နို့တိုက်မိခင် အရက်သောက် ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ
အရက်သောက်တဲ့အခါ အရက်က မိခင်နို့ရည်ထဲကို ရောက်သွားပါတယ်။ ဒါကြောင့် ကလေးကပါ အရက်လိုက်သောက်နေရသလိုပါပဲ။ နို့ထဲကို ပါသွားတဲ့ ပမာဏက နည်းတယ်ဆိုပေမယ့် ကလေးကလည်း သေးသေးလေးဆိုတာကို မမေ့ထားသင့်ပါဘူး။
လေ့လာချက်တွေအရ ကလေးတွေရဲ့ အသည်းက လူကြီးတွေအသည်းကနေ အရက်ကို ချေဖျက်တာရဲ့ တစ်ဝက်ကိုပဲ ချေဖျက်နိုင်တာ ဖြစ်ပါတယ်။
နောက်ထပ်လေ့လာချက်မှာတော့ နို့စို့ကလေးတွေက တစ်ရက်ကို အရက် 1 drinkစာပမာဏလောက် ထိတွေ့မိတဲ့အခါ ကြွက်သားတွေ ကောင်းကောင်းမဖွံ့ဖြိုးတာ၊ အိပ်စက်ပုံမမှန်တာတွေ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ အမေက 1 drinkသောက်လို့ ကလေးဆီ 1 drink လုံးရောက်တာတော့ မဟုတ်ပေမဲ့ အမေက များများသောက်ရင်တော့ ကလေးဆီကို ပမာဏနည်းနည်းလေးတွေ စုပြီး 1 drink ပြည့်သွားနိုင်ပါတယ်။
ဟိုးအရင်ကဆိုရင် လူကြီးတွေက နို့တိုက်မိခင်တွေကို နို့ထွက်ကောင်းအောင်ဆိုပြီး အရက်နည်းနည်းတိုက်လေ့ ရှိပါတယ်။ လေ့လာချက်တွေအရတော့ အရက်က နို့ထွက်နှုန်းကို ကျစေပါတယ်။ ဒါ့ပြင် နို့ထဲမှာ အရက်ပါနေတဲ့အတွက် ကလေးက ပုံမှန်သောက်နေကျတဲ့ ၂၀% လောက် စို့တာ နည်းသွားပါတယ်။ ဆိုလိုတာက ကလေးက နို့ကောင်းကောင်းမစို့တော့ပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။