၅။ အူမကြီး ဆိုပြီး အဆင့် ၅ဆင့်ကို ဖြတ်သန်းရပါတယ်။
အစာခြေစနစ် ဘယ်လိုအလုပ်လုပ်သလဲ။
၁။ အစားအစာကို ဝါးစားလိုက်တဲ့အခါ တံတွေးထဲမှာ ပါဝင်တဲ့ အင်ဇိုင်းတွေဟာ အစားအစာထဲမှာ ပါဝင်နေတဲ့ ကစီဓါတ်ေတွကို ချေဖျက်ပေးလို့ အစာဝါးရလွယ်ကူစေပါတယ်။
၂။ ပါးစပ်ကနေ မြိုချလိုက်တဲ့အခါ လည်ချောင်းအတွင်းသို့ လျင်မြန်စွာရောက်ရှိပါတယ်။ အစာမြိုချပြီး ၆နာရီမှ ၈နာရီအတွင်း လည်ချောင်းမှ အစာအိမ်၊ အူ၊ အူမကြီးဆီသို့ အစာတွေက ရွှေ့ပြောင်းသွားလာနေပါပြီ။
၃။ အစာအိမ်အတွင်းမှာ ရှိတဲ့ အက်ဆစ်ဓါတ်တွေဟာလည်း အစားအစာကို ဖြိုခွဲပေးပြီး အက်စစ်ဓါတ်ပါတဲ့ အစာရည်နဲ့ အနည်းငယ်ကျေညက်ပြီးသား အစာတွေကို အူဆီသို့ ပို့ဆောင်ပေးပါတယ်။
၄။ အူအတွင်းသို့ ရောက်တဲ့အခါ ပန်ကရိယအရည်တွေက ကာဗိုဟိုက်ဒြိတ်လို့ ခေါ်တဲ့ ကစီဓါတ်၊ အဆီနဲ့ အသားဓါတ်တွေကို ဖြိုခွဲပေးတယ်။ အဆီဓါတ်တွေကိုတော့ အသည်းထဲမှာရှိတဲ့ သည်းခြေရည်အတွင်း ပျော်ဝင်သွားစေပါတယ်။ ဗီတာမင်၊ သတ္တုဓါတ်နဲ့ ရေတွေကို အူနံရံမှ သွေးကြောအတွင်း ပို့ဆောင်ပေးပြီး မကျေညက်သေးတဲ့ အစာတွေကိုတော့ အူမကြီးသို့ ပို့ဆောင်ရပါတယ်။
၄။ အူမကြီးအတွင်း ရောက်ရှိတဲ့အခါ အနည်းငယ်ချေဖျက်ထားပြီးသား အစာတွေကို တစ်ရက်ခန့်ကြာအောင် သိမ်းဆည်းထားပြီး ပိုမိုကျေညက်သွားအောင် ချေဖျက်ဖို့ အလုပ်လုပ်ရပါတယ်။ နောက်ဆုံး အကြွင်းအကျန် အာဟာရဓါတ်တွေကိုတော့ အူမကြီးက စုပ်ယူပြီး ကျန်တဲ့ အစာဟောင်းတွေကို ဝမ်းအဖြစ် စွန့်ထုတ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။