backup og meta

ဖောလစ်အက်ဆစ်ဟာ ကလေးတွေရဲ့ ဘာသာစကားစွမ်းရည်ကို တိုးတက်စေနိုင်ပါတယ်

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Wathun Myat Chal မှ ရေးသားသည်။ · 17/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဖောလစ်အက်ဆစ်ဟာ ကလေးတွေရဲ့ ဘာသာစကားစွမ်းရည်ကို တိုးတက်စေနိုင်ပါတယ်

    ဖောလစ်အက်ဆစ် အားဖြည့်ဆေးတွေဟာ ကိုယ်ဝန်ဆောင်ကာလမှာတော့ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ဒါဟာ မွေးရာပါချွတ်ယွင်းချက်တွေနဲ့ ကလေးမွေးဖွားခြင်းကို ကာကွယ်ပေးနိုင်တဲ့အပြင် အသက်၃နှစ်အရွယ်ထိ စကားပြောဆိုနိုင်ဖို့ခက်ခဲခြင်းပြဿနာကို လျှော့ချပေးနိုင်ပါတယ်။ ဖောလစ်အက်ဆစ်အားဆေးတစ်မျိုးပဲဖြစ်စေ၊ အခြားသော အားဆေးတွေနဲ့ တွဲသောက်သည်ဖြစ်စေ၊ ဒီလိုမိခင်တွေက မွေးဖွားလာတဲ့ကလေးတွေမှာ စကားပြောနောက်ကျမှုပြဿနာက အခြားသောကလေးတွေနဲ့စာရင် အများကြီးလျော့နည်းနေတာကို တွေ့ရမှာပါ။

    ဖောလစ်အက်ဆစ်ဆိုတာဘာလဲ။

    ဖောလစ်အက်ဆစ်ဆိုတာ လူလုပ်ဗီတာမင် ဘီ ၉ ပဲဖြစ်ပါတယ်။ ဒါကို ဖောလိတ်လို့ခေါ်ပြီး ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ သို့မဟုတ် ကိုယ်ဝန်ဆောင်ဖို့ရည်ရွယ်ထားတဲ့သူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဓါတ်တစ်မျိုးဖြစ်ပါတယ်။

    ဖောလစ်အက်ဆစ်ဟာ ကလေးငယ်ရဲ့ ဦးနှောက်နဲ့ ကျောရိုးမမှာ ပြင်းထန်တဲ့မွေးရာပါချွတ်ယွင်းချက်တွေ (NTD- အာရုံကြောပြွန်ချွတ်ယွင်းခြင်း) ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အာရုံကြောပြွန်ဟာ သန္ဓေသားလောင်းရဲ့ ကျောရိုးနဲ့ ဦးနှောက်ဖွံ့ဖြိုးတဲ့နေရာ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီလိုမွေးရာပါချွတ်ယွင်းချက်တွေဟာ အမျိုးသမီးတွေက သူတို့ကိုယ်ဝန်ဆောင်နေမှန်းမသိရစဉ်ကတည်းက ဖြစ်ပေါ်နေနိုင်ပါတယ်။ ဒါဟာ သင်ကိုယ်ဝန်ဆောင်ဖို့ရည်ရွယ်လိုက်တည်းက ဖောလစ်အက်ဆစ်ကို သောက်သင့်တဲ့ အရေးကြီးတဲ့ အကြောင်းရင်းတစ်ခုပါပဲ။ အာဟာရထပ်ဖြည့်ထားသော ဖြည့်စွက်စာများဟာ ဖောလစ်အက်ဆစ်ကိုထုတ်ပေးနိုင်တဲ့ အကောင်းဆုံး ရင်းမြစ်တစ်ခုပါပဲ။ Folate (ဖောလိတ်)ကို အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေနဲ့ အက်ဆစ်ဓါတ်ပါတဲ့ အသီးတွေထဲမှာ သဘာဝအတိုင်း ရရှိနိုင်ပါတယ်။

    ဖောလစ်အက်ဆစ်ဟာ ကလေးတွေရဲ့ ဘာသာစကားစွမ်းရည်ကို ဘယ်လိုတိုးတက်စေနိုင်တာလဲ၊

    ဒီအာဟာရဓါတ်ဟာ အမျိုးသမီးတွေရဲ့ ခန္ဓါကိုယ်ထဲက သွေးနီဆဲလ်တွေကို ထုတ်လုပ်ပေးဖို့ မရှိမဖြစ်လိုအပ်ပြီး ကိုယ်ဝန်ဆောင်နေတုန်းဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာတွေ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ အချို့သော ကင်ဆာရောဂါတွေနဲ့ အယ်လ်ဇိုင်းမားလိုရောဂါမျိုးဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။ ဒီဓါတ်ဟာ ကျွန်တော်တို့ရဲ့ မျိုးရိုးဗီဇတွေ၊ DNA တွေ ထုတ်လုပ်ခြင်း၊ ပြုပြင်ခြင်းနဲ့ လုပ်ငန်းဆောင်တာတွေကို အားပေးပြီး ဆယ်လ်တွေရဲ့ အခြေခံအုတ်မြစ်ကို ဖြစ်တည်လာစေပါတယ်။ ကိုယ်ဝန်မဆောင်မှီနဲ့ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ဖောလစ်အက်ဆစ်ကို လုံလောက်စွာရရှိခြင်းဟာ မွေးဖွားလာတဲ့ကလေးကို အာခေါင်ကွဲ နှုတ်ခမ်းကွဲတွေ မဖြစ်စေဖို့နဲ့ ရက်မစေ့ခင်မွေးဖွားခြင်း၊ ပေါင်မပြည့်ဘဲမွေးဖွားခြင်းတွေနဲ့ ကိုယ်ဝန်ပျက်ကျခြင်း၊ သန္ဓေသားဖွံ့ဖြိုးမှုအားနည်းခြင်း စတာတွေမဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

    ဦးနှောက်တွင်းဖောလစ်ဓါတ် မလုံလောက်မှု ဆိုလိုတာက ဦးနှောက်ရည်ကြည် တွေထဲက (သွေးထဲမဟုတ်ပါ။) ဖောလိတ်ဟာ ပုံမှန်ထက် လျော့နည်းနေမယ်ဆိုရင် ဒါဟာကလေးတွေမှာ အာရုံကြောနှင့် အပြုအမူပိုင်းဆိုင်ရာ မူမမှန်မှု ဖြစ်ရတဲ့ အဖြစ်များတဲ့အကြောင်းရင်းတစ်ခုပါပဲ။

    ဖောလစ်အက်ဆစ်နဲ့ ကုသမယ်ဆိုရင် ဦးနှောက်ရည်ကြည်တွင်းမှာ ဖောလိတ်တွေပိုမိုစုစည်းနိုင်ပြီး အာရုံကြောလက္ခဏာတွေကို ပိုပြီးတိုးတက်လာစေနိုင်ပါတယ်။ ဒါဟာ အော်တစ်ဇင် ရဲ့ လက္ခဏာတွေကို ဖောလစ်အက်ဆစ်သုံးပြီး ကုသတာနဲ့လည်းဆင်တူပါတယ်။။

    စကားပြောရန်ခက်ခဲခြင်း ( Verbal impairment) ဟာ အော်တစ်ဇင် ရဲ့ အဓိကလက္ခဏာရပ်တွေထဲကတစ်ခုဖြစ်ပြီး ဖောလိတ်စုစည်းမှုနဲ့ ဘာသာစကားဖွံ့ဖြိုးမှုတွေနဲ့လည်း ဆက်စပ်နေပါတယ်။ ဖောလစ်အက်ဆစ်ကို ထိန်းချုပ်ခြင်းဟာ ဖောလိတ်ဇီဝကမ္မဖြစ်စဉ်တွေပေါ်မှာ အကျိုးသက်ရောက်မှုရှိပြီး ဒါဟာ အော်တစ်ဇင် ဖြစ်နိုင်ချေတွေကို လျှော့ချပေးနိုင်ပါသေးတယ်။

    အမျိုးသမီးတွေဟာ ဖောလစ်အက်ဆစ်ပမာဏဘယ်လောက်လိုအပ်သလဲ။

    ကျွမ်းကျင်ပညာရှင်တွေကတော့ သင် ကိုယ်ဝန်ဆောင်နိုင်ဖို့ အားမထုတ်မီ တစ်လလောက်အလိုမှာတည်းက စတင်ပြီး နေ့စဉ်ဖောလစ်အက်ဆစ် ၄၀၀မိုက်ခရိုဂရမ် လိုအပ်ကာ ဒါဟာကလေးငယ်အတွက် မွေးရာပါချွတ်ယွင်းမှုတွေမဖြစ်စေဖို့အတွက်ပါ လို့ အကြံပြုထားပါတယ်။ အချို့သောကိစ္စရပ်တွေမှာ ကိုယ်ဝန်ဆောင်ခြင်းဟာ မျှော်လင့်မထားဘဲ ဖြစ်လာတတ်ပြီး ဒီလိုအခြေအနေမျိုးမှာတော့ ကျွမ်းကျင်ပညာရှင်တွေက ကလေးယူနိုင်တဲ့ အသက်အရွယ်ရှိတဲ့အမျိုးသမီးအားလုံးကို နေ့စဉ် ဖောလစ်အက်ဆစ် ၄၀၀ မိုက်ခရိုဂရမ်မှီဝှဲဖို့ တိုက်တွန်းထားပါတယ်။ အချို့ကတော့ သင်ကိုယ်ဝန်ဆောင်ချိန်ကစလို့ ဖောလစ်အက်ဆစ်ကို တစ်ရက်ကို အနည်းဆုံး ၆၀၀မိုက်ခရိုဂရမ်ထိ တိုးသောက်ဖို့ အကြံပြုထားပါတယ်။

    ဗီတာမင်အစုံပါသော အားဆေးတွေမှာ သင်လိုအပ်တဲ့ပမာဏ ပါဝင်ရဲ့လားဆိုတာကို သိနိုင်ဖို့ ဆေးရဲ့ တံဆိပ် မှာ စစ်ဆေးပါ။ တကယ်လို့ သင့်မှာ ဖောလိတ်ပမာဏနည်းနေတယ်၊ မရှိဘူးဆိုရင်တော့ တံဆိပ်ပြောင်းသောက်ဖို့လိုပါပြီ။ ဒါမှမဟုတ် ဖောလစ်အက်ဆစ်တစ်မျိုးတည်းသာသောက်ပါ။ (အားဆေးတွေကို တစ်နေ့ တစ်လုံးထက်ပိုပြီး မသောက်ပါနဲ့။ တကယ်လို့သင်ကကိုယ်ဝန်ဆောင်တွေအတွက် ဆရာဝန်ညွှန်ကြားထားတဲ့ ဗီတာမင်တွေကို မှီဝှဲနေတယ်ဆိုရင် ဒီထဲမှာ ဖောလစ်အက်ဆစ် ၈၀၀မှ ၁၀၀၀ မိုက်ခရိုဂရမ်တွေထိ ပါဝင်နေတာမျိုး ဖြစ်နိုင်ပါတယ်။ ပိုပြီးသေချာနိုင်ဖို့ တံဆိပ်ကိုပြန်စစ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Wathun Myat Chal မှ ရေးသားသည်။ · 17/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement