အူအတက်လေး ကျန်းမာစေဖို့ ဘာတွေ ဂရုစိုက်ရမလဲ
အူအတက်ကလည်း အခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေလိုပဲ သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အူအတက်မှာ အစာဟောင်းတွေ ပိတ်ဆို့တာက အူအတက်ရောင်တာကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အူအတက်ရောင်တာမျိုး မဖြစ်ဘဲ ကျန်းမာတဲ့ အူအတက်လေးကို ပိုင်ဆိုင်ထားနိုင်ဖို့ဆိုရင်တော့
အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေ စားတာက အစာခြေစနစ်ထဲက အညစ်အကြေးတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပြီး ဝမ်းချုပ်တာမျိုး မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ဒီလိုမျိုး ဝမ်းမှန်တာက အူအတက်မှာ အညစ်အကြေးတွေ မာကျောပြီး ခဲတာ ပိတ်ဆို့တာမျိုးတွေ မဖြစ်စေတာကြောင့် အူအတက်ရောင်တာမျိုး မဖြစ်အောင် ကာကွယ်ရာ ရောက်မှာပါ။
အူလမ်းကြောင်း ကျန်းမာစေတဲ့ အပြုအမူ တစ်ရပ်က ရေသောက်တာပါ။ ရေသောက်တာက အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေပြီး အူပိတ်တာမျိုး၊ ဝမ်းချုပ်တာမျိုး ကင်စေပြီး အူအတက်ကိုလည်း ကျန်းမာစေဖို့ အားဖြည့်ပေးနိုင်မှာပါ။
ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက စိတ်ရော ကိုယ်ပါ ကျန်းမာစေပါတယ်။ ကိုယ်တွင်းအင်္ဂါတွေ ကျန်းမာစေဖို့လည်း ထောက်ကူပေးပြီး အူလမ်းကြောင်း တလျှောက်မှာ အညစ်အကြေးတွေ ကျန်နေတာမျိုး မဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။ လေ့ကျင့်ခန်း လုပ်တာက ဝမ်းမှန်စေပြီး အူအတက်လေး ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်မှာပါ။
<strong>စကားလက်ဆောင်</strong>
အူအတက်က အစာခြေစနစ် ကျန်းမာစေဖို့ရော ကိုယ်ခံအား ကောင်းစေဖို့ပါ ထောက်ကူပေးနိုင်တဲ့ အစိတ်အပိုင်းလေးပါ။ အူအတက်လေးက အသက်ရှည်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ မရှိလည်း ဖြစ်တယ်ဆိုပေမယ့် ကျန်းမာအောင် သေချာလေး ဂရုစိုက်ပေးတာက အူအတက် ရောင်တာကြောင့် ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်သလို နေ့စဉ်ဘဝမှာ ကျန်းမာစေဖို့လည်း အားဖြည့်ပေးရာ ရောက်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။