home

ဝမ်းပျက်ဝမ်းလျှောခြင်း

ဝမ်းပျက်ဝမ်းလျှောခြင်း ကိုဖြစ်စေတဲ့ အကြောင်းအရင်း၊ ရောဂါလက္ခဏာ၊ စားသောက်နေထိုင်မှု ပုံစံ ပြောင်းလဲမှုနည်းလမ်းနဲ့ ကုသနည်းတို့ကို သိရှိထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဝမ်းပျက်ဝမ်းလျှောခြင်း

ဗိုက်ထဲက ရစ်ရစ်ပြီးနာတယ်၊ ဝမ်းသွားနေတာ ခဏခဏပဲ။ ဝမ်းကလည်း သွားလိုက်တိုင်း အရည်တွေ ဖြစ်နေတယ်။ ခြေလက်တွေတောင် မသယ်ချင်တော့ဘူး။ အာခေါင်တွေပါ ခြောက်လာတယ်ဆိုရင်တော့ သင်ဝမ်းလျှောနေပါပြီ။ ဝမ်းလျှောခြင်း ဆိုတာ ဝမ်းလျှောတယ်ဆိုတာက ဝမ်းအရည်တွေ ခဏခဏ သွားတာပါ။ ဝမ်းလျှောနေပြီဆိုရင် တစ်နေ့တာမှာ ဝမ်းအရည်တွေ ၃ ကြိမ် ဒါမှမဟုတ် ၃ ကြိမ်နဲ့ အထက် သွားတာမျိုး ခံစားရနိုင်ပါတယ်။ ဝမ်းလျှောတာက လူတော်တော်များများ ခံစားရနိုင်တဲ့ ကျန်းမာရေး ကိစ္စ တစ်ရပ်ပါ။ ကံကောင်းတာ တစ်ချက်က သာမန် ဝမ်းလျှောတာက ၂ ရက် ကနေ ၃ ရက်အတွင်းမှာ သူ့အလိုလို ပျောက်သွားတတ်ပါတယ်။ တကယ်လို့ ဝမ်းလျှောတာက ၃ ရက်နဲ့အထက် ကြာနေပြီဆိုရင်တော့ ပြင်းထန်တဲ့ အခြေအနေတစ်ရပ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ဝမ်းလျှောတာက ၄ […]

ဝမ်းပျက်ဝမ်းလျှောခြင်း နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

ဝမ်းပျက်ဝမ်းလျှောခြင်း

ပိုးသတ်ဆေး ကြောင့်ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှော ဖြစ်နိုင်တယ်ဆိုတာ တကယ်ကြီးလား။ ပိုးသတ်ဆေးဆိုတာ ဘတ်တီးရီးယားပိုးတွေကို သတ်တဲ့နေရာမှာ သုံးတဲ့ဆေးတွေပါ။ တစ်ခါတစ်လေ ဒီဆေးတွေကြောင့်ပဲ ဘေးထွက်ဆိုးကျိုးတွေ ခံစားရတတ်ပါတယ်။ ဒီထဲမှာ ဝမ်းလျှောတာကန အတွေ့ရအများဆုံးပါပဲ။ ပိုးသတ်ဆေးသောက်သူတွေရဲ့ ၅-၂၅ရာခိုင်နှုန်းမှာတွေ့ရတတ်ပါတယ်။ ဒါပေမယ့် ဘာလို့ ဒီလိုဖြစ်ရတာလဲ။ ကာကွယ်လို့မရဘူးလား။ ဖြစ်လာရင် ဘယ်လိုတွေလုပ်ကြမလဲဆိုတာ ဆက်ကြည့်ရအောင်။ ဘာလို့ဖြစ်ရတာလဲ။ ပိုးသတ်ဆေးသောက်လိုက်ပြီဆိုရင် သူက ခန္ဓာကိုယ်ထဲက ဆဲလ်တွေကလွဲပြီး ပိုးတွေအကုန်လုံးကို သတ်လိုက်ပါတယ်။ ဒီထဲမှာ ကောင်းတဲ့ပိုးရော မကောင်းတဲ့ပိုးရော အကုန်ပါသွားပါတယ်။ ခန္ဓာကိုယ်ရဲ့ထူးခြားချက်က ကောင်းတဲ့ပိုးတွေနည်းသွားတဲ့အခါ မကောင်းတဲ့ပိုးတွေက ပိုများလာသလို ဖြစ်သွားပါတယ်။ မကောင်းတဲ့ပိုးထဲမှာ Clostridium difficileဆိုတဲ့ပိုးလည်းပါပါတယ်။ သူက အဆိပ်တွေထုတ်တဲ့အတွက် အူနံရံတွေ ရောင်ပြီး ဝမ်းလျှောလာပါတယ်။ လက္ခဏာများ လက္ခဏာတွေကတော့ ပိုးသတ်ဆေးသောက်တဲ့အချိန်အတွင်းမှာ တစ်နေ့ကို ၃ခါလောက် ဝမ်းလျှောပါတယ်။ ဆေးစသောက်ပြီး ၁ပတ်နေရင် စဖြစ်နိုင်သလို ဆေးရပ်လိုက်ပြီး […]

ဝမ်းပျက်ဝမ်းလျှောခြင်း

ကျွန်တော်တို့တွေတစ်ယောက်နဲ့တစ်ယောက်အဆက်အသွယ်လုပ်ရင် စကားပြောဆိုပြီးဆက်သွယ်ကြတာပဲမဟုတ်ပါလား။ စကားပြောဖို့ပါးစပ်ဟလိုက်တိုင်း ခံတွင်းနံ့ဆိုးဆိုးကြီးထွက်နေရင် ဘယ်အဆင်ပြေမလဲနော်။ ဒါကြောင့် ဒီတစ်ခေါက် Hello Sayarwon ပရိတ်သတ်တွေကို ခံတွင်းနံ့ဆိုးစေတဲ့အကြောင်းတွေကိုရော ဘယ်လိုသက်သာအောင်လုပ်ရမလဲဆိုတာကိုပါ ပြောပြပေးချင်ပါတယ်။ ပါးစပ်ခံတွင်းနံ့ဆိုးရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ ကိုယ်စားတဲ့အစားအသောက်နဲ့ဆိုင်သလို သွားနဲ့ခံတွင်းသန့်ရှင်းရေးအပေါ်လည်း မူတည်ပါတယ်။ ကျွန်တော်တို့စားသောက်လိုက်တဲ့အစားအစာတိုင်းကို ပါးစပ်ထဲမှာသွားတွေနဲ့ကြိတ်ဝါးပြီးဖြိုခွဲပါတယ်။ ကိုယ်က ကြက်သွန်လို အနံ့ပြင်းတဲ့အစားအစာတစ်ခုခုစားလိုက်မိရင် အဲ့ဒီအနံ့တွေက စားပြီးရင်တောင်ပါးစပ်ထဲမှာ စွဲပြီးကျန်နေမှာပါ။ ဘယ်လောက်ကောင်းတဲ့သွားတိုက်ဆေးသုံးသုံး၊ ပါးစပ်ဆေးရည်တွေနဲ့ ပလုတ်ကျင်းကျင်းအနံ့ပျောက်ဖို့မလွယ်ပါဘူး။ အစားအစာတွေကိုယ်ထဲကနေ လုံးဝထွက်သွားတဲ့အချိန်မှပဲ အနံ့သက်သာသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ပွဲလမ်းသဘင်တစ်ခုခုသွားစရာရှိတယ်၊ အရေးကြီးအစည်းအဝေး တစ်ခုခုတက်စရာရှိတယ်ဆိုရင် ဒီလိုအနံ့ပြင်းတဲ့အစားအစာတွေ မစားမိဖို့ ဂရုစိုက်စေချင်ပါတယ်။ ကိုယ်စကားပြောတာနားထောင်ရလို့ တဖက်လူအနှောင့်အယှက်ဖြစ်သွားရင် ကိုယ့်အပေါ်လည်းအထင်သေးသွားနိုင်တယ်မဟုတ်လား။ နောက်ထပ်အဖြစ်များတဲ့အကြောင်းကတော့ သွားနဲ့ခံတွင်းသန့်ရှင်းရေးကို ဂရုမစိုက်တာပါ။ လူတိုင်းမနက်တစ်ခေါက်၊ ညနေတစ်ခေါက်သွားတိုက်သင့်တာ သိပေမဲ့ တကယ်ရောအဲ့ဒီအတိုင်းလိုက်နာကျင့်သုံးကြပါရဲ့လား။ သွားတိုက်တယ်ဆိုရင်လည်း အဖြစ်သဘောမျိုးတိုက်တာမဟုတ်ဘဲ သေချာစနစ်တကျနည်းလမ်းမှန်မှန်တိုက်ပါရဲ့လား။ သွားလည်းမှန်မှန်မတိုက်၊ တိုက်ပြန်တော့လည်း အဖြစ်လောက်ပဲတိုက်တဲ့သူဆို သွားကြားထဲမှာ စားကြွင်းစားကျန်တွေ […]

