အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း

အသည်းရောဂါရဲ့ နောက်ဆုံးအဆင့်တွေ တစ်နည်းအားဖြင့် အသည်းက ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့တဲ့ အခြေအနေမှာဆိုရင် အသည်းအစားထိုးကုသမှု ခံယူတာက လူနာတွေရဲ့ သက်တမ်းကို ရှည်စေတဲ့ ကုသမှုတစ်မျိုးပဲ ဖြစ်ပါတယ်။ အရင်ကတော့ ဆုံးပါးသွားတဲ့သူတွေဆီကနေ အလှူခံရာကနေ ဒီနေ့ခေတ်မှာဆိုရင်တော့ သက်ရှိအလှူရှင်တွေဆီကနေလည်း ရယူနိုင်ပြီဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း က အားသာချက်တချို့ ရှိနေတာကြောင့်ပါ။ အသည်းအစားထိုးကုသမှု ခံယူဖို့ လိုအပ်တဲ့ အခြေအနေတွေက အသည်းအစားထိုးတာကို လူကြီးရော ကလေးပါ ခံယူလို့ရပါတယ်။ အသည်းက အလုပ်မလုပ်နိုင်ဘူး၊ တခြားကုသနည်းတွေနဲ့လည်း ကုသလို့ မရဘူးဆိုရင်တော့ အသည်းအစားထိုးတာက နောက်ဆုံးနည်းလမ်းပါ။ ဘာကြောင့်ပဲဖြစ်ဖြစ် အသည်းပျက်စီးပြီး ပုံမှန်အလုပ်တွေ မလုပ်နိုင်တော့ဘူးဆိုရင် အသည်းအစားထိုးရမှာပါ။ များသောအားဖြင့် အသည်းအစားထိုးတာကို ဆေးဝါးတွေ၊ ဓာတုပစ္စည်းတွေကြောင့် ရုတ်တရက် အသည်းပျက်စီးတာ နာတာရှည် အသည်းရောဂါတွေ ဖြစ်တဲ့ -အသည်းခြောက်တာ  (ဥပမာ အရက်ကြောင့်၊ […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

လေပွနေတာကြောင့် စိတ်ညစ်မနေပါနဲ့

လေပွတာကို လူတော်တော်များများ ခံစားဖူးကြပါတယ်။ လေပွတာက ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာ မဟုတ်ပေမယ့် နေရထိုင်ရ မသက်မသာဖြစ်စေတာတော့ အမှန်ပါ။ လေပွတာကို သက်သာစေဖို့ လေ့ကျင့်ခန်းလုပ်ပေးတာ၊ ဖြည့်စွက်စာ စားတာ၊ နှိပ်နယ်ပေးတာမျိုးတွေ လုပ်ပေးလို့ ရပါတယ်။ ဒီလိုလုပ်ဆောင်ပေးတာတွေက လေပွတာကို သက်သာစေမှာပါ။ ဒီတစ်ခေါက်တော့ လေပွတာနဲ့ ပတ်သက်တဲ့ အကြောင်းအရင်းလေးတွေကို ပြောပြပေးသွားပါမယ်။ လေပွတယ်ဆိုတာ လေပွတယ်ဆိုတာက အစာခြေစနစ် ပြဿနာ တစ်ရပ်ပါ။ အစာအိမ်မှာဖြစ်တဲ့ ကျန်းမာရေးပြဿနာ တစ်ရပ်ပေါ့။ နားလည်လွယ်အောင် ပြောပြရရင် အစာခြေလမ်းကြောင်း တလျှောက်မှာ လေတွေပြည့်နေတာမျိုးပါ။ အဖြစ်များတာကတော့ အစာအိမ်မှာပါ၊၊ အစာခြေစနစ်က ပါးစပ်ကနေ စအိုဝအထိ ပါဝင်နေပါတယ်။ လေပွတဲ့အခါ အစာအိမ်က တင်းပြီး ပြည့်နေတာမျိုး ခံစားရနိုင်ပါတယ်။ ဒီလို ခံစားရတာနဲ့အတူ နေရထိုင်ရ သက်သောင့်သက်သာ မဖြစ်တာ၊ နာကျင်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ အစာအိမ်က  တင်းကားနေသလို […]


အသည်းရောဂါများ

အသည်းရောင် အသားဝါ စီပိုးနဲ့ပတ်သက်ပြီး ဘာတွေ မှားသိထားလဲ

အသည်းရောင် အသားဝါ ဗိုင်းရပ်စ်တွေမှာ A၊ B၊ C၊ D၊ E ဆိုပြီး အမျိုးမျိုး ရှိပါတယ်။ ဗိုင်းရပ်စ် တစ်မျိုးချင်းစီအလိုက် ရောဂါပြင်းထန်မှုတော့ ကွာခြားနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အသည်းရောင် အသားဝါ စီပိုးနဲ့ပတ်သက်ပြီး ဘာတွေ မှားသိထားလဲ။ သိထားတဲ့အချက်တွေမှာ ဘယ်အချက်တွေက မှန်လို့ ဘယ်အချက်တွေက မှားနေလဲဆိုတာကို သိရှိနိုင်စေဖို့ တင်ပြပေးလိုက်ပါတယ်။ အသည်းရောင် အသားဝါ စီပိုး ဆိုတာ အသည်းရောင် အသားဝါ စီပိုး ဆိုတာ အသည်းရောင် အသားဝါ ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ် တစ်မျိုးပါ။ အသည်းကင်ဆာ ဖြစ်စေနိုင်တဲ့အထိ ပြင်းထန်တဲ့ အသည်းရောင် အသားဝါ ဗိုင်းရပ်စ် တစ်မျိုးပေါ့။ အသည်းရောင်အသားဝါ စီပိုး က ကူးစက်ပျံ့နှံ့လွယ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး  လူတစ်ယောက်ကနေ တစ်ယောက်ကို သွေးကတဆင့် အဓိက ကူးစက်ပါတယ်။ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

စမြင်းတုံးကြောင့် အူပိတ်တာကို သက်သာစေဖို့

အစာခြေစနစ် ပြဿနာတွေကတော့ အများကြီးပါ။ အစာမကြေတာ၊ ရင်ပူတာ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ ဝမ်းချုပ်တာ၊ အူပိတ်တာတွေပါ။ ဒီလို အစာခြေစနစ်ပြဿနာတွေကို အရမ်းမပြင်းထန်ဘူးဆိုရင် အိမ်မှာပဲ ကုသလို့ ရသလို အရမ်းပြင်းထန်မယ်ဆိုရင်တော့ လိုအပ်တဲ့ ကုသမှုကို ခံယူဖို့ လိုမှာပါ။ ဒီတစ်ခေါက်တော့ အဖြစ်မများပေမယ့် ဖြစ်လာခဲ့ရင် အတော်လေး နေရထိုင်ရ ခက်လှတဲ့ အူပိတ်တာကို သက်သာစေဖို့ ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။ အူပိတ်တယ် ဆိုတာဘာလဲ ....... အူပိတ်တယ်ဆိုတာက ဖြန့်ကြည့်လိုက်ရင် ၂၅ ပေလောက်ရှိတဲ့ အူလမ်းကြောင်း တလျှောက်က နေရာတစ်ခုခုမှာ စားကြွင်းစားကျန်တွေ ပိတ်ဆို့နေတဲ့ အခြေအနေပါ။ အူသိမ်ပိုင်းမှာ ပိတ်နိုင်သလို အူမကြီးမှာ ပိတ်တာမျိုးလည်း ရှိနိုင်ပါတယ်။ ဒီလို အူပိတ်တာက ကြာလာတာနဲ့အမျှ စားကြွင်းစားကျန်တွေက နေရာမရွေ့ တည်ရှိနေရင်းက နောက်ဆုံးမှာ တဖြည်းဖြည်းများလာပြီး အူပေါက်တာမျိုးအထိ ဖြစ်နိုင်ပါတယ်။ […]


ဝမ်းပျက်ဝမ်းလျှောခြင်း

ဝမ်းအရည်တွေ သွားနေတာကို သက်သာစေဖို့ သောက်စရာများ

ဗိုက်ထဲကနာလို့ ရေအိမ်ပြေးလိုက်တိုင်း ဝမ်းအရည်တွေပဲ သွားနေတယ်။ ဒါကလည်း တစ်နေ့မှာ တစ်ကြိမ်လောက်ပဲ မဟုတ်ဘဲ ခဏခဏ ဖြစ်နေတယ်။ ဒီလို ဝမ်းအရည်တွေ သွားနေတာ ဘာကြောင့်လဲ။ ဒီ ဝမ်းအရည်တွေ သွားနေတာကို သက်သာစေဖို့ ဘာလုပ်ရမလဲဆိုပြီး သိချင်နေတဲ့သူလေးတွေ ရှိလား ...... ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ ဒီဆောင်းပါးလေးထဲမှာ ဝမ်းအရည်တွေ သွားနေတာကို သက်သာစေဖို့ သောက်စရာများ ၊ လုပ်ဆောင်လို့ရမယ့် အိမ်တွင်းကုထုံးလေးတွေအကြောင်း ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ဝမ်းအရည်တွေ သွားနေရတဲ့ အကြောင်းအရင်းတွေက ဘာတွေ ဖြစ်မလဲ။ ဝမ်းအရည်တွေ သွားနေရတဲ့ အကြောင်းအရင်းက အစာ ဓာတ်မတည့်တာ အစာအဆိပ်သင့်တာ စိတ်ဖိစီးနေတာ အစာခြေလမ်းကြောင်း ပိုးဝင်နေတာ အူလမ်းကြောင်း လှုပ်ရှားမှုမမှန်တာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဝမ်းအရည်တွေ သွားနေတာကို သက်သာစေဖို့ သောက်စရာများ ဝမ်းအရည်တွေ သွားနေတာကို သက်သာစေဖို့ […]


အသည်းရောဂါများ

အသည်း ရောဂါများ အကြောင်း

အသည်း ဆိုတာက ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအင်္ဂါတွေထဲမှာ အကြီးဆုံး အစိတ်အပိုင်း တစ်ရပ်ပါ။ ခန္ဓာကိုယ်က အစာတွေကို ချေဖျက်တဲ့နေရာမှာ ကူညီပေးသလို အင်အားတွေကို သိုလှောင်တာ၊ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားတာတွေကိုလည်း လုပ်ဆောင်ပါတယ်။ ဒီတစ်ခေါက်တော့ အသည်းလေးက ခန္ဓာကိုယ် ကျန်းမာစေဖို့ ဘယ်လို တာဝန်တွေ ယူထားလဲဆိုတာနဲ့ အသည်းမှာ ဘယ်လို ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်လဲဆိုတာကို ပြောပြပေးသွားပါမယ်။ အသည်းက ခန္ဓာကိုယ်အတွက် ဘာတွေ လုပ်ပေးလဲ ........... ညဘက်ကိုယ်က နှစ်နှစ်ခြိုက်ခြိုက်အိပ်နေချိန်မှာ မနားမနေအလုပ်လုပ်နေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းလေးတစ်ခုရှိနေပါတယ်။ တိတ်တိတ်လေးအလုပ်လုပ်နေပမယ့် ခန္ဓာကိုယ်ကျန်းမာဖို့အတွက် အရေးပါတဲ့ အလုပ်တွေကိုလုပ်နေတာပါ။ သူက ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်နေတဲ့သွေးတွေထဲက အဆိပ်အတောက် တွေကို ဖယ်ရှားပေးပြီး စားသုံးလိုက်တဲ့ထဲမှာပါတဲ့ အဆီတွေကို သိမ်းဆည်းထားပေးပါတယ်။ အစာခြေဖို့လိုအပ်တဲ့ သည်းခြေရည်တွေကိုထုတ်ပေးပါတယ်။ ဒီလောက်ဆိုရင်တော့ ခန္ဓာကိုယ်ရဲ့ အလုပ်အများဆုံးနဲ့ အကြိုးစားဆုံး အင်္ဂါအစိတ်အပိုင်းလေးက […]


အသည်းရောဂါများ

အသည်းအဆီဖုံး တာနဲ့ ပတ်သက်ပြီး ဘာတွေ မှားသိထားကြသလဲ

အသည်းအဆီဖုံး တာကအဖြစ်များတဲ့ ရောဂါပါ။ အမျိုးသားရော၊ အမျိုးသမီးပါဖြစ်နိုင်ပါတယ်။ အသည်းအဆီဖုံးတာက အဖြစ်များပေမယ့် အများစုက အရေးမကြီးသယောင် ပေါ့ပေါ့ဆဆ နေမိကြပါတယ်။ ဒါက နောင်အခါမှာ ပိုဆိုးတဲ့ အသည်းရောဂါတွေ ဖြစ်လာနိုင်ဖို့ လမ်းစပါပဲ။ အသည်းအဆီဖုံးတယ်ဆိုတာ အသည်းအဆီဖုံး တယ်ဆိုတာ အသည်းမှာ လိုတာထက် ပိုပြီး အဆီတွေ စုနေတာပါ။ ဒီပိုလျှံနေတဲ့ အဆီတွေက အသည်းဆဲလ်တွေကို ရောင်ရမ်းစေပါတယ်။ အသည်းအဆီဖုံးတဲ့အဆင့်မှာ သေချာဂရုမစိုက်ဘူးဆိုရင် အသည်းရောင်တာ၊ အသည်းခြောက်တာ၊ အသည်းကင်ဆာအထိ ဖြစ်သွားနိုင်ပါတယ်။ အသည်းအဆီဖုံးတာက များသောာအားဖြင့်တော့ လက္ခဏာမပြတတ်ပါဘူး။ နောက်ပိုင်း ပိုဆိုးလာမှသာ ဗိုက်ဖောတာ၊ အသားဝါတာ၊ ဗိုက်အောင့်တာတွေ ဖြစ်လာပါတယ်။ အသည်းအဆီဖုံး တာနဲ့ ပတ်သက်ပြီး ဘာတွေ မှားသိထားကြသလဲ။ Myth: အရက်သောက်တဲ့သူတွေပဲ အသည်းအဆီဖုံး ကြတာပါ။ Fact: လူတိုင်းမှာ ဖြစ်နိုင်ပါတယ်။ အရက်သောက်တဲ့သူတွေကမှာ ပိုတွေ့ရတာပါ။ အရက်သောက်တာအပြင် အဝလွန်တာ၊ အဆီအဆိမ့်နဲ့ […]


အသည်းရောဂါများ

အသည်းရောင်ရောဂါ နဲ့ ပတ်သက်တဲ့ အယူအဆမှားများ

အသည်းရောင်ရောဂါ က အဖြစ်များတဲ့ အသည်းရောဂါတစ်ခုပါ။ အဖြစ်များတဲ့အတွက်  အသည်းရောင်ရောဂါနဲ့ ပတ်သက်တဲ့ ကျန်းမာရေးဗဟုသုတတွေကို သိထားဖို့ လိုပါတယ်။ ဒီရောဂါနဲ့ ပတ်သက်ပြီး ဘာတွေ မှားယွင်းပြီး သိထားကြလဲဆိုတာကို စစ်ဆေးကြည့်ရအောင်။ အသည်းရောင်ရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့ အသည်းရောင် အသားဝါရောဂါပိုး (အေ၊ ဘီ၊ စီ၊ ဒီ၊ အီး) အရက်သောက်တာ ဆေးဝါး၊ ဓာတုပစ္စည်းတွေ ခုခံအားက အသည်းဆဲလ်တွေကို မှားယွင်းပြီး ပြန်လည်တိုက်ခိုက်တာကြောင့်ပဲ ဖြစ်ပါတယ်။ အသည်းရောင်ရောဂါနဲ့ ပတ်သက်တဲ့ ယုံတမ်းစကားများ အသည်းရောင်ရောဂါတွေ  အကုန်လုံးက ပြင်းထန်ပါတယ်။ အသည်းရောင်ရောဂါ တွေက တစ်ခုနဲ့ တစ်ခု မတူကြပါဘူး။ ဥပမာ အသည်းရောင် အသားဝါအေဆိုရင် အများစုက များများအနားယူ၊ ရေများများသောက်ရုံနဲ့ သက်သာပေမယ့် ဘီတို့ စီတို့ဆိုရင်တော့ နာတာရှည် အသည်းရောင်ရောဂါဖြစ်ပြီး ကုသဖို့ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Morning sickness မဟုတ်ဘဲ မနက်ပိုင်း အန်ချင်နေတာ ဘာကြောင့်လဲ ........

မနက်ခင်း မှာ အော့ချင်သလို အန်ချင်သလို ဖြစ်တာက အခြားသူတွေအတွက် သိပ်စိတ်ပူစရာ မဟုတ်ပေမယ့် အိမ်ထောင်ရှင်မ လေဒီလေးတွေအတွက်တော့ စိတ်လှုပ်ရှားစရာ စိတ်ပူစရာ ကိစ္စနော်။ ဒါဆို မနက်ခင်းမှာ အော့အန်တာ ခေါင်းကိုက်တာ မအီမသာဖြစ်တာတွေက ကိုယ်ဝန်ရှိမှ ဖြစ်တတ်တာလားဆိုတော့ အဲ့လို တထစ်ချကြီး မှတ်ယူလို့ မရပါဘူး။ မနက်ခင်းမှာ မကြည်မလင် နိုးထလာရတာ၊ ခေါင်းကိုက်တာ၊ အော့အန်တာတွေက ကိုယ်ဝန်ရှိမှ ဖြစ်တာ မဟုတ်ပါဘူး။ အခြား အကြောင်းအရင်းတွေကြောင့်လည်း မနက်ခင်းမှာ အခုလိုမျိုးတွေ ခံစားရနိုင်ပါတယ်။ https://hellosayarwon.com/pregnancy/being-pregnant/first-trimester-being-pregnant/differences-between-morning-sickness-motion-sickness/ Morning sickness မဟုတ်ဘဲ မနက်ပိုင်း အန်ချင်နေတာ ဘာကြောင့်လဲ ........ Morning sickness ဖြစ်ရတဲ့ အကြောင်းအရင်းရဲ့ နောက်ခံ အကြောင်းအရာက ကိုယ်ဝန်ရှိတာ တစ်ခု တည်းကြောင့် မဟုတ်ပါဘူး။ အထက်လန်အောက်လျှော (stomach flu) ဒါမှမဟုတ် […]


ဝမ်းချုပ်ခြင်း

နေ့တိုင်း ဝမ်းသွား ဖို့ လိုသလား။

အာရှသားတွေက ဝမ်းသွား တာနဲ့ ပတ်သက်ရင် အစွဲကြီးကြပါတယ်။ နေ့တိုင်း ဝမ်းသွားရမယ်။ မနက်တိုင်း ဝမ်းသွားရမယ်။ နေ့တိုင်း မသွားရင် ဝမ်းချုပ်နေတာ။ ဝမ်းနှုတ်ဆေး သောက်ရမယ် စတဲ့ အစွဲလေးတွေ ရှိပါတယ်။ ဆရာဝန်တွေက တတ်နိုင်သလောက် ရှင်းပြပေးပေမယ့် တစ်ရက်လောက်မှ ဝမ်းမသွားရရင် နေမထိ ထိုင်မသာ ဖြစ်ပြီး ဝမ်းနှုတ်ဆေးလာတောင်းကြတဲ့သူတွေ ရှိနေတုန်းပါပဲ။  ပုံမှန် ဝမ်းသွား တယ်ဆိုတာ ဘာကို ခေါ်တာလဲ။ တစ်ယောက်နဲ့ တစ်ယောက် ဝမ်းသွားတဲ့ ပုံစံက မတူကြပါဘူး။ Scandinavian Journal of Gastroenterology က လေ့လာချက်အရဆိုရင် သာမန်လူတွေအချင်းချင်းမှာတောင် တစ်ပတ်ကို ၃ခါပဲသွားတဲ့သူကနေ တစ်ရက်ကို ၃ခါ သွားတဲ့သူအထိ ရှိနိုင်ပါတယ်တဲ့။ သူတို့ ၂ယောက်လုံးက ပုံမှန်ပါပဲ။ တစ်ပတ်ကို ၃ခါပဲ သွားတဲ့သူက နေ့တိုင်း ဝမ်းသွားချင်မှ […]


ဝမ်းချုပ်ခြင်း

မနက်တိုင်းမှာ ဝမ်းပုံမှန်သွား စေဖို့

မနက်မိုးလင်းရင် ဝမ်းပုံမှန်သွား တတ်တဲ့ သူတွေကို အားကျနေမိပြီလား။ သူတို့ကို ကြည့်လိုက်ရင် မနက်မိုးလင်း အိပ်ရာက နိုးတာနဲ့ အိမ်သာသွားတာက အကျင့်တစ်ခုလို ဖြစ်နေပါပြီ။ ကိုယ်ကရော ဒီလို အကျင့်ဖြစ်အောင်လုပ်လို့မရဘူးလား။ ဝမ်းပုံမှန်သွား တယ်ဆိုတာ လူတိုင်းက နေ့တိုင်း ဝမ်းသွားချင်မှ သွားတာပါ။ တချို့က တစ်ရက်ခြားလောက် သွားတာရှိသလို တချို့က တစ်ရက်ကို ၂ခါ သွားတာလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ပတ်ကို အနည်းဆုံး ဝမ်း ၃ခါ သွားတယ်။ ဝမ်းချုပ်တာ၊ ဝမ်းမာတာမျိုး မရှိဘူးဆိုရင် ဒါကို ဝမ်းပုံမှန်သွားတယ်လို့ပဲ သတ်မှတ်ပါတယ်။ နေ့တိုင်းသွားစရာ မလိုပါဘူး။ ဒါပေမယ့် လူအများစု အထူးသဖြင့် အာရှသားတွေက ဝမ်းသွားတာနဲ့ ပတ်သက်ရင် အစွဲကြီးကြပါတယ်။ နေ့တိုင်း ဝမ်းသွားချင်ကြပါတယ်။ ဝမ်းသွားမှ အပုပ်တွေကင်းတယ်၊ သန့်သွားတယ်ဆိုတဲ့ အစွဲက သူတို့ဆီမှာ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်