backup og meta

အပူအစပ်တွေ စားပြီးရင် ဗိုက်အောင့်ရတဲ့ အကြောင်းအရင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 07/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အပူအစပ်တွေ စားပြီးရင် ဗိုက်အောင့်ရတဲ့ အကြောင်းအရင်း

    လူတော်တော်များများက ချိုချဉ်ဖန်စပ် အရသာတွေထဲမှာမှ အစပ်အရသာကို အတော်လေး သဘောကျတတ်ကြ ပါတယ်။ ဘာစားစား အစပ်လေးပါမှ ခံတွင်းတွေ့ကြတာက ခပ်များများပါ။ ဟင်းဆိုလည်း စပ်စပ်လေးမှ အချဉ်ရည်ဆိုရင်လည်း ငရုတ်သီး စပ်စပ်လေးဖျော်မှ ခံတွင်းတွေ့တယ် ဆိုတာမျိုးပေါ့။ အစပ်က စားရတာ ခံတွင်းမြိန်စေပေမယ့် အများကြီး စားမိရင်တော့ ဗိုက်အောင့်တာမျိုး ဖြစ်တတ်ကြတယ်နော်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ အပူအစပ်တွေ စားပြီးရင် ဗိုက်အောင့်ရတဲ့ အကြောင်းအရင်း တွေကို ပြောပြပေးချင်ပါတယ်။

    အပူအစပ်တွေ စားပြီးရင် ဗိုက်အောင့်ရတဲ့ အကြောင်းအရင်း

    အပူအစပ်တွေ စားပြီးရင် ဗိုက်အောင့်ရတဲ့ အကြောင်းအရင်း က အဓိကအားဖြင့် ၂ ချက် ရှိနိုင်ပါတယ်။ 

  • ပထမ တစ်ချက်ကတော့ – အစပ်စားလိုက်တဲ့အခါ ဒီလိုပူစပ်စပ် အစားအစာထဲမှာပါတဲ့ capsaicin က အစာကြေညက်နိုင်စွမ်းကို နှေးစေပြီး အစာအိမ်ထဲမှာ အစာတွေကို ကြာနေစေပါတော့တယ်။ ဒီလိုမျိုး အစား ကြေညက်ဖို့ ခက်ခဲတာက ဗိုက်အောင့်တာ ရင်ခေါင်းအောင့်တာမျိုး ဖြစ်စေတာပါ။
  • ဒုတိယ တစ်ချက်ကတော့ – အပူအစပ်ကဲတဲ့ အစားအစာတွေက အစာရေမျိုကို မအီမသာဖြစ်စေပြီး ဒီအခြေအနေက ပြင်းထန်လာချိန်မှာ ရင်ပူပြီး အစာမကြေတာ ဗိုက်အောင့်တာတွေကို ဖြစ်စေနိုင်ပါတယ်။
  • ဒီအချက်တွေအပြင် အခုလို အကြောင်းအရာတွေကြောင့်လည်း အစပ်စားပြီးချိန်မှာ ဗိုက်အောင့်တာကို ခံစားရတာပါ။ 

    ငရုတ်သီးမှာပါတဲ့ Capsaicin

    ငရုတ်သီးစားပြီးချိန်မှာ ဗိုက်ထဲက အောင့်တာ ရင်ပူတာတွေက ငရုတ်သီးမှာပါတဲ့ သဘာဝအတိုင်း တွေ့ရှိရနိုင်တဲ့ ဓာတုပစ္စည်း တစ်မျိုး ဖြစ်တဲ့ capsaicin ကြောင့်ပါ။ ဒီဓာတုပစ္စည်းက အစာအိမ် အတွင်းနံရံသားနဲ့ ထိတွေ့မိတဲ့အခါ ဦးနှောက်ဆီကို နာကျင်တယ် ပူတယ်ဆိုတဲ့ ခံစားမှု ခံစားရစေဖို့ အချက်ပြတာကြောင့်ပါ။

    အစာအိမ် ရောင်နေတာ၊ အစာအိမ်ထဲ အနာ ရှိနေတာ

    အစာအိမ်ရောင်နေတာ အစာအိမ်ထဲမှာ အနာရှိနေတာတွေက သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ဒီလို အခြေအနေ ရှိသူတွေက အစပ်ကဲတာတွေကို စားမိမယ်ဆိုရင် အစာအိမ်ရောင်တာကို ပိုဆိုးစေပြီး အစပ် စားပြီးချိန်မှာ ဗိုက်အောင့်တာကို ခံစားရတာပါ။ 

    အစာအိမ်အက်ဆစ် ပြန်ဆန်တက်တာ ခံစားနေရတာ

    အစာအိမ် အက်ဆစ်ပြန်ဆန်တက်တာကို  ခံစားနေရမယ်ဆိုရင် အပူအစပ်တွေကို ရှောင်ဖို့ လိုပါမယ်။ အစာအိမ်အက်ဆစ်တွေက အစာအိမ်ထဲကနေ အစာခြေအက်ဆစ်ရည်တွေ အစာရေမျိုထဲကို ပြန်ဆန်တက်တာ ဖြစ်ပြီး ဒီအခြေအနေ ခံစားနေရသူအနေနဲ့ အစပ်တွေကို စားမယ်ဆိုရင် ရင်ပူတာ ဗိုက်အောင့်တာကို ခံစားရနိုင်ပါတယ်။ 

    Irritable Bowel Syndrome (IBS) ခံစားနေရတာ

    Irritable  bowel syndrome (IBS) ခံစားနေရသူတွေ အနေနဲ့ အပူအစပ်တွေကို ရှောင်ဖို့ လိုပါမယ်။ IBS က အစာခြေစနစ်ကို မအီမသာဖြစ်စေနိုင်သလို အပူအစပ်ကိုပါ စားမိမယ်ဆိုရင် ဗိုက်အောင့် ဗိုက်နာတာ မအီမသာဖြစ်တာတွေကို ပိုဆိုးစေနိုင်ပါတယ်။ 

    အပူအစပ်တွေ စားပြီးချိန်မှာ ဗိုက်အောင့် ဗိုက်နာကင်းစေဖို့

    အပူအစပ်စားတဲ့ သူတိုင်း ဗိုက်အောင့်ဗိုက်နာ ဖြစ်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်က ဖြစ်တတ်တယ်ဆိုရင် လျှော့စားပါ။ ရှောင်စားပါ။

    အပူအစပ်တွေ စားပြီးချိန်မှာ ဗိုက်အောင့် ဗိုက်နာကင်းစေဖို့ ဆိုရင် – 

    • အစပ်စားမိပြီးချိန်မှာ ဗိုက်အောင့် ဗိုက်နာတာ မအီမသာဖြစ်တာကို သက်သာစေဖို့ ဆိုရင် အစာအိမ်အက်ဆစ်ကို ထိန်းညှိပေးနိုင်မယ့် ဆေးတစ်မျိုးမျိုးကို သောက်ဖို့ လိုပါမယ်။ 
    • အစာအိမ်အက်ဆစ်တွေကြောင့်ဖြစ်ဖြစ် အခြားသော အကြောင်းအရင်းတွေကြောင့် ဖြစ်ဖြစ် အပူအစပ်တွေ စားပြီးချိန်မှာ ဗိုက်အောင့်တာကို ခံစားရတာက အမြဲလိုလို ဖြစ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်။ 

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 07/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement