ဆယ်ကျော်သက်လူငယ် စိတ်ပိုင်းဆိုင်ရာ
စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်စွာ ကြီးပြင်းလာစေဖို့ ငယ်စဉ်ကတည်းက ကလေးကို စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သူ တစ်ဦးဖြစ်အောင် ပျိုးထောင်ပေးဖို့လိုပါမယ်။ ဆယ်ကျော်သက် အရွယ်ရောက်လာတဲ့အခါမှာ ကလေးတိုင်းက စိတ်ဓာတ်ကျတာ အပါအဝင် အမျိုးမျိုးသော စိတ်အခြေအနေတွေနဲ့ ရင်ဆိုင်ရပါတယ်။ ဒီလို အခြေအနေတွေကို ကျော်လွှားနိုင်မှ ကလေးက အောင်မြင်တဲ့ လူငယ်ဖြစ်လာမှာပါ။ ဒီတော့ ကိုယ့်ရဲ့ ဆယ်ကျော်သက် ကလေးတစ်ယောက်ကို စိတ်ပိုင်းဆိုင်ရာ ကျန်းမာ ကြံခိုင်စေဖို့ ဘယ်လို အလေ့အထလေးတွေများ မွေးမြူပျိုးထောင်ပေးဖို့ လိုမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ဆယ်ကျော်သက်တို့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ ခန္ဓာကိုယ် အပြောင်းအလဲ၊ စိတ်အပြောင်းအလဲကို ရင်ဆိုင်နေရတဲ့ ဆယ်ကျော်သက်အရွယ် သားသားမီးမီးတို့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ လေ့ကျင့်ခန်း ပုံမှန် လုပ်ပါ လေ့ကျင့်ခန်း လုပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်ပါတယ်။ ဆယ်ကျော်သက် တစ်ယောက်အနေနဲ့ တစ်နေ့ကို တစ်နာရီလောက် ပုံမှန် လေ့ကျင့်ခန်း လုပ်ပေးဖို့လိုပါမယ်။ လေ့ကျင့်ခန်း […]