ဝမ်းပျက်ဝမ်းလျှောခြင်း

အခုနောက်ပိုင်းကြားရများလာတာက အသားအရေအတွက်သုံးတဲ့ ပစ္စည်းတွေကြောင့် မာကျူရီအဆိပ်သင့်ကြတယ်ဆိုတာပါ။ အချို့သောဝက်ခြံအတွက်သုံးတဲ့ ပစ္စည်းတွေက မာကျူရီတွေပါဝင်နေတာကြောင့် ခဏတာမှာ အဆင်ပြေပေမယ့်ရေရှည်မှာတော့ အသားအရေကစလို့ ခန္ဓါကိုယ်မှာထိခိုက်မှုတွေအများကြီးပါ။ ဒီတစ်ခေါက်တော့ မာကျူရီအကြောင်းလေးနည်းနည်းလောက်ပြောပြပါရစေ။ မာကျူရီ (ပြဒါး) ဆိုတာ မာကျူရီဆိုတာက သဘာဝအတိုင်းမြေကြီး၊ရေထု နဲ့လေထုထဲမှာတွေ့ရတတ်တဲ့ဒြပ်စင်တစ်မျိုးပါ။ ဒီဓါတ်က အချို့သောငါးတွေမှာပါတတ်ပါတယ်။ ပင်လယ်ငါးတွေမှာမှမဟုတ်ပါဘူး။ရေချိုငါးတွေမှာပါတွေ့ရတတ်တာပါ။ဈေးကနေဝယ်စားနေတဲ့ အချို့ငါးတွေမှာတောင်ပြဒါးဓါတ်ကပါနေနိုင်ပါတယ်။ ဒီဓါတ်က အစားအသောက်တွေမှာတင် မဟုတ်ပါဘူး။ အချို့သောအသားအရေအတွက်သုံးတဲ့ အလှကုန်ပစ္စည်းတွေနဲ့ အခြားသောလူသုံးကုန်တွေမှာပါနေတတ်ပါတယ်။ ဒီဓါတ်ကအနည်းအကျဉ်းဆို ကိစ္စမရှိပေမယ့် အရမ်းများရင်တော့ ခန္ဓါကိုယ်မှာ အဆိပ်သင့်မှုတွေဖြစ်နိုင်ပါတယ်။ မာကျူရီ (ပြဒါး) အဆိပ်သင့်ခြင်းဆိုတာ မာကျူရီအဆိပ်သင့်တာက အာရုံကြောထိခိုက်မှုတွေကိုဖြစ်စေနိုင်ပါတယ်။ ဒီဓါတ်က ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်တာကြောင့် ထိတွေ့မှုကို ကန့်သတ်ဖို့လိုမှာပါ။ ထိတွေ့မှုများပြီး ခန္ဓါကိုယ်ထဲမှာပြဒါးဓါတ်တွေများလာတဲ့အခါ အဆိပ်သင့်လာပြီး ခန္ဓါကိုယ်မှာ ထိခိုက်မှုတွေများလာနိုင်ပါတယ်။ မာကျူရီဓါတ်ကို များစွာစားသုံးမိတာကြောင့်လည်း ခန္ဓါကိုယ်မှာ မာကျူရီအဆိပ်သင့်နိုင်ပါတယ်။ မာကျူရီအဆိပ်သင့်နေပြီဆိုတာကို သိနိုင်မယ့် အစောပိုင်းလက္ခဏာတွေ မာကျူရီ (ပြဒါး) ဓါတ်က အာရုံကြောစနစ်ကိုထိခိုက်စေနိုင်ပါတယ်။ ခန္ဓါကိုယ်မှာပြဒါးဓါတ်တွေများလာတာကြောင့်ပြဒါးအဆိပ်သင့်တဲ့အခါ […]

ဝမ်းပျက်ဝမ်းလျှောခြင်း

မာကျူရီ အဆိပ်သင့်ခြင်းဆိုတာကို အားလုံးကြားဖူးကြမယ်လို့ ထင်ပါတယ်။ ကြားဖူးပေမယ့် ဘယ်ကနေ ဘယ်လို ဒီလို အဆိပ်သင့်တာဖြစ်ရသလဲဆိုတာကိုတော့ အလုံးစုံ သိတဲ့သူတွေ သိပ်မရှိသေးတာမို့ ဒီဆောင်းပါးလေးမှာ မာကျူရီအဆိပ်သင့်တဲ့ အကြောင်းပြောပြပေးချင်ပါတယ်။ မာကျူရီ အဆိပ်သင့်( ပြဒါး အဆိပ်သင့်) တယ်ဆိုတာ ဘာလဲ။  မာကျူရီအဆိပ်သင့်ခြင်းဆိုတာ မာကျူရီအဆိပ်ဓာတ်ပါနေတဲ့ အစားအသောက် တွေကို စားမိရာက စတာပါပဲ။ မာကျူရီဆိုတာ အဆိပ်ရှိတဲ့ သတ္တုပစ္စည်းတစ်ခုဖြစ်ပြီး ပင်လယ်စာတွေမှာ အတွေ့များပါတယ်။ နည်းနည်းလေးစားမိရင် ကျန်းမာရေးကို မထိခိုက်စေတတ်ပေမယ့် မသိလိုက်ဘဲ အများကြီးစားလိုက်မိရင်တော့ မာကျူရီအဆိပ်သင့်ခြင်း စတင်ဖြစ်တော့တာပါပဲ။ မာကျူရီ အဆိပ်သင့်( ပြဒါး အဆိပ်သင့်)ခြင်းရဲ့ လက္ခဏာများ မာကျူရီအဆိပ်ဟာ သင့်ရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ်ကို အဓိက ပြဿနာဖြစ်စေပါတယ်။ မာကျူရီပါတဲ့ အစားအသောက်တွေ နည်းနည်းချင်းစီစားမိနေတဲ့သူတစ်ယောက်ဟာ ကြာလာရင် ခြေတွေ လက်တွေ ထုံကျင်လာမယ် မှတ်ဉာဏ်ပိုင်းစွမ်းရည်တွေ ကျဆင်းလာမယ် စိုးရိမ်မှုတွေ […]

