ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း ကိုဖြစ်စေတဲ့ အကြောင်းအရင်း၊ ရောဂါလက္ခဏာ၊ စားသောက်နေထိုင်မှု ပုံစံ ပြောင်းလဲမှုနည်းလမ်းနဲ့ ကုသနည်းတို့ကို သိရှိထားသင့်ပါတယ်။
ထွက်မှာ သေချာပြီလား။
ဝက်ဘ်ဆိုက်ကို လာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်ုပ်တို့နှင့်အတူ ပိုမိုကျန်းမာပျော်ရွှင်ပြီး အသက်ရှည်ရှည် နေနိုင်မယ့် နည်းလမ်းကောင်းတွေကို ရှာဖွေလိုက်ပါ။ Hello Sayarwonမှာ ဆောင်းပါးတွေကို ဖတ်ရှုလိုက်ပါ။
ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း ကိုဖြစ်စေတဲ့ အကြောင်းအရင်း၊ ရောဂါလက္ခဏာ၊ စားသောက်နေထိုင်မှု ပုံစံ ပြောင်းလဲမှုနည်းလမ်းနဲ့ ကုသနည်းတို့ကို သိရှိထားသင့်ပါတယ်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။ • တစ်ပတ် အကြာက
ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်
အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး
ဗိုက်ပွ ၊လေပွတယ်ဆိုတာ ဘယ်လောက်နေရခက်တယ်ဆိုတာ ခံစားဖူးတဲ့သူတွေပဲသိပါတယ်။ အခန့်မသင့်ရင်လေထိုးလေအောင့်တာတွေလည်း ထဖြစ်နိုင်သေးတယ်။ရေတောင်သိပ်မသောက်ရဲဘဲ အီလည်လည်နဲ့ ဗိုက်ကယ်နေတတ်တာပါ။ ဆိုးဆိုးဝါးဝါးမဟုတ်ပေမယ့် မသိမသာဝေဒနာလေးတွေကနေနေလို့မကောင်းဖြစ်စေတာလေ။ ဒီလိုဗိုက်ပွဝေဒနာဖြစ်လွယ်စေတဲ့ အစားအစာတွေကိုတော့ သိထားသင့်တယ်မဟုတ်လား။ အထူးသဖြင့် အစာမကြေဖြစ်လွယ်၊ လေထိုးလေအောင့်လွယ်၊ လေပွလွယ်၊ ရင်ပြည့်ရင်ကယ်ဖြစ်လွယ်တဲ့သူတွေအတွက် အသုံးဝင်မှာပါ။ သူတို့မှာ အရေးပါတဲ့ အာဟာရဓါတ်တွေပါဝင်တာမို့ အပြီးရှောင်ရမှာမဟုတ်ပေမယ့် ကိုယ့်အစာအိမ်အခြေအနေကို ချင့်ချိန်ပြီး ဉာဏ်ရှိသလိုစားသုံးနိုင်ဖို့ပြောပြပေးမှာဖြစ်ပါတယ်။ ဗိုက်ပွ စေနိုင်တဲ့ အစားအစာ (၈) မျိုး (၁) ပန်းသီး ပန်းသီးမှာ sorbitol လို့ခေါ်တဲ့ သဘာဝသကြားဓါတ် ပါဝင်ပါတယ်။ တချို့လူတွေရဲ့ခန္ဓါကိုယ်က ဒီဓါတ်ကိုကောင်းကောင်းမစုပ်ယူနိုင်တဲ့အခါလေပွတာတွေဖြစ်လာနိုင်တယ်။ (၂) ဘလက်ဘယ်ရီသီး ဒီတိုင်းလည်းစားတယ်၊ဖျော်သောက်တယ်၊ မုန့်ထဲထည့်လုပ်တယ်၊ အသီးခြောက်စားတယ်။ ဘလက်ဘယ်ရီသီးကို ပုံစံအမျိုးမျိုးစားကြပါတယ်။ သူ့ရဲ့သဘာဝသကြားဓါတ်က အချိုလျှော့စားချင်သူတွေအတွက် အဆင်ပြေတယ်ဆိုပေမယ့် အူအတွက်တော့ အမြဲတမ်းမကောင်းပါဘူး။sorbitol ကို စားသုံးလိုက်တဲ့အခါချေဖျက်ဖို့ပြဿနာရှိတဲ့သူတွေမှာလေပွတာ၊ ဗိုက်အောင့်တာ၊လေထိုးလေအောင့်ဖြစ်တာ၊ မအီမသာဖြစ်တာတွေ ခံစားရနိုင်တယ်။ (၃) ဖရဲသီး ချိုအေးတဲ့ ဖရဲသီးမှာfructose ဆိုတဲ့ သကြားဓါတ်ပါဝင်မှုများပါတယ်။ […]
Dr. Thant Zin မှ ရေးသားသည်။ • 10/02/2022