backup og meta

ယောက်ျားလေး နှင့် မိန်းကလေး ဒေါသကြီးတဲ့နေရာမှာ တူညီလား

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ယောက်ျားလေး နှင့် မိန်းကလေး ဒေါသကြီးတဲ့နေရာမှာ တူညီလား

    မကြာသေးမီက လေ့လာမှုတစ်ခုအရ ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေမှာ သူတို့ရဲ့ လိင်ပေါ်မူတည်ပြီး မတူညီတဲ့ ဒေါသအမျိုးအစား ရှိတတ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ယောက်ျားလေးရော မိန်းကလေးရောကတော့ သူတို့ရဲ့ လူမှုရေးဆိုင်ရာဒေါသထွက်တဲ့ အပြုအမူတွေအပေါ် တူညီစွာ အပြစ်မကင်းသလို ခံစားရတတ်ပါတယ်။

    လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ ဒေါသကြီးခြင်းတွေဟာ ဘာတွေလဲ။

    လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ ဒေါသကြီးခြင်း နှစ်မျိုးရှိပြီး တိုက်ရိုက်ဒေါသကြီးခြင်းနဲ့ သွယ်ဝိုက်ဒေါသကြီးခြင်းတွေ ပါဝင်ပါတယ်။ တိုက်ရိုက်ဒေါသကြီးတဲ့ ကလေးတွေဟာ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ အပြုအမူပိုင်းဆိုင်ရာ ဒေါသကြီးတတ်ကြပါတယ်။ ဥပမာ ထုရိုက်ခြင်း၊ ပစ်ချခြင်း၊ အတင်းပြောခြင်းတွေ ပဲ ဖြစ်ပါတယ်။ သွယ်ဝိုက်ဒေါသကြီးခြင်းမှာတော့ ကလေးငယ်တွေဟာ လူတွေနဲ့ တိုက်ရိုက်ရန်ဖြစ်ခြင်း မရှိဘဲ သူတို့ရဲ့ လူမှုဆက်ဆံရေးကို ပျက်စီးစေတာ ဖြစ်ပါတယ်။

    ဒီလေ့လာမှုမှာ သုတေသီတွေက တိုက်ရိုက်ဒေါသကြီးတတ်တဲ့ ကလေးတွေဟာ သွယ်ဝိုက် ဒေါသကြီးတတ်တယ်ဆိုတာကိုလည်း တွေ့ရှိခဲ့ကြပါတယ်။ သွယ်ဝိုက်ဒေါသကြီးခြင်းကို ယောက်ျားလေးနဲ့ မိန်းကလေးတွေ ကြားမှာ အနည်းငယ်သာ ကွာခြားတာ တွေ့ရပါတယ်။ ဒါ့ပြင် တိုက်ရိုက်ဒေါသကြီးတတ်တဲ့ ကလေးတွေဟာ သူငယ်ချင်းတွေနဲ့ ဆက်ဆံမှု ညံ့ဖျင်းခြင်း၊ ဆက်ဆံရေးပိုင်းဆိုင်ရာ အပြုအမူ နိမ့်ပါးခြင်းနဲ့ ဆိုးသွမ်းလူငယ် ဖြစ်နှုန်းများတယ်လို့ ဆိုပါတယ်။ တစ်ချိန်တည်းမှာပဲ သွယ်ဝိုက်ဒေါသကြီးတတ်သူတွေဟာ စိတ်ကျခြင်းရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု နည်းပါးခြင်းတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူတို့ဟာ သူငယ်ချင်းတွေကို စည်းရုံးနိုင်ပြီး အတင်းပြောကာ အခြားသူတွေကို ပယ်ထားတတ်ကြပါတယ်။

    မိန်းကလေးနဲ့ ယောက်ျားလေးကြား လူမှုရေးပိုင်းဆိုင်ရာ ဒေါသကြီးခြင်း

    ယောက်ျားလေးတွေဟာ အခြားသူတွေကို ထိန်းချုပ်ဖို့ သို့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုကို ပြသဖို့ ဒေါသကြီးခြင်းကို လေ့ကျင့်ခန်းတစ်ခုအနေနဲ့ မှတ်ယူတတ်ကြပါတယ်။ သူတို့ဟာ ဒေါသကြီးတဲ့ အပြုအမူတွေ ဖြစ်တဲ့ ဥပမာ လူကိုရိုက်ခြင်း တွေကို အပြုသဘောနဲ့ မြင်တတ်ကြပါတယ်။ ပြီးတော့ ယောက်ျားလေးတွေဟာ ဆော့ကစားဖို့ အုပ်စု အကြီးကြီးရှိနေတတ်ပါတယ်။ မိန်းကလေးတွေကတော့ ပါးစပ်နဲ့ ဒေါသကြီးခြင်းတွေ ဖြစ်တဲ့ အတင်းပြောခြင်း (သို့) အုပ်စုဖွဲ့ခြင်းတွေကို ပြုလုပ်ကြပါတယ်။ သူတို့ရဲ့ ဒေါသကြီးတဲ့ အပြုအမူတွေဟာ လွန်ကဲတဲ့ စိတ်ဖိစီးခြင်း၊ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိခြင်း အစရှိတဲ့အရာတွေက ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါကို သေးငယ်ပြီး ရင်းနှီးတဲ့သူတွေ ရှိတဲ့အုပ်စုထဲမှာ အလွယ်တကူ တွေ့ရှိနိုင်ပါတယ်။

    ဒါပေမယ့် ယောက်ျားလေးတွေရော၊ မိန်းကလေးတွေရောဟာ ဒေါသကြီးတဲ့အတွက် အပြစ်မကင်းသလို ခံစားရတာချင်း တူညီပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ ဒေါသကိုအသုံးပြုပြီး သူတို့ရဲ့ သားကောင်ကို အနိုင်ကျင့်လိုကာ အောင်နိုင်သူတစ်ယောက်ရဲ့ ခံစားချက်မျိုး ရရှိလိုပြီး သားကောင်ကို အုပ်စုထဲက ချန်ထားလိုခြင်းကြောင့် ဖြစ်ပါတယ်။

    လူမှုရေးပိုင်းဆိုင်ရာ ဒေါသကြီးခြင်းကို ကလေးတွေမှာ ဘယ်လိုလျှော့ချမလဲ။

    လူမှုရေးပိုင်းဆိုင်ရာ ဒေါသကြီးခြင်းကို လျှော့ချဖို့ ကလေးတွေဟာ မိဘတွေဆီက ထောက်ပံ့မှုလိုအပ်ပါတယ်။ ဒေါသကြီးတဲ့ အပြုအမူတွေဟာ သူတို့ရဲ့ မိဘတွေက ကြမ်းတမ်းတဲ့ မိသားစုတွေမှာ ကလေးတွေကို ကူးစက်နိုင်ပါတယ်။ ဒါကို ကန့်သတ်နိုင်ဖို့ မိဘတွေဟာ ကလေးတွေရဲ့ ဥပမာကောင်း ဖြစ်သင့်ပါတယ်။ ပြီးတော့ စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိတဲ့ကလေးတွေမှာ  မိဘတွေက ကလေးတွေကို ဂရုစိုက်သင့်ပြီး စိတ်ရောဂါကုဆရာဝန်နဲ့ သွားရောက်တွေ့ဆုံကာ ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို နည်းလမ်းရှာဖွေသင့်ပါတယ်။ ဒေါသကြီးတဲ့ကလေးကို ပညာသင်ပေးဖို့အတွက် ကျောင်းမှာ ဒေါသကြီးခြင်းနဲ့ ပတ်သက်တဲ့ ပညာပေးအစီအစဉ်တွေ ရှိဖို့နဲ့ ကလေးတွေကို ဒေါသကို ဘယ်လိုထိန်းသိမ်းမလဲဆိုတဲ့ နည်းလမ်းတွေ ပြောပြဖို့ လိုအပ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement