သည်းခြေဆိုင်ရာရောဂါများ

သည်းခြေဆိုင်ရာရောဂါများ ကိုဖြစ်စေတဲ့ အကြောင်းအရင်း၊ ရောဂါလက္ခဏာ၊ စားသောက်နေထိုင်မှု ပုံစံ ပြောင်းလဲမှုနည်းလမ်းနဲ့ ကုသနည်းတို့ကို သိရှိထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သည်းခြေဆိုင်ရာရောဂါများ

သည်းခြေကျောက်ကုသနည်း ဘယ်နှနည်း ရှိသလဲ။

သည်းခြေကျောက်က လူတိုင်းမှာ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အဝလွန်တဲ့သူတွေ၊ အဆီအစိမ့်စားတဲ့သူတွေ၊ အသက်၄၀ကျော်တဲ့ အမျိုးသမီးတွေဆို ပိုဖြစ်တတ်ပါတယ်။ သည်းခြေကျောက် တည်တဲ့အခါ တချို့လူနာတွေကို ဘာဆေးမှ မပေးဘဲ စောင့်ကြည့်သလို တချို့ကိုကျတော့ ကျောက်ပျော်ဆေးတွေ ပေးပါတယ်။ တချို့ကျတော့ မှန်ပြောင်းကြည့်ပြီး ကျောက်ထုတ်လိုက်တယ်လို့ ‌ပြောကြတယ်။ တချို့ကျတော့လည်း သည်းခြေအိတ်ပါ ထုတ်လိုက်ရတယ်တဲ့။ သည်းခြေကျောက်ကုသနည်း က ဘယ်နှနည်းတောင် ရှိနေတာလဲဆိုပြီး သိချင်ကြမှာပါ။ သည်းခြေကျောက်ကုသနည်း အမျိုးအစားများ သည်းခြေကျောက်ကုသနည်း တွေမှာ အကြမ်းအားဖြင့် စောင့်ကြည့်နည်း ကျောက်ပျော်ဆေးပေးတာ မှန်ပြောင်းနဲ့ ကျောက်ထုတ်တာ ခွဲစိတ်တာ စသဖြင့် နည်းလမ်းတွေ ရှိပါတယ်။ လူနာတစ်ယောက်နဲ့ တစ်ယောက် ကုသနည်းတွေ မတူနိုင်ပါဘူး။ ရောဂါလက္ခဏာတွေ ဘယ်လောက်ဆိုးသလဲ။ လူနာက ခွဲစိတ်တာကို ခံနိုင်ပါ့မလား။ လူနာရဲ့ နဂိုရောဂါအခံတွေ စတာတွေကို ထည့်သွင်းစဉ်းစားပြီးမှ ဆုံးဖြတ်တာ ဖြစ်ပါတယ်။ ဘယ်လူနာကို […]

သည်းခြေဆိုင်ရာရောဂါများ ကို ရှာဖွေမည်။

သည်းခြေဆိုင်ရာရောဂါများ

Primary Biliary Cirrhosis (သည်းခြေပြွန်ခြောက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Primary Biliary Cirrhosis (သည်းခြေပြွန်ခြောက်ခြင်း) ကဘာလဲ။ အသည်းမှထုတ်သောအရည်တစ်မျိုးဖြစ်သည့် သည်းခြေရည်သည် အစာခြေရာတွင် အဓိကကျပြီး သေဆုံးသော သွေးနီဥများ၊ ကိုလက်စ်ထရောနှင့် အဆိပ်များကိုဖယ်ထုတ်ရန် အရေးပါသည်။ သည်းခြေပြွန်ခြောက်ခြင်းကို PBC ဟုအတိုခေါ်ပြီး အသည်းမှ သည်းခြေပြွန်လေးများ တဖြည်းဖြည်း ပျက်စီးလာသောရောဂါဖြစ်သည်။ သည်းခြေပြွန်များ ပျက်စီးသည့်အခါတွင် အန္တရာယ်ဖြစ်စေသောပစ္စည်းများ အသည်းထဲ၌စုလာပြီး တခြားတစ်ရံတွင် ပြန်မကောင်းနိုင်တော့အောင် အသည်းတစ်ရှူးများ အမာရွတ်ဖြစ်သွားနိုင်ပါသည်။ (အသည်းခြောက်ခြင်း) Primary Biliary Cirrhosis (သည်းခြေပြွန်ခြောက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများPrimary Biliary Cirrhosis (သည်းခြေပြွန်ခြောက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ သည်းခြေပြွန်ခြောက်ခြင်းကိုအတည်ပြုပြီးသော်လည်း နှစ်များစွာကြာသည်အထိ လက္ခဏာပြတတ်သည်မဟုတ်ပါ။ ဖြစ်လာနိုင်သော အစောပိုင်းအဆင့်လက္ခဏာများမှာ – မောပန်းခြင်း အရေပြားယားယံခြင်း မျက်လုံးနှင့်အာခေါင်ခြောက်ခြင်း နောက်ပိုင်းအဆင့် လက္ခဏာများမှာ – ဗိုက်အပေါ်ညာဖက်ပိုင်းတွင် နာခြင်း အရိုး၊ ကြွက်သားနှင့် အဆစ်များနာခြင်း အရေပြားနှင့်မျက်လုံးများ ဝါခြင်း နေထိခြင်းကြောင့်မဟုတ်ပဲ […]


သည်းခြေဆိုင်ရာရောဂါများ

Gallstones ( သည်းခြေကျောက်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Gallstones ( သည်းခြေကျောက်) ကဘာလဲ။ သည်းခြေကျောက်တည်ခြင်းဟာ အသည်းက အဆီတွေကို ချေဖျက်ဖို့ ပြုလုပ်ထားတဲ့ အရည်ဖြစ်တဲ့ သည်းခြေရည် ခဲသွားတဲ့ အခါမှာ ဖြစ်တတ်တဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ သည်းခြေအိတ်ဟာ အသည်းအောက်မှာရှိပြီး သည်းခြေရည်တွေ သိမ်းထားတဲ့ သစ်တော်သီးပုံစံရှိ အင်္ဂါတစ်ခုဖြစ်ပါတယ်။ သည်းခြေအိတ် (သို့) သည်းခြေပြွန်တွေ ပိတ်ဆို့တဲ့အခါ သည်းခြေကျောက် ဖြစ်နိုင်ပါ တယ်။ သည်းခြေကျောက်တွေဟာ အရွယ်အစား အမျိုးမျိုး ရှိပါတယ်။ သဲမှုန်တစ်မှုန်စာလောက်ကနေ ဂေါက်သီး အရွယ်အစားအထိ ရှိနိုင်ပါတယ်။ သူတို့ဟာ နာကျင်မှုကို ဖြစ်ပေါ်စေပြီး ကိုယ်ခန္ဓါကို ထိခိုက်စေပါတယ်။ သည်းခြေကျောက်နှစ်မျိုးရှိပါတယ်။ သူတို့ကတော့ • အဆီသည်းခြေကျောက် – အဝါရောင်ရှိပြီးတော့ မခြေဖျက်ရသေးတဲ့ Cholesterol အဆီ တွေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အတွေ့အများဆုံးလဲ ဖြစ်ပါတယ်။ • ရောင်ခြယ် သည်းခြေကျောက် – အညိုရင့်ရောင် (သို့) အမဲရောင်ရှိပြီး […]


သည်းခြေဆိုင်ရာရောဂါများ

Cholecystitis (သည်းခြေအိတ်ရောင်ခြင်း )

Cholecystitis (သည်းခြေအိတ်ရောင်ခြင်း ) အကြောင်း လေ့လာလိုက်ရအောင်လား။ အဓိပ္ပါယ်ဖွင့်ဆိုချက် Cholecystitis (သည်းခြေအိတ်ရောင်ခြင်း ) ကဘာလဲ။ သည်းခြေအိတ်သည် အသည်း၏အောက်တွင် ရှိသော အိတ်အသေးတစ်ခု ဖြစ်ပါသည်။ အသည်းမှ ထုတ်လုပ်လိုက် သော သည်းခြေရည်ကို သိမ်းဆည်းပေးပြီး အစာစား သောအခါ သည်းခြေရည်များကို အူများဆီသို့ ပို့ပေးပါသည်။ သည်းခြေရည်သည် အစာတွင်းမှ အဆီများကို ချေဖျက်ရန် ကူညီပေးပါသည်။ သည်းခြေအိတ်ရောင်ခြင်းကို သည်းခြေ အိတ်ရောဂါဟုလည်း ခေါ်ပါသည်။ သည်းခြေအိတ်ရောင် ခြင်းသည် များသောအားဖြင့် သည်းခြေအိတ်မှ သည်းခြေ ရည်များကို အူသို့သယ်ယူသော ပြွန်တွင် သည်းခြေကျောက် များ ပိတ်ဆို့သောကြောင့် ဖြစ်ပါသည်။ Cholecystitis (သည်းခြေအိတ်ရောင်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ သည်းခြေအိတ်ရောင်ခြင်းသည် အဖြစ်များပါသည်။ အ မျိုးသားများထက် အမျိုးသမီးများတွင် ပို၍ဖြစ်ပွားပါသည်။ အသက်ကြီးသောသူများတွင် ပို၍ဖြစ်ပွားပါသည်။ သည်းခြေ […]


သည်းခြေဆိုင်ရာရောဂါများ

Biliary Atresia (သည်းခြေရည်ပြွန်ကျဉ်းမြောင်းပိတ်ဆို့ခြင်း)

Biliary Atresia (သည်းခြေရည်ပြွန်ကျဉ်းမြောင်းပိတ်ဆို့ခြင်း) အကြောင်း လေ့လာရအောင်။ အဓိပ္ပါယ်ဖွင့်ဆိုချက် >> Biliary Atresia (သည်းခြေရည်ပြွန်ကျဉ်းမြောင်းပိတ်ဆို့ခြင်း) ကဘာလဲ။ Biliary Atresia (သည်းခြေရည်ပြွန်ကျဉ်းမြောင်းပိတ်ဆို့ခြင်း) ဆိုသည်မှာသည်းခြေရည်ပြွန်တွင် ပိတ်ဆို့မှုတစ်ခု ဖြစ်စေသော ရှားပါးသော အခြေအနေတစ်ခု ဖြစ်ပါသည်။ အသည်းပြွန်ဟုလည်းခေါ်သောအသည်းတွင်းမှ သည်းခြေရည် ပြွှန်သည် သည်းခြေရည်များကိုအသည်းမှ သည်းခြေအိတ် သို့ သိုလှောင်ရန်အတွက် သယ်ယူသွားပြီးအူငယ်များသို့ အစာခြေခြင်းတွင် အသုံးပြုရန်အတွက် သယ်ယူပါသည်။ သည်းခြေရည် သည် အသည်းမှ ပြုလုပ်သောအရည်တစ်မျိုးဖြစ်ပြီးအဓိကတာဝန် နှစ်ခုကိုထမ်းဆောင် ပါသည်။ ၎င်းတို့မှာအဆိပ်အတောက်များ နှင့် အညစ်အကြေးများကို ခန္ဓါကိုယ် ပြင်ပသို့ သယ်ဆောင်သွားခြင်းနှင့် ခန္ဓါကိုယ် မှ အဆီများကိုခြေဖျက်ခြင်းနှင့် အဆီတွင် ပျော်ဝင်သောဗီတာမင် အေ၊ ဒီ၊ အီး နှင့် ကေတို့ကိုစုပ်ယူရန် ကူညီခြင်းတို့ဖြစ်သည်။ သည်းခြေရည် ပြွန်ပိတ်ဆို့ပါကသည်းခြေရည်များသည် အသည်းထဲတွင် စုပြုံ လာပြီးအသည်းပျက်စီးခြင်းကို ဖြစ်စေပါသည်။ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်