အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး
ဝမ်းချုပ်တာက နေ့စဉ်ဘဝရဲ့ ပုံမှန် လှုပ်ရှားမှုတွေအပေါ်မှာ တော်တော်လေး သက်ရောက်မှု ဖြစ်စေပါတယ်။ ဝမ်းချုပ်နေတဲ့အခါ မအီမသာဖြစ်နေတာကြောင့် အလုပ်ထဲမှာ အာရုံစိုက်ဖို့ ခက်တာ၊ ပင်ပန်းနေတာမျိုးတွေ ခံစားရပါတယ်။ ဒီလို ဝမ်းချုပ်ရတဲ့ အကြောင်းအရင်းပါ်မှာ ရာခိုင်နှုန်း များစွာ သက်ရောက်နေတဲ့ အချက်တစ်ခုကတော့ နေ့စဉ် စားသုံးတဲ့ အစားအစာတွေပါပဲ။ အစားအစာတိုင်းက ဝမ်းချုပ်စေတာ မဟုတ်ပေမယ့် အချို့သော အစားအစာတွေနဲ့ စားသောက်မှုပုံစံတွေက ဝမ်းချုပ်တာကို ဖြစ်စေနိုင်ပါတယ်။ နေ့စဉ် စားသုံးမှုမှာ အပင်ကနေရရှိတဲ့ အမျှင်ဓာတ် ၂၀ ဂရမ် ကနေ ၃၅ ဂရမ်လောက် ပါရှိမှ အူတွေက လှုပ်ရှားမှု ကောင်းမွန်မှာဖြစ်ပြီး ဝမ်းချုပ်မှု ကင်းဝေးမှာပါ။ ဒါကြောင့် အစားစားတဲ့အခါ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်အောင် စားသုံးတာကလည်း ဝမ်းချုပ်တာကို ထိထိရောက်ရောက် ကာကွယ်တာပါပဲ။ ဒါတွေက ဝမ်းချုပ်စေတယ်ဆိုတာ […]