အသည်းရောဂါများ

ကျန်းမာနေစေဖို့အတွက် အရေးကြီးတဲ့ အသည်းကို ကျန်းမာစေဖို့ လိုက်နာရမယ့် အလေ့အထတွေနဲ့ အသည်းကျန်းမာရေးရဲ့ လက္ခဏာတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အသည်းရောဂါများ

သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း

အသည်းရောဂါရဲ့ နောက်ဆုံးအဆင့်တွေ တစ်နည်းအားဖြင့် အသည်းက ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့တဲ့ အခြေအနေမှာဆိုရင် အသည်းအစားထိုးကုသမှု ခံယူတာက လူနာတွေရဲ့ သက်တမ်းကို ရှည်စေတဲ့ ကုသမှုတစ်မျိုးပဲ ဖြစ်ပါတယ်။ အရင်ကတော့ ဆုံးပါးသွားတဲ့သူတွေဆီကနေ အလှူခံရာကနေ ဒီနေ့ခေတ်မှာဆိုရင်တော့ သက်ရှိအလှူရှင်တွေဆီကနေလည်း ရယူနိုင်ပြီဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း က အားသာချက်တချို့ ရှိနေတာကြောင့်ပါ။ အသည်းအစားထိုးကုသမှု ခံယူဖို့ လိုအပ်တဲ့ အခြေအနေတွေက အသည်းအစားထိုးတာကို လူကြီးရော ကလေးပါ ခံယူလို့ရပါတယ်။ အသည်းက အလုပ်မလုပ်နိုင်ဘူး၊ တခြားကုသနည်းတွေနဲ့လည်း ကုသလို့ မရဘူးဆိုရင်တော့ အသည်းအစားထိုးတာက နောက်ဆုံးနည်းလမ်းပါ။ ဘာကြောင့်ပဲဖြစ်ဖြစ် အသည်းပျက်စီးပြီး ပုံမှန်အလုပ်တွေ မလုပ်နိုင်တော့ဘူးဆိုရင် အသည်းအစားထိုးရမှာပါ။ များသောအားဖြင့် အသည်းအစားထိုးတာကို ဆေးဝါးတွေ၊ ဓာတုပစ္စည်းတွေကြောင့် ရုတ်တရက် အသည်းပျက်စီးတာ နာတာရှည် အသည်းရောဂါတွေ ဖြစ်တဲ့ -အသည်းခြောက်တာ  (ဥပမာ အရက်ကြောင့်၊ […]

အသည်းရောဂါများ ကို ရှာဖွေမည်။

အသည်းရောဂါများ

အသည်းအဆီဖုံး တာနဲ့ ပတ်သက်ပြီး ဘာတွေ မှားသိထားကြသလဲ

အသည်းအဆီဖုံး တာကအဖြစ်များတဲ့ ရောဂါပါ။ အမျိုးသားရော၊ အမျိုးသမီးပါဖြစ်နိုင်ပါတယ်။ အသည်းအဆီဖုံးတာက အဖြစ်များပေမယ့် အများစုက အရေးမကြီးသယောင် ပေါ့ပေါ့ဆဆ နေမိကြပါတယ်။ ဒါက နောင်အခါမှာ ပိုဆိုးတဲ့ အသည်းရောဂါတွေ ဖြစ်လာနိုင်ဖို့ လမ်းစပါပဲ။ အသည်းအဆီဖုံးတယ်ဆိုတာ အသည်းအဆီဖုံး တယ်ဆိုတာ အသည်းမှာ လိုတာထက် ပိုပြီး အဆီတွေ စုနေတာပါ။ ဒီပိုလျှံနေတဲ့ အဆီတွေက အသည်းဆဲလ်တွေကို ရောင်ရမ်းစေပါတယ်။ အသည်းအဆီဖုံးတဲ့အဆင့်မှာ သေချာဂရုမစိုက်ဘူးဆိုရင် အသည်းရောင်တာ၊ အသည်းခြောက်တာ၊ အသည်းကင်ဆာအထိ ဖြစ်သွားနိုင်ပါတယ်။ အသည်းအဆီဖုံးတာက များသောာအားဖြင့်တော့ လက္ခဏာမပြတတ်ပါဘူး။ နောက်ပိုင်း ပိုဆိုးလာမှသာ ဗိုက်ဖောတာ၊ အသားဝါတာ၊ ဗိုက်အောင့်တာတွေ ဖြစ်လာပါတယ်။ အသည်းအဆီဖုံး တာနဲ့ ပတ်သက်ပြီး ဘာတွေ မှားသိထားကြသလဲ။ Myth: အရက်သောက်တဲ့သူတွေပဲ အသည်းအဆီဖုံး ကြတာပါ။ Fact: လူတိုင်းမှာ ဖြစ်နိုင်ပါတယ်။ အရက်သောက်တဲ့သူတွေကမှာ ပိုတွေ့ရတာပါ။ အရက်သောက်တာအပြင် အဝလွန်တာ၊ အဆီအဆိမ့်နဲ့ […]


