အစာအိမ်နဲ့ အူလမ်းကြောင်းဟာ အရှည်ကြီး ဖြစ်ပြီး အစိတ်အပိုင်းတွေ အများကြီး ပါဝင်တဲ့အတွက် တစ်ခုချင်းစီမှာ ရောဂါတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ပြင် ဘယ်လောက်ပဲ သန့်တယ်ဆိုဆို ပြင်ပကနေ ရောဂါပိုးမွှားတွေ အပြည့်နဲ့ အစာကို စားသောက်နေရတာ ဖြစ်တဲ့အတွက် ပိုးကူးစက်လည်း လွယ်ပါတယ်။ အထူးသဖြင့် သန့်ရှင်းမှု အားနည်တဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာပေါ့။