ဝမ်းပျက်ဝမ်းလျှောခြင်း

သွေးဆိပ်သင့်ခြင်းဆိုတာ အချို့သော ဘက်တီးရီးယားပိုးမွှားများ ကူးစက်ခံရခြင်းကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ခု ဖြစ်ပါတယ်။ ဖြစ်တောင့်ဖြစ်ခဲ ရှားပါးတဲ့ အခြေအနေတစ်ခုဖြစ်ပြီး ဖြစ်လာခဲ့ရင်လည်း လူ့အသက်ကို သေစေနိုင်တဲ့အထိ ဆိုးရွားပြင်းထန်တတ်ပါတယ်။ သွေးဆိပ်သင့်ခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေကတော့ စုပ်ယူမှုအား အလွန်ကောင်းတဲ့ အမျိုးသမီးလစဉ်သုံး tampon များ၊ အရေပြားပေါ်ရှိ ပြတ်ရှဒဏ်ရာ၊ မီးလောင်ဒဏ်ရာများ၊ လတ်တလောတွင် ခွဲစိတ်ကုသမှု ခံယူထားရခြင်း၊ သန္ဓေတားရန်အသုံးပြုသည့် ပစ္စည်းများ၊ တုတ်ကွေး၊ ရေကျောက်စတဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှုများပဲ ဖြစ်ပါတယ်။ အောက်ဖော်ပြပါ အကြံပြုချက်တွေအတိုင်း လိုက်နာဆောင်ရွက်ခြင်းအားဖြင့် သွေးဆိပ်သင့်နိုင်တဲ့ အလားအလာကို လျော့ချနိုင်မှာ ဖြစ်ပါတယ်။ အမျိုးသမီးလစဉ်သုံး tampon များကို မကြာခဏ လဲလှယ်ပေးပါ၊ အနည်းဆုံး ၄နာရီ မှ ၈နာရီခြားတစ်ကြိမ် လဲလှယ်ပေးပါ ရာသီသွေးဆင်းနည်းချိန်များတွင် အသေးစား လစဉ်သုံးပစ္စည်းများကိုသာ အသုံးပြုပါ ယခင်က သွေးဆိပ်သင့်ဖူးသည့် ရောဂါရာဇဝင်ရှိလျှင်၊ […]

ဝမ်းပျက်ဝမ်းလျှောခြင်း

Traveler’s diarrhea (ခရီးသွားစဉ်ဝမ်းလျှောခြင်း) ကဘာလဲ။ ခရီးသွားစဉ်ဝမ်းလျှောခြင်းဆိုသည်မှာ ဗိုက်နာပြီး ဝမ်းပျော့ပျော့တွေသွားတဲ့အစာလမ်းကြောင်းရောဂါတစ်ခုပဲ ဖြစ်ပါတယ် ။ မသန့်ရှင်းတဲ့အစားအစာနှင့် ရေများသောက်သုံးမိပြီး ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။ Traveler’s diarrhea (ခရီးသွားစဉ်ဝမ်းလျှောခြင်း) က ဘယ်လောက်အဖြစ်များသလဲ   ခရီးသွားစဉ်ဝမ်းလျှောခြင်းဟာ ခရီးသွားစဉ်မှာအဖြစ်အများဆုံးရောဂါတစ်ခုပဲဖြစ်ပါတယ်။ မည်သည့်နေရာတွင်မဆိုဖြစ်နိုင်ပြီး အာရှ(ဂျပန်မပါဝင်) ၊ အရှေ့အလယ်ပိုင်း၊ အာဖရိက ၊ မက်စီကို နှင့် အမေရိကဗဟိုနှင့်တောင် အမေရိက တို့တွင်အဖြစ်များပါတယ်။ ခရီးသွားစဉ်ဝမ်းလျှောခြင်းဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး အန္တရာယ်ရှိသည်များကိုရှောင်ရှားခြင်းဖြင့်ကာကွယ်နိုင်ပါတယ်။ အသေးစိတ်သိရှိရဖို့ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောခြင်း