အသည်းရောဂါများ

အသည်းရောင်ရောဂါ နဲ့ ပတ်သက်တဲ့ အယူအဆမှားများ

အသည်းရောင်ရောဂါ က အဖြစ်များတဲ့ အသည်းရောဂါတစ်ခုပါ။ အဖြစ်များတဲ့အတွက်  အသည်းရောင်ရောဂါနဲ့ ပတ်သက်တဲ့ ကျန်းမာရေးဗဟုသုတတွေကို သိထားဖို့ လိုပါတယ်။ ဒီရောဂါနဲ့ ပတ်သက်ပြီး ဘာတွေ မှားယွင်းပြီး သိထားကြလဲဆိုတာကို စစ်ဆေးကြည့်ရအောင်။ အသည်းရောင်ရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့ အသည်းရောင် အသားဝါရောဂါပိုး (အေ၊ ဘီ၊ စီ၊ ဒီ၊ အီး) အရက်သောက်တာ ဆေးဝါး၊ ဓာတုပစ္စည်းတွေ ခုခံအားက အသည်းဆဲလ်တွေကို မှားယွင်းပြီး ပြန်လည်တိုက်ခိုက်တာကြောင့်ပဲ ဖြစ်ပါတယ်။ အသည်းရောင်ရောဂါနဲ့ ပတ်သက်တဲ့ ယုံတမ်းစကားများ အသည်းရောင်ရောဂါတွေ  အကုန်လုံးက ပြင်းထန်ပါတယ်။ အသည်းရောင်ရောဂါ တွေက တစ်ခုနဲ့ တစ်ခု မတူကြပါဘူး။ ဥပမာ အသည်းရောင် အသားဝါအေဆိုရင် အများစုက များများအနားယူ၊ ရေများများသောက်ရုံနဲ့ သက်သာပေမယ့် ဘီတို့ စီတို့ဆိုရင်တော့ နာတာရှည် အသည်းရောင်ရောဂါဖြစ်ပြီး ကုသဖို့ […]


အသည်းရောဂါများ

အသည်းအင်ဇိုင်း တက်တာ ဘာကြောင့်လဲ

သင့်အနေနဲ့ ပုံမှန် ကျန်းမာရေး စစ်ဆေးရင်ပဲ ဖြစ်ဖြစ်၊ ရောဂါလက္ခဏာ တစ်ခုခု ခံစားရလို့ အသည်းကြောင့်လို့ ယူဆလို့ ဆရာဝန်က ဆေးစစ်ခိုင်းရင်ဖြစ်ဖြစ် liver function test (LFT) ဆိုတာလေးကို မြင်ဖူးမှာပါ။ ဒီထဲမှာ အသည်းအင်ဇိုင်း စစ်ဆေးတာလည်း ပါပါတယ်။ ဒီအသည်းအင်ဇိုင်းတွေက ဘာကိုပြောချင်တာလဲ။ အသည်းအင်ဇိုင်းတက်တိုင်း စိုးရိမ်စရာလား။ အသည်းအင်ဇိုင်း တွေက ဘာတွေလဲ။ အင်ဇိုင်းဆိုတာ ပရိုတင်း တစ်မျိုးပါပဲ။ ခန္ဓာကိုယ်ထဲက ဇီဝရုပ်ဖြစ်စဉ်တွေကို ကူညီပေးတဲ့ ပရိုတင်းလေးတွေပါ။ အသည်းအတွက်ဆိုရင် အသည်းအင်ဇိုင်းတွေက သည်းခြေရည်ကို ထုတ်ပေးတာ၊ သွေးတိတ်စေတဲ့ ပစ္စည်းတွေ ထုတ်ပေးတာ၊ စားလိုက်တဲ့ အစားအစာတွေကို ခြေဖျက်ပေးတာ၊ ဆေးဝါးတွေ၊ အဆိပ်အတောက်တွေကို သန့်စင်ပေးတာ၊ ရောဂါပိုးတွေကို တိုက်ထုတ်ပေးတာ၊ ပရိုတင်းတွေ ထုတ်ပေးတာ စတဲ့ အလုပ်တွေကို ကူညီပေးပါတယ်။ စစ်လေ့ရှိတဲ့ အသည်းအင်ဇိုင်းတွေကတော့ […]


အသည်းရောဂါများ

အသည်းရောဂါရဲ့ အစောပိုင်း လက္ခဏာတွေ က ဘာတွေများလဲ.......

ခန္ဓာကိုယ်ကြီး ကျန်းမာနေစေဖို့ဆိုရင် ကိုယ်တွင်းက အစိတ်အပိုင်းလေးတွေ တစ်ခုချင်းဆီက သူတို့ရဲ့ တာဝန်ကို ကျေပွန်ဖို့ လိုပါမယ်။ ဒီလိုကျေပွန်တဲ့အထဲမှာ ခန္ဓာကိုယ် ကျန်းမာဖို့ အဓိက အခန်းကဏ္ဍကနေ လည်ပတ်နေတဲ့ အသည်းလေးကလည်း သူရဲ့ တာဝန်ကို ကျေပွန်ဖို့ လိုပါမယ်။ အသည်းထိခိုက်ပျက်စီးမယ်၊ အသည်းက အရင်လို လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်း မလုပ်နိုင်တော့ဘူးဆိုရင် နေ့စဉ်ဘဝရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းလုပ်ဆောင်နိုင်ဖို့ ခက်သွားမှာပါ။ ဒီတော့ အသည်းလေး မကျန်းမာဘူးဆိုရင် ကြိုတင် ဂရုစိုက်နိုင်စေဖို့အတွက် သိထားဖို့လိုမယ့် အသည်းရောဂါရဲ့ အစောပိုင်း လက္ခဏာတွေ ကို ပြောပြပေးသွားပါမယ်။ အသည်းဆိုတာ အသည်းဆိုတာ ဝမ်းဗိုက်ရဲ့  ညာဘက်အထက်ပိုင်းနားမှာရှိတဲ့ နီညိုရောင် ခပ်ခုံးခုံး အစိတ်အပိုင်းလေးပါ။ ကျန်းမာတဲ့ အသည်းဟာ အလေးချိန်အားဖြင့် ၃ ပေါင် ဝန်းကျင် ရှိပါတယ်။ ခန္ဓာကိုယ်အတွက် မနားမနေ […]


အသည်းရောဂါများ

အသည်းကို သန့်စင်ပေးမယ့် Detox water အချို့

အရက်ကို ကြိုက်လို့ပဲ​ သောက်သောက်၊ မိတ်ဖြစ်ဆွေဖြစ်ပဲ သောက်သောက်၊ အလုပ်သဘောအရပဲ သောက်သောက် အသည်းကို ထိခိုက်စေတာကတော့ အမှန်ပါပဲ။ ဒီတော့ ကြာလာတဲ့အခါ အသည်းကို ထိခိုက်လာပြီး အသက်အန္တရာယ်ရှိလာနိုင်ပါတယ်။ ဒီတော့ အသည်းကို သန့်စင်ပေးနိုင်မယ့် နည်းလမ်းလေးတွေပြောပြချင်ပါတယ်။ ဒါကတော့ လုပ်ရတာလည်း လွယ်ကူတဲ့ အသည်းကို သန့်စင်ပေးမယ့် Detox water လေးတွေပါ။ အရက်ကြောင့် အသည်းကို ဘယ်လိုထိခိုက်နိုင်လဲ...... အရက်သောက်တဲ့အခါ အချိန်ကြာလာနဲ့အမျှ အသည်းခြောက်တာ အသည်းရောင်တာ အသည်းအဆီဖုံးတာ အသည်းမှာ အနာဖြစ်တာ အသည်းကင်ဆာ ဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ https://hellosayarwon.com/digestive-health/liver-diseases/facts-need-to-know-about-liver-diseases/ အသည်းကို အယ်လ်ကိုဟော​ကြောင့်ထိခိုက်တာတွေကနေ သက်သာစေဖို့ ဘာလုပ်မလဲ....... အသည်းကို အယ်လ်ကိုဟောကြောင့် ထိခိုက်မှုကနေ ကာကွယ်ပေးဖို့ဆိုရင် အသည်းကို သန့်စင်ပေးလို့ရပါတယ်။ ဒီတော့ မေးစရာရှိလာနိုင်တာက ဘယ်လိုသန့်စင်ပေးရမလဲလို့ပေါ့။ နေ့စဉ် စားသောက်နေထိုင်မှုပုံစံ ပြောင်းလဲတာက အသည်းကို အကောင်းဆုံး သန့်စင်ကာကွယ်တာပါပဲ။ ဒါကြောင့် […]


အသည်းရောဂါများ

အသည်းတစ်ခြမ်းနဲ့ လူသား

အသည်းဟာ ခန္ဓာကိုယ်ရဲ့ အရေးအပါဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုပါပဲ။ အသည်းဟာ ပျက်စီးပြီးတဲ့နောက် အလိုလို ပြန်ကောင်းလာနိုင်တဲ့ တစ်ခုတည်းသော အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ အသည်းရဲ့ လုပ်ဆောင်ချက်တွေကတော့ သွေးထဲက အဆိပ်အတောက်တွေကို စစ်ထုတ်ဖယ်ရှားပေးပါတယ်။ Bile လို့ခေါ်တဲ့ သည်းခြေရည်ကို ထုတ်ပေးပါတယ်။ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကို သိုလှောင်နိုင်ပါတယ်။ ဟော်မုန်းတွေနဲ့ ခုခံအား တုံ့ပြန်မှုတွေကို ပုံမှန်ဖြစ်စေပါတယ်။ သွေးခဲမှုအတွက် အထောက်အကူဖြစ်စေပါတယ်။ ဒီမှာပြောစရာ ရှိလာတာက “အသည်းပျက်စီးနေတဲ့သူတွေ၊ မဖြစ်မနေ အသည်းအစားထိုးဖို့ လိုအပ်လာတဲ့သူတွေအတွက် အသည်းတစ်ခြမ်း လှူမယ့် အလှူရှင်တွေကရော ပုံမှန်အတိုင်း အသက်ရှင်နိုင်ပါ့မလား။” ဆိုတဲ့ အသည်းလှူလိုသူတွေရဲ့ မေးခွန်းပါပဲ။ ဒီမေးခွန်းကို ဖြေဖို့ အရင်ဆုံး သိထားရမှာက အသည်းရဲ့ ၂၅ % ကနေ ၃၀% ရှိနေရင်ကို အသည်းက […]


အသည်းရောဂါများ

အသည်းစနမူနာယူစစ်ဆေးခြင်း

အသည်းစ နမူနာယူစစ်ဆေးခြင်း (Liver Biopsy) ဆိုတာကတော့ အသည်းကနေ တစ်ရှူးစ အနည်းငယ်ကို ခွဲစိတ်မှုနည်းလမ်းအားဖြင့် ရယူပြီး ရောဂါဗေဒဓာတ်ခွဲခန်းကို ပို့ဆောင်စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ တစ်ရှူးစကို နမူနာယူစစ်ဆေးခြင်းအားဖြင့် အသည်းမှာ ကင်ဆာ၊ အသည်းခြောက်ခြင်း စတဲ့ ပုံမှန်မဟုတ်တဲ့ အနေအထားတွေ ဖြစ်ပေါ်နေခြင်း ရှိမရှိ သိနိုင်မှာ ဖြစ်ပါတယ်။ လိုအပ်ရင် သွေးစစ်ခြင်း၊ ပုံရိပ်ဖော်စစ်ဆေးခြင်း စတာတွေ ထပ်မံလုပ်ဆောင်ပါတယ်။ အသည်းဟာ ကိုယ်ခန္ဓာအတွက် အရေးကြီးလှတဲ့ အင်္ဂါအစိတ်အပိုင်းတခု ဖြစ်ပါတယ်။ ကိုယ်ခန္ဓာရဲ့ ဇီဝဖြစ်ပျက်မှုလုပ်ငန်းစဉ်တွေကို လုပ်ဆောင်ဖို့ အရေးကြီးတဲ့ ပရိုတိန်းနဲ့ အင်ဇိုင်းတွေ ထုတ်လုပ်ရာမှာ၊ သွေးထဲက အညစ်အကြေးတွေကို ဖယ်ထုတ်ရာမှာ၊ ရောဂါပိုးတွေကို တိုက်ထုတ်ရာမှာနဲ့ ဗီတာမင် အာဟာရဓာတ်တွေကို စုပ်ယူရာမှာ အရေးပါပါတယ်။ ဒါကြောင့် အသည်းမှာ ပြဿနာတခုခုရှိလာရင် တစ်ရှူးစနမူနာရယူ စစ်ဆေးဖို့ လိုအပ်ပါတယ်။ အသည်းစနမူနာယူစစ်ဆေးခြင်း […]


အသည်းရောဂါများ

အရက်ကြောင့် အသည်းပျက်စီးခြင်း၏ ရှေ့ပြေးလက္ခဏာများ

အရက်သောက်ခြင်းကြောင့် အသည်းပျက်စီးရတယ်ဆိုတာ သင်လည်းသိပြီးဖြစ်မှာပါ။ အရက်ဟာ အသည်းပျက်စီးရတဲ့ အဓိကအကြောင်းရင်းထဲက တစ်ခုပါ။ အရက်ကြောင့် အသည်းပျက်စီးခြင်း၏ ရှေ့ပြေးလက္ခဏာများ ကို ပြောပြပေးချင်ပါတယ်။ အသည်းဆိုတာဘယ်လိုအင်္ဂါမျိုးလဲ အသည်းဟာ ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်း နံရိုးတွေရဲ့အောက်မှာ တည်ရှိပါတယ်။ အသည်းဟာ ခန္ဓာကိုယ်အတွက် အင်မတန်မှအရေးကြီးတဲ့ လုပ်ဆောင်ချက်တွေကို ပြုလုပ်ပေးပါတယ်။ ဒါတွေကတော့ အရက်၊ ဆေးဝါးနဲ့ ခန္ဓာကိုယ်အတွက်အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ပစ္စည်းတွေကို ချေဖျက်ပေးခြင်း အဆီတွေကိုချေဖို့ရန်အတွက် သည်းခြေရည် ထုတ်လုပ်ပေးခြင်း ဂလူးကို့စ်နဲ့ အခြားလိုအပ်တဲ့ ဗီတာမင်တွေကို သိုလှောင်သိမ်းဆည်းပေးထားခြင်း သွေးခဲဖို့ရန် လိုအပ်တဲ့ ပရိုတင်းများကို ပြုလုပ်ပေးခြင်း စတာတွေပဲ ဖြစ်ပါတယ်။ အသည်းကို ပျက်စီးစေနိုင်တဲ့အရာတွေကတော့ အများကြီးပါပဲ။  အသည်းဆဲလ်ဟာ ပျက်စီးပြီးတဲ့နောက်မှာ အသစ်ပြန်ဖြစ်ပါတယ်။ သို့သော်လည်း ပျက်စီးခြင်းနဲ့ အသစ်ပြန်လည် ဖြစ်ပေါ်ခြင်းတွေ ကြိမ်ဖန်များစွာဖြစ်လာရင်တော့ အသည်းမှာ အမာရွတ်တွေ တင်ကျန်လာမှာပါ။ အမာရွတ်တွေနဲ့ ဆဲလ်တွေဟာ မူလဆဲလ်အကောင်းတွေလောက် အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို […]


အသည်းရောဂါများ

အသည်း လေးကို ဖက်တီး မဖြစ်ပါစေနဲ့

ဖက်တီး လို့ ပြောရင် စိတ်ဆိုးတတ်ကြတယ်၊ ဘယ်သူမှ မကြိုက်ကြဘူးနော်။ ဒါပေမယ့် လူကို ပြောတာထက် အသည်း မှာ ဖက်တီးဖြစ်နေတာက အများကြီး ပိုဆိုးပါတယ်။ Fatty Liver Disease လို့ ခေါ်တဲ့ အသည်းအဆီဖုံးခြင်းက အသက်တိုစေမယ့် အန္တရာယ်တစ်ခု ဖြစ်နေလို့ပါပဲ။ အသည်း လေးကို ဖက်တီး မဖြစ်ပါစေနဲ့ ဆိုတော့ ဘယ်လို ဂရုစိုက်ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အသည်း လေးကို ဖက်တီး မဖြစ်ပါစေနဲ့ အသည်း လေးကို ဖက်တီး မဖြစ်ပါစေနဲ့ ...... အသည်း အဆီဖုံးတာ လူတိုင်းဖြစ်နိုင်ခြေ ရှိပါတယ်။ အရက် သောက်တဲ့သူမှ မဟုတ်ပါဘူး။ အရက် မသောက်တဲ့သူတွေလည်း အသည်းအဆီဖုံးနိုင်ပါတယ်၊ အသည်းရောဂါ ဖြစ်နိုင်ပါတယ်နော်။ ဒါ့ကြောင့် အရက်မသောက်တတ်တဲ့ အမျိုးသားတွေမှာ အသည်းရောဂါ ဖြစ်တာတွေ့နေရတာပါ။ […]


အသည်းရောဂါများ

အသည်းခြောက် တာ အရက်ကြောင့်ပဲ မဟုတ်ပါဘူး။

အသည်းခြောက် တယ် အသည်းခြောက်တယ်လို့ ပြောလိုက်ရင် အရက်ကြောင့်လို့ပဲ ထင်ကြပါတယ်။ ဒါဟာ မမှားပါဘူး။ ဘာကြောင့်လဲဆိုတော့ အရက်ဟာ အသည်းခြောက်ရတဲ့ အကြောင်းရင်းတွေထဲက ထိပ်ဆုံးမှာ ရှိနေလို့ပါပဲ။ ဒါပေမယ့် တစ်ခါမှ အရက်မသောက်တဲ့သူတွေလည်း အသည်းခြောက်နိုင်ပါတယ်။ တစ်ခါတစ်လေ မိန်းကလေး ငယ်ငယ်လေး ရုတ်တရက် ဆုံးသွားတယ်။ ဘာကြောင့်လဲလို့ မေးတော့ အသည်းခြောက်တာလို့ ပြောလိုက်ရင် 'ဟယ် ဒီကောင်မလေး အရက်လည်း မသောက်ပဲနဲ့' လို့ပြောတတ်ကြပါတယ်။ ဟုတ်ပါတယ်။ အရက်မသောက်လည်း အသည်းခြောက်နိုင်တဲ့ နည်းလမ်းတွေမှ အများကြီးပါပဲ။ ဒါလေးတွေကို ပြောပြပေးပါ့မယ်။ အသည်းခြောက်တယ်ဆိုတာ အရင်ဆုံး အသည်းခြောက်တယ်ဆိုတာ ဘယ်လိုဆိုတာ အရင်ရှင်းပြပါ့မယ်။ တကယ်တော့ အသည်းဆိုတာ တော်တော်ဒူပေဒဏ်ပေခံတဲ့ အင်္ဂါပါ။ ဆဲလ်တွေပျက်စီးရင်လည်း သူ့ဟာသူ ပြန်ပြင်နိုင်ပါတယ်။ တစ်ကိုယ်လုံးက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးတယ်။ ဒါကြောင့် ကိုယ့်အသည်းကို ဖြတ်ပြီး […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်