အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း

အသည်းရောဂါရဲ့ နောက်ဆုံးအဆင့်တွေ တစ်နည်းအားဖြင့် အသည်းက ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့တဲ့ အခြေအနေမှာဆိုရင် အသည်းအစားထိုးကုသမှု ခံယူတာက လူနာတွေရဲ့ သက်တမ်းကို ရှည်စေတဲ့ ကုသမှုတစ်မျိုးပဲ ဖြစ်ပါတယ်။ အရင်ကတော့ ဆုံးပါးသွားတဲ့သူတွေဆီကနေ အလှူခံရာကနေ ဒီနေ့ခေတ်မှာဆိုရင်တော့ သက်ရှိအလှူရှင်တွေဆီကနေလည်း ရယူနိုင်ပြီဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း က အားသာချက်တချို့ ရှိနေတာကြောင့်ပါ။ အသည်းအစားထိုးကုသမှု ခံယူဖို့ လိုအပ်တဲ့ အခြေအနေတွေက အသည်းအစားထိုးတာကို လူကြီးရော ကလေးပါ ခံယူလို့ရပါတယ်။ အသည်းက အလုပ်မလုပ်နိုင်ဘူး၊ တခြားကုသနည်းတွေနဲ့လည်း ကုသလို့ မရဘူးဆိုရင်တော့ အသည်းအစားထိုးတာက နောက်ဆုံးနည်းလမ်းပါ။ ဘာကြောင့်ပဲဖြစ်ဖြစ် အသည်းပျက်စီးပြီး ပုံမှန်အလုပ်တွေ မလုပ်နိုင်တော့ဘူးဆိုရင် အသည်းအစားထိုးရမှာပါ။ များသောအားဖြင့် အသည်းအစားထိုးတာကို ဆေးဝါးတွေ၊ ဓာတုပစ္စည်းတွေကြောင့် ရုတ်တရက် အသည်းပျက်စီးတာ နာတာရှည် အသည်းရောဂါတွေ ဖြစ်တဲ့ -အသည်းခြောက်တာ  (ဥပမာ အရက်ကြောင့်၊ […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

အိမ်မှာ အစာကြေဆေး အနေနဲ့ ဆောင်ထားသင့်တဲ့ ဆေးဝါးများ

အစာမကြေတာက လူတော်တော်များများမှာ ဖြစ်တဲ့ ကျန်းမာရေးပြဿနာပါ။ မဖြစ်ဖူးတဲ့သူကတော့ ခပ်ရှားရှားပေါ့။ နောက်တစ်ခုကတော့ အစာမကြေတာက ကလေးလူကြီးမရွေး ဖြစ်နိုင်တာပါပဲ။ ဒီတော့ ဘယ်အချိန်မှာ ဖြစ်လာမလဲလို့ မှန်းမရတဲ့ ကျန်းမာရေးပြဿနာဆိုလည်း မမှားဘူးပေါ့။ ဒီတော့ အချိန်မရွေးဖြစ်လာနိုင်ခြေရှိနေတဲ့ အစာမကြေမှုကို ဖြေရှင်းနိုင်မယ့် အကောင်းဆုံးနည်းလမ်းက ဘာဖြစ်မလဲ။ အဖြေကတော့ ရှင်းပါတယ်။ ဒါကတော့ အိမ်မှာ အစာကြေဆေး ဆောင်ထားတာပါ။ အစာကြေဆေး ဆိုတာ ဘာလဲ အစာကြေဆေး ဆိုတာက အစာမကြေတာ၊ ရင်ပူတာတွေကို သက်သာစေဖို့ အသုံးပြုကြတဲ့ ဆေးပါ။ အများစုက OTC အမျိုးအစား ဆရာဝန်ဆေးစာမလိုဘဲ ဝယ်လို့ရတဲ့ ဆေးတွေ ဖြစ်ပါတယ်။ အစာကြေ ရင်ချောင်ဖို့အတွက် အသုံးပြုပေးရတဲ့ ဆေးမျိုးပါ။ အစာကြေဆေးတွေဆိုတာက အမြဲသောက်နေရတာမျိုးတော့ မဟုတ်ပါဘူး။ အစားများသွားချိန်မျိုး၊ အစာမကြေဘူးလို့ ခံစားရနေချိန်မျိုးနဲ့ ရင်ပူနေချိန်တွေမှာ အစာကြေရင်ချောင်စေဖို့နဲ့ […]


ရင်ပူခြင်း၊ ရင်ခေါင်းအောင့်ခြင်း

အစာမကြေဖြစ်ခဲ့ရင် သက်သာစေမယ့် သဘာဝနည်းလမ်းများ

အစာမကြေတာက လူတိုင်း ကြုံဖူးမယ့် ကျန်းမာရေး ပြဿနာပါ။ အစာမကြေဖြစ်တဲ့အခါ ဝမ်းဗိုက် အထက်ပိုင်းတာက အောင့်သလိုလို ခံစားပြီး နေရထိုင်ရအတော်လေး မသက်မသာဖြစ်စေတာပါ။ ဒီလိုဖြစ်တဲ့အခါ ဆေးသောက်မှ သက်သာမှာလား။ အိမ်တွင်းကုထုံးတွေနဲ့ရော သက်သာအောင် လုပ်လို့ မရဘူးလားဆိုပြီး စဉ်းစားနေပြီလား။ ဒါဆိုရင်တော့ ဆောင်းပါးလေးထဲမှာ အစာမကြေဖြစ်ခဲ့ရင် သက်သာစေမယ့် သဘာဝနည်းလမ်းများ ကို ပြောပြပေးထားတာမို့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ အစာမကြေ ဖြစ်တယ် ဆိုတာ အစာမကြေ ဖြစ်တယ်ဆိုတာက အစာအိမ်ထဲက အက်ဆစ် ဟန်ချက်မညီတာကြောင့် ဖြစ်ရတာပါ။ အက်ဆစ်တွေ များတာ၊ အက်ဆစ် နည်းတာတွေက အစာမကြေတာကို ဖြစ်စေနိုင်ပါတယ်။ နေ့စဉ်စားသုံးလိုက်တဲ့ အစားအစာတွေထဲမှာ ကဖင်းပါတဲ့ သောက်စရာတွေ ပါနေတာ၊ အစပ်ကဲတာ နဲ့ အက်ဆစ်များတာတွေကြောင့် အစာမကြေတာကို ဖြစ်စေတာပါ။ ဆေးလိပ်သောက်တာ၊ အရက်သောက်တာတွေကလည်း အစာမကြေတာကို […]


ဝမ်းချုပ်ခြင်း

ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်လိုက်တာ ခုတော့ ဝမ်းပိတ်ရုံတင်မကဘူး။ ဝမ်းပါချုပ်သွားပြီလို့ ပြောတာ ကြားဖူးမှာပါ။ ဝမ်းချုပ်တာကို ဓာတ်ချုပ်တယ်လို့လည်း ပြောကြတော့ ဓာတ်ဆားရည်တွေ သောက်လိုက်လို့ ဝမ်းချုပ်သွားတာများလားလို့ တွေးတတ်ကြပါတယ်။ တကယ်ပဲ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်တွေမှာ ဘာတွေပါဝင်သလဲ။ ဓာတ်ဆားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ရေ စတာတွေ ပါဝင်ပြီး ဒါတွေက နဂိုလည်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဝမ်းချုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်က ဝမ်းချုပ်စေဖို့ မပြောနဲ့။ ဝမ်းပိတ်စေတဲ့ အာနိသင်တောင် မရှိပါဘူး။ ဟုတ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်သောက်တာက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဝမ်းရပ်ဖို့ ဆိုတာက ကုသမှု တစ်ခုခု […]


အသည်းရောဂါများ

အသည်းရောင် အသားဝါရောဂါနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းများ

အသည်းရောင် အသားဝါရောဂါက အတော်လေး အဖြစ်များလာပါတယ်။ ကိုယ်တိုင်တောင် ရောဂါပိုး ရှိနေမှန်း မသိဘဲ အသည်းရောင်အသားဝါရောဂါပိုး ကူးစက်ခံထားရသူတွေ အများကြီးပါ။ ဒီတစ်ခေါက်တော့ အဖြစ်များလာတဲ့ အသည်းရောင် အသားဝါရောဂါနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းများ အကြောင်းကို ဒေါက်တာ သူရိန်လှိုင်ဝင်းက အခုလို ဖြေကြားပေးပါတယ်။ အသည်းရောင် အသားဝါရောဂါနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းများ အသည်းရောင် အသားဝါရောဂါနဲ့ ပတ်သက်ပြီး အမေးများတဲ့မေးခွန်းများကတော့ Q1. အသည်းရောင် အသားဝါပိုး မရှိဘဲ အသည်းရောင်နိုင်သလား။ " အများအားဖြင့်တော့ အသည်းရောင်တာက အသည်းရောင် အသားဝါ ရောဂါပိုးတွေကြောင့် ဖြစ်တတ်ပေမယ့် အရက်သောက်တာ၊ ဆေးသုံးတာ၊ အဆိပ်သင့်တာနဲ့ ကိုယ်ခံအား ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ " Q2. အသည်းရောင် အသားဝါပိုးတွေက ဘယ်လိုကူးစက်တတ်သလဲ။ " အသည်းရောင် အသားဝါ ရောဂါပိုး အမျိုးမျိုးရှိတဲ့အထဲ အများဆုံး […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Stress Ulcer ဆိုတာ

အနာဆိုတာက အရေပြား ဒါမှမဟုတ် တစ်ရှူးတွေ ကျိုးပေါက်သွားပြီး အနာပေါက်ပွင့်နေတဲ့ အရေပြားပြဿနာကို ဆိုလိုတာပါ။ ဒီလို အရေပြားမှာ အနာပေါက်ပွင့်နေတာနဲ့အတူ ရောင်ရမ်းတာ၊ ပိုးဝင်တာတွေကိုပါ ခံစားရနိုင်ပါတယ်။ အရေပြားတင်မကပါဘူး။ Mucosaလို့ခေါ်တဲ့ အချွဲအလွှာမှာလည်း အနာတွေ ဖြစ်တတ်ပါတယ်။ ဒီတစ်ခေါက်တော့ စိတ်ပိုင်းဆိုင်ရာမှာ ဖိစီးမှုတွေကြောင့် ဖြစ်ရတဲ့ Stress ulcer အကြောင်း ပြောပြပေးချင်ပါတယ်။ Stress Ulcer [စိတ်ဖိစီးမှုကြောင့် ဖြစ်တဲ့ အနာ] ဆိုတာ စိတ်ဖိစီးမှုတွေ များတာကြောင့် အစာခြေစနစ်ထဲက နေရာအချို့မှာ တစ်ရှူးတွေ ထိခိုက်ပျက်စီးသွားပြီး ဖြစ်လာတဲ့ အနာတစ်မျိုးပါ။ Stress ulcer တွေက အစာခြေစနစ် အထက်ပိုင်းနားမှာ အဖြစ်များပါတယ်။ ဒီအနာတွေက အစာခြေစနစ် အတွင်းနံရံတွေကို ပျက်စီးစေပြီး နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ပူပူလောင်လောင် ခံစားမှုမျိုး ခံစားရနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ပိုးဝင် […]


အသည်းရောဂါများ

အသည်းရောင် အသားဝါ Bပိုး ပျောက်အောင် ကုလို့ရသလား။

အသည်းရောင် အသားဝါ ပိုးတွေထဲမှာ B ပိုးနဲ့ C ပိုးက အဆိုးဆုံးပါ။ သူတို့နှစ်ခုကလည်း မျှမျှတတပါပဲ။ Bပိုးက ကာကွယ်ဆေးရှိပေမယ့် အပြီးပျောက်အောင် ကုလို့ မရပါဘူး။ Cပိုးက ကုသလို့ ရပေမယ့် ကာကွယ်လို့ မရပါဘူး။ ဒါကြောင့် ရောဂါကူးခဲ့ရင်တောင် C ပိုးကူးခံရသူတွေက ကုလို့ရတာပဲလေဆိုပြီး သိပ်စိတ်ဓာတ်မကျကြပါဘူး။ Bပိုး ပျောက်အောင် ကုမရဘူးဆိုပြီးတော့တာ Bပိုးရှိတဲ့သူတွေက စိတ်ဓာတ်ကျတတ်တာပါ။ အသည်းရောင် အသားဝါ Bပိုး ပျောက်အောင် ကုလို့ရသလား။ အသည်းရောင် အသားဝါ Bပိုး အထူးသဖြင့် နာတာရှည် အသည်းရောင် အသားဝါ Bပိုးကို အမြစ်ပြတ်ပျောက်အောင်တော့ ကုလို့ မရသေးပါဘူး။ ဒါပေမယ့် ဆေးပညာတွေ တိုးတက်လာတာကြောင့် အရင်ကထက် ပိုပြီး လူနာတွေအတွက် အခွင့်အလမ်းတွေ ပိုများလာပါတယ်။ Bပိုးကို  ကုသရတဲ့ အကြောင်းကတော့ […]


ဝမ်းပျက်ဝမ်းလျှောခြင်း

မိုးရေနဲ့အတူ ပါလာတတ်တဲ့ ဝမ်းပျက်ဝမ်းလျှောခြင်း

မိုးဦးလေဦးကျလာပြီဆိုရင် မိုးဖြောက်ဖြောက်မှာ နှာစေး ချောင်းဆိုးတာအပြင် ဖြစ်တတ်တဲ့ နောက်ထပ် ကျန်းမာရေး ပြဿနာ တစ်ခုရှိပါသေးတယ်။ ဒါကတော့ ဝမ်းပျက်ဝမ်းလျှောတာပါ။ ဝမ်းပျက်ဝမ်းလျှောတာက နွေရာသီမှာလည်း ဖြစ်တတ်တယ်ဆိုပေမယ့် မိုးရာသီမှာလည်း အစားအစာနဲ့ ရေသန့်ရှင်းမှု အားနည်းတာတွေကြောင့် ဝမ်းပျက်ဝမ်းလျှောခြင်း အဖြစ်များပါတယ်။ ဝမ်းပျက်ဝမ်းလျှောခြင်း ဆိုတာ ဝမ်းပျက်ဝမ်းလျှောခြင်း ဆိုတာက ပုံမှန်အခြေအနေထက် ကျော်လွန်နေတဲ့ ဝမ်းသွားတဲ့ အခြေအနေကို ဆိုလိုတာပါ။ ဝမ်းသွားတာက ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို စွန့်ထုတ်တဲ့ နေ့စဉ်ဘဝရဲ့ ဖြစ်စဉ် တစ်ရပ်ဆိုပေမယ့် တစ်နေ့ကို အကြိမ်ရေ များစွာ သွားနေမယ်။ ဝမ်းက အရည်တွေ ဖြစ်နေမယ် ဝမ်းသွားချင်တဲ့အခါ အောင့်ထားလို့ မရအောင် ဖြစ်နေမယ်ဆိုရင်တော့ ဝမ်းပျက်ဝမ်းလျှောဖြစ်နေတာပါ။ ဝမ်းပျက်ဝမ်းလျှောတာက ၁ ရက်ကနေ ၃ ရက်အတွင်းမှာ သက်သာသွားတတ်ပါတယ်။ ၃ ရက်ထက် ပိုကြာပြီး ဝမ်းပျက်ဝမ်းလျှောတာကို […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဝမ်းကိုက်ခြင်း အကြောင်း သိကောင်းစရာ

ဝမ်းကိုက်တယ်ဆိုတာက အစာခြေစနစ်ရဲ့ အူလမ်းကြောင်းတွေ ရောင်ရမ်းပြီး ဗိုက်က မခံမရပ်နိုင်အောင် အောင့်တာ၊  ဝမ်းပျက်ဝမ်းလျှောဖြစ်တာမျိုးကို ဆိုလိုတာပါ။ ဒီလို ဝမ်းကိုက်တာကို ခံစားရချိန်က ၃ ရက်ကနေ ၇ ရက်လောက်အထိ ကြာမြင့်တတ်ပါတယ်။ ဝမ်းကိုက်တဲ့အခါ မအီမသာဖြစ်တာ၊ အော့အန်တာ၊ အဖျား ၁၀၀ ဒီဂရီထက် များနေတာ၊ ရေဓာတ်ခမ်းခြောက်တာတွေကို ခံစားရနိုင်ပါတယ်။ များသောအားဖြင့်ကတော့ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာကြောင့် အဖြစ်များပါတယ်။ အစားအစာ သန့်ရှင်းမှု အားနည်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဝမ်းကိုက်တာက ရေဓာတ်ခမ်းခြောက်မှုကို ပြင်းပြင်းထန်ထန် ခံစားရမယ်ဆိုရင် အသက်ဆုံးရှုံးနိုင်ပါတယ်။ ဝမ်းကိုက်ပိုးက ကူးစက်မြန်လွန်းတဲ့ ကူးစက်ရောဂါတစ်မျိုးပါ။ ဒီရောဂါပိုးက အသုံးအဆောင်တွေ၊ အစားအသောက်တွေ၊ ရေအိမ်တစ်ခုတည်း အသုံးပြုမှုတွေကနေတဆင့် ကူးစက်နိုင်ပါတယ်။ ဒီရောဂါပိုးကို မကူးစက်အောင် ကာကွယ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက ရေအိမ်သုံးပြီးတိုင်းမှာ လက်ကို သေချာစွာ […]