Antibiotic Associated Diarrhea (ပဋိဇီဝတို့နှင့် ဆက်စပ်နေတဲ့ ဝမ်းပျက်ခြင်းဆိုတာ ဘာလဲ) ကဘာလဲ။ Antibiotic associated diarrhea ဆိုတာကတော့ ပဋိဇီဝဆေး (ပိုးသတ်ဆေး)တွေ သောက်သုံးပြီး မကြာခင်မှာ တစ်ရက်ကို သုံးကြိမ်နဲ့အထက် ဝမ်းအရည်ချည်းသွားခြင်းကို ဆိုလိုတာပါ။ အများအားဖြင့်တော့ ဒီအခြေအနေက မပြင်းထန်တတ်ဘဲ ကုသမှုလည်း မလိုအပ်ပါဘူး။ ဝမ်းပျက်ခြင်းဟာ ပဋိဇီဝဆေး မသောက်တော့တဲ့ ရက်အနည်းငယ်အတွင်း ရပ်တန့်သွားမှာပါ။ ပိုပြီးပြင်းထန်တဲ့ အခြေအနေတွေမှာတော့ ဆေးသောက်နေတာကို ရပ်ပစ်ဖို့ သို့မဟုတ် ဆေးပြောင်းသောက်ဖို့ လိုအပ်ပါလိမ့်မယ်။ Antibiotic Associated Diarrhea (ပဋိဇီဝတို့နှင့် ဆက်စပ်နေတဲ့ ဝမ်းပျက်ခြင်းဆိုတာ ဘာလဲ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောခြင်း

သင်သည် မအီမသာခံစားနေရပါလျှင် အရင်ဦးဆုံး သင်စားသောက်ခဲ့သော အစားအသောက်များကြောင့်ဖြစ်သည်ဟု စဉ်းစားမိပါလိမ့်မည်။ သို့သော် သင့်ကျန်းမာရေးအတွက် အာဟာရဓါတ်လုံလောက်စွာ စားသုံးရန်လိုအပ်ပါသည်။ အချို့သော အစားအစာများသည် မအီမသာဖြစ်စေသော်လည်း အချို့သောအစားအစာများစားခြင်းဖြင့်လည်း ထိုမအီမသာဖြစ်မှုများကို ပျောက်ကင်းစေပါသည်။   ပန်းသီး ပန်းသီးသည် မအီမသာဖြစ်ခြင်းကို သက်သာစေသော်လည်း ပမာဏများစွာ တပြိုင်နက်စားလိုက်လျှင် သင့်ကိုပိုနေရဆိုးစေပါသည်။ တနေ့ပတ်လုံး ပန်းသီး၊ အသီးအရွက် စသည့် အမျှင်ဓါတ်များသော အစားအစာများကို ဖြေးဖြေးစားပေးပါ။ သင်သည် မာသော အစာများကို အစာခြေနိုင်စွမ်းမရှိပါက ပန်းသီးအနှစ်၊ ပန်းသီးဖျော်ရည်တို့သောက်နိုင်ပါသည်။   ဌက်ပျောသီး သင်သည် မအီမသာဖြစ်ပြီး ရေဓါတ်ခမ်းခြောက်မှုဖြစ်ပါက သို့မဟုတ် အန်ပါက အချို့သော အသီးများကသင့်အတွက် သက်သာစေပါလိမ့်မည်။ ဌက်ပျောသီးသည် အန်ပြီး ဝမ်းလျှောပြီးတွင် ခန္ဓါကိုယ်မှ ဆုံးရှုံးသွားသော ပိုတက်ဆီယံဓါတ်ကို ပြန်ဖြည့်ပေးနိုင်သည်။ သင် ဝေဒနာသက်သာလာပြီး အစာပြန်စားနိုင်စအချိန်တွင် ဆရာဝန်က ဌက်ပျောသီးကဲ့သို့သော အစာပျော့မျိုးကို စကျွေးပါလိမ့်မည်။   ဘီစကစ်မုန့် ပေါင်မုန့်၊ ပေါင်မုန့်ကြွပ်နှင့် ပေါင်မုန့်ကင်တို့ကဲ့သို့ ကစီဓါတ်ကြွယ်ဝသောအစားအစာများသည် […]

ဝမ်းပျက်ဝမ်းလျှောခြင်း

Cholera (ကာလဝမ်းရောဂါ) ကဘာလဲ။ ကာလဝမ်းရောဂါဟာ Vibrio cholera ရောဂါပိုးကြောင့်ဖြစ်တဲ့ ရောဂါတစ်မျိုးဖြစ်တယ်။ ကာလဝမ်းရောဂါက အသက်အန္တရာယ်ဖြစ်နိုင်ပေမယ့် ရောဂါကို လွယ်ကူစွာ ကာကွယ်လို့လည်းရသလို ကုသလို့လည်းရတယ်။ ကာလဝမ်းရောဂါရဲ့ လက္ခဏာအများစုက သာမန်ဝမ်းလျှောတာနဲ့တူပြီး တခြားအကြောင်းကြောင့်ဖြစ်တဲ့ ဝမ်းရောဂါတွေနဲ့ ခွဲရခက်တတ်ပါတယ်။ Cholera (ကာလဝမ်းရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါက ဖြစ်ခဲပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်တယ်။ ဖြစ်စေနိုင်တဲ့အချက်တွေကို လျှော့ချပြီး ရောဂါကာကွယ်နိုင်တယ်။ ထပ်မံသိလိုသော အချက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။

ဝမ်းပျက်ဝမ်းလျှောခြင်း

ဝိုင်သောက်ခြင်း နဲ့ အားကစားလုပ်ခြင်း ဝိုင်ကို နေ့စဉ် သောက်ပေးခြင်း သို့မဟုတ် ပုံမှန်သောက်ပေးခြင်းဟာ အားကစားလေ့ကျင့်ခန်းလုပ်သလိုပဲ အကျိုးရှိထိရောက်တယ်ဆိုတဲ့ အယူအဆတွေဟာ အခုနောက်ပိုင်းမှာ ပိုပိုများလာပါတယ်။ ဒါဟာမှန်ပါသလား။ ဒီကိစ္စနဲ့ပတ်သက်ပြီး အခုဆောင်းပါးမှာ ဆွေးနွေးပေးထားပါတယ်။ "ဥရောပတိုက်ဆိုင်ရာ နှလုံးကျန်းမာ အဖွဲ့"ကြီးက သုတေသနပညာရှင်တွေဟာ တစ်ပတ်ကို အနည်းဆုံးငါးရက်လောက် အရက်အတန်အသင့် သောက်ဖြစ်သူတွေကို လေ့လာမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒီနောက်သူတို့ကို အရက်လည်းသောက်လေ့ကျင့်ခန်းလည်း လုပ်သူတွေ နဲ့ အရက်ပဲသောက်ပြီး လေ့ကျင့်ခန်းမလုပ်သူတွေ ဆိုပြီး နှစ်အုပ်စုခွဲလိုက်ပါတယ်။ လေ့လာမှုတွေ ပြုလုပ်တဲ့အခါ အရက်ပဲသောက်ပြီး အားကစားမလုပ်သူတွေရဲ့ သွေးတွင်းဂလူးကို့စ်ပမာဏ၊အဆီဓာတ်ပမာဏ၊ကိုလက်စထရောပမာဏ ဒါမှမဟုတ် C-reactive protein လို့ခေါ်ပြီး တစ်ရှူးထိခိုက်ရောင်ရမ်းမှုတွေကို ပြသပေးနိုင်တဲ့ ပရိုတင်းတမျိုးရဲ့ ပမာဏ စတာတွေအပေါ် အရက်က ဘယ်လိုမှ ထူးခြားကောင်းမွန်တဲ့ အာနိသင်သက်ရောက်မှုတွေကို မပြသတာကို တွေ့ရှိရပါတယ်။ ဒါပေမယ့် အရက်လည်းသောက်၊လေ့ကျင့်ခန်းလည်း လုပ်သူတွေမှာတော့ (တစ်ပတ်နှစ်ခါလောက် […]

ဝမ်းပျက်ဝမ်းလျှောခြင်း ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon
expert-avatarbadge
Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု

Defence Service Medical Acadamy