backup og meta

ကလေးများအတွက် မရှိမဖြစ်လိုအပ်သော အဆီများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Wathun Myat Chal မှ ရေးသားသည်။ · 13/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးများအတွက် မရှိမဖြစ်လိုအပ်သော အဆီများ

    ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပုံမှန်လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်နိုင်ဖို့အတွက် အဆီဓာတ်တွေကို လိုအပ်ပါတယ်။ Essential fatty acids (မရှိမဖြစ်လိုအပ်တဲ့ Fatty Acids အဆီဓာတ်)တွေဟာ ကျွန်တော်တို့ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးကြီးထွားမှုအတွက် အရေးပါလှပါတယ်။ အထူးသဖြင့် ကြီးထွားဖွံ့ဖြိုးနေတဲ့ ကလး‌တွေမှာဆိုရင် ပိုပြီး လိုအပ်ပါတယ်။ အဓိက ဦးနှောက်ဖွံ့ဖြိုးမှုအတွက် လိုအပ်တာပါ။ ကလေးများအတွက် မရှိမဖြစ်လိုအပ်သော အဆီများ က ဘာတွေလဲဆိုတာကို အောက်မှာ ဆက်ရှင်းပြထားပါတယ်။

    ကလေးတွေအတွက် Essential fatty acid တွေဟာ ဘာကြောင့်အရေးပါရတာလဲ။

    Essential Fatty Acids ( EFAs )တွေဟာ ကျွန်တော်တို့ အစားအစာတွေထဲမှာ နေ့စဉ်ပါဝင်နေဖို့လိုအပ်တဲ့ အဆီတစ်မျိုးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအဆီဓာတ်တွေကို ခန္ဓာကိုယ်က အလိုအလျောက်မထုတ်ပေးနိုင်လို့ပါ။

    ဒီအက်ဆစ်တွေဟာ အာရုံကြောစနစ်ရဲ့ တစ်သျှူးတွေကို တည်ဆောက်ပေးပြီး အာရုံကြောတွေကို လှုံ့ဆော်ပေးနိုင်ပါတယ်။ သူတို့ဟာ သွေးလည်ပတ်မှုစနစ်ကိုလည်း အားကောင်းစေပြီး ခုခံစွမ်းအားကို တည်ဆောက်ပေးပါတယ်။ အာဟာရဓာတ်တွေကို ခန္ဓာကိုယ်က စုပ်ယူနိုင်အောင်လည်း ကူညီပေးပါတယ်။

    ဒါ့အပြင် ခန္ဓာကိုယ်ကနေ  prostaglandins တွေ ထုတ်လုပ်ရာမှာလည်း EFAs တွေကို အသုံးပြုပါသေးတယ်။

    EFAs တွေမှာ အဓိကအားဖြင့် အမျိုးအစား၂မျိုးရှိပါတယ်။ ဒါတွေကတော့ အိုမီဂါ-၃ (alpha-linolenic acid ) နဲ့ အိုမီဂါ -၆ (linoleic acid )တွေဖြစ်ပါတယ်။ သူတို့နှစ်မျိုးလုံးဟာ polyunsaturated fatty acid (မပြည့်ဝဆီ) တွေဖြစ်ပြီး ကိုလက်စထရော ပမာဏ လျော့နည်းအောင်၊ ဆဲလ်ရောင်ရမ်းခြင်းတွေ လျော့ကျအောင်နဲ့ နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေကို ပုံမှန်လုပ်ဆောင်နိုင်စေအောင် စတဲ့နေရာတွေမှာ ကူညီပေးပါတယ်။

    အိုမီဂါ-၃ အမျိုးအစားတစ်ခုဖြစ်တဲ့ DHA (Docosahexaenoic acid)ဆိုရင် ကလေးတွေရဲ့ မျက်စိနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အဓိကအရေးပါတာကြောင့် ဉာဏ်ရည်ထက်မြက်တဲ့ သားသမီးတွေ ဖြစ်လာစေနိုင်ပါတယ်။ ကလေးတွေစားသုံးမယ့် အစားအသောက်တွေထဲမှာ DHA မျှတစွာပါဝင်မယ်ဆိုရင် သင်ယူမှုစွမ်းရည်ကို တိုးတက်စေနိုင်ပါလိမ့်မယ်။