အစာအိမ်အနာ

အစာအိမ်အနာ သက်သာစေမယ့် အိမ်တွင်းကုထုံး အချို့

အစာခြေစနစ် ပြဿနာတွေကလည်း အများသားနော်။ ဒီတစ်ခေါက်တော့ အစာခြေစနစ် ပြဿနာတွေထဲက အစာအိမ်အနာ ဖြစ်ခဲ့ရင် ဘယ်လို သက်သာအောင် လုပ်ဆောင်ရမလဲဆိုတဲ့ အိမ်တွင်းကုထုံးလေးအကြောင်း ပြောပြပေးချင်ပါတယ်။ အစာအိမ် အနာဆိုတာ ဘာလဲ ....... အနာတွေကတော့ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းမှာမဆို ဖြစ်နိုင်ပါတယ်။ အစာအိမ်နံရံ အပါအဝင်ပေါ့။ အစာအိမ်အနာက ဘယ်လိုဖြစ်တာလဲဆိုတာကိုတော့ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ အစာအိမ်မှာ အချွဲလွှာရယ်၊ ကြွက်သားလွှာရယ်၊ အပြင်ဘက်ဆုံးက အမြှေးပါးရယ်ဆိုပြီး ၃လွှာ ရှိပါတယ်။ အနာက အချွဲလွှာကနေ စဖြစ်တာပါ။ ပုံမှန်ဆို အချွဲလွှာက အစာခြေအက်စစ်ဒဏ်ကို ကာကွယ်ပေးထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အချွဲအမြှေးပါးလေး ပါးသွားတဲ့အခါ ဒါမှမဟုတ် အက်စစ်ထွက်တာများလာတဲ့အခါ အနာစဖြစ်လာပါတယ်။  အချွဲတွေနည်းသွားပြီး အနာဖြစ်လာတဲ့အခါကျတော့ အစာအိမ်က အက်စစ်စားတဲ့ ဒဏ်ကို ခံရပါတော့တယ်။ ဘာတွေကြောင့် အစာအိမ်အနာ ဖြစ်ရတာလဲ ....... အစာအိမ်အနာကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ […]


ဝမ်းချုပ်ခြင်း

ဒါတွေက ဝမ်းချုပ်စေတယ်ဆိုတာ သိပြီးပြီလား

ဝမ်းချုပ်တာက နေ့စဉ်ဘဝရဲ့ ပုံမှန် လှုပ်ရှားမှုတွေအပေါ်မှာ တော်တော်လေး သက်ရောက်မှု ဖြစ်စေပါတယ်။ ဝမ်းချုပ်နေတဲ့အခါ မအီမသာဖြစ်နေတာကြောင့် အလုပ်ထဲမှာ အာရုံစိုက်ဖို့ ခက်တာ၊ ပင်ပန်းနေတာမျိုးတွေ ခံစားရပါတယ်။ ဒီလို ဝမ်းချုပ်ရတဲ့ အကြောင်းအရင်းပါ်မှာ ရာခိုင်နှုန်း များစွာ သက်ရောက်နေတဲ့ အချက်တစ်ခုကတော့ နေ့စဉ် စားသုံးတဲ့ အစားအစာတွေပါပဲ။ အစားအစာတိုင်းက ဝမ်းချုပ်စေတာ မဟုတ်ပေမယ့် အချို့သော အစားအစာတွေနဲ့ စားသောက်မှုပုံစံတွေက ဝမ်းချုပ်တာကို ဖြစ်စေနိုင်ပါတယ်။ နေ့စဉ် စားသုံးမှုမှာ အပင်ကနေရရှိတဲ့ အမျှင်ဓာတ် ၂၀ ဂရမ် ကနေ ၃၅ ဂရမ်လောက် ပါရှိမှ အူတွေက လှုပ်ရှားမှု ကောင်းမွန်မှာဖြစ်ပြီး ဝမ်းချုပ်မှု ကင်းဝေးမှာပါ။ ဒါကြောင့် အစားစားတဲ့အခါ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်အောင် စားသုံးတာကလည်း ဝမ်းချုပ်တာကို ထိထိရောက်ရောက် ကာကွယ်တာပါပဲ။ ဒါတွေက ဝမ်းချုပ်စေတယ်ဆိုတာ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်