backup og meta

အာရုံမစူးစိုက်နိုင်သော ADHD ရောဂါကို တိုးတက်စေသော ငါးကြီးဆီအစွမ်း

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အာရုံမစူးစိုက်နိုင်သော ADHD ရောဂါကို တိုးတက်စေသော ငါးကြီးဆီအစွမ်း

    ADHD ဆိုတာဘာလဲ။

    Attention deficit hyperactivity disorder လို့ခေါ်တဲ့ ADHD ရောဂါဟာ အာရုံကြောနှင့် အပြုအမူပိုင်းဆိုင်ရာ မူမမှန်မှု တစ်ခုဖြစ်ပြီး အာရုံမစူးစိုက်နိုင်ခြင်း၊ စိတ်မရှည်ခြင်းနဲ့ တက်ကြွမှုလွန်ကဲနေခြင်း စတာတွေ လိုတာထက်ပိုပြီးဖြစ်နေတာကို ကြည့်ပြီး ဒီရောဂါလို့ သတ်မှတ်ကြပါတယ်။

    ဒါ့အပြင် ဒီလက္ခဏာတွေဟာ လူနာရဲ့ သင်ယူမှု၊ ဖွံ့ဖြိုးမှု နဲ့ လူမှုဘဝတွေကိုလည်း အကျိုးသက်ရောက်နိုင်စေပါတယ်။ ဒီလက္ခဏာတွေဟာ အချိန်ကြာလာတာနဲ့အမျှ တိုးတက်လာနိုင်ပေမယ့် အခြေအနေအများစုမှာတော့ ADHD ရောဂါရှင်လို့ သတ်မှတ်ခံထားရသူတွေဟာ ဒီပြဿနာကို အရွယ်ရောက်သည်ထိ ခံစားရလေ့ရှိပါတယ်။

    ကုသမှုမခံယူထားတဲ့ ADHDဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးကိုတော့ မထိခိုက်နိုင်ပေမယ့် လူနာရဲ့ဘဝမှာတော့ သူတို့ရဲ့ အခြေခံလုပ်ငန်းဆောင်တာတွေ နဲ့ အရေးကြီးတဲ့အလုပ်တွေကို မလုပ်ဆောင်နိုင်တာကြောင့် အမျိုးမျိုးသော အခက်အခဲတွေကိုတွေ့ကြုံစေပါတယ်။

    ADHD လူနာတွေဟာ ထိခိုက်ဒဏ်ရာရရှိမှုတွေ၊ စိတ်ကျရောဂါ၊ ပူပင်သောက၊ အထီးကျန်ဆန်လွန်းခြင်းတွေ၊ တစ်ဦးတည်းသီးသန့်ဆန်လွန်းခြင်းတွေ အပြင် စီးပွားရေးမတည်ငြိမ်မှုတွေနဲ့ပါ ဆက်စပ်နေပါတယ်။

    ADHDကို သေချာပေါက်ပျောက်ကင်းအောင် ကုသနိုင်တဲ့ နည်းလမ်းမရှိသေးပေမယ့် လက္ခဏာတွေကို အောင်မြင်စွာလျှော့ချနိုင်ပြီး သက်သာသွားစေမယ့် နည်းလမ်းတွေကတော့ အများကြီးရှိပါတယ်။ အထင်ရှားဆုံးနည်းလမ်းကတော့ DHA ကြွယ်ဝစွာပါဝင်တဲ့ ငါးကြီးဆီပါပဲ။

    ငါးကြီးဆီ ။ ။ ငါးကြီးဆီကဘာလဲ။ ဘာကြောင့် အရေးပါရတာလဲ။

    ငါးကြီးဆီကို အဆီပြည့်ဝစွာပါဝင်တဲ့ ရေချိုငါးတွေ ဥပမာ- ဆယ်လ်မွန်၊ မက်ကရယ်ငါး ၊ တူနာ သို့မဟုတ် ငါးမန်းတွေကနေတောင် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ငါးကြီးဆီရဲ့ အဓိကတန်ဖိုးကတော့ သူ့မှာ အိုမီဂါ ၃ မြင့်မား ပြည့်ဝစွာပါဝင်နေတာပါပဲ။ အိုမီဂါ ၃ ပုံစံ၂မျိုးနဲ့ရနိုင်ပြီး ဒါတွေကတော့ EPA (eicosapentaenoic acid) နဲ့ DHA (docosahexaenoic acid) တို့ဖြစ်ပါတယ်။

    EPA ရဲ့ အဓိက လုပ်ငန်းဆောင်တာကတော့ နှလုံးရဲ့ လုပ်ဆောင်မှုတွေကို အားဖြည့်ပေးဖို့ဖြစ်ပြီး DHA ကတော့ အာရုံကြောဆဲလ်အမြှေးပါးတွေကို ဖွဲ့စည်းဖို့နဲ့ ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် အစားထိုးမရနိုင်တဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။

    ဒါကြောင့် DHA ဟာ အာရုံစူးစိုက်မှုကို ကြာရှည်ခံနိုင်ဖို့နဲ့ ဦးနှောက်အိုမင်းခြင်းကို နှေးကွေးစေဖို့အတွက် ကူညီပေးနိုင်တာပါ။ အခြားသော လေ့လာမှုတွေအရလည်း DHA လယ်ဗယ်မြင့်တက်ခြင်းဟာ ADHD ရောဂါလက္ခဏာတွေကို လျှော့ချပေးနိုင်ဖို့ အဓိကနေရာကပါဝင်နေပါတယ်။

    လေ့လာမှုအသစ်တွေရဲ့ ရှာဖွေတွေ့ရှိချက်များ ။

    လေ့လာမှုပေါင်းများစွာလုပ်အပြီးမှာတော့ ကလေးတစ်ယောက်မှာရှိတဲ့ အိုမီဂါ ၃ ဖက်တီးအက်ဆစ် လယ်ဗယ်ဟာ သူ့အတွက် ADHD ရောဂါ ခံစားရနိုင်ချေနဲ့ ဆက်စပ်နေတယ်ဆိုတာကို တွေ့ရှိရပါတယ်။ ဒီလေ့လာမှုတွေကပဲ ADHD ဖြစ်နေတဲ့ ကလေးတစ်ယောက်ရဲ့ အိုမီဂါ၃ လယ်ဗယ်ဟာ ပုံမှန်ကလေးတစ်ယောက်ထက်ကို အများကြီး လျော့နည်းနေတယ်လို့ ဆိုထားပါတယ်။

    အခြားသောလေ့လာမှုတွေကတော့ ADHD ပေါ် လွှမ်းမိုးနေတဲ့ အိုမီဂါ ၃ နဲ့ ဘယ် အိုမီဂါ ၃ ဖက်တီးအက်ဆစ် အမျိုးအစားက ကလေးတွေရဲ့ လေ့လာသင်ယူမှုနဲ့ ဖွံ့ဖြိုးကြီးထွားမှုကို ထောက်ပံ့ပေးနေသလဲဆိုတာကိုလေ့လာကြတာပါ။

    လေ့လာမှုတစ်ရပ်မှာတော့ ၇နှစ်မှ ၁၂နှစ်ထိရှိတဲ့ ADHD ကလေးငယ်တွေကို အဖွဲ့ ၃ဖွဲ့ခွဲလိုက်ပါတယ်။ အဖွဲ့တစ်ခုစီကို EPA ကြွယ်ဝတဲ့ ငါးကြီးဆီ၊ DHA ကြွယ်ဝတဲ့ ငါးကြီးဆီ နဲ့ ၅၀၀ မီလီဂရမ် ဆေးတောင့်ပုံစံထုတ်ထားတဲ့ linoleic acid တွေ အသီးသီးပေးထားကာ ၄လတာ သောက်သုံးစေပါတယ်။

    လေ့လာမှုရဲ့အဆုံးမှာတော့ DHA ကြွယ်ဝစွာပါဝင်တဲ့ ငါးကြီးဆီကို ပုံမှန်သောက်သုံးတဲ့ကလေးတွေဟာ စာဖတ်ခြင်း၊ စာလုံးပေါင်းခြင်းနဲ့ လူမှုဆက်ဆံရေးအမူအရာတွေ၊တုံ့ပြန်မှုတွေမှာ အတိုးတက်ဆုံးဆိုတာကို တွေ့ရှိရပါတော့တယ်။

    အခြားသောစာဖတ်ရာမှာ အခက်အခဲရှိတဲ့ ကလေး၁၇ယောက်ကိုစမ်းသပ်ထားတဲ့ လေ့လာမှုမှာလဲ DHA တိုက်ကျွေးခြင်းကြောင့် ဆဲလ်လယ်ဗယ်မြင့်တက်လာခြင်းက အခြားသောအဖွဲ့တွေနဲ့စာရင် နောက်ဆုံးရလဒ်မှာ ပိုမိုကောင်းမွန်နေတာကို တွေ့ရှိရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement