ကလေးကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်
ကလေးလေး ကျန်းမာဖို့ဆိုတာ မိဘတွေအတွက် အရေးကြီးဆုံး ဆန္ဒပါ။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါလက္ခဏာတွေကနေ ပိုးဝင်ကူးစက်တာတွေအထိ သင့်ကလေးကျန်းမာရေးအတွက် လိုအပ်တဲ့ ဗဟုသုတအားလုံးကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။
ထွက်မှာ သေချာပြီလား။
ဝက်ဘ်ဆိုက်ကို လာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်ုပ်တို့နှင့်အတူ ပိုမိုကျန်းမာပျော်ရွှင်ပြီး အသက်ရှည်ရှည် နေနိုင်မယ့် နည်းလမ်းကောင်းတွေကို ရှာဖွေလိုက်ပါ။ Hello Sayarwonမှာ ဆောင်းပါးတွေကို ဖတ်ရှုလိုက်ပါ။
ကလေးလေး ကျန်းမာဖို့ဆိုတာ မိဘတွေအတွက် အရေးကြီးဆုံး ဆန္ဒပါ။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါလက္ခဏာတွေကနေ ပိုးဝင်ကူးစက်တာတွေအထိ သင့်ကလေးကျန်းမာရေးအတွက် လိုအပ်တဲ့ ဗဟုသုတအားလုံးကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။
ကလေးကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်
ကလေးကျန်းမာရေး နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်
ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ
ဘယ်ရောဂါမဆို မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါပဲ။ အခုလို ပူလိုက်၊ အေးလိုက်ဖြစ်နေတဲ့ ရာသီဥတုမှာ ကလေးတွေ တင်မကပါဘူး။ လူကြီးတွေလည်း မကြာခဏ အအေးမိဖျားနာဖြစ်လိုက်၊ နှာစေးချောင်းဆိုးလိုက်နဲ့ ဝေဒနာတွေကို ခံစားနေကြရတာပါ။ တုပ်ကွေး ရောဂါဟာ ဗိုင်းရပ်စ်ပိုးကနေတစ်ဆင့် အများဆုံး ကူးစက်ပြီး ရောဂါပိုးဟာ အသက်ရှူလမ်းကြောင်းထဲကို ဝင်ရောက်ပြီး ကူးစက်ပါတယ်။ ပိုးတွေ ပွားလာတဲ့အခါမှာ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ မျက်ရည်ပူကျခြင်း စတဲ့ ရောဂါလက္ခဏာတွေအပြင် အပြင်းဖျားတာ၊ ကြွက်သား နာကျင်ကိုက်ခဲလာတဲ့အထိ ပြင်းထန်နိုင်ပါတယ်။ ကလေးတွေ တုပ်ကွေးမဖြစ်စေဖို့ ဘယ်လိုကာကွယ်မလဲ။ အသက်ငယ်တဲ့ ကလေးတွေမှာ ကိုယ်ခံအားနည်းတဲ့အတွက် လူကြီးတွေထက် ပိုပြီး ဖျားနာနိုင်ခြေ၊ ရောဂါပိုးကူးစက်နိုင်ခြေ ပိုများပါတယ်။ အရွယ်ငယ်သေးတဲ့ ကလေးတွေ အထူးသဖြင့် အသက် ၂ နှစ်အောက် ကလေးတွေမှာ တုပ်ကွေး ကူးစက်နိုင်ခြေ မြင့်တဲ့အပြင် […]
ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ
မိဘဆိုတာမျိုးက ကိုယ့်ကလေး ဖျားပြီနာပြီဟေ့ဆိုရင် ခြေမကိုင်မိလက်မကိုင်မိနဲ့ ပူပင်သောကများပြီး စိုးရိမ်တတ်ကြတာ ဓမ္မတာပါပဲ။ သားသားမီးမီးတို့ ဖျားပြီ နာပြီဆိုရင် စနစ်တကျ ပြုစုစောင့်ရှောက်ရမှာဖြစ်ပါတယ်။ ခုကာလက ရာသီအကူးအပြာင်းကာလဖြစ်တာမို့ တုပ်ကွေးတွေ သောင်းကျန်းတဲ့ကာလဖြစ်သလို ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ရောဂါကပ်ဘေးကလည်း သောင်းကျန်းနေတဲ့ကာလဖြစ်တာမို့ တွေးပူစရာတွေကတော့ အများသားရယ်ပါ။ ဒီလိုကာလမျိုးမှာလည်ချောင်းနာတာ၊ ချောင်းဆိုးတာ၊ ဖျားတာနာတာ၊ ကိုယ်လက်ကိုက်ခဲ့တာစသဖြင့် ရောဂါလက္ခဏာတွေ ပြသနေရင်တောင်မှ တုပ်ကွေးလား၊ ရိုးရိုးဖျားတာလား၊ ကိုဗစ်များလားဆိုပြီး တွေးပူနေရပါလိမ့်မယ်။ ခုချိန်မှာ ရင်သွေးဖျားပြီ နာပြီဆိုရင် စိုးရိမ်သောကများမနေပဲ နည်းမှန်လမ်းမှန်နဲ့ ရင်သွေးကို ပြုစုစောင့်ရှောက်ဖို့လိုအပ်ပါတယ်။ COVID-19 ဖြစ်နေမယ်ဆိုရင်တောင်မှ ရောဂါလက္ခဏာမပြင်းထန်ရင် နေအိမ်မှာပဲ Home Q ဝင်ပြီး ကုစားရမှာဖြစ်သလို တုပ်ကွေးဆိုရင်လည်း ခုချိန်မှာ ဆေးခန်းပြသဖို့ အတန်ငယ်ခက်ခဲနေနိုင်တာမို့ ကိုယ်တိုင်ပြုစုစောင့်ရှောက်တဲ့ နည်းလမ်းက အကောင်းဆုံးလို့ ဆိုရမလိုပါပဲ။ အဖြစ်များတဲ့ တုပ်ကွေးရောဂါဟာ အသက်ရှူလမ်းကြောင်းကနေတဆင့် ကူးစက်နိုင်တဲ့ […]
ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ
အိမ်တိုင်းမှာ အပူချိန်တိုင်းဖို့ သာမိုမီတာ တစ်ချောင်းလောက် ဆောင်ထားတတ်ကြပါတယ်။ သာမိုမီတာက ကြီးကြီးငယ်ငယ် ကျားမမရွေး အကုန်လုံးရဲ့ ကိုယ်ပူချိန်ကို ပြောပြပေးနိုင်တယ်လေ။ လူကြီးတွေ ဆိုရင်တော့ ကိုယ်ပူနေရင် သိသာပြီး သာမိုမီတာတိုင်းလိုက်ရုံနဲ့ သိပေးမယ့် စကားမပြောတတ်သေး၊ ဘာဖြစ်နေလဲဆိုတာကို သေသေချာချာ မပြောတတ်သေးတဲ့ ကလေးတွေ အတွက်ကတော့ သာမိုမီတာ ဖော်ပြတဲ့ ကိုယ်ပူချိန်ကသာ သင့်ကလေး အခြေအနေကို ပြောပြနိုင်မှာပါ။ ဒါ့ကြောင့် ကိုယ့်ကလေးကိုယ်က အပူချိန်မြင့်နေလား၊ သာမန်ပဲလားဆိုတာကို သိထားမှ အဖျားကြီးတာနဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ကလေးဆီမှာ မဖြစ်အောင် ကြိုတင်ကာကွယ်လို့ရမှာလေ။ ဒါဆို သာမိုမီတာဖော်ပြတဲ့ အပူချိန် ဘယ်လောက်ဆိုရင် ကလေးတွေမှာ ကိုယ်ပူနေတယ်၊ အဖျားကြီးနေတယ်လို့ သတ်မှတ်သလဲ။ ဒါတွေကို မပြောခင် သာမိုမီတာ ဘယ်နှစ်မျိုးရှိလဲဆိုတာကို ကြည့်ရအောင်။ အရင်တုန်းကတော့ ပြဒါးထည့်ထားတဲ့ သာမိုမီတာလောက်သာ ရှိခဲ့မေမယ့် ခုနောက်ပိုင်းမှာတော့ […]
ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ
ရာသီအကူးအပြောင်း ဆိုရင် လူကြီးတွေတောင် ဖျားနာတတ်ကြတာ နုနယ်တဲ့ကလေးတွေက ပိုပြီး ဖျားနာနိုင်ခြေ များပါတယ်။ ရာသီဥတုအကူးအပြောင်းမှာ အပူချိန်၊ လေထုစိုထိုင်းဆ စတာတွေ ပြောင်းသွားတဲ့အတွက် ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားတွေ ပိုပွားတာ၊ ကူးစက်တတ်တာတွေ ဖြစ်တတ်ပါတယ်။ ရာသီအကူးအပြောင်းမှာ သားသားမီးမီးတို့ ကျန်းမာစေဖို့ မိဘတွေက ဒီလိုဂရုစိုက်ပေးဖို့ လိုပါတယ်။ ရာသီအကူးအပြောင်း မှာ ဖြစ်တတ်တဲ့ ရောဂါများ မိုးအကုန် ဆောင်းအကူးပဲဖြစ်ဖြစ်၊ နွေအကုန် မိုးအကူးပဲဖြစ်ဖြစ် ဥတုအလိုက် ဖြစ်တတ်တဲ့ ရောဂါတွေက နောက်ကနေ ကပ်ပါလာတတ်ပါတယ်။ ဒါတွေကခုခံအား နည်းတဲ့ ကလေးတွေမှာ ကောင်းကောင်းကြီး ဒုက္ခပေးတတ်ပါတယ်။ ဖြစ်တတ်တဲ့ ရောဂါတွေကတော့ မိုးအကုန် ဆောင်းအကူးဆိုရင် -ရိုတာဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှော -အအေးမိတာ -တုပ်ကွေးဖြစ်တာ -ပန်းနာရင်ကျပ် စတာတွေ ဖြစ်တတ်ပါတယ်။ ဆောင်းအကုန် နွေအကူးဆိုရင်တော့ -အပူနဲ့ ပတ်သက်တဲ့ ရောဂါတွေ -အရေပြားရောဂါတွေ ဖြစ်တတ်ပါတယ်။ နွေအကုန် မိုးအကူးဆိုရင်တော့ -သွေးလွန်တုပ်ကွေး […]
ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ
လူကြီးတွေမှာ အူကျ တာကတော့ လူသိများပါတယ်။ ဒီလိုပဲ ကလေးတွေမှာလည်း အူကျတတ်ပါတယ်။ မွေးစအရွယ်ကနေစပြီး လမ်းလျှောက်တဲ့အရွယ်အထိ အူကျတတ်ပါတယ်။ ကလေးတွေမှာ အူကျ တဲ့ပြဿနာ ကလေးတွေမှာ အူကျတာက လူကြီးတွေနဲ့ တူပါတယ်။ ဝမ်းဗိုက်ကြွက်သားတွေမှာ အားပျော့နေတဲ့နေရာရှိတဲ့အခါ အဲ့ဒီနေရာကနေ အူက ကျွံထွက်လာတာပါ။ အပြင်ကနေ ကြည့်ရင်တော့ ဖောင်းနေတာလေးပဲ မြင်ရမှာပါ။ ကလေးတွေမှာ အဖြစ်များတဲ့ အူကျတဲ့ ပြဿနာ ၂မျိုးရှိပါတယ်။ ပေါင်ခြံမှာ အူကျတာနဲ့ ချက်မှာ အူကျတာပါ။ ကလေးလေးတွေမှာ ဘာကြောင့် အူကျ ရတာလဲ။ ကလေးတွေမှာ အူကျတာက မွေးကင်းစအရွယ်တည်းက ဖြစ်နိုင်ပါတယ်။ မွေးစမှာ တခြားအင်္ဂါတွေ ဖွံ့ဖြိုးဆဲဖြစ်နေသလို ဝမ်းဗိုက်ကြွက်သားတွေကလည်း ကောင်းကောင်း မဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် ကြွက်သား အားနည်းတဲ့ နေရာတွေကနေ အူကျလာတာပါ။ ပေါင်ခြံမှာ အူကျခြင်း လူကြီးတွေမှာလိုပဲ ကလေးတွေမှာ inguinal canal ဆိုတဲ့ […]
ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ
တုပ်ကွေးက ဘေဘီလေးတွေကို ထိခိုက်မှု များစေနိုင်တဲ့ ကျန်းမာရေး အခြေအနေ တစ်ရပ်ပါ။ အကြောင်းကတော့ ဘေဘီလေးတွေက တုပ်ကွေးကို ခုခံနိုင်လောက်အောင် ကိုယ်ခံအား မဖွံ့ဖြိုးသေးလို့ပါ။ နောက်တစ်ချက်က တုပ်ကွေးက ကာကွယ်ဆေး ရှိပေမယ့် ဘေဘီလေးတွေကို အသက် ၆ လမတိုင်ခင်မှာ တုပ်ကွေး ကာကွယ်ဆေး ထိုးနှံပေးလို့ မရပါဘူး။ ဒီတစ်ခေါက်တော့ ဘေဘီလေးမှာ တုပ်ကွေးဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရလဲဆိုတာနဲ့ ဘယ်လို လက္ခဏာတွေဆို စိုးရိမ်စရာ အခြေအနေလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ဘေဘီလေးတွေက ဘယ်အရွယ်မှာ တုပ်ကွေး ကူးစက်ခံရနိုင်ခြေ များလဲ...... ဘေဘီလေးတွေက လူကြီးတွေထက် တုပ်ကွေး ကူးစက်ခံရနိုင်ခြေ ပိုများပါတယ်။ အကြောင်းကတော့ အပေါ်မှာ ပြောခဲ့သလို ဘေဘီလေးရဲ့ ကိုယ်ခံအားက ရောဂါတွေကို ခုခံနိုင်လောက်တဲ့အထိ ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတာကြောင့်ပါ။ ဘေဘီလေးတွေက အသက် ၅ နှစ် […]
ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ
ကလေးသေးသေးလေးတွေ လေးဖက်သွားပြီဆိုတာနဲ့ ဟိုအစွန်းနဲ့ တိုက်၊ ဒီအစွန်းနဲ့တိုက်၊ ကြီးလာပြန်တော့လည်း ပြေးရင်း လွှားရင်း ချော်လဲလိုက်နဲ့ ခေါင်းမဆောင့်မိတဲ့ ကလေးဆိုတာ မရှိပါဘူး။ ကလေးတိုင်းက တစ်မျိုးမဟုတ် တစ်မျိုးတော့ ခေါင်းဆောင့်မိ တတ်ကြပါတယ်။ ဒီအခါမှာ မေမေတို့က ခေါင်းဆောင့်တာက ဥုံဖွလေးလုပ်ပြီး ပွတ်ပေးရုံနဲ့ မလုံလောက်ပါဘူး။ ဦးနှောက်ထိခိုက်သွားလား၊ ဆေးရုံသွားဖို့ လိုမလား၊ အိမ်မှာ အရေးပေါ်ကုသမှု ဘယ်လိုပေးမလဲဆိုတာ သိထားဖို့ လိုပါတယ်။ ခေါင်းဆောင့်မိ တဲ့အခါ အရေးပေါ် ပြုစုနည်း ကလေး ခေါင်းဆောင့်မိ ပြီဆိုရင် မေမေပါ ပြာမသွားပါနဲ့။ စိတ်အေးအေးထားပြီး အောက်ကအချက်တွေကို လုပ်ပေးပါ။ ကလေးကို စိတ်အေးအေးထားဖို့ ပြောပြီး ချော့မြှူပေးပါ။ ပြီးရင် ဆောင့်မိတဲ့ နေရာကို စစ်ဆေးပါ။ -အညိုအမည်းစွဲတာ -ဖုထွက်လာတာ -ခေါင်းပေါက် ဒါမှမဟုတ် အနည်းငယ် ကွဲသွားတာ -တစ်ခါလောက် အန်တာ -ကလေးကြီးတွေဆို ခေါင်းကိုက်တာ စတာတွေ […]
ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ
ကလေး သဘာဝကတော့ လမ်းလျှောက်တတ်စကနေ စလို့ ကျောင်းနေရွယ်ရောက်လည်း ပြေးရင်း လွှားရင်း ချော်လဲတာ၊ ခိုက်မိတာ ရှိတာပါပဲ။ ကလေးငယ်ငယ် လေးဖက်ထောက် အရွယ်ဆိုရင်တောင်မှ သွားရင်း လာရင်း စားပွဲစောင်းနဲ့ တိုက်မိတာ၊ ခိုက်မိတာ ရှိနိုင်ပါတယ်။ တခြားနေရာဆို သိပ်မစိုးရိမ်ပေမယ့် ခေါင်းထိတယ်ဆို မေမေတို့ သိပ်စိုးရိမ်ကြပါတယ်။ အပြင်ကနေ ကြည့်လို့ ဘာမှမရှိရင်တောင် အထဲမှာများ သွေးယိုနေမလား၊ သွေးခဲနေမလားဆိုပြီး စိတ်ပူရပါတယ်။ ကလေးတွေ ခေါင်းဆောင့် မိတိုင်း ဆေးရုံသွားစရာ လိုမလား၊ ဘယ်လိုအခြေအနေမျိုးဆိုရင်တော့ သွားသင့်တယ်ဆိုတာကို ပြောပြပေးပါ့မယ်။ ကလေးတွေ ခေါင်းဆောင့် မိတဲ့အခါ ကလေးတွေမှာ သာမန်စားပွဲစွန်းနဲ့ ဆောင့်မိတာကစလို့ ချော်လဲပြီး သံမံတလင်းနဲ့ ခေါင်းနဲ့ရိုက်တာအဆုံး ဦးခေါင်းထိခိုက်ဒဏ်ရာထဲမှာ ပါပါတယ်။ ထိခိုက်ဒဏ်ရာတွေကို ဒီလို ခွဲခြားနိုင်ပါတယ်။ သာမန်ဒဏ်ရာ ဖြစ်ပြီးပြီးချင်းမှာ ကလေးက ရုတ်တရက် ကြောင်သွားပေမယ့် […]