    သင့်ကလေးအတွက် ဘယ်ပမာဏလောက်ဆို လုံလောက်မလဲ။

    ၁နှစ်ကနေ ၃နှစ်အရွယ်မှာ ကလေးတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် အိုမီဂါ ၆ ကို ၇ဂရမ်နဲ့ အိုမီဂါ ၃ ကို ဝ.၇ဂရမ် ကို နေ့စဉ်လိုအပ်ပါတယ်။ အသက်၄နှစ်မှ ၈နှစ်အတွင်းမှာ ကလေးဟာ နေ့စဉ် အိုမီဂါ ၆ ကို ၁၀ဂရမ်လိုအပ်ပြီး အိုမီဂါ ၃ ကိုတော့ ဝ.၉ဂရမ်လိုအပ်မှာဖြစ်ပါတယ်။

    ဒါပေမယ့် နေ့စဉ်စားတဲ့အခါ EFAတွေကိုပဲ စားလို့ မရပါဘူး။ EFA တွေ အလုပ်ဖြစ်မြောက်ဖို့ ဗီတာမင်အေ၊ စီ၊ အီး နဲ့ မဂ္ဂနီဆီယမ်၊ ဇင့်၊ ကော့ပါးစတဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေလည်း လိုအပ်ပါတယ်။

    ကလေးကို နေ့စဉ် အဆီပါဝင်‌အောင် ကျွေးဖို့ လိုအပ်တယ်ဆိုပေမဲ့ အသွင်ပြောင်းဆီတွေနဲ့ ပြည့်ဝဆီတွေကို ကျွေးမွေးတာကို ရှောင်ရှားသင့်ပါတယ်။ ဒီအရာတွေက ကလေးတွေကို အဝလွန်စေသလို နောင်ကြီးလာတဲ့အခါ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချိုအမျိုးအစား ၂ စတာတွေကို ဖြစ်စေနိုင်ပါတယ်။ အဲ့ဒီအစား အိုမီဂါ၃ နဲ့ အိုမီဂါ ၆ အဆီတွေကို ရွေးချယ်ရပါမယ်။

    ကလေးများအတွက် မရှိမဖြစ်လိုအပ်သော အဆီများ ကို ဘယ်ကရနိုင်သလဲ

    အိုမီဂါ ၃ကို လတ်ဆတ်တဲ့ အဆီများတဲ့ငါး (တူနာနဲ့ ဆယ်လ်မွန်) တွေ၊ ကာနိုလာဆီနဲ့ သစ်ကြားဆီတွေမှာ အများဆုံးတွေ့ရပါတယ်။ အိုမီဂါ ၆ ကတော့ ပြောင်းဆီ၊ မြေပဲဆီ၊ နှမ်းဆီနဲ့ primerose အဆီ စတာတွေမှာ တွေ့ရပါတယ်။

    ကလေးအတွက်ဆိုရင်တော့ အိုမီဂါ၃ ကြွယ်ဝစွာပါဝင်တဲ့ နို့၊ မြေပဲထောပတ်၊ ဒိန်ချဉ်၊ လိမ္မော်ရည်၊ ဥနဲ့ ဖော်မြူလာနို့မှုန့် စတာတွေကို ကျွေးမွေးသင့်ပါတယ်။ အခွံမာသီးတွေနဲ့ အစေ့အဆံတွေကလည်း EFA တွေရဲ့ ရင်းမြစ်ကောင်းတစ်ခုပါပဲ။ ဒါတွေကျွေးမယ်ဆိုရင်တော့ မတော်တဆ သီးတာမျိုး ဖြစ်တတ်လို့ သတိထားရပါမယ်။

    ဒီအစားအစာတွေကို နေ့စဉ်ပါဝင်အောင် ကျွေးမယ်ဆိုရင် ကလေးရဲ့ ကောင်းကျိုးပြုအဆီ လိုအပ်ချက်ကို ပြည့်မီနိုင်မှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Wathun Myat Chal မှ ရေးသားသည်။ · 13/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement