ဆရာဝန်ဆီရောက်လာရင်လည်း လက်နဲ့ ထုတ်လို့ အနေအထားဆိုရင် ထုတ်ပေးပါတယ်။ ဒီမာမာတုံးကြီး ထွက်သွားမှ အဆင်ပြေမှာမို့လို့ မရွံကြပါဘူး။ လူနာရဲ့ ဗိုက်လေးကို နှိပ်နှိပ်ပြီး ထုတ်ပေးကြပါတယ်။
အလွယ်ပြောရရင် စအိုကနေ ရေထိုးပြီး စမြင်းတုံးကို ပျော့အောင် လုပ်လိုက်တာပဲ ဖြစ်ပါတယ်။ အဲ့တာမှ ညှစ်ရင် ထွက်လာမှာ ဖြစ်ပါတယ်။ မထွက်လာရင်လည်း ခုနကလို လက်နဲ့ နှိုက်ထုတ်ရပါတယ်။
စမြင်းတုံးကြီးထွက်သွားပြီဆိုရင် နောက်ကဝမ်းတွေ လွယ်လွယ်ကူကူသွားနိုင်အောင် ဝမ်းပျော့ဆေးတွေ ပေးပါတယ်။ စမြင်းတုံးထွက်သွားတဲ့အခါ စအိုတွေနာပြီး ဝမ်းလည်း ညှစ်နိုင်မှာ မဟုတ်ပါဘူး။ ဝမ်းပျော့ဆေးပေးတာက ဝမ်းကို အားမသုံးရဘဲ ထွက်သွားအောင် ကူညီပေးနိုင်ပါတယ်။
ဝမ်းချုပ်တာကြောင့် ခွဲစိတ်ရလိမ့်မယ်လို့ ဘဝမှာ တွေးမိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် စမြင်းခံတာ သိပ်ဆိုးလွန်းတာကြောင့် စအိုကွဲတာ၊ စအိုသွေးကျတာအပြင် တခြားနောက်ဆက်တွဲတွေ ဖြစ်လာရင် ခွဲစိတ်ရမှာ ဖြစ်ပါတယ်။
စမြင်းတုံးခံခြင်းကို ဘယ်လိုကာကွယ်ကြမလဲ
စမြင်းတုံခံတာကို ကာကွယ်ဖို့ဆိုရင်
- ဝမ်းသွားချင်တဲ့အခါ အောင့်မထားပါနဲ့။
- အသီးအရွက်များများစားပါ။
- ရေများများသောက်ပါ။
- အထိုင်မများပါစေနဲ့။ လှုပ်လှုပ်ရှားရှားနေပါ။
- ဆေးတွေကြောင့် ဝမ်းချုပ်တယ်လို့ ယူဆရင် ဆရာဝန်နဲ့ ပြန်ပြပါ။
အကြံပေးချက်
စမြင်းတုံးခံတာက နေရထိုင်ရခက်တဲ့ ပြဿနာပါ။ ကုသလို့ ရတယ်ဆိုပေမယ့် မဖြစ်ခင်ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးဖြစ်တာကြောင့် ဝမ်းမချုပ်အောင် ဂရုစိုက်ဖို့ လိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။