေနဲ့ ကျောင်းမတက်ရသေးတဲ့အရွယ် ကလေးတွေမှာ ပုံမှန်ဖြစ်တဲ့ အပြုအမူတစ်ခုပဲ ဖြစ်ပါတယ်။ သူတို့ဟာ ခံစားမှုကောင်းမွန်တာကြောင့် လိင်အာသာဖြေခြင်းကို ဆက်လက်လုပ်ဆောင်တတ်ကြပါတယ်။ အချို့ကလေးတွေဟာ […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

အနိုင်ကျင့်ခံခဲ့ရသော ကလေးများသည် နောင်တွင်စိတ်ဝေဒနာခံစားရနိုင်သည်

အနိုင်ကျင့်ခံခဲ့ရသော ကလေးများသည် နောင်တွင်စိတ်ဝေဒနာခံစားရနိုင်သည်။ ကလေးဘဝမှာ အနိုင်ကျင့်ခြင်းဟာ အနိုင်ကျင့်သူ ဖြစ်စေ၊ အနိုင်ကျင့်ခံရသူဖြစ်စေ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ဆိုးရွားစွာ ထိခိုက်နိုင်ပါတယ်။ ဒီအခြေအနေကို လူကြီးတွေက သူ့ဖာသာ ပျောက်သွားနိုင်တဲ့ ခဏတာသာ ကြာမြင့်ပြီး အရေးမကြီးတဲ့ အချက်တစ်ခုအဖြစ် တွေးထင်ကာ လျစ်လျူရှုထားတတ်ကြပါတယ်။ ကလေးဘဝမှာ အနိုင်ကျင့်ခြင်းဟာ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေပေါ် ကြီးမားတဲ့ သက်တမ်းတစ်လျှောက် သက်ရောက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ အတိအကျပြောရရင်တော့ သူတို့ လူကြီးဖြစ်လာတဲ့အချိန်မှာ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေကို ဖြစ်လာစေနိုင်ပါတယ်။ ကလေးဘဝမှာ အနိုင်ကျင့်ခြင်းဟာ လူကြီးဖြစ်လာချိန်မှာ စိတ်ရောဂါဖြစ်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ အနိုင်ကျင့်ခြင်းကြောင့် စိတ်ရောဂါဖြစ်ခြင်းကို လေ့လာနိုင်စေဖို့အတွက် Warwick တက္ကသိုလ် နဲ့ Bristol တက္ကသိုလ်တို့ ပူးပေါင်းပြီး အင်္ဂလန်မှာ ၄၇၀၀ သောပါဝင်သူတွေ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း